ယနေ့ ကျရောက်သော တောင်သူ လယ်သမား နေ့တွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပေးပို့သည့် သ၀ဏ်လွှာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “တနှစ်လျှင် မိုးစပါးနှင့် နွေစပါး စိုက်ဧက သန်း ၂၀ ကျော်ရှိပြီး စပါးတင်း သန်းပေါင်း ၁၅၀၀ ကျော် ထွက်ရှိနေပြီ ဖြစ်ပါသည်။ နိုင်ငံသားအားလုံး စားသုံးရန် ဆန်မှာဖူလုံရုံသာမက နောင် တိုးတက်လာဦးမည့် လူဦးရေ အတွက်ပင်လျှင် လုံလောက် နေပြီး ဖြစ်သည်”ဟု ပြောကြားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ထို့အပြင် စိုက်ပျိုးရေ ရရှိရန် အတွက် ရေလှောင်တမံ ၂၀၀၊ ရေထိန်းတံခါး ၃၁ခု၊ မြစ်ရေတင် စီမံကိန်း ၃၂၂ခု၊ မြေအောက်ရေ ရရှိရေးအတွက် အ၀ီစိတွင်း ၈၀၀၁ ခုနှင့် ကျေးလက်ဆည်ငယ် ကန်ငယ် ၆၅၈ ခုတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ရာ စိုက်ပျိုးရေး ကဏ္ဍတွင် အထူးဖွံ့ဖြိုးလာပြီ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့ရှိ စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂ ဗေဒ )ကမူ စစ်အစိုးရက ထုတ်ပြန်သည့် စပါးအထွက်နှုန်း ခန့်မှန်း ချက်မှာ လုံ လောက်မှုရှိသည်ဟု ယူဆရကြောင်း ဧရာဝတီသို့ ပြောသည်။
“အခါတိုင်းဆိုရင် အောက်မြန်မာပြည်ကနေ အထက်မြန်မာပြည်ကို ဆန်ပို့တယ်၊ အခု အထက်မြန်မာပြည်က ဆန်က အောက် မြန် မာ ပြည်ကို ပြန်ဝင်တယ်၊ အဲဒီလိုဟာတွေ တွေ့ရတယ်၊ အတိုင်း အတာ တခု အထိတော့ မှန်တယ်လို့ယူဆတယ်၊ သူပြော သလောက်လဲ ဟုတ်ချင်မှ ဟုတ်မယ်၊ ဒါပေမယ့် မျက်မြင်ကို ကြည့်တဲ့အခါမှာ ဆန်ဈေးတွေလဲ သိသိသာသာ တက်တာတို့ ဘာတို့ ညာတို့ တ ခုမှ မရှိဘူး၊ ပြည်ပ ပိုဖို့တောင် လုပ်နေတယ်”ဟု ပြောသည်။
ထို့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တောင်သူ လယ်သမားများကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေအရ ပေါ်ပေါက်လာမည့် လွှတ်တော် ကိုယ်စားလှယ်များကို ယခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပပြီး ရွေးချယ် တင်မြှောက် ရမည်ဖြစ်ကြောင်း ပြောသည်။
“တောင်သူ လယ်သမားကြီးများသည် မြန်မာ့ နိုင်ငံရေး သမိုင်းတွင် ကြီးမားသော အခန်းကဏ္ဍ အသီးသီးမှ ပါဝင်ခဲ့ကြပြီး ဒီမိုကရေ စီ စနစ်ကို မှန်ကန်စွာ ကျင့်သုံး၍ အေးချမ်း သာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကို ဆက်လက်ဖော်ဆောင်နိုင်ရန် မိမိတို့၏ ကိုယ်စားလှယ် အသီးသီးကို ရွေးချယ်ပေးကြရမည်ဖြစ်သည်”ဟု ၎င်းက ပြောကြားသည်။
