NLD နောက်ဆုံးမြင်ကွင်း (သို့မဟုတ်) နိုင်ငံရေး ကံကြမ္မာရဲ့ လှောင်ပြောင်ခြင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုဦးစီး အဖွဲ့ဝင်တွေရဲ့ တက်ကြွစွာ စုဝေးရောက်ရှိ လာကြတဲ့ မြင်ကွင်းက အားရစရာကြီးပါ။ ဒါပေမယ့် ခုလို ရောက်ရှိလာ ကြတာက အဖွဲ့ချုပ် တရားဝင် ရပ်တည်မှုက ဖျက်ရေး၊ မှတ်ပုံတင် အသစ်ပြန်မတင်ရေး ဖြစ်နေပါတယ်။ ထူးခြား ဆန်းကြယ်တဲ့ နိုင်ငံရေး အနေအထား တရပ်က အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို စိန်ခေါ်နေတာပေါ့။ အာဏာပိုင်တွေက အဖွဲ့ချုပ် ပျက်သုန်း သွားစေချင်ပေမယ့် တရားဝင် ဖျက်သိမ်းဖို့ ကျတော့ NLD ကိုပဲ တာဝန် ယူခိုင်းနေတယ်။

နိုင်ငံရေး ထောင်ချောက်လို့ ဆိုလို့ ရမလား။ မတ် ၂၉ ရက်နေ့မှာ ကျင်ပတဲ့ ဗဟို အဖွဲ့ဝင် ၁၀၀ ကျော် တက်ရောက်တဲ့ ပွဲက နောက်ဆုံးမှာ မှတ်ပုံ မတင်ရေး၊ ရွေးကောက်ပွဲ မ၀င်ရေးကို အများ ဆန္ဒနဲ့ ဆုံးဖြတ်ပေး လိုက်ပါပြီ။ ဒါကြောင့် ၂၂ နှစ်ကြာ ရပ်တည်ခဲ့ပြီး ၈၈ လူထု အရေးတော်ပုံက ပေါက်ဖွား ခဲ့တဲ့ လူထု အခြေပြု ပါတီကြီးဟာ အဖွဲ့ဝင်တွေရဲ့ ဆန္ဒအရ ဥပဒေတွင်း တိုက်ပွဲ လမ်းပေါ်မှာ  ပြိုလဲသွားပြီ ဖြစ်ပါတယ်။

ဒါဟာ ဘာ့ကြောင့်လဲ။ တရားမမျှတ၊ ဒီမိုကရေစီ မကျနတဲ့ ၂၀၀၈ အခြေခံ ဥပဒေနဲ့ လောလောဆယ် ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ / ပါတီမှတ်ပုံတင် ဥပဒေတွေကို ဆန့်ကျင်ရမယ်ဆိုတဲ့ နိုင်ငံရေး ခံယူချက် အပေါ် ပထမ အခြေတည်ပါတယ်။ ဒီဥပဒေဟာ နိုင်ငံရေး အနိုင်ကျင့်မှု၊ နိုင်ငံရေး ငါတကောကောမှု ဆိုတာ ဘယ်သူ ငြင်းနိုင်မလဲ။ မငြင်းပါနဲ့၊ မငြင်းနိုင်ဘူး။ ဒါပေမယ့်  စဉ်းစားသင့်တာက ဒီလိုမတရားတဲ့ ဥပဒေတွေကို ဒီလို ပါတီဖျက် ဆန့်ကျင်ရုံနဲ့ ပြင်လို့ ရနိုင်မလား။ ရှေ့နိုင်ငံရေး အရ တိုက်မယ့် အစီအစဉ် မရှိဘဲ တရားဝင်မှုက ဇွတ်ထွက်တာလား။ ဒါမှမဟုတ် နအဖ ဆင်ထားတဲ့ ထောင်ချောက်ထဲ ၀င်သွားမိပြီလား ဆိုတာ ခေါင်းအေးအေးထား စဉ်းစားနိုင်တဲ့ အခါ အဖြေ ပေါ်လာပါလိမ့်မယ်။

သွေးပူ သွေးဆူနေတဲ့ အချိန်မှာ ခေါင်းအေးအေးနဲ့ စဉ်းစားတဲ့ ဗဟိုဦးစီး အဖွဲ့ဝင် ၃ ယောက်၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ရန်ကုန်တိုင်း ကိုယ်စားလှယ်တွေကတော့ ဒီမိုကရေစီ နိုင်ငံရေး ခရီးမှာ လူထု အုပ်ချုပ်တဲ့ အစိုးရ တရပ်ဆီကို သွားမယ် ဆိုရင် NLD မဟုတ်တောင် ပါတီ တရပ်က ဥပဒေတွင်း တိုက်ပွဲနဲ့ သွားဖို့ မလွဲမသွေ လိုအပ်တယ်လို့ တင်ပြကြတယ်။ ဘာကြောင့်လဲ။ ၂၀၁၀ ရွေးကောက်ပွဲက ပေါ်လာမယ့် လွှတ်တော်ထဲမှာ အတိုက်အခံမဲ့ ဒီမိုကရေစီ ဘက်တော်သား မပါတဲ့ နဖားကြိုးထိုးပြီးသား မဆလ လွှတ်တော်တွေလို လက်ညှိုးထောင်၊ ခေါင်းညိတ် ဥပဒေပြုရေးတွေကို ကြောက်ကြမဲ့ လွှတ်ထားရတော့မယ်။ အဲဒီတော့ ပြည်သူအတွက် နိုင်ငံရေး လုပ်ကြတယ် ဆိုရင် ပြည်သူတွေ အားကိုးရာမဲ့အောင် တရားဝင် ရှိပြီးသား နိုင်ငံရေးက ထွက်ပြေးမှုကို လုပ်သင့်ကြပါသလား။ ကျနော်တို့ ဖြေကြည့်ကြဖို့ လိုပါတယ်။

တချို့ကလည်း နိုင်ငံရေး ခြေကုန် လက်ပန်း ကျနေကြပြီ။ လူမှုရေး၊ စီးပွားရေး ဒုက္ခတွေကို ခါးစည်းခံခဲ့ကြရပေမယ့် အပြောင်း အလဲဟာ သူတို့ လိုချင်သလို ဖြစ်မလာခဲ့ဘူး။ နောက်ပြီး တိုက်ပွဲဟာ ရှည်ကြာမယ် ဆိုတာကို ဆင်ခြင်သိနဲ့ သိပေမယ့် လက်တွေ့မှာ လက်မခံနိုင်ကြဘူး ဖြစ်နေတယ်။ စားဝတ်နေရေး အလွန် ကျပ်တည်း နေတဲ့ ပြည်သူတွေဟာ လမ်းမပေါ် ရောက်မလာသေးဘဲ ဒီဥပဒေ မတရားမှုကြောင့် ရောက်လာမလားဆိုပြီး မျှော်လင့်နေကြဟန် တူပါတယ်။ ဒါနဲ့ပဲ ပေါက်ကွဲ ထွက်ကုန်တဲ့ နိုင်ငံရေး ဒေါသတွေက NLD တရားဝင်မှုမှ ဖျက်သိမ်းရေးဆီ နအဖ အလိုကျ တွန်းပို့လိုက်တာကို ကာယကံရှင်တွေ သိဟန် မတူဘူးလို့ပဲ ဆိုရပါမယ်။

