အမူအကျင့် မပြောင်းလဲကြသူများ

ကျမ ဒီ ခုခံအား ကျဆင်းမှု ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ဘာအခက်အခဲတွေ ရှိသလဲ လို့ တချို့က မေးကြပါတယ်။ အစစ အရာရာ အခက်အခဲတွေချည်း ပြည့်နှက်နေတာပါပဲလို့ ဖြေမိပါတယ်။

စတင် ပညာပေးဖို့၊ လူတွေကို ချဉ်းကပ်ဖို့ကနေစပြီး သူတို့ ဆေးဝါး သောက်သုံးနိုင်ဖို့၊ မှန်ကန်တဲ့ ဆေးကုသမှု ခံယူဖို့၊  သူတို့ရဲ့ လူမှုဘ၀ကို ဆက်လက် သယ်ဆောင်နိုင်ဖို့ အစရှိတာတွေကို ကျမနဲ့ ကျမကို ကူညီနေတဲ့ လူငယ် အနည်းငယ်လောက်ပဲ စဉ်းစား လုပ်ပေးနေကြရတာ ဆိုတော့ ဘယ်လောက်များ ခက်ခဲမလဲဆိုတာ သိသာ နိုင်ပါတယ်။

အမြဲတစေ မဖြစ်မနေ ထုတ်ဖော် ပြောဆိုနေရတာလည်း ရန်ပုံငွေ ပြဿနာပဲ ဖြစ်ပါတယ်။ အလှူငွေ မရလေ လုပ်ရတာ ခက်ခဲလေပေါ့။ မိတ်ဆွေတချို့ဆီက အကူအညီတချို့တော့ ရပါတယ်။ ခုဆို ကျမ ဒဂုံမြို့သစ်ဘက်က စည်ပင်မြေ ငှားပြီး လူနာ ပြန်လည် ဖွံ့ဖြိုးရေး လုပ်ပေးထားတယ်။ အသိမိတ်ဆွေတွေ လုပ်ကိုင်နေတဲ့ နတ်ဆက် ပစ္စည်းလုပ်တဲ့ ဘော်ကြယ်ထိုး၊ စက်ချုပ် အစရှိတာတွေလည်း လုပ်ပေးပါတယ်။ ဒီရက်ပိုင်းလေးမှာပဲ လူနာ ၄ ဦး အတွက် အလှူရှင် ၁ ယောက်ဆီက အလှူခံပြီးတော့ ပလာတာ ကြော်တဲ့ဆိုင်လေး ဖွင့်ထားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လူနာတွေ အများကြီးအတွက် ကျမ မလုပ်ပေးနိုင်သေးတာကလည်း အခက်အခဲတခုပါ။

ဒီအခါမှာကျတော့ အခက်ခဲဆုံးလို့ ခေါ်နိုင်တဲ့ ကိုယ်ကျင့်တရား၊ အမူအကျင့်တွေ မပြောင်းနိုင်တဲ့သူတချို့ကို တွေ့လာတော့တာပါပဲ။

တခြား လူငယ်လေးတွေ ဆိုးပေတေပြီး နဂိုမူလ အကျင့်တိုင်း ပြန်လည် သောက်စားလာတာတွေလည်း တွေ့ရပါ တယ်။ ဒါပေမယ့်လည်း ဒါဟာ ခံသာသေးတယ် ဆိုရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က သောက်စား ပြီးတော့ သူတို့ဘာသာ ဒုက္ခရောက်တာပါ။ နောက်ဆက်တွဲအနေနဲ့ကတော့ အဲ့ဒီလို ဖြစ်သလို နေလိုက်ကြတဲ့ လူနာတွေကို ပြန်ကုတော့ ငွေကုန်ကြေးကျ ပိုများ၊ လူပင်ပန်း စိတ်ပင်ပန်းတော့ ပိုဖြစ်ရတာပေါ့။ ဒါပေမယ့် ဒီ အခြေ အနေကိုတောင် ခံသာတယ်လို့ ပြောနေတယ်ဆိုတော့ ဒီအခြေနေထက် ဆိုးတာတွေရှိနေလို့ ပြောတာပါ။