စစ်အစိုးရက ၂၀၀၈ ခုနှစ်မေလအတွင်း နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်တွင် ၎င်းတို့ အလိုကျ ရေးဆွဲထားသော အခြေခံ ဥပ ဒေကို အတည်ပြု မဲဆန္ဒပေးစေခဲ့ရာ ၉၀ ရာနှုန်းကျော် ထောက်ခံမဲ ရရှိသည် ဟူ၍ ထုတ်ပြန်ခဲ့သည်။
ရွေးကောက်ပွဲကို ၂၀၁၀ တွင် လွတ်လပ်၍ တရားမျှတစွာဖြင့် ပြုလုပ်မည်ဟု စစ်အစိုးရက ဆိုထားသော်လည်း ယခုအချိန်အထိ ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။
Set as favorite
Bookmark
Email this
Hits: 6072
Comments (22)

written by မှန်၏, March 04, 2010
ဒီလိုပြောပုံ ထောက်ရင်တော့ တခုခု ရောင်းစားတော့မှာ သေချာနေပါပြီ။ ဒါ... စကားခေါ်နည်း တမျိုးလို့ သတ်မှတ်လို့ ရပါတယ်။ နောက်ပြီးတော့ ဘကြီးရွှေ ပြောသလို နိုင်ငံသား အားလုံး ဆိုတာထက် သူတို့ အတွက် ဖူလုံတဲ့ အပြင် ပိုလျှံနေပြီလို့ ပြောထားတာပါ။ ဒါဟာ သတင်းစာရဲ့ မှားယွင်းစွာ ဖော်ပြထားချက် ဖြစ်မှာပါ။
written by မျိုးချစ်, March 03, 2010
အောက်ပါ မေးခွန်း အနည်းငယ်အား မှန်မှန် ကန်ကန် ဖြေနိုင်ရင် ဘရွှေကို စစ်ခုံရုံး တင်မြှောက်မယ့် အမှုမှ လွှတ်စေ။
ဆန်စပါး ဖူလုံနေတယ် ဆို ........ ဘာဖြစ်လို့ သူတောင်းစားဦးရေ များလာ ရတာလဲ။
ရေအား လျှပ်စစ်တွေ ထုတ်ဖို့ဆည်တွေေ ဆာက်လိုက်တာ အကြီးကြီးဆို......... ဘာဖြစ်လို့မီးမ လာရတာလဲ။
ဆေးရုံေ တွအများကြီးတိုးဆောက်တ ယ်ဆို ............ ဘာဖြစ်လို့ေ သနှုံးမြင့်နေ ရတာလဲ။
ကျောင်း တွေအများကြီးေ ဆာက်တယ်ဆို ...... ........ ဘာဖြစ်လို့ကျောင်းထွက်နှုံးတွေမြင့်နေရတာလဲ။
တက္ကသိုလ်တွေများ၊ ဘွဲ့ရတွေလည်းပေါဆို ........... ဘာဖြ စ်လို့ ပညာရှင်ေ တွနည်းနေ ရတာလဲ။
စီးပွားရေး တိုးတက် လာတယ်၊ အလုပ်အကိုင်ပေါလာတယ်ဆို. ..... ဘြာ ဖစ်လို့သူများနိုင်ငံမှာဒို့ ပြည်သူတွေ ကျွန်သွား ခံနေရတာလဲ။
သယံဇာ တတွေပေါတယ်ဆို......ဘာဖြစ်လို့ တတိယ နိုင်ငံစာရင်းဝ င်နေရ တာလဲ။
ဘုရားတည်၊ကျောင်းဆောက်၊ အလှူဒါန ပြုနေလ်ျဆို......ဘာဖြစ်လို့ ဘုန်းကြီးတွေကိုညှင်းပန်းနှိပ်စက် သတ်ဖြတ်ရတာလဲ။
ဆန်စပါး ဖူလုံနေတယ် ဆို ........ ဘာဖြစ်လို့ သူတောင်းစားဦးရေ များလာ ရတာလဲ။
ရေအား လျှပ်စစ်တွေ ထုတ်ဖို့ဆည်တွေေ ဆာက်လိုက်တာ အကြီးကြီးဆို......... ဘာဖြစ်လို့မီးမ လာရတာလဲ။
ဆေးရုံေ တွအများကြီးတိုးဆောက်တ ယ်ဆို ............ ဘာဖြစ်လို့ေ သနှုံးမြင့်နေ ရတာလဲ။