ကျနော်တို့ဟာ ပါတီနိုင်ငံရေး လမ်းကြောင်းက မဟုတ်ဘဲ ဥပဒေ ပြင်ပတိုက်ပွဲကို ရွေးချယ်ရင် ဒီမိုကရေစီ တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စတာတွေကို လွှတ်တော် ပြင်ပကနေ ရအောင် လုပ်နိုင်တဲ့ အာမခံချက်တွေ ရှိနေပြီလား။ မတရားတဲ့ ဥပဒေတွေကပဲ ပေါက်ဖွားလာတဲ့ လွှတ်တော်ထဲမှာကော အခွင့်အလမ်း မရှိတော့ဘူးလား။ အတွင်းက ၀င်တိုက်ဖို့ အခွင့်အရေး ရနေတာကို လက်လွှတ်မလား။ နောက်ပြီး လမ်းပေါ်တိုက်ပွဲဟာ ပါတီလမ်းကြောင်းက တိုက်ပွဲထက် တဆင့်နိမ့်နိုင်ငံရေး အနေအထား ဆိုတာကိုလည်း သတိထားမိကြဖို့ လိုပါတယ်။

ခုတော့ အချိန်က နှောင်းသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်က ၂၉ ရက်နေ့ ဗဟိုအစည်းအဝေးကို ပေးပို့တဲ့ သူရဲ့ အမှာစာမှာ
- ရွှေဂုံတိုင်ကြေညာချက်အတိုင်း ဆက်လက် ရပ်တည်သွားမယ်။
- NLD ဟာ သူတဦးတည်းပိုင် မဟုတ်သလို မည်သူ တဦးတယောက်မှလည်း မပိုင်ပါ။
- ၂၀၀၈ အခြေခံဥပဒေကို လက်မခံဘူး။
တရား မမျှတတဲ့ ပါတီ ဥပဒေ/ရွေးကောက်ပွဲဥပဒေတွေကို လက်မခံဘူး။
ဒါကြောင့် မှတ်ပုံမတင်ဖို့ ဆန္ဒ ပေးလိုက်တယ်။
- NLD ဟာ မှတ်ပုံမတင်လည်း လူထုကြားမှာ ရှိနေမှာပဲ။
- ဒါကြောင့် ပြည်သူလူထုအတွက် ဒီမိုကရေစီရေးကို ကြိုးပမ်းသွားဦးမယ်။
- အုပ်စုဖွဲ့ လူမွေးတဲ့ လုပ်ရပ်မျိုးကို လက်မခံဘူး။
ဆိုတဲ့ သဘောထားတွေကို ပေးပို့ခဲ့ပါတယ်။

အဲဒါကြောင့် ပါတီဝင်တွေဟာ အဖွဲ့ချုပ် ဖျက်သိမ်းဖို့ အများဆန္ဒအရ ဆုံးဖြတ်လိုက်ကြတယ်။ အဲဒီလို ဆုံးဖြတ်လိုက်ကြတဲ့အခါ ပျော်သူတွေက ပျော်နေကြတယ်။ သေသူသေ ကြေသူကြေ၊ မိသားစုသောကတွေ၊ မျက်ရည်တွေနဲ့  ပံ့ပိုးပေးခဲ့တဲ့ NLD အတွက် ၀မ်းနည်းသူ အနည်းစုကတော့ မျက်ရည် ၀ဲနေကြလေရဲ့။ ဒါပေမယ့် အများဟာ ကန့်ကွက်မှု မရှိဘဲ ပြီးဆုံးသွားတာကိုတော့ လက်ခံကြပါတယ်။ အဲဒါကလည်း
(၁) ဒေါ်အောင်ဆန်းစုကြည်ကို မြတ်နိုးလေးစားမှု
(၂) အများဆန္ဒကို တန်ဖိုးထားမှု နဲ့
(၃) ဒီမိုကရေစီကျင့်စဉ်အတိုင်း ဆောင်ရွက်မှုကို နောက်ဆုံး ပြသလိုက်ပုံ ရပါတယ်။

ဒါပေမယ့် ဖြေရမယ့် မေးခွန်း တခုကတော့ ကျန်ရစ်ခဲ့တယ်။ အဲဒါက ပြည်သူတွေဟာ ဒီမိုကရေစီ ရရှိရေးအတွက် အမှန်အကန် လုပ်ပေးနိုင်မယ့် ဘယ်သူတွေကို အားကိုးမလဲ၊ ၂၀၁၀ ကို ဘယ်လို ဖြတ်သန်းရမလဲ ဆိုတာပါပဲ။