ကျမလူနာ အများစုဟာ များသောအားဖြင့် နယ်ဘက် တောသူတောင်သား ယာဉ်မောင်းသူတွေ၊ ကားနောက် လိုက် စပယ်ယာတွေအပြင် အခြား မသိ နားမလည်သူတွေ များပါတယ်။ လူနာတွေထဲမှာ ပြည့်တန်ဆာ မိန်းကလေး ၅ ယောက် ပါလာပါတယ်။ သူတို့ ၅ ယောက်ဟာ မတူညီတဲ့ အခြေနေက လာတယ်ဆိုပေမယ့် ကိုယ်ခန္ဓာ ရင်းနှီး လုပ်ကိုင်စားကြတာချင်းတော့ တူပါတယ်။

သူတို့ထဲက တယောက်ကတော့ ကျမ အမြင် ပြောရရင် သူက ယောကျာ်း မရှိရင် မနေနိုင်တဲ့သူပါ။ သူက ငွေရှာဖွေ ပြီးတော့ သူနှစ်သက်တဲ့ ယောက်ကျားတွေနဲ့ ပြန်ပြီး ပျော်ပါးတာပါ။ သူငွေရှာတာလည်း လူနဲ့ရင်းပြီး ရှာတယ်၊ ပြန်လည် ပျော်ပါးတာလည်း လူနဲ့ရင်းပြီး ပျော်ပါး ဆိုတော့ ကူးစက်မှုဟာ ဘယ်လောက်တောင် များနေပြီလဲ ဆိုတာ ကြောက်စရာကောင်းလို့ မတွေးချင်လောက်အောင် ဖြစ်ရပါတယ်။ ကျမလည်း ကြုံတိုင်း ဆုံးမ၊ ကျမအိမ်မှာပါ ခေါ်ထားပြီး ပြုပြင်ပေမယ့် အမြဲပဲ ထွက်ပြေး၊ အရင်လိုပဲ လမ်းပေါ်နေ၊ လမ်းပေါ်စား အကျင့် မပျောက်ပါဘူး။ ဒီကလေးမ  အကြောင်းကိုတော့ နောင်မှပဲ ဆောင်းပါးတစောင် ရေးပါဦးမယ်။

နောက်တယောက်ကျတော့ စားသောက်ဆိုင်မှာ သီချင်း ဆိုတာပါ။ သူကျတော့ တမျိုး ဖြစ်ပြန်ရော။ ကျမကို အမြဲ ပြောနေတာတော့ သီချင်းပဲ ဆိုတာပါတဲ့။ ဒါပေမယ့်လည်း မထင်မှတ်တဲ့ တနေ့မှာ ကျမကလည်း အိမ်မှာ မရှိချိန် သူရောက်လာပါတယ်။ သူ စစ်တွေကို သွားတော့မယ် ဆိုတဲ့အကြောင်း ရန်ကုန်မှာ လုပ်ကိုင်စားရတာ မချောင် လည်တော့ကြောင်း၊ အရင်က သူ့ကို ထောက်ပံ့ပေးနေတဲ့လူက မထောက်ပံ့တော့လို့ ရောဂါ ကူးအောင် ဒီတိုင်း လိင်ဆက်ဆံလိုက်တယ် ဆိုတဲ့ အကြောင်း ကျမအိမ်ကို လာတက်ပြောတာပါ။ ကျမမိသားစုဆို အရမ်းပဲ စိတ်ဆိုး ကြပါတယ်။

ကျမမိသားစုနဲ့ လူနာတွေက တကယ့် မိသားစု အရင်းချာလို ဖြစ်နေတာပါ။ လူနာတိုင်း အိမ်မှာ ထမင်း မစားဘူး တဲ့ လူ မရှိသလောက် နည်းပါတယ်။ ဒါကြောင့် မိသားစုကို ခင်မင်လို့  ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်တာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုအခြေအနေကြောင့်ပဲ ဖြစ်ပါစေ ရောဂါ ကူးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်တယ် ဆိုတာ ကတော့ လူသားတယောက် အနေနဲ့ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ ကိစ္စပါပဲ။