ကျောင်း တွေအများကြီးေ ဆာက်တယ်ဆို ...... ........ ဘာဖြစ်လို့ကျောင်းထွက်နှုံးတွေမြင့်နေရတာလဲ။
တက္ကသိုလ်တွေများ၊ ဘွဲ့ရတွေလည်းပေါဆို ........... ဘာဖြ စ်လို့ ပညာရှင်ေ တွနည်းနေ ရတာလဲ။
စီးပွားရေး တိုးတက် လာတယ်၊ အလုပ်အကိုင်ပေါလာတယ်ဆို. ..... ဘြာ ဖစ်လို့သူများနိုင်ငံမှာဒို့ ပြည်သူတွေ ကျွန်သွား ခံနေရတာလဲ။
သယံဇာ တတွေပေါတယ်ဆို......ဘာဖြစ်လို့ တတိယ နိုင်ငံစာရင်းဝ င်နေရ တာလဲ။
ဘုရားတည်၊ကျောင်းဆောက်၊ အလှူဒါန ပြုနေလ်ျဆို......ဘာဖြစ်လို့ ဘုန်းကြီးတွေကိုညှင်းပန်းနှိပ်စက် သတ်ဖြတ်ရတာလဲ။
written by လေကြောင်, March 03, 2010
ဂယောင်ဂတမ်း ..... .ပြောမိပြောရာ .... တောင်ရောက် မြောက်ရောက် ပြောမိတာ ဇြစ်မှာပါ၊.. ....ဗွေမယူကြပါနဲ့  ........ ........ ဒါမျိုးက ဖြစ်တတ်ပါတယ်၊ တို့က ... အခု တလော ..သူ့အသံ... .မကြားလို့.... ..ဖွဟဲ့. ... .... ရှောပြီလို့ တောင် ထင်နေတာ... ........
written by Tuumar, March 02, 2010
ပြင်သစ် သမိုင်းထဲက မေရီ အန်ထွာနက် ဘုရင်မရဲ့ အဆင်ခြင် ကင်းမဲ့စွာ ပြောလိုက်တဲ့ စကားလိုပါပဲ။
“ပေါင်မုန့် မရှိဘူးလား၊ ကိတ်မုန့် စားကြလေ” ဆိုတာလို၊ ကိုယ့်တိုင်ြး ပည်အတွင်း ဘာဖြစ်လို့ ဖြစ်နေမှန်း မသိကြ တာလား။ မသိချင်ကြတာလား။ မသိချင်ေ ယာင်ဆော င်နေကြတာလား။
သူမ အဲဒီလို ပြောလိုက်ပြီး မကြာခင်မှာ ပြင်သစ် တော်လှန်ေ ရးဖြစ်ပြီး တနန်းေ တ်ာလုံး ကွက်မျက်ခံရ၊ ပျောက်ထွက်သွားကြတယ်။
အဲဒီရာဇဝင် ဗမာပြည်မှာ တကျော့ပြန် လာလေမလား။

“ပေါင်မုန့် မရှိဘူးလား၊ ကိတ်မုန့် စားကြလေ” ဆိုတာလို၊ ကိုယ့်တိုင်ြး ပည်အတွင်း ဘာဖြစ်လို့ ဖြစ်နေမှန်း မသိကြ တာလား။ မသိချင်ကြတာလား။ မသိချင်ေ ယာင်ဆော င်နေကြတာလား။
သူမ အဲဒီလို ပြောလိုက်ပြီး မကြာခင်မှာ ပြင်သစ် တော်လှန်ေ ရးဖြစ်ပြီး တနန်းေ တ်ာလုံး ကွက်မျက်ခံရ၊ ပျောက်ထွက်သွားကြတယ်။
အဲဒီရာဇဝင် ဗမာပြည်မှာ တကျော့ပြန် လာလေမလား။


written by hlyan28, March 02, 2010
last ten years outskart of Yangon some people ,they can't have meal three times aday.i have been there
written by REALITY, March 02, 2010
LIKE RICE, THERE ARE ALSO PLENTY OF JADES, RUBIES, CRUDE OIL, GAS FOR ELECTRICITY, FISHES, SHRIMPS, WOODS, VERY WELL ENOUGH FOR THE WHOLE POPULATION OF BURMA.