ဦးခင်မောင်ဆွေသည်  NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တဦး ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးအဖြစ် ရွေးချယ်ခံရပြီးနောက်တွင် စစ်အစိုးရက သူ့ကို ၂ ကြိမ် ဖမ်းဆီး အကျဉ်းချခဲ့သည်။ ဒုတိယအကြိမ်တွင် ထောင်တွင်း၌ ၁၅ နှစ်ခန့် နေခဲ့ရပြီး ၂၀၀၈ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်သည်။
Comments (86)Add Comment
0
ဒီမိုကရေစီ
written by Aye Nyein Thu, April 09, 2010
Comment 2
တိကျစွာ ပြောရဲတာကတော့ သူတို့ရဲ့ယုံကြည်ချက်တွေဟာ NLD ရုံးခန်းထဲမှာ ထိုင်ပြီး စိတ်ကူးယဉ်ပြီး ရခဲ့တာ မဟုတ်သလို ဆုံးဖြတ်ချက်ေ တွဟာလဲ လွယ်လွယ် ကူကူ ချခဲ့တာမဟုတ်ပါဘူး။ ပြည်သူက ပေးအပ်ထားတဲ့ တာဝန်တွေကြောင့် တနင်္လာ ကနေ သောင်္ကြာနေ့ အထိ NLD ရုံးမှာ တာဝန်တွေ ထမ်းဆောင်ရပါတယ်။ စနေနေ့ ရောက်တိုင်း ရန်ကုန်ဝန်းကျင် မြို့နယ်တွေကို စည်းရုံးရေး ဆင်းပြီး ပြည်သူတွေနဲ့ထိတွေ့ရပါတယ်။ အဲဒြီ ပည်သူတွေရဲ့ရင်ထဲက အသံတွေကို နားထောင်ပြီး ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေပါ။
0
ဒီမိုကရေစီ
written by Aye Nyein Thu, April 09, 2010
Comment 1
ဒီမိုကရေစီ စနစ်ကို ယုံကြည်မြတ်နိုးသူ တယောက် အနေနဲ့ မိမိရဲ့ ယုံကြည်မှုတွေကို လွတ်လပ်ပွင့်လင်းစွာ comment ရေးခဲ့ကြသူတွေကို လေးစားပါတယ်။ ထို့အတူပဲ သမိုင်းပေး တာဝန် အရ ပြည်သူတွေ ဒီမိုကရေစီ ရရှိဖို့အတွက် NLD စတင် တည်ထောင် ကတည်းက မိမိအကျိုး မိသားစု အကျိုး တွေကိုလုံးဝ လျှစ်လျှုရှုပြီး တစိုက်မတ်မတ် ကြိုးစားခဲ့ကြတဲ့ ဦးဆွေတို့ကို သူတို့ ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်မပေးပဲ ရင့်သီးစွာ စွတ်စွဲပြောဆိုမှု တွေကတော့ ဒီမိုကရေစီ နည်းလမ်း မကျဘူး လို့ ပြောပါရစေ။
0
ဘာပဲ ပြောနေ ပြောနေ
written by ???????, April 09, 2010
ဒီ ဆောင်းပါး က ကော့မင့် အများ ဆုံး ရတာမို့ ဆောင်းပါးရှင် ဝမ်းသာမယ် ဆို ဝမ်းသာ စရာပါ။
ဆောင်းပါးရှင် အနေနဲ့ တသီး ပုဂ္ဂလ အဖြစ် ရွေးကောက်ပွဲ ဝင်ဘို့ အကြံပေး ချင်ပါတယ်။
0
်သူရဲကောင်း အလိုရှိသည်။
written by စဉ်းစားသူ, April 09, 2010
အန်ကယ် ဒီဆောင်းပါးကို မတ်၂၉ မတိုင်ခင် ရေးရမှာပါ။ မိမိရဲ. အယူအဆကို ရဲရင့်စွာ တင်ပြတာကို Democracy Principle အရ လက်ခံပါတယ်။ သို.သော် NLD CEC တစ်ယောက် အနေနဲ. ကိုယ့် အယူအဆကို အထိရောက်ဆုံး ဘယ်အချိန်မှာ တင်ပြမလဲ ဆိုတာတော့ အလေး အနက် စဉ်းစားသင့်ပါတယ်။

NLD ကို ပြည်သူ လူထု အားကိုးခြင်းဟာ မိမိတို.မျှော်လင့်သော Democracy ပန်းတိုင်ကို အရောက်ေ ခ်ါသွားနိုင်မည်ဟု ယူဆသေြာေ ကာင့်ဖြစ်ပါတယ်။

နအဖက ကြိုက်သလို ထုတ်ပြန်အေ ရးယူနေသော ဥပဒေတွေကို လိုက်နာခြင်းက အဖြေမဟုတ်သလို မတရားဘူးလို. "ဘူး" ထိုင်အော်နေခြင်းဟာလည်း လှေကို မျက်နှာချင်းဆိုင် လှော်နေခြင်းသာဖြစ်ပါတယ်။ မရမှန်းမဖြ စ်နိုင်မှန်း သိရက်နဲ. ဟန်ပြ Symbolic လုပ်ခြင်းဟာ ပြည်သူတွေရဲ.မျှော်လင့်ချက်ကို ဖျက်ဆီးရာကျပါတယ်။
NLD ဟာ ယခုအချိန်အထိ ပြည်သူလူ ထုရဲ. Mandate ရပါတီပါ။ ဒီလို အချိန်မှာ ဦးတ ည်ချက်ခိုင် ခိုင်မာမာနဲ. သေချာတဲ. လမ်းစဉ်တ စ်ခုကိုချမှတ်ပြီး ပြည်သူတွေနဲ.အတူ တက်ညီ လက်ညီလှော်ခ တ်သွားရမှာပါ။ Non-Violent policy ဆိုပြီး ခယလ က်ဖြန်. နေစရာမလိုသလို လက်သီး Bomb လည်းမလုပ်သင့်ပါ။
သေချာတဲ. လမ်းစဥ်ချပြီးရင် တစ်ဗိုလ်ကျတစ်ဗိုလ်တက် ဆက်လုပ်သွားရပါမယ်။ အန်တီစု အကျယ်ချုပ်ကျနေလို. ထိုင်နေရ ပါတယ်လို. ပြောစရာ မလိုသလို နောက်ဆုံး NLD တစ်ယောက်မှ မကျန်တောင် လူထုအ နေနဲ. ဆက်လက်ချီ တက်နိုင်ပြီရင် Democracy ပန်းတိုင်ဟာ မဝေးေ တာ့သလို NLD ဟာလည်း ကမ္ဘာ တည်သရွေ.ရှိနေမှာပါ။