နောက်တယောက်ကတော့ အနှိပ်ခန်းမှာ လုပ်တာပါ။ အရမ်းကို ချောမော လှပပါတယ်။ အသားအရည်ကလည်း တအားလှ၊ လူကလည်း ချောမောပြီး ခုခံကျရောဂါ ရှိနေတယ်လို့ ထင်ရက်စရာ မရှိဘူး ဖြစ်နေတာပါ။ သူကတော့ တမင် ကြံရွယ်တယ် မဆိုနိုင်ပေမယ့် အနှိပ်ခန်း လာတဲ့ သူဌေးတယောက်ကို သူ့ဘ၀ ရှေ့ရေးအတွက် ချဉ်းကပ်ရ တယ် လို့ ပြောပါတယ်။ ဒီသူဌေးကလည်း သူ့ကို မပြောမဆိုနဲ့ ကာရာအိုကေခန်း ခေါ်သွားပြီး အကာအကွယ်မပါ လိင်ဆက်ဆံကြတယ် ဆိုပါတယ်။ သူက တမင် မကြံရွှယ်ပေမယ့်လည်း သူ့အနေနဲ့ တားဆီး ကာကွယ်သင့်ပါ တယ်။ သူထုတ်ပြောပြတာ ဒီတယောက်တည်းမို့သာ ဒီတယောက်အကြောင်းကို သိရတာပါ။ အခြားလည်း ဘယ်လောက် များမလဲ ဆိုတဲ့ အတွေးတွေ ၀င်လာလိုက်တိုင်း ကျမ အိပ်မပျော် ဖြစ်နေတာပါ။ တခါခါ လန့်နိုး တာတွေတောင် ဖြစ်ပါတယ်။

ကျမ တကယ့်ကို စိတ်မကောင်းခြင်း များစွာဖြစ်ရပါတယ်။ ဒီလို လူနာတချို့ရဲ့ အမူအကျင့်ဆိုးကို ပြုပြင်ဖို့၊ သူတို့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြုပြင်ဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ ကျမမှာ စိတ်သောကလည်း ဖြစ်နေရ ပါ တယ်။     ။
Comments (14)Add Comment
0
Jail
written by Me, September 02, 2010
In many countries, if somebody has HIV yet he/she had sex with somebody else without declaring it, he/she can be jailed.. well we should consider that.
0
...
written by သိန်းဟန်, March 05, 2010
အခုလို လုပ်ဆော င်နိုင်တာ ကိုဘဲ ဂုဏ်ယူပါတယ်။ အခု လို အဖြစ် အပျက်မျိုးက နယ်ပယ်အသီးသီးမှာ ရှိနေတာပါ။ သူတို့ တွေ ကို နားလည် စာနာတတ် လာအောင် ဘဲ ပြောလို့ရမယ်၊ ကျန်တာတွေက သူတို့ ရဲ့ စိတ်ဓါတ် ဘဲ။
ဘာဘဲ ဖြစ်ဖြစ် မဖြူကို လေးစား ဂုဏ်ယူမိပါတယ်။
0
...
written by Kyaw Thin, March 04, 2010
Congratulations for ur good jobs.
0
please avoid victim blaming attitude
written by Win, March 04, 2010
Dear Ma Phyu Phyu Thin,

