ဗိုလ်ချုပ်မှူးကြီး အနေဖြင့် သူ၏နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေမှုနှင့် ကိုင်စွဲထားသော အာဏာကိုလိုလိုလားလား စွန့်လွှတ်ပါ့မလားဆိုသည့် အချက်ကတော့ လူအများအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။
နေပြည်တော်မှ ထိပ်တန်းခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံနေရသော သူများ၏ အဆိုအရ ဗိုလ်ချုပ်မှူးကြီး သည် ရွေးကောက်ပွဲအပြီးကာလတွင် သမ္မတရာထူးနေရာ၌ ဆက်လက်တာဝန် ထမ်းဆောင်ရန် အစီအစဉ်များ ရှိနေသည်ဟု တပ်မတော်အတွင်းမှ အရာရှိတချို့က ယုံကြည်နေကြသည်။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးသည် ကုလသမဂ္ဂအရာရှိများနှင့်တွေ့ဆုံစဉ်ကာလက သူ့အနေဖြင့် မကြာခင် အနားယူတော့မည် ဖြစ်ကြောင်းကိုလည်း ထုတ်ဖေါ် ပြောကြားခဲ့သေးကြောင်း သတင်းများအရ သိရှိရသည်။
နေပြည်တော်မှာ စစ်ဖက်ဆိုင်ရာနှင့် အရပ်ဖက်ဆိုင်ရာ အရာရှိများ၏ အဆိုအရ တပ်မတော်အတွင်းရှိ အချို့ အုပ်စုများအနေဖြင့် ဗိုလ်ချုပ်မှူးကြီးအား ကာလသတ်မှတ်ချက် အပိုင်းအခြားမရှိဘဲ အာဏာကိုဆက်လက် ထိန်းသိမ်းထားရန် ဆန္ဒရှိနေကြပြီး နောက်ဆုံးအချိန်အထိ တိုင်းပြည်အတွက် ပေးဆပ်တာဝန်ထမ်းဆောင်သွား ရန် တိုက်တွန်းမှုများ ရှိနေသည်ဟု ကြားသိရသည်။
ဗိုလ်ချုပ်မှူးကြီးအနေဖြင့်လည်း တပ်မတော်အတွင်းရှိ အုပ်စုတချို့မှ ထိုသို့တောင်းဆိုလာသည့်အပေါ် ခေါင်းညိတ်သဘောတူကာ သမ္မတကြီးလုပ်ဦးမည်ဆိုလျှင်လည်း မည်သူမျှ အံ့သြ လိမ့်မည် မဟုတ်ပါ။
ပြီးခဲ့သည့်နှစ်က ဖြစ်ပေါ်ခဲ့သော ကောလဟာလများအရ ဗိုလ်ချုပ်မှူးကြီးသည် စစ်အစိုးရအတွင်းမှ တတိယ မြောက် အာဏာရှိသူ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရရွှေမန်းအား ရွေးကောက်ပွဲအပြီး ကာလ အတွက် သမ္မတ ရာထူးပေးအပ်ရန် လျာထားခဲ့ကြောင်း သိရှိရသည်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ဇနီးတို့သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် ၎င်း၏မိသားစုဝင်များနှင့် အလွန်နီးစပ်သူများလည်း ဖြစ်သည်။ ထိုမိသားစု နှစ်စုသည် စင်္ကာပူနိုင်ငံသို့ အတူတကွ အမြဲဈေးဝယ်ထွက်ကြကြောင်းလည်း သိရှိရသည်၊
