သင်္ဃန်းကျွန်းဈေးမီး ဆိုင်ခန်း ၆၀၀ ကျော်ပျက်စီး

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် သင်္ဃန်းကျွန်း ဈေးကြီး ယမန်နေ့ ညဦးပိုင်းက မီးလောင်ရာတွင် ဆိုင်ခန်း ပေါင်း ၆၀၀ ကျော် လောင်ကျွမ်းပျက်စီးသွားကြောင်း သိရသည်။

market_fire2ဆိုင်ခန်းပေါင်း ၇၈၆ ခန်းရှိသော သင်္ဃန်းကျွန်း ဈေးကြီးသည် ယမန်နေ့ည ၇ နာရီကျော်က မီးစတင်လောင်ခဲ့ပြီး ည ၁၀ နာရီ ၀န်းကျင်အထိ အချိန် ၂ နာရီ ကျော် လောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း ၆၅၁ ခန်း ပျက်စီးဆုံးရှုံးသွားသည်ဟု သင်္ဃန်းကျွန်း မြို့နယ် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူ တဦးက ပြောပြသည်။

ယင်းသို့ မီးလောင်ကျွမ်းမှုကြောင့် လူ အသေအပျောက် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း၊ ပျက်စီး ဆုံးရှုံးသွားသည့် ကာလ တန်ဖိုး မည်မျှ ရှိမည်ကို မသိရှိရသေးကြောင်း၊ မည်သည့် နေရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားသည်ကိုလည်း စုံစမ်းဆဲဖြစ်ကြောင်း ၎င်း က ဆိုသည်။    

“ဘယ်က စလောင်တယ် ဆိုတာတော့ မပြောသေးဘူးပေါ့၊ စုံစမ်းဆဲရှိသေးတာကို၊ မသိရသေးဘူး၊ ည ၇း၁၅  လောက်က စလောင် တာ၊ ၉း၅၀မှာမှ မီးငြိမ်း သွားတယ်၊ မနေ့က ပြည်ထောင်စုနေ့ဆိုတော့ ဈေးက ပိတ်ထားတာ” ဟုလည်း သင်္ဃန်းကျွန်း စည်ပင် တာဝန်ရှိသူက ပြောဆိုသည်။

မီလောင်မှုဖြစ်ပွားခြင်းနှင့် ပျက်စီးဆုံးရှုံးမှုကို သင်္ဃန်းကျွန်းမြို့နယ် မီးသတ်အပါအ၀င် မီးသတ်ရုံးချုပ်နှင့် ရန်ကုန်တိုင်းမီးသတ် သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် “ကျနော်တို့မှာ ပြောခွင့်မရှိပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။

market_fire2အဆိုပါ သင်္ဃန်းကျွန်းဈေးအနီး နေထိုင်သည့် ဒေသခံတဦးက “မီးက ဈေးနားမှာရှိတဲ့ ချစ်စရာ မုန့်တိုက်က ၀ါယာ ရှော့ ဖြစ်ပြီး စလောင်တာတဲ့၊ ပျက်စီး ဆုံးရှုံးသွားတဲ့ ကာလတန်ကြေး နဲ့ အသေအပျောက် ထိခိုက် ဒဏ်ရာရှိမှုကိုတော့ မသိရသေးဘူး” ဟု ပြောသည်။

ယမန်နေ့ ညက မီးလောင်မှုဖြစ်ပွားရာသို့ ရန်ကုန်တိုင်း မြို့နယ်ပေါင်းစုံမှ မီးသတ်ကား ၄၈ စီးခန့် လာရောက် မီးငြှိမ်းသတ်ကြောင်း၊  မီးလောင်ပြင်နှင့် အနီးတ၀ိုက်တွင် ရဲ တပ်ဖွဲ့ အပါအ၀င် လုံခြုံရေးများ ကို ယခုအချိန်အထိ ချထားကြောင်းလည်း သိရသည်။