PLEASE HELP ME UNDERSTAND WHY AVERAGE BURMESE ARE SO POOR, STARVED AND WITHOUT BASIC REQUIREMENTS FOR THEIR LIVES.
PLEASE HELP ME UNDERSTAND WHY AVERAGE BURMESE ARE SO POOR, STARVED AND WITHOUT BASIC REQUIREMENTS FOR THEIR LIVES.
written by CMS, March 02, 2010
စားစရာဆန် ဖူလုံတာ တစ်တိုင်းပြည်လုံး အတွက် မဟုတ်ဘဲ .. သူ့မိသားစုအတွ က်ပဲဖြစ်မယ်
written by htay tint, March 02, 2010
တောင်သူ လယ်သမားကြီးများသည် မြန်မာ့ နိုင်ငံရေး သမိုင်းတွင် ကြီးမားသော အခန်း ကဏ္ဍ အသီးသီးမှ ပါဝင်ခဲ့ ကြသော်လည် ယနေ့ အထိ ကျောမွဲ ဘဝက မတက်သေးပါ ။ တပ်တွင်း ဒီမိုကရေစီ စနစ်ကို မှန်ကန်စွာ ကျင့်သုံး၍ အေးချမ်း သာယာစွာ သယံ ဇာတများ ထုတ်ဖေါ် ဝေစုခွဲ ပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နေပြည်တော်မှ ဗိုလ်ချုပ်များ အိမ်နှင့် မိသားစု စီးပွားရေး လုပ်ငန်းများကို ပြည်ပနှင့် တရားဝင် ဆက်လက် ဖော်ဆောင် နိုင်ရန် စစ်တပ်မှ ပေးသော ကိုယ်စားလှယ် အသီးသီးကို ဒုတိယ အကြိမ်မြောက် သေနပ်အောက်မှ ရွေးချယ်ေ ပးကြရမည်ဖြစ်သည်
written by Maung, March 02, 2010
POOR PEOPLE HAS NO MONEY TO BUY AND NO PROPER JOB TO EARN ENOUGH MONEY.
written by THEIN, March 02, 2010
yea right , rice is enough for country , but not cheap for people , free for junta only.
no one take action about those basic foods are being expensive.
no one take action about those basic foods are being expensive.