သို့သော်လည်း စစ်တပ်အတွင်းမှလာသော သတင်းများအရ သူရရွှေမန်းသည် ယခုအခါ ဗိုလ်ချုပ်မှူးကြီးအတွက် မလိုအပ်တော့ကြောင်းကြားသိရပြန်သည်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ယခင်က ဧရာဝတီတိုင်း တိုင်းမှူး ဖြစ်ခဲ့ သည်။ ထိုနေရာမှ ရန်ကုန်ရှိစစ်ရုံးချုပ်သို့ ရာထူးတိုးမြှင့်ခန့်ထားပေးခဲ့ခြင်းသည် ၂၀၀၀ ခုနှစ် အစောပိုင်း နှစ်များ အတွင်း ရေပန်းစားခဲ့သော ဗိုလ်ချုပ်ကြီး ခင်ညွန့်အား ပြန်၍ အားပြိုင်နိုင်စေရေးအတွက် ခန့်ထားခဲ့ခြင်း ဖြစ်သည် ဟု သိရှိရသည်။ အာဏာလက်စောင်းထက်လှသော ထောက်လှမ်းရေးမှူးချုပ်တဖြစ်လဲ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် ၂၀၀၄ ခုနှစ်တွင် ၎င်း၏ ထောက်လှမ်းရေးတပ်ဖွဲ့တခုလုံးနှင့်အတူ ရာထူးမှ ထုတ်ပယ် ခံလိုက်ရ သည်။ ဤသို့ဆောင်ရွက်ခြင်းအားဖြင့် ဗိုလ်ချုပ်မှူးကြီးသည် သူ၏ ပြိုင်ဖက်များအတွင်းမှ အန္တရာယ် အရှိဆုံးသူ တဦးကို ဖယ်ရှားနိုင်ခဲ့သည်။
ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ဗိုလ်ချုပ်မှူးကြီး မြှောက်စားခဲ့သော၊ ရာထူးတင်ပေးခဲ့သော လူလတ်ပိုင်း စစ်အရာရှိ များထဲမှ တဦးဖြစ်သည်။ ထိုအရာရှိများသည် တပ်မတော်အတွင်း ထိပ်တန်းအရာရှိကြီးများ ဖြစ်လာသကဲ့သို့ ၀န်ကြီးများအဖြစ်လည်း ရာထူးများ ရရှိခဲ့ကြသည်။
ဗိုလ်ချုပ်ကြီး သိန်းစိန်၊ အထူးစစ်ဆင်ရေးဗြူရို အမှတ် (၅)၏ ခေါင်းဆောင်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ဌေးဦး တို့သည် ဗိုလ်ချုပ်မှူးကြီး စင်တင်ပေးခဲ့သော ထိပ်တန်း အရာရှိများ ဖြစ်သည်။ ဗိုလ်ချုပ်ဌေးဦးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ တာဝန် ကိုလည်း ထမ်းဆောင်နေသူဖြစ်သည်။
သတင်းအချက်အလက်များအရ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် မန်မာနကြီးသူတဦး မဟုတ်သော်လည်း ဗိုလ်ချုပ်မှူးကြီး၏ ယုံကြည်စိတ်ချမှုကို အပြည့်အ၀ရရှိသူ တဦးမဟုတ်ကြောင်း သိရှိရသည်။ ဗိုလ်ချုပ်မှူးကြီး စိတ်ချယုံကြည်သော ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၂၀၀၇ ခုနှစ်၌ ကွယ်လွယ်အပြီး ဗိုလ်ချုပ်ဌေးဦးနှင့် ဗိုလ်ချုပ်မြင့်ဆွေသည် ဗိုလ်ချုပ်မှူးကြီး၏ စိတ်ကြိုက် ထိပ်တန်းအရာရှိများ ဖြစ်လာခဲ့ကြသည်။
အကယ်၍ ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ရွေးကောက်ပွဲကာလအပြီးတွင် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်နှင့် သူ၏ လုံခြုံရေးအတွက် အာဏာနေရာကို ဆက်လက်ကိုင်စွဲ ထားမည်ဆိုပါကလည်း အံ့သြစရာမဟုတ်ပါ။