Congratulation for all your efforts. You have been doing great jobs.
I would like to discuss something. In my opinion, if you would like to change behavior without considering the contextual factors, it cannot be successful. You need to understand why these young ladies are still engaging in risky behaviors although they have knowledge how to prevent transmission to others. If we blame only these young ladies without considering the reasons of their behavior, it likes blaming the victims. They are also victims of HIV and economic inequities. For example: the girl from massage room, it can be clearly understood why she engaged in unprotected sex. She wanted economic support from a rich guy. If she told him about her HIV status, she cannot get that support or no longer be able to work in massage room which is her main income source. If we provide only health education ( for example: how to prevent transmission to others) without creating the better life for them, HIV control cannot be achieved. ( salary from sewing is very little compare to what they get from massage or their need to support themselves or their family). And why you don't think its also the fault of men who engage in unprotected sex with them. For HIV, we usually regard sex workers as risks group and responsible for HIV transmission. It increase the stigmatization of sex workers and HIV patients. We usually fail to aware that, men who engage in commercial sex and the social and economic condition which put these young ladies in sex work are more responsible for HIV transmission.
So I think its not fair if we only blame these young ladies without considering structures in society and contextual factors which push them to do these behaviors.
0
Those who do not change the benaviour
written by Kyaw Thin, March 03, 2010
dear Ma Phyu,
Congratulations!
You are really working a very good job. However, compare to the magnitude of the problem, you need a lot of support in terms of moral as well as resources. We all are responsible for this issue and will try to help you in possible means.
Best regards,
Thin
0
Solution to a problem is always there!
written by Aye Maung, March 03, 2010
I can understand the intention of this article and its concern. Sad that things keep happening as each of them have different causes based on circumstances. I belief that what Phyu Phyu's concern is great and empathetic..What is the SOLUTION we don't know, but like saying "Precaution is better then cure"


Sincerely
0
တာဝန် ကျေပါတယ်
written by Kyaw Zwa, March 02, 2010
မဖြူ လုပ်သင့်တာတွေကို လုပ်နိုင် သလောက် လုပ်နေတာကိုက တာဝန် ကျေပါတယ်။ အမှန်တော့ အခုထက် ပိုပြီး အားလုံး ၀ိုင်းဝန်း သင့်ပါတယ်။ စေတနာ အရင်းခံနဲ့  လုပ်နေပြီး ဒိလို မဖွယ်မယာတွေ တွေ့ ရတော့ ဘယ်လို ခံစားရမယ် ဆိုတာ ကိုယ်ချင်း စာမိပါတယ်။ လူတွေမှာတော့ မတူညီတဲ့ အချက်တွေကြောင့် လုပ်သင့် မလုပ်သင့်ကို မချင့်ချိန် နိုင်တာတွေလည်း ရှိမှာပါ။ ဒါပေမယ့် မဖြူရဲ့ စေတနာကို နားလည်ပြီး ပြုပြင်နေတဲ့ ကြိုးစားနေတဲ့ လူတွေ မဖြူရဲ့ ပရိတ်သတ်တွေ သောင်းနဲ့  သိန်းနဲ့ ရှိနေတာ ကိုတော့ အားဆေး တခွက်ပါဘဲ လို့  ။
0
လွယ်ကူတဲ့ကိစ္စ မဟုတ်ပါ
written by ဖိုးခွား, March 02, 2010
လူတယောက်ရဲ့ အမူ အကျင့်တွေကို ပြောင်းလဲဖို့ အတွက် ပံ့ပိုးမှုတွေ အများကြီး လိုအပ်ပါတယ်။

ပြီးတော့ အမူအကျင့် ပြောင်းလဲတယ် ဆိုတာ စိတ်ပညာ အရ process တခုပါ။ stage တွေ ရှိပါတယ်။ ပံ့ပိုးမှုတွေ အစဉ်အစိုက် မလုပ်နိုင်ဘူး ဆိုရင် အမူအကျင့်တွေ ပြောင်းလဲတဲ့ နောက်ဆုံး Stage ရောက်နေတဲ့ သူတောင်မှ မူလ အမူ အကျင့်တွေဆီ ပြန်ရောက် သွားတတ် ပါတယ်။

