မော်ဒယ်နိမ့်ကားများ နယ်နှင်မည်

ရန်ကုန်မြို့တွင်းရှိ မော်ဒယ် နိမ့်ကားများကို ယခုနှစ်အတွင်း နယ်မြို့များသို့ပို့ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန)မှ အကြီးတန်း အရာရှိတဦးကပြောကြားသည်။

“မော်ဒယ်နိမ့်ကားတွေကို နယ်နှင်ဖို့အစီအစဉ်ရှိတယ်၊ ဒီနှစ်ထဲမှာတော့ အပြီးလုပ်ဖို့ရှိထားတယ်၊ အတိ အကျ တော့ မပြောနိုင်သေးဘူး”ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင်းတွင် ကက၊ ခခ ယာဉ် နံပါတ်များကိုသာထားရှိပြီး အခြားမော်ဒယ်နိမ့် ဗ၊ လ၊ ဏ စသော နံပါတ် များကို နယ်မြို့များသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ကညန အကြီးတန်းအရာရှိက ပြောဆိုသည်။

car_rangoonအဆိုပါ မော်ဒယ်နိမ့်ယာဉ်အများစုသည် ရန်ကုန်မြို့တွင်း ခရီးသည်တင်ပြေးဆွဲနေသော ယာဉ်များဖြစ်သော ကြောင့် နယ်နှင်လျှင် ယာဉ်ပိုင်ရှင်များ အခက်အခဲများစွာဖြစ်နိုင်ကြောင်း မော်ဒယ်နိမ့်ယာဉ်ပိုင်ရှင် တဦးက ဆို သည်။

“ဒီမော်ဒယ်နိမ့် ကားကိုတောင် ကျနော်တို့တွေက ကျပ် သိန်းရာချီပေးဝယ်ထားရတာ၊ အခုပြန်ရောင်းရင် သိန်း၅၀ လောက်ပဲပြန်ရမယ်ဆိုတော့ မရောင်းနိုင်ဘဲလုပ်စားနေရတာ၊ ဒီကားရောင်းပြီးလည်း နောက်မော်ဒယ်မြင့်ကား ပြန်မ၀ယ်နိုင်ဘူး၊ နယ်နှင်ရင် ဘာသွားလုပ်စားမလဲဗျာ”ဟု ၎င်းကပြောသည်။

ယခုနှစ်အတွင်း ပြည်တွင်းသို့ခေတ်မီဇိမ်ခံကားများ လွတ်လပ်စွာတင်သွင်းခွင့်ပြုမည်ဆိုသော ကြောင့် ရန်ကုန်မြို့ တွင်းရှိ မော်ဒယ်မြင့်နှင့် မော်ဒယ်နိမ့် ကားဈေးကွက်အတွင်း ကားဈေးများသိသိသာသာကျဆင်းပြီး သိန်း ရာချီ အရှုံးပေါ်နေကြောင်း ဟံသာဝတီ ကားဝယ်ရောင်းဈေးကွက်မှ ကားပွဲစားတဦးက ဆိုသည်။

နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကသို့လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုခြင်းများနှင့်အတူ ပို့ကုန်သွင်းကုန် လိုင်စင်ရှိသူများ ကို စက်သုံးဆီနှင့် ခေတ်မီဇိမ်ခံကားများတင်သွင်းခွင့်ပြုခဲ့ကြောင်း၊ အဆိုပါ ကားများတင်သွင်းခွင့်နှင့် မော်ဒယ်နိမ့် ကားများနယ်နှင်မည့် သတင်းများကြောင့် ရန်ကုန်မြို့ရှိ ကားဈေးကွက်တွင် ကားဈေးနှုန်းများကျဆင်းကာ အရောင်း အ၀ယ်ရပ်ဆိုင်းနေကြောင်း ၎င်းက ပြောသည်။

“ဈေးတွေက တအားထိုးကျလာတာ၊ မော်ဒယ်နိမ့်တွေ နယ်နှင်မယ်ဆိုတော့ ကားပိုင်ရှင် အချို့ကတော့ အရှုံးခံပြီး ရောင်းတာတောင် ၀ယ်မယ့်လူမရှိဘူး၊ မော်ဒယ်နိမ့်ကားတွေ နယ်နှင်ပြီး ဦးပိုင်တို့ ထူးတို့ကကားတွေနေရာဝင် ယူ လာမှာပေါ့”ဟု ၎င်းကဆိုသည်။