မြန်မာစစ်အစိုးရ ထိပ်တန်းအဖွဲ့ဝင်များသည် နိုင်ငံခြားဘဏ်များတွင် ကိုယ်ပိုင်နိုင်ငံခြားငွေ အမြောက်အများရှိနေ သကဲ့သို့ မက်မောဖွယ်ကောင်းသော စီးပွားရေးအကျိုးအမြတ်များကိုလည်း တဖက်တွင် နည်းမျိုးစုံဖြင့် ပိုင်ဆိုင် ထား ရှိသည်။ ထိုကဲ့သို့ တဦးချင်း ချမ်းသာ၍ ဓနကြွယ်ဝလာမှုများသည် လာမည့်နှစ်အတော်များများအထိ ဆက် လက် အကျိုးခံစား နေရဦးမည်ဖြစ်သည်။
သို့သော်လည်း ဤနေရာတွင် မေးရမည့်မေးခွန်းကတော့ ဗိုလ်ချုပ်မှူးကြီးသည် မည်သည့်နည်းနာကို သုံးစွဲ၍ သမ္မတကြီးအဖြစ် အာဏာကို ဆက်လက်ဆုပ်ကိုင်မည်နည်း ဆိုသည်ပင်ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ စစ်တပ်သည် ဖြစ်တည်လာမည့် အစိုးရသစ် အုပ်ချုပ်ရေးထဲတွင် ကျေးရွာ၊ မြို့နယ်၊ တိုင်းနှင့်ပြည်နယ်၊ ခရိုင် ဒေသကြီးများ စသဖြင့် အဆင့်တိုင်းတွင် ၂၅ ရာခိုင်နှုန်း နေရာကို အလိုအလျောက် ရရှိမည်ဖြစ်သည်၊ ထို့အပြင် အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ် တဦး၊ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်တဦးနှင့် လွှတ်တော်နှစ်ရပ်ပေါင်းအတွက် စစ်တပ် ကိုယ်စား လှယ် တဦး စုစုပေါင်း ကိုယ်စားလှယ်သုံးဦးကို သမ္မတရာထူးအတွက် လျာထားသည်။
လာမည့် အနာဂတ်၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ထိုကိုယ်စားလှယ်များထဲမှတဦးဦးအဖြစ် တပ်မတော်မှ ကိုယ် စားလှယ်များက ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အမည်စာရင်းတင်သွင်းမည် ဆိုပါက တင်သွင်းနိုင်ခွင့်ရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသစ်ဖြစ်လာမည့် သမ္မတသည် အမျိုးသားကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင် ဥက္ကဌ အဖြစ်တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ထိုကောင်စီသည် နိုင်ငံတော်အရေးပေါ်အခြေအနေကို ကြေညာ နိုင်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖျက်သိမ်းနိုင်သည့် အခွင့်အာဏာရှိသည်။
လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးသည် လက်နက်ကိုင် စစ်တပ်၏ အကြီးအကဲဖြစ်ပြီး မြန်မာနိုင်ငံ၏ အမြင့်ဆုံး အာဏာ ရှိသူဖြစ်သည်။ ထိုရာထူးကို သူ စိတ်ချယုံကြည်ရဆုံး သူကိုသာ လွှဲပြောင်းပေး လိမ့်မည်ဟု လေ့လာသုံးသပ်သူ များက ဆိုထားသည်။ အသက် ၅၀ ကျော်ခန့်ရှိသော ဒု ဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ထိုရာထူးအတွက် အသင့်လျော်ဆုံးသူ ဖြစ်လိမ့်မည်ဟု ထင်ကြေးပေးနေကြသည်။