0
Does any of you have been in Burma in last 2 years?
written by Thet Naing, April 08, 2010
I think most of you who posted comments here have never been to Burma for a long long time. I was in Burma and was out of the country just last year. I have lived outside Rangoon for many years and I know how people are feeling.
1. People hate (Really HATE) military government.
2. People really love Daw Aung San Su Kyi
3. People are not interested to involve in politics.
4. People are TOO SCARE to go out and fight for their freedom (including me!)
When NLD decided to fight for democracy by means of people's power, I was very disappointed. NLD simply lose track of the current situation of the People like me, who are too scare to do anything at all. If NLD and those people outside the country are thinking of something like 1988, you will have to wait for another 20 years. NLD will simply disappear. Soon, people will forget NLD. People's memory is very short. I think NLD simply fell into the trap of the military government.
0
အမိန့်ဟူသမျှ ဖီဆန်ကြ ဆိုသော်
written by sithusoe, April 08, 2010
အမိန့်ဟူသမျှ ဖီဆန်ကြ ဆိုတော့ ကျွန်တော်တို့ ကျွန်သက် ရှည်ခဲ့ကြလေပြီ၊
ယခုလည်း အမှန်သမားက အနည်းစု၊ ရေများ ရေနိုင်မီးများ မီးနိုင်ခြဲ့ ကလေပြီ၊
အခု ရန်ကုန်ရုံးချုပ်လည်း ပိတ်ခံရတော့
မယ်၊ ဘယ် ဘုန်ကြီးကျောင်း၊ ဇရပ်မှာ လူစုပါမည်နည်း၊ မတရားအသင်း ကြေငြာခံရမည့် အသင်း အဖွဲ့နှင့် အဘယ်သူ
သည်ဆက်ဆံရဲပ်ါမည်နည်း၊
0
ဆင်သေကို မှီပြီး မျှောလိုက်ကြည့်ချင်သေးသူများ
written by မောင်ကြီး, April 08, 2010
၇နိုး၇နိုး နဲ. မျှောလိုက်ခဲ.တာ နှစ်၂၀ တောင်ကျော်ခဲ.ပြီပဲ။
ဘာဖြစ်လို. တချို.က ဆက်မျှောလို က်ချင်သေး ၇တာလဲ၊ ပြောပါအုးံ။
သာမန်ပြည် သူတယောက်က ဒီလို မျှောလိုက်ချင် တယ်ဆိုတဲ. သဘောထား၇ှိတယ်ဆို၇င် ဘာမှမဖြစ်မိပါဘူး။
ဦးသုဝေ ဒေါ်ချိုချိုကျော်ငြိမ်းေ၇ွးေ ကာက်ပွဲဝင် တာ မ၀င်တာ ဂ၇ုမစိုက်ပါ၊ ဒေါက်တာတူးဂျာေ၇ွးကောက်ပွဲ
ဝင်ချင်တာလဲ အနေသာကြီးပါပဲ၊

ဒါပေမယ့် လူထု တ၇ပ်လုးံ ကို ကိုယ်စားပြု ဦး စီး ဦးဆောင် လုပ်နေတဲ့ ပါတီ၇ဲ. ဥကဋ္ဌ ၇ာထူး နဲ. ဗဟိုကော်မတီဝင်၇ဲ. သဘောထား ဆိုတော. အတော် စိတ်ပျက်မိပါတယ်။
ဦးခင်မောင်ဆွေ ၇ဲ.မတူတဲ. သဘောထား အမြင် ၇ှိတာ ကိုယ့်အမြင်နဲ. မကိုက်လို. မလေးစားတာ မဟုတ်၊ ဒီအမြင်ဟာ လေးစားစ၇ာ ကို မကောင်းလို. မလေးစားတာ။
မဲခွဲတဲ. နေ.ကျတော.မလာတဲ. ဦးအောင်ေ၇ွက မလာ၊ လာတဲ.သူ ကလဲ ကန်.ကွက်မဲ မပေး။ ပြီးတော့ နောက်ဆုးံမြ င်ကွင်း ဘာညာနဲ. ဆောင်းပါးေ၇း တာ ဘာ သဘောလဲ ။

ေ၀၀ါးေ၀၀ါး ဖြစ်နေသေးတဲ့ သူများ အမြန် ဆင်ခြင်ပြီး လုပ်စ၇ာ၇ှိတာ ဆက်လုပ်ကြ၇အောင်။
- စစ်တပ်က ကြောင်းပေးတဲ့ လမ်းကြောင်းအတိုင်း မျှောလိုက်မလား
- ကိုယ့်လမ်းကြောင်း ကိုယ်၇ှာပြီး ဖောက်ထွက်မလား
0
...
written by ကောင်းခန့် , April 08, 2010
ကိုယ့် အမြင်တွေကို ရဲရဲ ဖော်ထုတ်ကြတဲ့ ကွန်မင့်ရေးသူတွေကို အရမ်း လေးစားတယ်ဗျာ၊ အချိန်ပေးပြီး တိုင်းပြည် အကျိုးအတွက် မျော်ကိုးပြီး ရေးနေကြလို့ ပါ၊
0
Right Decision at Right Time
written by Aung Soe Lwin, April 07, 2010
I am always respect the brave decision made by Daw Aung San Suu Kyi and her Party Members. I will do the same thing if i were them since the election law is unjust and unlawful. But one thing i want to point out that our leader Aung San Suu Kyi has been worked hard for our country to gain and fight for freedom, she sacrifice rest of her life for People of Burma but those people are full with fear and rare to come out and support our leader party, since their don't care attitude and they think that struggling for democracy is not their job and put all the responsibility on our leader Aung San Suu Kyi.

Here, what i am trying to say is if you people want to gain the democracy, you guys have to fight together! not just sit aside and wait, Please come out and raise your voice together
0
မပြောသင့်ဘူးပေါ့နေ်
written by dolly, April 07, 2010
အန်ကယ့်လို CEC တယောက်အနေနဲ့ ဒီလိုမျိုးပြောတာမသင့်တော်ပါဘူး။ သေချာပြန် စဥ်းစားပါအုံးလို့ ပြောချင်ပါတယ်။ NLD ပျောက်သွားတာ မြင်ချင်လို့ ဒီလိုမျိုးပြောတာလား အန်ကယ်။ စိတ်မကောင်းဘူးဗျာ။ ပြည်သူအားလုံးက NLD ကိုပဲ အားကိုးမှာပါ။
0
ဆက်လုပ်ပါ....... သိပ်မဝေးတော့ပြီမို .........
written by လေကြောင်, April 07, 2010
လေးစားတယ်ဗျာ.... သွေးရဲတယ်ဆိုတာ... ဒါမျိုးပဲဖြစ်မယ်...... ထောင်သက် ၁၅ နှစ် ဆိုတာနဲ့တင် ဆယ်ခါပြန်အလေးပြုပါတယ် ၊ ဝင်တိုက်မှ ဆိုတဲ့ ရဲရင့်ပြတ်သားတဲ့ အတွေးအခေါ် ရှိတဲ့ ခေါင်းဆောင်လို့ အသိအမှတ်ပြူပါတယ်၊
0
Friendly Advice to Ko Swe
written by REALITY, April 07, 2010
Ko Swe,

My friend, Please help me understand about you by answering the following questions.
1. Why didn't you make any objection at Shwegondine?
2. Why didn't you cast "NO" vote on March 29 to stick to your belief ?
3. Why did you ask whom will the Burmese people rely on, neglecting Burmese people gave mandate to NLD ?