စီးပွားရေးဦးပိုင်လီမိတက်မှ ၂၀၀၆ ခုနှစ်အတွင်းမှစတင်ပြီး တောင်ကိုရီယားနိုင်ငံ၊ ဂျပန်နိုင်ငံများမှ မော်ဒယ်မြင့် ကားများတင်သွားလာပြီး ရန်ကုန်မြို့တွင်းတွင် ပါရမီTaxi အဖြစ်ပြေးဆွဲကာ လက်ရှိတွင် ပါရမီTaxiအစီးရေ ၇၀၀ နီးပါးရှိကြာင်း၊ ၂၀၁၀ပြည့်နှစ် အတွင်း ထူးကုမ္ပဏီအနေဖြင့်လည်း ရန်ကုန်မြို့တွင်း ခရီးသည်တင်ပြေးဆွဲရန် ကား များတင်သွင်း ပြေးဆွဲနေကြောင်း သိရသည်။

ရန်ကုန်မြို့၏ မြို့တော်အင်္ဂါရပ်နှင့် မညီမှုကြောင့်မော်ဒယ်နိမ့်ကားများကို နယ်နှင်ရခြင်းဖြစ်ပြီး ၂၀၀၉ခုနှစ် နှစ်ဆန်းပိုင်းတွင် ဒုတိယကမ္ဘာစစ်လက်ကျန် စစ်ကျန်ဘတ်စ်ယာဉ်လိုင်း ၁၁လိုင်းမှ ယာဉ်အစီးရေ ၂၀၀ကျော်ကို ရန်ကုန်မြို့ပြင်ပသို့ ပို့ဆောင်ခဲ့ပြီး ၂၀၁၀ ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ ယာဉ်လိုင်း ၈လိုင်းမှ ဒိုင်နာကားများ ကို ရန်ကုန်မြို့ပြင်ပသို့ထပ်မံပို့ဆောင်ခဲ့ကြောင်း ကညန မှ စုံစမ်း သိရှိရသည်။

“ကားတင်သွင်းခွင့်တွေ အကောင်အထည်ဖော်တာနဲ့ မော်ဒယ်နိမ့်ကားတွေ နယ်ပို့ခံရမှာပဲ၊ ဦးပိုင်နဲ့ ထူးတို့က အခုကတည်းက ကားတင်သွင်းနေပြီဆိုတော့ သူတို့အကြိုက်ပေါ့၊ အထူး အဲယားကွန်းလိုင်းကားတွေကိုတောင် တရုတ်ကနေတင်သွင်းနေတာ ဒီကို အစီး ၃၀၀ ကျော်ရောက်နေပြီ”ဟု ခရီးသည်တင်ယာဉ်လိုင်းပိုင်ရှင် တဦးက ပြောသည်။

ရန်ကုန်မြို့တွင်းတွင် ခရီးသည်တင်ပြေးဆွဲနေသော Taxi အစီး ၈၀၀၀ ကျော်ထဲ၌ ကက နှင့် ခခ ယာဉ်အစီး ၂၀၀၀ ကျော်သာရှိပြီး ကျန်အစီး ၆၀၀၀ ကျော်တွင် မော်ဒယ်နိမ့်ကားများစွာ ပါဝင်နေကြောင်း ကညန က ပြော သည်။
Comments (9)Add Comment
0
...
written by မောင်နေမင်း, February 23, 2010
မော်ဒန်နိမ့် ကား အားလုံးကို နယ်နှင်မယ် ဆိုရင် ရန်ကုန်မှာ ကားတောင် သိပ် ကျန်တော့မှာ မပာုတ်ပါဘူး
0
It should have done long time ago
written by fullmooon, February 22, 2010
I welcome this news because the taxi in Yangon are in extremely poor condition. Some people are not looking after their cars because of their income.

There is a huge danger and risk for passenger who uses it. The doors are not even working properly and the whole body of the car viberates intensely at high speed. It was the worst nightmare.