ဗိုလ်ချုပ်မှူးကြီးသည် ညွှန်ကြားချက်များ အမိန့်များ ဆက်လက်ပေးနေဆဲ ဖြစ်သော်လည်း ရန်ကုန် မန္တလေး တို့တွင် ထိပ်တန်းစစ်အရာရှိများနှင့် နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာကိစ္စများအတွက် ကျင်းပသော ပုံမှန်အစည်း အဝေးများကို ကိုယ်တိုင်တက်ရောက်၍ ညွှန်ကြားနေရသူကတော့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသာဖြစ်သည်။
မည်သူသည် ကာကွယ်ရေးဦးစီးချုပ်ဖြစ်မည်နည်းဆိုသည့် မေးခွန်းက ယခုအချိန်တွင် အရေးကြီးနေသည်။ ဗိုလ်ချုပ်မှူးကြီး ယုံကြည်စိတ်အချရဆုံးဖြစ်၍ ဗိုလ်ချုပ်မှူးကြီး၏ ဇနီးနှင့်နီးစပ်သော ဗိုလ်ချုပ်မြင့်ဆွေကတော့ အဆိုပါရာထူးအတွက် ယနေ့ အချိန်တွင် တစ်ပြေးနေတဦးဖြစ်သည်။
စိတ်ဝင်စားဖွယ်ကောင်းသည့် နောက်တချက်ရှိသေးသည်။ ခေတ်မီ၍ အားကောင်းသည်ဟု ယူဆထားသည့် တပ်မတော်ကို ဗိုလ်ချုပ်မှူးကြီးအနေဖြင့် အခြားသူ တဦးဦးလက်ထဲသို့ ထိုးအပ်ရန်အတွက် ဆုံးဖြတ်ချက်ချရန် ခက်ခဲပါလိမ့်မည်။ သူ၏ တပ်မတော်အတွင်းမှ ထိပ်တန်းအရာရှိများအကြားတွင် ရှိနေသည့် အာဏာပြိုင်ဆိုင်မှုများ အကြောင်းကို သူ ကိုယ်တိုင်လည်း ကောင်းကောင်းသိသူ တဦးဖြစ်သည်။ အကယ်၍ စစ်တပ်ကို ထိန်းချုပ်ထားသည့် ရာထူးကို စွန့်ခွာလိုက်ပါက နောင်တွင် စစ်တပ်ကိုပြန်လည် ထိန်းချုပ်ရန် ဗိုလ်ချုပ်မှူးကြီးအတွက် ခက်ခဲကောင်း ခက်ခဲနိုင်ပါမည်။ ထိုအချက်သည် ဗိုလ်ချုပ်မှူးကြီးအတွက် စိုးရိမ်သောက အရောက်ရဆုံး ကိစ္စဖြစ်နိုင်သည်။
ယခုအချိန်တွင် တွေ့မြင်နေရသည့် အပြောင်းလဲများကို မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းမှုဟု ဆိုပါစို့။ ဗိုလ်ချုပ်မှူးကြီးအတွက် စိုးရိမ်သောကဖြစ်စေရသည့်အချက်မှာ သူ့ထက် အသက်ငယ်ရွယ်သော စစ်တပ်နှင့် ၀န်ကြီး အဖွဲ့များထဲမှ လူလတ်ပိုင်း ထိပ်တန်းစစ်ခေါင်းဆောင်များသာ ဖြစ်သည်ဟု ဆိုနိုင်သည်။ ထိုလူလတ်ပိုင်း စစ်ခေါင်းဆောင်များသည် ပြီးခဲ့သည့် ဆယ်စုနှစ်တခုအတွင်း တရိပ်ရိပ်ဖြင့် ပိုမိုချမ်းသာ ကြွယ်ဝလာကြသကဲ့သို့ ပို၍လည်း အာဏာလက်စောင်း ထက်လာကြသည်ကို တွေ့ရှိရသောကြောင့် ပင်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးအား ညသန်းခေါင်ယံအချိန်တွင် အိပ်မက်ဆိုးဖြင့် လန့်နိုးစေသူ မဟုတ်ပါ။ သို့သော် ဗိုလ်ချုပ်မှူးကြီး ယုံကြည်စိတ်ချရသည်ဆိုသော စစ်အရာရှိများသည် သူကိုယ်တိုင်နှင့် သူ၏ မိသားစုလုံခြုံရေးကို လာမည့်အနာဂတ်ကာလတွင် အာမခံနိုင် မခံနိုင် ဆိုသည်ကသာ အမှန်တကယ် မေးရမည့် မေးခွန်း ဖြစ်သည်။