၂၀၁၀ ခုနှစ် ဇန်န၀ါရီလအတွင်း နိုင်ငံတ၀န်း မီးလောင်မှုပေါင်း ၈၉ ကြိမ်ဖြစ်ပွားရာတွင် ရန်ကုန်တိုင်းတွင် အများဆုံးဖြစ်ပွားခဲ့ ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မီးလောင်မှုများတွင် မီးဖိုမီး/ပေါ့ဆမီး ၆၅ ကြိမ်၊ အလိုအလျောက်မီး တကြိမ် ၊ လျှပ်စစ်မီး ၁၁ ကြိမ် ၊ မသမာသူ ရှို့မီး ၁၁ ကြိမ်၊ တောမီး တ ကြိမ်တို့ပါဝင်ပြီး အိမ်ခြေအဆောက် အအုံ ၁၃၀ မီးလောင်ဆုံးရှုံးခဲ့သည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
Comments (8)Add Comment
0
...
written by စဉ်းစားစရာ, February 15, 2010
မီး မလာတဲ့နေ့မှာ ဘာကြောင့် ၀ိုင်ယာရှော့ ဘယ်လိုပုံ ဖြစ်ရတာပါလဲ ။
0
...
written by zaw, February 14, 2010
နအဖက မရှို့လို့ ဘယ်သူက ရှို့ရဲမှာလဲ? မပြောချင်လိြု့ ကည့်နေတာ တစ်နိုင်ငံ လုံးကို လိုက်ရှို့ နေတာ ကြာနေပါပြီ
0
စစ်တပ်က
written by ဒေါင်းတမာန်, February 14, 2010
မြေသိမ်းချင်ရင် မီးရှို့ တယ် ၊ ပြည်သူ့  ပန်းခြံတွေလည်း ရောင်းချ နေပြီ ဆိုပါလား။ ဘယ်လိုလုပ် သွားအားကိုးရမလဲ ဒီ..အစိုးရsmilies/cry.gif
0
...
written by Nicolas, February 13, 2010
ဘာကြောင့် မီးလောင်သလဲလို့ မေးမနေပါနဲ့။ ဈေးပိတ်ထားတဲ့နေ့ လူမရှိတဲ့ အချိန်မှာ မီးလောင်တ ယ်လို့ပြောလိုက်တော့ သတင်း မဖတ်တဲ့ ကျွန်တော့် ညီမက ၀ါယာရှော့ဖြစ်လို့ မီးလောင်တာ ပဲလို့ ပြောမှာပဲတဲ့။ အထုး လိုက်မေးနေစရာ မလိုပါဘူး တဲ့လေ။ အခုလို သင်္ကန်းကျွန်းဈေး မီးလောင်ပြီး သွားတော့... အဆင်မြင့်ေ ဈးဆောက်ဖို့ စီမံကိန်းကို ထူး၊ မက်မြန်မာ၊ စတဲ့ ကုမ္ပဏီတွေထဲက တစ်ယောက်ယောက်က မီးမလော င်ခင်ကတည်းက ရရှိထားပုံပါပဲ။ မြန်မာနိုင်ငံရဲ့ ဈေးတွေ မီးလောင်တဲ့ ပုံက ဘာပြီးရင် ဘာဖြစ်မ ယ်ဆိုတာ နတ်လဲ မေးစရာ မလိုသလို အီးတီကိုလဲ မေးစရာ မလိုပါဘူး။
0
တရားခံ
written by zawone, February 13, 2010
အင်.. ဘယ်သူတွေက ဒီနေရာကို ကန်ထရိုက် ရမလဲ ဆိုတာ စောင့်ကြည့်ရင် တရားခံ ပေါ်လာမှာပေါ့။ ပေါ်လာမယ်ပဲ ပြောတာ၊ ဖမ်းမိမှာတော့ မဟုတ်ဘူး
0
လုပ်နေကြ ယုက်မာနည်း တခု
written by ကိုကြီး, February 13, 2010
ဘာမှ စဉ်းစားမနေနှင့် မဆလ န၀တ အခု နအဖ ဒင်းတို့ လုပ်နေကြ ပြည်သူကို လမ်းလွဲ နည်းက မီးရှို့တာဘဲ ဒါမှ အကုန်လုံး စားရေး သောက်ရေး ကြပ်တည်း ပြီး နိုင်ငံရေးဖက် စိတ်မ၀င်စားအောင်.. န၀တ တက်လာ တုန်းကများ လောင်လိုက်တဲ့ မီးတွေ တိုင်းနှင့် ပြည်နယ် အလိုက်ကို လောင်တာ ... ယုက်မာ လိုက်တဲ့ အကြံတွေ
0
ဆိုင်ခွန်တွေ ဘယ်ကိုရောက်....
written by စပါယ်, February 13, 2010
စိတ် မကောင်းစရာ ပါဘဲ ဆိုင်ရှင် တွေကတော့ မှန်မှန် အခွန်တွေ ပေးနေရပြီ ဈေးကို မပြုပြင် မမွမ်းမံခဲ့ပါဘူး ၀ါယာတွေ က တော်တော်ကို ဟောင်းနွမ်း နေပြီး တချို့ နေရာတွေမှာ အဆက် ဆက်တွေ လုပ်ထားတာ တွေ့ ရပါတယ်.... ပြည်သူတွေ ပေးတဲ့ ဆိုင်ခန်းခွန်တွေ ဘယ်ရောက် ကုန်ပြီလဲ......

ဈေးအ၀င်မှာ ၈၈ မျိးဆက် ခေါင်းဆောင် ကိုကိုကြီး ရဲ့ မွေးချင်း အကို ကိုအောင် ရဲ့ ကိုယ်ပိုင စီးပွါး ရွှေဆိုင် ရှိပါတယ်... ကိုအောင် ဆိုင် အတွက် အလွန် စိတ်မကောင်းပါဘူး....

အခွန်တွေ အခွန်တွေ..... ဂျိုကုတ်ကြီးဆီ ရောက်
0
တရားခံ ဘယ်သူလဲ
written by မင်းမင်း, February 13, 2010
တို့မီးက တစ်ဖုံ
ရှို့မီးက တစ်စုံ
တို့မီးနဲ့ ရှို့မီး အကြား
နင်းပြား ဖြစ်တာက ဒို့ပြည်သူ
ကူညီသူက မရှိ
နတ္ထိရဲ့ သားကောင်ဘ၀နဲ့
များမြောင်လှတဲ့ ဒုက္ခ
ရုပ်မလှတဲ့ မြန်မာ
ကမ္ဘာမှာ ချာတူးလန်
တရားခံ ရှာတော့ ချိုကုတ်ဒူး
နေပြည်တော်က ဗိုလ်ချုပ်မှူးပါဗျာ့။









Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်