Ko Swe, you are like brother to me. Collect all your energy back and be ready to fight for Democracy in Burma as we fought 22 years ago.
0
အားကိုးရာ
written by the watcher, April 07, 2010
1988 ဟာ တဆင့်နိမ့် နိုင်ငံရေး မဟုတ်ဘူးဗျ တစ်နိုင်ငံလုံးကို ကယ်လိုက်တဲ့ လှုပ်ရှားမှု။ တတိုင်းပြည်လုံးပါလို့ အောင်မြင်ခဲ့တာမမေ့နဲ့။ ဒါပေမယ့် ဒီလိုအလှုပ်ရှားမှုတစ်မျိုးပဲ လုပ်ဖို့ရှိတယ်လို့လည်းမတွေးနဲ့ဗျ။ ၂၀၀၇ မှာ ဘာလို့ပွဲမပြီးရတာလဲ။ ခုချိန်ထိ ပြည်သူတွေဘာလို့ လမ်းပေါ်မထွက်တာလဲ။ နီးစပ်ရာမေးကြည့်လိုက်ဦး။ ပြည်သူတွေကလည်း လေနဲ့လှုပ်တိုင်းလှုပ်နေမယ့် အရူးတွေမဟုတ်ဘူးဗျ။ အလကားနေရင်း ကြောက်နေသူတွေလည်း မဟုတ်ဘူးဗျ။ ခင်များတို့ ကိုယ့်လူမှုအသိုင်းအဝန်းကို ကိုယ်သေချာမသိသေး သလိုဖြစ်နေတယ်။ ကိုယ့်ပြည်သူတွေ ဘာလိုချင်သလဲဆိုတာ သေချာမသိပဲ ထင်တာတွေ ဇွတ်ကြောင်း ပြောနေသလိုဖြစ်နေတယ်။ တိုက်ကြသေကြ ခင်များတို့ကအဝေးကပြောကောင်းနေတုန်း သူ့ကြောင့် ငါ့ကြောင့် လက်ညှိုးထိုးနေတုန်း၊ သူတက်မယ် ငါတက်မယ် လုပ်ကောင်းတုန်း လက်တွေ့ရင်ဆိုင်နေရ သူတွေလည်း ဒုက္ခရောက်လှပြီ။ ကုန်းကောက်စရာမရှိ။ ရှိသမျှ သယံဇာတတွေကုန်။ ငတ်ကုန်တော့မှ ပြည်သူတွေထကြွလာမယ် အသေခံရဲလာမယ် တွေးထားရင်တော့ အတွေးရိုင်းလွန်းသဗျာ။ ဇတ်နာနေရုံနဲ့ မပြီးဘူးဗျာ။ ကျုပ်ကတော့ အားကိုးရာပျောက်သွားတယ် ခံစားရတယ်ဗျာ။ အလွန်ရင့်ကျက်လှတဲ့ ဆုံးဖြတ်ချက်ပေပဲ။
0
...
written by Trinitron, April 07, 2010
If you are on the stage of Kick Boxing treated by handcuff, will you compete that compitation.
0
တိုက်ဆိုင်ပြီး စဉ်းစားကြပါ၊
written by ဇွဲကပင်သား, April 07, 2010
ရွာ ၂ရွာ ဘောလုံး ဗိုလ်လုပွဲ ကန်ကြတာကို သတိရသွားတယ်။ နှစ်ဖတ် အသင်းတွေက နိုင်အောင်တော့ ကန်ကြမယ်ပေါ့၊ ဒါပေမယ့် သူတို့  သိချင်တာက ပထမဆု ရရင် ဘာရမလဲပေါ့။ ”ဟေ့ ပထမဆုက သစ်သားပြားပေါ်မှာ သတ္တုပြား အဖြူလေးတွေ ကပ်ထားတဲ့ ဒိုင်းဆုကြီးကွ၊ ဒုတိယဆုက ငွေသား သုံးထောင်ကွ” တဲ့။ ဆိုတော့ အားလုံးက ”ဒုတိယဆု ရတာမှ သစ်သားပြား ရတာထက်ကို သာဦးမယ်” ဆိုပြီး ကိုယ့်ဂိုး ကိုယ်ပြန်သွင်း လိုက်တာ နောက်ဆုံး ဒီဘက်အသင်းက လူတွေက တခြား အသင်းဘက်က ဂိုးကို သူ့ ဂိုးသူ ပြန် မသွင်းနိုင်အောင် သွားပိတ်ရတဲ့ အထိ ဖြစ်ကုန်ကြတယ်။ အဆိုးဆုံးကတော့ ရှုံးတဲ့ အသင်းက ငွေသုံးထောင် ရလို့  ကွေးနေအောင် ကခုန် နေကြပြီး နိုင်သွားတဲ့ အသင်းက သစ်သားပြား ဒိုင်းကို ကိုင်ပြီး ရှိုက်ကြီး တငင် ငိုကြတယ် ဆိုတဲ့ ဇာတ်လမ်းလေးပါ။
0
respect
written by yarzar, April 06, 2010
NLD ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေးဟာ အမှန် တကယ် ခက်ခဲတဲ့ ပုစ္ဆာတစ်ခုပါ ... YES or NO နှစ်မျိုးလုံးမှာ အကျိုး အပြစ်တွေ ရှိနေတာပါပဲ။ ရာနှုန်းပြည့် မှန်ကန်တဲ့ အဖြေ မရှိပါ။ ဘေးက ထိုင်ပွားမည့် သူအများ အတွက် ဟိုလို ကောင်းတယ် ဒီလို ကောင်းတယ် အပြောလွယ်ပေမဲ့ ကာယကံရှင်တွေ အတွက် အမှန်တကယ် ခက်ခဲခဲ့မှာပါ .. ကိုသား ကြီးပြောသလို ငါနဲ့မတူ ငါ့ရန်သူ မလုပ်ကြပါနဲ့.. ရင့်ကျက် တည်ငြိမ်ကြပါ .. တိုင်းပြည် အကျိုး လိုလားသူချင်း လေးစားကြပါ ..
0
Becareful what you say
written by Ko Ko Oo, April 06, 2010
ဦးခင်မောင်ဆွေက ဥပဒေတွင်းက တိုက်ပွဲ အခွင့် အရေးတွေ ဆုံးရှုံး သွားပြီလို့ ဆိုရအောင် လက်ရှိ အနေအထားမှာ မြန်မာနိုင်ငံမှာ
တကယ်ဘဲ ဥပဒေ စိုးမိုးနေ လို့လား၊ လူထုက လုံးဝ လက်မခံနိုင်တဲ့ အာဏာရှင် ဗိုလ်ချုပ်တွေ ချမှတ်ထားတဲ့ ဥပဒေအောက်မှာ ဥပဒေတွင်း တိုက်ပွဲ
ဆိုတာကရော အဓိပါယ် ရှိနိုင်ပါ့မလား၊

ရွေးကောက်ပွဲ ဥပဒေကို လက်ခံပြီး ရွေးကောက်ပွဲ ၀င်ရင် လူထုထောက်ခံမှု ရမည့်အစား လူထု ဆန့်ကျင်တာကို ခံရရင်NLD အတွက် ပိုပြီး သိက္ခာကျစရာ ဖြစ်လာမှာပါ၊