ရှေ့အနာဂတ်တွင်လည်း သူ၏ လုံခြုံရေးအတွက် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် များစွာသော ထိပ်တန်း စစ်ခေါင်း ဆောင် များကို ထောင်သွင်းအကျဉ်းချခြင်း အကျယ်ချုပ် ချထားခြင်းများ ပြုလုပ်၍ ကာကွယ်ရင်း နေထိုင် သွားရ ပေလိမ့်မည်။ ထိုအထဲတွင် သူနှင့်သူ့မိသားစုနှင့် အစေးမကပ်သည့် ဗိုလ်ချုပ်ကြီး ခင်ညွန့် သည်လည်း တဦး အပါ အ၀င်ဖြစ်သည်။
ထိုသို့သော အချက်များကြောင့် ဗိုလ်ချုပ်မှူးကြီးအတွက် ထွက်တော်မူနန်းကခွာခြင်းသည် သူနှင့်သူ့မိသားစု အတွက် အန္တရာယ်များ လှသောကြောင့် တနည်းနည်းဖြင့် အာဏာကိုဆက်လက်ကိုင်စွဲခြင်းကသာ အကောင်းဆုံး ဗျူဟာဖြစ်တော့သည်။
အကယ်၍ ဤသို့မဟုတ်ဘဲ ဗိုလ်ချုပ်မှူးကြီး စိတ်ပြောင်းလာသည် ဆိုပါစို့။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ဗိုလ်ချုပ် ဌေးဦး တို့အတွက် ထိပ်တန်းရာထူးများက အဆင်သင့် ဖြစ်နေပေလိမ့်မည်။
အလားတူပင် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ဗိုလ်ချုပ်မြင့်ဆွေအား ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ရန် စိတ်လေး နေသည်ဆိုပါက သူ့အနေဖြင့် ရွေးချယ်ရန် လူလတ်ပိုင်း ထိပ်တန်းအရာရှိများ ဖြစ်သော ဗိုလ်ချုပ် လှဌေးဝင်း၊ ဗိုလ်ချုပ် ကိုကို၊ ဗိုလ်ချုပ်တင်ငွေနှင့် ဗိုလ်ချုပ်ကျော်ဆွေတို့ ကျန်ရှိနေပါသေးသည်။
လောလောဆယ် အနေဖြင့် သမ္မတကြီးဖြစ်ရန် ရည်စူးနေပုံရသော ဗိုလ်ချုပ်မှူးကြီးကို လာမည့် ရွေးကောက်ပွဲတွင် ကံကောင်းပါစေကြောင်း စကားပါးလိုက်ရပါသည်။
Than Shwe Mulls his Future Role By Aung Zaw ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။
Comments (8)

written by richard htun, March 31, 2010
သူ့ အတွက် စိတ်အချရဆုံးဖြစ် အောင် ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပပြီး အနား ယူတော့မှာပါ.. .နောက်တက်လာမဲ့ အစိုးရ တိုင်းက. .သူ့ကို ကျေးဇူးရှင် အနေနဲ့ အပြည့် အ၀ ကာကွယ်ပါလိမ့်မယ်....သူ ပေးခဲ့တဲ့ အာဏာ, စီးပွားရေး အကျိုး အမြတ်..နဲ့.. မီးပွားတွေ ကို တော့ ဆက်ခံ ပြီး ကိုယ့် ဖာသာ ကိုယ် ရင်ဆိုင် ဖြေ ရှ င်း ရ ပါလိမ့်မယ်...
written by yohanna, March 30, 2010
ငါပြောသလို လုပ် ငါလုပ်သလို မလုပ်နဲ့ ..... ငါစကား နားမထောင်တဲသူ .... ထောင်ထဲဝင် ဆိုတာ ဒါမျိုး နေမှာပေါ့နော်
written by ရန်ကင်း, March 27, 2010
စိတ်ထား ကောက်ကျစ် ညံ့ဖျင်း သူ လို လူ တယောက် အတွက် ကံကောင်းလာ ဘို့ အကြောင်း မရှိနိုင်ပါ။
written by သန်းအေး, March 27, 2010