Believe me 8 out of 10 cars in Yangon are like that. I don't care who gets the profit as long as we, as citizens, can use the reasonably safe and morden taxi. It was a shame even if you compare to the taxi in Thailand which are equipped with uniformed driver, working meter and fully air conditioning.
0
...
written by ..., February 22, 2010
တက္ကစီကားတွေ အရမ်းကို စုတ်ပြတ်သတ် နေပါပြီ။ အစောကြီး ကတည်းက နှင်မယ် တကဲကဲ လုပ်နေပေမယ့် ဒီတက္ကစီ တွေကို မှီခို နေသူတွေကို ငဲ့ပြီး ထားထားတာ တော်တော် ကြာနေပါပြီ။ နိုင်ငံခြားသား မပြောနဲ့ ပြည်သူ တွေတောင် မစီးချင်လောက်အောင် ညစ်ပတ် စုတ်ပြတ်ေ နတာကြောင့် ခုလို လုပ်တာ ကောင်းတယ်လို့ ထင်ပါတယ်။
0
ကားဈေး ကျတာ ကောင်းပါတယ်.......
written by ရန်ကုန်သားတဦး, February 20, 2010
ကားဈေး ကျသွားတာလည်း ကောင်းပါတယ်. .......
ပွဲစားတွေ သရဲ မရဲ မစီးနိုင်ေ တာ့ဘူးပေါ့.. .....
0
မဟာရန်ကုန်မြို့ရဲ့... လမ်းမကြီး တခုမှာ ..ပွမ်ပွမ်မြ ည်တဲ့.. ကား များ.....
written by kojj, February 20, 2010
ပြောကို... မပြော ချင်တော့ဘူး..(ဒေါ်မြလေး.. လေသံနဲ့ပေါ့လေ) .. .မီးကပျက် ..ရေကမလာ.. .မြို့တော်ရန်ကုန် ဆိုတာ
ဘယ်ဆီေ နမှန်းမသိ. .မ ဟာရ န်ကုန်မြိ့ တော် ဆိုတာကို ဘာနဲ့ နှိုင်းရမှန်း တောင် မသိရတဲ့ ခေတ်ကြီးမှာ စစ်အစိုးရရဲ့
ဆိုင်ရာ ဆိုင်ရာ ဌာနတွေ ကလည်း လုပ်ချင် လုပ်.. ..တကယ်ဒုက္ခ ရောက်ြ ကတာက တော့ ပြည်သူေ တွပါဘဲ.....
0
...
written by စနေသာ, February 20, 2010
၇န်ကုန်မှာ နေတဲ. လူတွေရော အပြင်သာ ထုပ်လိုက် ပါတော.။ စိတ်ဆင်;ရဲ စရာ ကောင်;လိုက်တာလေ။
0
အာဏာပြန်သိမ်း ချင်နေပုံ ရတယ်
written by ကျော်ကျော်, February 20, 2010
အစိုးရက အခုတလော လူတွေကို တော်တော် အဆင် မပြေအောင် လုပ်နေတယ်။ တမျိုးပြီး တမျိုး ဒုက္ခ ပေးနေတယ်။ တမင် ဆူအောင် လုပ်နေတာ ထင်တယ်။ တိုင်းပြည် ပြန်ဆူရင် အာဏြာ ပန်သိမ်းဖို့ ကြံနေမလား မပြောတတ်။
0
Good
written by khun htun Kyaw lay, February 20, 2010
It is nice to hear that the price of the cars is going down so that we the poor people from Kayah state can also buy and use for it. ha ha ha ha I will have chance own a car. Let the price of the cars go down!
0
ကားဟောင်း တက္ကစီ
written by ၀၀, February 20, 2010
ကား ငှားစီးရင် ကြမ်းခင်း အပေါက်ကနေ ဗွက်စင်တယ်။
ကားမှန်က တင်လို့ ချလို့မရဘူး
ယပ်ခပ် စီးရတယ်
တင်လို့ ချလို့ရတဲ့ ကားမှန်ကောင်းရင် လှည့်တဲ့ အတံကို ကားမောင်း သမား ဆီက တောင်းရတယ်

ကားဟောင်း ပိုင်ရှင်တွေ အတွက်တော့ စိတ် မကောင်းပါ.


Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်