နအဖက နိုင်ငံတကာ သိအောင် မတရားသင်း ကျေညာရင် ကျေညာပါစေ၊ အကြိုးဆက် အားဖြင့် နိုင်ငံတကာက ရွေးကောက်ပွဲ ရလဒ်ကို ငြင်းဆန် လာဘို့ များလာမှာကြိမ်းသေ ပါတယ်၊ NLD အနေနဲ့ရှေ့ဆက် ဘာလုပ်မလည်း ဆိုတာကိုဘဲ အာရုံ စိုက်သင့်ပါတယ်
0

written by အမှန်တရားကိုလေးစားသူ, April 06, 2010
ရွေးကောက်ပွဲ ထပ်ဝင်ဖို့ စဉ်းစားတယ် ဆုံးဖြတ်မယ် ဆိုရင် ကိုယ့်ရဲ့ ရွေးကောက်ပွဲ ရလဒ်ကို ကိုယ့်ဘာသာ ကိုယ် ဖျက်သလို ဖြစ်သွားမှာပေါ့
အဒါနဲ့တင် ထပ်မ၀င်ဖို့ အကြောင်းက ခိုင်လုံနေပြီ
0

written by မှုံရွှေရည်, April 06, 2010
ရွှေဝါရောင်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကို အကျယ်ချုပ် နဲ့တောင် ထွက်ကြည့်ပေမဲ့ NLD ကတော့ တုတ်တုတ်မှ မလှုပ်ခဲ့တာ ကျနော်တို့ ဘယ်တော့မှ မမေ့ပါဘူး။ နောက်ပြီး အတွင်းက ၀င်တိုက်တယ် ဆိုတဲ့ စကားလုံးကို ကျနော့် ဘ၀မှာ ကြားဖူးတာ ဒုတိယ အကြိမ်ပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက အနုပညာ အသိုင်း အ၀ိုင်းက နောင်တော်ကြီးတွေ အတွင်းက ၀င်တိုက်မယ် ဆိုပြီး အတွင်း စည်းထဲ ခါးတောင်းကျိုက် ၀င်သွားခဲ့ကြပါတယ်။ ဒီနေ့ ၁၀နှစ်ကျော် ကြာတဲ့ အချိန်မှာ အတွင်းစည်း ၀င်တိုက်တဲ့ သူတွေ အားလုံး အတွင်းလူ ဖြစ်သွားပါတယ်။ ဒါ ကျနော့် လက်တွေ့ပါ။ ဒါကြောင့် ဦးခင်မောင်ဆွေ အပါအ၀င် NLD လူကြီးပိုင်းက အတွင်းက ၀င်တိုက်မယ် ဆိုလဲ မဲ ပေးဖို့ စိတ်ကူး မရှိပါဘူး။
0
ဒီလို လူမျိုး ခေတ်တိုင်းမှာ ရှိတာပဲ...
written by thidar, April 06, 2010
.NLDကို တခဲနက် မဲပေး ခဲ.ကြတဲ. လူထုကို မစော်ကား စေချင်ဘူး မှန်မှန် ကန်ကန် စဉ်းစား တတ်တဲ. သူတိုင်း အဲဒီ ရွေးကောက်ပွဲ ကို မ၀င်သင်.ဘူး ဆိုတာ သိကြပါတယ်.....
0

written by wine, April 06, 2010
We can say those who are opportunist and who are of principles. Good politicians should have their own values and principles other than thinking about survival only. Politicians without principles are like zombies wearing a big wide smile.
0
ပါတီစုံ အာဏာရှင် စနစ်ဆီသို့
written by ရဲနောင်လှအောင်, April 06, 2010
ကျေးဇူးပြုပြီး ပြည်သူကိုေ၀၀ါးအောင် သတင်းလမ်း မကြောင်းပါနဲ့။ ပြည်သူကို ဦးတည်ရာမဲ့အောင် မလုပ်ကြပါနဲ့။ တောင်းပန် ပါတယ်ဗျာ။

သွားဖတ်ကြည့်ပါ၊ ပြီရင် ပြည်သူကို သိအောင် ထင်သာ မြင်သာအောင် ဖေါ်ပြပြီး လမ်းကြောင်း ပေးကြပါ။

http://www.news-eleven.com/index.php?option=com_content&view=article&id=2537:2010-03-31-07-16-27&catid=42:2009-11-10-07-36-59&Itemid=112



0

written by စမ, April 06, 2010
ဦးခင်မောင်ဆွေ တင်ပြသော ဆောင်းပါး၊ ပြောဆိုသော စကားတို့ ကို လေလှိုင်းပေါ်တွင် ကြားရကတည်းက
အမျီုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်တွင်နိုင်ငံရေး နည်းဗျူဟာ၊ မဟာ ဗျူဟာ ၊ အစုံစုံတို့ တွင် ပါတီ အလုပ် အမှုဆောင်များ ကြားတွင် လည်းကောင်း၊ ပါတီဗဟိုေ က်ာမတီဝင်ကြားတွင် လည်းကောင်း၊ ပါတီရဲ့ အောက်ခြေနဲ့ ပါတီရဲ့ အခြားသော လုပ်ငန်း အဆင့်ဆင့်ြ ကားတွင် လည်းကောင်း ကွဲပြား ခြားနားမှု များသည်
ကြာမြှင့်စွာ ရှိနေသည် ဆိုပေမဲ့ ၊အများ သဘော တူညီမှုကိုဦးစားပေး ဆောင်ရွက်သည် ဆိုသော အချက်ကို တစိုက်မှတ်မှတ် သုံးတတ်အော င်နှင့်သုံးတတ် ဖို့  ကျင့်သုံး နေကြ၊ ကျင့်သုံးခြဲ့ ကသည်ကို တွေ့ ရပါသည်။
သို့ သော်ထိုတ စိုက်မှတ်မှတ်ကျင့်သုံးသော် အလေ့အ ကျင့်တို့ သည် ပြင်ပနိုင်ငံတွင်လုပ်ေ နသောသူများတွင်မရှိပါ။

စစ်အာဏာရှင်သည် ဒီမိုကရေ စီအစိုးရမ ဟုတ်ပါ၊ သူသည် ဒီမိုကေ ရစီနိုင်ငံများတွင်ရှိသော သည်းခံခွင့် လွှတ်ခြင်းနဲ့ 
လူသားတို့ ရဲ့ အခွင့်အ ရေးနဲ့ တန်းတူလေးစား တတ်မှု၊နားလ ည်မှုမရှိပါ၊ ထိုသို့ သောအခြေ အနေတွင် စစ်အာ ဏာရှင်က ဘယ် လိုလုပ်ပြီး နိုင်ငံတကာရဲ့ ဒီမိုကရေစီ စံနနုးနဲ့ ဆက်ဆံပြောဆိုခြင်းမလုပ်တာကို ကျွန်တော်တို့ က အ တင်းဇွတ်တိုက်နေ ရင်တော့ ကျွန်တော်တို့ လိုချင်တဲ့ စနစ်ကို ရော က်ဖို့ ဖြစ်တည်ဖို့ အတော်ကိုကြိုးစားရ အုံးမယ် ဆိုတာေ တာ့သေ ချာပါတယ်။