အာဏာကို ရေရှည် ချုပ်ကိုင်ပြီး သမ္မတကြီး လုပ်ခြင်းထက် သူ့မိသားစု နဲ့ မိသားစု စီးပွားရေးကို အာမခံနိုင်မဲ့ အရပ်သား အစိုးရ ရှိနေတာကို ပို လိုလားမှာပါ။ အသက် ၇၇နှစ် ရှိနေပြီမို့ သူက တော်တော်လေး အသက် ကြီးနေပါပြီ။ ဆက် ထိန်းနိုင်ရင် ၂နှစ် ပေါ့ဗျာ။ အရပ်သား အုပ်ချုပ်မှု ပွင့်လင်း လာခြင်းကြောင့် စီးပွားရေး လုပ်နေတဲ့ စစ်တပ် အကြီးတန်း အရာရှိများ အနေနှင့် အချင်းချင်း အပြန်အလှန် တိုက်ခိုက်မဲ့ အစား အရပ်သား အစိုးရအနေနဲ့ ၎င်းတို့ရဲ့ လုပ်ငန်းတွေကို မနှောင့် ယှက်နိုင်အောင် လက်ဝါးချင်း ရိုက်ကြရတော့မှာ မဟုတ်လား။ စစ်တပ် တစ်အုပ်စု နိုင်ငံရေး ပါတီတွေက တစ်အုပ်စု .. အနေနဲ့ တိုင်းပြည်မှာ အဓိက အင်အားစု ၂ စု ဖြစ်လာမှာပါ။ ဗိုလ်ချုပ် မှူးကြီး ဘာလုပ်မလဲ ဆိုတာကို စဉ်းစားတဲ့ အချိန် အခါတွေမှာ အခြား တိုင်းပြည်က ကတိစကား တစ်ခွန်း တည်ကြည်တဲ့ ခေါင်းဆောင်တွေလို မစဉ်းစားပဲ အတ္တဦးစားပေးတဲ့ အတွေး အခေါ်နဲ့ အမြဲ စဉ်းစားနေရင် သူ ဘာလုပ်မလဲ ဘာတွေ ရည်ရွယ်နေလဲ ဆိုတာ အလွယ်တကူ တွေးမိနိုင်ြ ကပါမှာ ဗျာ။ ဒီအချက်တွေကြောင့် ဘယ်သူ ဘာဖြစ်ဖြစ် ဘာတွေ အော်အော် သူကတော့ ၂၀၁၀ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပြီး အရပ်သား အစိုးရ လက်ထဲကို အာဏာ အမြန်ဆုံး လွှဲပါလိမ့်မယ်ဗျာ။ ညီလာခံ၁၀နှစ် ရွေးကောက်ပွဲ ၆လ အချိန် ယူမှုကို တွေးဆ ကြည့်ကြပါ။ ဒေါ်စုကို နိုင်ငံရေး အင်အားစုဖက်မှာ မရှိေ စချင်တာကလည်း ရှင်းမယ် ထင်ပါတယ်။ ဒေါ်စုသာ နိုင်ငံရေး အုပ်စုမှာ ခေါင်းဆောင်နေရင် စစ်တပ် ထောက်ခံမှုက အနှေးနဲ့ အမြန်ရသွားပြီး သူတို့ စီးပွားရေးတွေ မိသားစုတွေကို ဘယ်သူေ တွက အာမ ခံနိုင်ပါဦး တော့မလဲ။ ဆက်စဉ်းစားကြ ပါဦးလားဗျာ။
written by lin, March 27, 2010
ကျွန်တော့ အထင် ပြော၇၇င်တော့...သူဟာ လက်၇ှိ နေ၇ာမှာပဲ နေလိမ့်မယ် ထင်တယ်..
စစ်တပ်ကို ကိုင်ထားနိုင်မှ သူ့နောင်ရေး လုံခြုံစိတ်ချ၇မှာကိုး...
နိုင်ငံတော် သမ္မတ ဆိုတာက အချိန် မေ၇ွး သူက ပြန်ဖြုတ်ချလို့ ၇နေတာပဲ...
နောက်တခုက လွှတ်တော်ထဲက တမတ်သား အုပ်စုကိုလည်း ထိန်း၇ ဦးမယ်လေ...
ကျိန်းသေ တာကတော့ လုပ်ပိုင်ခွင့် အာဏာ အ၇ှိဆုံး နေ၇ာမှာ သူ သေသည် အထိ နေသွားမယ် ဆိုတာပဲ..
စစ်တပ်ကို ကိုင်ထားနိုင်မှ သူ့နောင်ရေး လုံခြုံစိတ်ချ၇မှာကိုး...
နိုင်ငံတော် သမ္မတ ဆိုတာက အချိန် မေ၇ွး သူက ပြန်ဖြုတ်ချလို့ ၇နေတာပဲ...
နောက်တခုက လွှတ်တော်ထဲက တမတ်သား အုပ်စုကိုလည်း ထိန်း၇ ဦးမယ်လေ...