written by yeah, March 02, 2010
မြန်မာပြည်က ဆန်ဈေးနှုံးနဲ့ နိုင်ငံခြား တိုင်းပြည်တွေက ဆန်ဈေးနှုံးနဲ့က ကွာခြား လွန်းပါတယ်... မြန်မာနိုင်ငံက ဈေး အများကြီး သက်သာပါတယ်...ဆန် ဖူလုံနေတာလည်း မှန်ပါတယ်... သို့ပေမယ့် ပြည်သူ ပြည်သားတွေက ဆင်းရဲ လွန်းရင်လည်း မ၀ယ်စား နိုင်ရင်လည်း မြင်သာမြင် မကြင်ရတဲ့ ဘ၀မျိုးတွေ ဖြစ်နေမှာပဲ... အဲဒီတော့ ဆန် ဖူလုံယုံနဲ့တင် မပြီးသေးဘူး ဒီဆန်ကို ပြည်သူတွေ တကယ်ရော ပေါပေါနဲ့ ၀ယ်နိုင် စားနိုင်လား ဆိုတာ စမ်းစစ်ဖို့ လိုတယ်... အဓိကတော့ ပြည်တွင်းမှာ ဆင်းရဲတာထက် နေ့စဉ် လူမှုဘ၀ ဖူလုံဖို့ အတွက် လုပ်ငန်းတွေ ဖော်ဆောင် ပေးဖို့ လိုတယ်... အဲဒီလုပ်ငန်းက ရတဲ့ အရာတွေကို နိုင်ငံခြားကို တင်ပို့တဲ့ အခါမှာ နောက်တစ်ဖက်က စီးပွားေ ရးတွေ ပိတ်ထားတာ မျိုးတွေတော့ မဖြစ်ဖို့ လိုတယ်... ဒီလိုမှ မဟုတ်ပဲ တစ်ဖက်က လုပ်ငန်းတွေ ဘယ်လောက် ဖော်ဆောင် ပေးပေး နောက် တစ်ဖက်က ပြည်ပ တင်ပို့လို့ မရအောင် စီးပွားရေး ပိတ်နေရင် ဒီအလုပ်က ဖြစ်မြောက်မှာ မဟုတ်ဘူး...
written by ဇာနည်, March 02, 2010
Dear U Than Shwe,
စပါးက အလကား မရဘူးဟဲ့. တနေကုန် နေပူထဲ... သေအောင်လုပ်မှ ထမင်း တနပ်စာပဲ ရတယ် အဲဒီလိုလူမျိုးတွေ မြန်မာ နိုင်ငံမှာ အများကြီး ရှိတယ်.. နား မလည်ဘူးလား. သေသေ ချာချာ သိခြင်ရင် ကိုယ်တိုင် လုပ်ကြည့်..
စပါးက အလကား မရဘူးဟဲ့. တနေကုန် နေပူထဲ... သေအောင်လုပ်မှ ထမင်း တနပ်စာပဲ ရတယ် အဲဒီလိုလူမျိုးတွေ မြန်မာ နိုင်ငံမှာ အများကြီး ရှိတယ်.. နား မလည်ဘူးလား. သေသေ ချာချာ သိခြင်ရင် ကိုယ်တိုင် လုပ်ကြည့်..
written by Tay Za Thura, March 02, 2010
ဒီစာရင်း ဇယားတွေကို ဗိုလ်သန်းရွှေ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ၊ ဒီလောက်အထိ ပြည်သူတွေ အပေါ်ကို အလေး ထားတယ် ဆိုရင် ပြည်သူတွေ အနေနဲ့ ဗိုလ်သန်းရွှေ အတွက် အသက် ပေးဖို့ကို ၀န် မလေးလောက်ေ တာ့ပါဘူး။
written by Thazin Pyu, March 02, 2010
မှန်နင်းကီး ပါတယ် ဘုရား ဆိုတိုင်း မှန်တယ်လို့ မထင် လိုက်ပါနဲ့အုံး- 1962 က စပြီး ဒီလို မှန်နင်း ကီးရင်း မှန်နင်း ကီးရင်း တိုင်းသူ ပြည်သား လူအများ မွဲနင်းကီး ငတ်နင်း ကီးနေကြတာ ကမ္ဘာ့ အဆင်းရဲဆုံး လူအခွင့် အရေး အဆိုးဝါးဆုံး နိုင်ငံ ဖြစ်နင်း ကီးတာတို့ -- မှူးကြီး လည်းကမ္ဘာ့ အရက်စက်ဆုံး ခေါင်းဆောင် ဖြစ်နင်း ကီးနေပြီ ဆိုတာလည်း သတိ ထားအုံး ----- လို့ လျှောက်တင်နင်းကီး လိုက်ပါတယ်။
written by kojj, March 02, 2010
ဆန်ဖူလုံ ရုံလောက်ကို စကား ကြီးကြီး ကျယ်ကျယ် မပြောနဲ့ဗျာ... ဆင်းရဲ ချမ်းသာ မရွေး ဆန်ကောင်း ဆန်သန့်ကို
ဈေး သက်သက် သာသာနဲ့ ဝယ်စားနိုင်တဲ့ ဘဝ မျိုး ရောက်မှ ဂုဏ်ယူစရာပါ....