ထိုအတူ ကျွ န်တော်တို့ အတိုက်အခံအား လုံးတွင်လည်း အဆင်သ င့်လွှဲပြောင်းလ်ခံယူဖို့ အနေအ ထားတိတိကျကျကိုမရှိ သေးပါ။
ယခုလာမဲ့၂၀၁၀ ရွေးေ ကာက်ပွဲ သည် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးေ ပြာင်းလဲဖို့ အ စပြုသော အခင်း အကျင်းအစ ပျီုးသာဖြစ်နိုင်သည်။
0
...
written by no no, April 06, 2010
နအဖ ထုတ်တာ ဥပဒေ မဟုတ်ဘူး။
မတရားတဲ့ စစ်မိန့် ပဲ ဖြစ်တယ် ။
ဥပဒေ မဟုတ်တဲ့ မတရားတဲ့ အမိန့် အာဏာ ဟူသမျှ
ပြည်သူ့ ပါတီ အန်န်အယ်လ်ဒီ က
သမိုင်းပေး တာဝန်အရ ဖီဆန်ရတာ သဘာဝ ကျတယ်။
0
Spdc မှာ နည်းလမ်း ၁၀၀ ရှိပြီးသား
written by 545, April 06, 2010
ပါတီ မှတ်ပုံပြန် တင် လည်း စိတ်ချလို့  မရဘူး
အချိန်မရွေး ဖျက်သိမ်းခံရ နိုင်ပါတယ်
ပြိးခဲ့တဲ့ လက ထုတ်တဲ့ ဥပဒေတွေ ပြန်ဖတ်ပါဦး။ ဘယ်လိုပဲ NLD က ဆုံးဖြတ်ပါစေ Spdc က တိုက်ကွက်တွေ အဆင်သင့်ပါပဲ။
0
ပစ်မှတ် မလွဲစေချင်
written by လားရှိုး အမာခံ, April 06, 2010
ဒီမိုကရေစီ ဆိုတာ အနည်းစု ဆန္ဒ ကို လေးစားရသလို အများစု ဆုံးဖြတ်ချက် အတိုင်း အကောင် အထည် ဖော်ရတာပါ။

ဒါကြောင့် ၀မ်းနည်း ပူဆွေး မနေပါနဲ့။ အဖွဲ့ချုပ် ဘာလုပ်မလဲ စဉ်းစားပါ။ ပြင်ဆင်ပါ။
ကြားဖြတ် အစိုးရ ဖွဲ့မလား။ လူထု တရပ်လုံးကို ဥိးဆောင် ဆန္ဒ ထုတ်ဖော်မလား။
ပစ်မှတ် တည့်တည့်ကို ရွေးချယ် လုပ်ဆောင်ပါ။
0
comment upon comments
written by thar gyi, April 06, 2010
ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့ အတွေးမျိုးကို ဖျောက်သင့်ပါပြီ။ ဝေဖန်ပါ.... လက်ခံပါတယ် ဒါပေမယ့်မစော်ကားပါနဲ့ ညိုမာသက်လို.. .အဆင့် အတန်း ရှိရှိရေးပါ. .ကိုယ်က လွတ်မြောက် နေတဲ့ နေရာမှာ နေပြီး သိပ် အသံတွေ ထွက်ပြ မနေကြပါနဲ့ တကယ်လုပ်ရဲရင် ပြည်တွင်း ပြန်ကြပါ..ဦးခင်မောင်ဆွေဟာ ယုံကြည်ချက် အတွက် ထောင်ထဲမှာ နှစ်ပေါင်း များစွာ နေခဲ့တာပါ။ အခုလဲ သူ့အမြင်ကို ဒီမို ကရေစီနည်း ကျကျ ချပြလိုက်တာပဲ ရှိပါတယ်။ ရန်သူနဲ့ ပေါင်းနေလို့လား ? သူ့လို မစွန့်လွတ် ရဲလို့ ထောင်ကျမှာ ကြောက်လို့ ထွက်ပြေး လာကြပြီး အပြင် ကနေ ပိုးစိုးပက်စက် ပြောနေတာကတော့ ကိုယ့် အဆင့် အတန်းကို ဖော်ပြေ နကြတာပဲ။ စိတ်ကုန်တယ်...
0
U Khin Maung Swe
written by Maung Maung, April 06, 2010
I do not blame U Khin Maung Swe. He is telling honestly what has transpired at the NLD meeting from his view point. We have to respect him. And he has sacrificed his life for the NLD by being imprisoned for a long time by the SPDC having carried out his duties fully as well as voting with the majority for the historic NLD Decision not to re-register and contest the coming election. It's democracy at work in the NLD. Cheers to them!
0
ဘယ်သူတွေကို အားကိုးမလဲ?
written by Trinitron, April 06, 2010
Sorry,
We would surely not depend on you.
We realized that who love people. She is uncomparable one.
Don't try to compare with your imagination.
You love NLD. Not to people.
We can understand that would be sorrowful for you @ losing a place to sit.
Bye!
0
နားလည်ပါ.........
written by titan, April 06, 2010
ဒေါ်စုအပါအဝင် NLD အဖွဲ့ဝင် အများစု ဆန့်ကျင်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာဟာ ကိုယ်ကျိုး အတွက်မဟုတ်ဘူး. ပြည်သူတွေ အကျိုး အတွက် ထပ်ပြီး စတေးလိုက်တာ
0
I understand on UKMS
written by kayin, April 06, 2010
As for me, I understand on UKMS desire. He never say he will not follow DASSK leadership.
But he just try to express his desire in democracy way.
I would like to request to UKMS that please don't leave from NLD.
Although we have different opinion, we have to unite for our destination, democracy.
Some people should not talk as a traitor who believe in other way but they commit their wish for our desire and believes.
We believe NLD will be continue for the freedom, democracy and justice.
And I believe UKMS will continue with NLD for our unity to fight unjustice laws.
With Best Requests,
0