ကျိန်းသေ တာကတော့ လုပ်ပိုင်ခွင့် အာဏာ အ၇ှိဆုံး နေ၇ာမှာ သူ သေသည် အထိ နေသွားမယ် ဆိုတာပဲ..
written by မန်းကိုကို, March 27, 2010
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘဘဦးသန်းရွှေ အပါအဝင် အားလုံးသော သူ
တွေ အတွက် အနာဂါတ် အာမခံဖြ စ်တယ် ဆိုတာပါပဲ။ ဥုံဖွလုပ်စရာ မလိုပါ၊ တစ်နှစ်တန်သည်၊ နှစ်နှစ်
တန်သည် အချိန်ယူပြီး တိုင်းပြည်ကို စစ်မှန်တဲ့၊ ပြည်သူ့ ဆန္ဒနဲ့ ညီတဲ့ ခေါင်းဆောင် လက်ထဲ အပ်နှံနိုင်ရင် အားလုံးအတွက် အနိုင် ရသူတွေချည်း ဖြစ်စေမယ့် အခြေနေကို အကောင်ထည် ဖေါ်ပြီးသား ဖြစ်စေပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် သဘောထားကြီးတာ၊ ညှိနှိုင်း ဆောင်ရွက်ချင်တာ လူတိုင်း သိထားပြီးသားပါ။ ဒီတော့ လိုလို လားလား ညှိနှိုင်းလာသူကို ပစ်ပစ်ခါခါ လုပ်စရာလည်း မရှိတာ သေချာပါတယ်။
နောက်ထပ် သေချာတာ တစ်ခုကလည်း ဘဘဦးသန်းရွှေတို့ ဒီလမ်းကို မရွေးဘူး ဆိုတာပါပဲ။
ကျောက်ဆည်မှာ နှင်းဖြုဖြုတွေ ကျတဲ့ တစ်နေ့ စိတ်ပြောင်း လာကောင်းပါရဲ့။
တွေ အတွက် အနာဂါတ် အာမခံဖြ စ်တယ် ဆိုတာပါပဲ။ ဥုံဖွလုပ်စရာ မလိုပါ၊ တစ်နှစ်တန်သည်၊ နှစ်နှစ်
တန်သည် အချိန်ယူပြီး တိုင်းပြည်ကို စစ်မှန်တဲ့၊ ပြည်သူ့ ဆန္ဒနဲ့ ညီတဲ့ ခေါင်းဆောင် လက်ထဲ အပ်နှံနိုင်ရင် အားလုံးအတွက် အနိုင် ရသူတွေချည်း ဖြစ်စေမယ့် အခြေနေကို အကောင်ထည် ဖေါ်ပြီးသား ဖြစ်စေပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် သဘောထားကြီးတာ၊ ညှိနှိုင်း ဆောင်ရွက်ချင်တာ လူတိုင်း သိထားပြီးသားပါ။ ဒီတော့ လိုလို လားလား ညှိနှိုင်းလာသူကို ပစ်ပစ်ခါခါ လုပ်စရာလည်း မရှိတာ သေချာပါတယ်။
နောက်ထပ် သေချာတာ တစ်ခုကလည်း ဘဘဦးသန်းရွှေတို့ ဒီလမ်းကို မရွေးဘူး ဆိုတာပါပဲ။
ကျောက်ဆည်မှာ နှင်းဖြုဖြုတွေ ကျတဲ့ တစ်နေ့ စိတ်ပြောင်း လာကောင်းပါရဲ့။
written by Blue Flower, March 27, 2010
Every body have a chance to dream their future.
Our Myanmar people has their dreams.
But Military junta destroyed all of the dreams and hopes of people.
Now, The time is reach.
Our Myanmar people has to destroy his dreams.
Not only his dreams but also his family's dreams will be demolished by the people.
Our People are ready to do it.
So....... not so longer time for him.
Our Myanmar people has their dreams.
But Military junta destroyed all of the dreams and hopes of people.
Now, The time is reach.
Our Myanmar people has to destroy his dreams.
Not only his dreams but also his family's dreams will be demolished by the people.
Our People are ready to do it.
So....... not so longer time for him.
Write comment
| < Prev | Next > |
|---|








သူ့ရဲ့ အနာဂတ်ကို ပြည်သူတွေကသာ အဆုံးအဖြတ် ပေးရမှာပါ။
ကြိုးကွင်းက စောင့်မျော်နေတာ သေချာပါသည်။
ကျေးဇူး တင်ပါသည်။