ဈေး သက်သက် သာသာနဲ့ ဝယ်စားနိုင်တဲ့ ဘဝ မျိုး ရောက်မှ ဂုဏ်ယူစရာပါ....
written by ဗိုက်ကလေး, March 02, 2010
တို့ နိုင်ငံတော်ကြီး ဆန်စပါး ပေါတာတော့  ထောက်ခံပါတယ် မြို့ နေအခြေခံ လူတန်းစားတွေက အလုပ်အကိုင် ဝင်ငွေ မယ်မယ်ရရ မရှိတော့ ...ထမင်းတောင် နပ်မှန်ကြရဲ့ လား....သိပါရဲ့ လား တပ်ချုပ်ကြီး...ကိုယ့် လက်အောက်က .... ဖားယားနေတဲ့  ...ငယ်သား တွေရဲ့  မမှန်ကန်တဲ့  သတင်း အချက်အလက်တွေကို ဖတ်ပြီး... စိတ်ကြီး မဝင်နေပါနဲ့ .... အမှန်တကယ် ပြည်သူ လူထု အကျိုး သယ်ပိုး ချင်ရင်... .ပြုပြင်ရမယ့် အချက်တွေ ကိုယ်တိုင် သိမှာပေါ့ ....ပြောချင်တော့ ပါဘူး......
written by San Lwin, March 02, 2010
How you (than shwe) are sure on that? You should go to poor life and feel it. Then you can say the country is having food enough. Don't say anythig you like to people.
written by အိုကေအိ, March 02, 2010
နောက်မျိုးဆက် ငါးဆက်တောင် စားလို့ မကုန်နိုင်ပါဘူးဗျာ..။ ဆန်ပြောတာ မဟုတ်ဘူး သူတို့ ခိုးထား တိုက်ထားတဲ့ တိုင်းပြည် ဘဏ္ဍာတွေကို ပြောတာပါ။
written by မျိုးလွင်, March 02, 2010
ငယ်ငယ်က ကြည့်ခဲ့တဲ့ ဇာတ်ပွဲမှာ လိုမျိုး ‘‘ငါ၏တိုင်းရေးပြည်ရေး ဘယ်သို့ရှိသလဲ မင်းကြီးများ” လို့ မိန့်ရင် မှူးမတ်တွေ ဝန်ကြီးတွေက ‘‘ အရှင်မင်းကြီးရဲ့ ဘုန်းတော်ကြောင့် သာယာလျက် ရှိကြောင်းပါ ဘုရား”။ အဲလိုပဲ့ ဗိုလ်ချုပ်မှူး ကြီးလည်း မြန်မာပြည်မှာ ဆန်စပါး ဖူလုံတယ် လို့စာထဲမှာ ရေးထားပေမည့်၊ ဆန်ဈေးကြီးလို့(ဗိုလ်ချုပ်တွေ အတွက်တော့ ဈေးပေါတာပေါ့) လက်လုပ် လက်စားတွေ နပ်မှန်အောင် ရုန်းကန်နေရတာ အများကြီးပါ။ လယ်သမားတွေကို ပါးစပ် နဲ့တော့ အလေးထား သလို လက်တွေ့ ကျတော့၊ တောင်သူ လယ်သမားတွေဟာ အဖိနှပ်ခံ လူတန်းစား တွေပါ။
Write comment
| < Prev | Next > |
|---|