အမူအကျင့် ပြောင်းလဲဖို့ ဆိုတာ အချိန်လည်း ယူပါတယ်။ အခု ရေတွင်းတူး၊ အခု ရေကြည်သောက်လို့ ရတဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ ကိုယ့်ရဲ့ client အခြေ အနေကိုလည်း အမြဲတမ်း သုံးသပ်ေ နရပြီး၊ ဘယ်လို ပံ့ပိုးမှုတွေ လိုအပ်တယ် ဆိုတာကိုလည်း မျက်ခြေ မပျက် လေ့လာ ဖို့လည်း လိုပါတယ်။ ဒါမှသာ ကိုယ်လို ချင်တဲ့ ရည်မှန်း ချက်ကို ရောက်မှာပါ။
0
God's angel!!
written by Avator, March 01, 2010
good job , well done!!
0
respected your will
written by U pyin nya wa ra, March 01, 2010
မဖြူရဲ့ စေတနာကို လေးစား ဂုဏ်ယူပါတယ်။ တော်ယုံ တန်ယုံလူ မလုပ်နိုင်တဲ့ အလုပ်ကို စေတနာ အရ စိတ်ရှည်စွာ လုပ်ဆောင် ပေးနေတာမို့ ပါ။ မဖြူ ပြောပြတဲ့ လူနာ တွေထဲက တချို့ က အသိပညာ မဲ့လွန်း တာကြောင့် ကြားရသူတောင် စိတ်ပျက် မိပါတယ်။
စေတနာ ကို နားလည် နိုင်စွမ်း ရှိတဲ့ လူနာကို ကယ်တင် ရတာက ပိုမိုပြီး ထိရောက် လိမ့်မယ်လို့ ယူဆပါတယ်။ မြတ်စွာ ဘုရား ရှင်တောင် ဘယ်လိုမှ ဆို ဆုံးမလို့ မရတဲ့ ဒေ၀ဒတ်လို သူကို သူ့ ထိုက်နဲ့ သူ့ ကံဆိုပြီး သဘော ထားခဲ့ရတာ မဟုတ်လား။ မရိုး သားတဲ့ လူနာတွေရဲ့ အကျင့်က ရိုးသားတဲ့ လူနာတွေကို အနဲနဲ့ အများဆိုသလို ထိခိုက်မှူ ရှိတတ် ပါတယ်။ ဘာဘဲဖြစ်ဖြစ် စေတနာ မှန်တဲ့ အလုပ်ဟာ အောင်မြင်မှာ မုချပါ။ စိတ်မပျက်ပါနဲ့ ။ အောင်မြင် ပါစေလို့  ဆုတောင်း ပါတယ်။
0
...
written by သစ္စာ, February 28, 2010
မဖြူ
လူနာတွေကို တရား ထိုင်ခိုင်းပါလား တရက် နာရီဝက် တစ်နာရီ လောက်ပေါ့
ဘာသာရေး လုပ်မှပဲ သူတို့ အမူ အကျင့်တွေ ပြောင်းလဲ နိုင်မှာလေ
လူနာတွေ ကို တရား စာအုပ်တွေ ပေးဖတ်တာ တရား နာခိုင်းတာ တရား ထိုင်ခိုင်း တာတွေ လုပ်ခိုင်းပါလား ခင်ဗျာ
0
Salute to you!
written by bigcat, February 28, 2010
Dear Ma Phyu,

You are a little Mother Tresa.

cheers,

0
...
written byွှ့သက်, February 28, 2010
everyman should read this!!
0
Comment
written by Sai Lain Kham, February 27, 2010
Hello
It sound like you are really immerse in their problem. You are trying to correct them, protect them, educate them and you want to lead them the life away from their poor lives. This is your desire.
Second I would like to question you is that "have you asked them what they really want to do?' The most important thing is their need, want and feeling. You cannot change them as you like. Because they have come from different background. If you try to moralize them, it would be a kind of torturing yourself. For that at first you should aware of yourself. And try to counsel them not moralize and let them decide freely and let them take their responsibility for their decision.
I understand how you will feel about that. But don't torture yourself. Try to your best (within the boundary). They are not you. I am appreciate of you but you should approach a better way.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်