written by myanmar pyi thar, April 06, 2010
I strongly urge uncle U Tin Maung Swe to set up one party and participate in election. Please don't rock the boat, otherwise, you become axe handle
0
Fortunately...
written by bigcat, April 06, 2010
You said CEC members from three divisions are prudent. I was from Yangon and would be shame to death if NLD decided to vote for this sham election. You and Dr. Than Nyein are respectful NLD leaders and hopefuls also but it does not mean you will be given opportunity to deviate from the policy matter.
0
...
written by ကိုမျိုး, April 05, 2010
စစ်အာဏာရှင် စနစ်ကို တရားဝင် ရပ်တည်ခွင့် ရမယ့် ၂၀၀၈ အခြေခံ ဥပဒေကို လက်ခံ လိုက်ပါက ၈၈ အတွင်း ကျဆုံးသူများ၊ ပေးဆပ် သွား သူ များကို အလွန်တရာ စော်ကားရာ ရောက်သွား ပါမည်။ လမ်းပေါ် တိုက်ပွဲ၊ တဆင့်နိမ့် နိုင်ငံရေးလို့ မြင်နေတဲ့ ၈၈ အရေးတော်ပုံဟာ အန်အယ်လ်ဒီရဲ့ မိခင်ရင်း ဖြစ်တယ်ဆိုတာ ဘယ်တော့မှ မမေ့သင့်ပါ။
0

written by ကိုကျော်, April 05, 2010
ကျနော့်အမြင်ကို ပြောရရင် တော့ ဆောင်းပါးရှင်ဟာ ပါတီကို ချစ်တဲ့စိတ် တခုတည်းနဲ့  ဒီစာကို ရေးလိုက်တာ လို့ ပဲ မြင်ပါတယ်။
0
လုပ်သင့်တာက
written by someone, April 05, 2010
၁။ NLD ဟာ မှတ်ပုံတင်ထားပြီးသား ဖြစ်လို့ အခုတခါ ရွေးကောက်ပွဲမှာ မဝင်ရုံနဲ့ ပါတီ အဖျက်ခံရမယ် ဆိုတာတော့ မတရားဘူးလို့ ထင်ပါတယ်။ ဘယ်နိုင်ငံမှာ မဆို အဓိက ပါတီကြီးတွေဟာ လိုအပ်ရင် ငါတို့ပါတီ ဒီတကြိမ် ရွေးကောက်ပွဲ မဝင်သေးဘူးဟေ့လို့ ဆုံးဖြတ်တာ (သပိတ်မှောက် တာ) ရှိတာပါပဲ။ သူတို့တော့ ပါတီ အဖျက်မခံရပါလား။ ဒါကြောင့်ဒီကိစ္စကို NLD အနေနဲ့ရော၊ ကျနော်တို့ ပြည်သူတွေကရော ခုချိန်မှာ ကျယ်ကျယ် လောင်လောင် ပြောဆိုသင့်ကြ တယ်လို့ ထင်ပါတယ်။ သူတို့က အဲဒီလိုရေး ထားတာပဲလေ ဆိုပြီး ငြိမ်ခံ မနေသင့်ပါဘူး။ တရားမှ မတရား တာပဲဗျာ။ ကျနော်တို့ အနည်းဆုံးတော့ ဒါ မတရားဘူးလို့ အကျယ်လောင်ဆုံး အော်နေသင့်ကြပါတယ်။

၂။ ၂၀၀၈ဖွဲ့စည်းပုံ ဘယ်သို့ဘယ်ပုံ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း၊ ဒါကြောင့် NLD ရွေးကောက်ပွဲ မဝင်ခဲ့တာ ဖြစ်ကြောင်း၊ ပြည်သူတွေ အနေနဲ့လည်း ဒီဖွဲ့စည်းပုံကို အတည်ပြုပေးရာ ရောက်စေမဲ့ မဲ သွားထည့်တာမျိုး မလုပ် သင့်ကြောင်း အသေးစိတ် analyze လုပ်ပြီး တင်ပြထားတဲ့ စာတမ်းတစောင်လောက် NLD က ရေးနိုင်ပါသေးတယ်။ ကျနော်တို့တွေ BLC က မနေနိုင်လို့ရေးသား ပြုစုတင်ပြတဲ့ စာတမ်းတွေပဲ ဖတ်နေရပါတယ်။ အမှန်က အဲဒါမျိုးတွေ ကို NLD က လုပ်နေရမှာပါ။ အဲဒါမျိုး အမျိုးသား နိုင်ငံရေးတွေ တက်တက် ကြွကြွ လုပ်နေရင် NLD မသေနိုင်ဘူး လို့ ထင်ပါတယ်။
0
အပြင်ကအော်နေသူများ ပြည်တော် ပြန်ကြပါ။
written by Son of Burma, April 05, 2010
တိုင်းပြည် အပြင်ကနေ သတ္တိ ရှိပြနေတာ အလွန် ချီးကျူးပါတယ်။
အထဲက ဟိုလူ့ကို ဝေဖန်လိုက်၊ ဒီလူ့ကို လေကန်လိုက် လုပ်နေသူ နိုင်ငံရေး သမား ဆိုသူများ ပြည်တော်ပြန် နိုင်ငံရေး လုပ်ကြပါ။ ဥသျှောင် များလည်း ပြန်ဝင်ကြပါ။
ဦးခင်မောင်ဆွေလို ၁၅ နှစ်လောက် ၀င်နေကြည့်ကြပါ။
0
စစ်အစိုးရကို ရှင်းရှင်း လင်းလင်း အသိပေး ရမှာက
written by တိုးတက်အောင်, April 05, 2010
ပြည်သူတွေ ကိုယ့်အား ကိုယ်ကိုးရမှာ ဖြစ်သလို ဒီချုပ်လည်း ကိုယ့်အား ကိုယ်ကိုးရမှာ ဖြစ်တယ်။

ဒီချုပ်ကစရင် ပြည်သူတွေ နောက်က လိုက်လာမှာဘဲ။ ပြည်သူတွေစမှာ ဒီချုပ်က စောင့်နေလို့မရဘူး။
အဖွဲ့ချုပ် စတင် ဖျက်သိမ်းဖို့ ပြင်ဆင် နေတာထက် နာဂစ်အ လွန် ကျင်းပခဲ့တဲ့ ဆန္ဒခံယူပွဲနဲ့ အတည်ပြုခဲ့တဲ့ အခြေခံဥပဒေ၊ တရားမျှတမှု မရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို လက်မခံတဲ့ အတွက် အဖွဲ့ချုပ်ကို ဖျက်သိမ်းမှာ မဟုတ်ကြောင်း စစ်အစိုးရကို ရှင်းရှင်း လင်းလင်း အသိပေး ကြေငြာသင့်ပါတယ်။
ယုံကြည်တာကို ပြောရဲတာကို လေးစားပါတယ် ဦးခင်မောင်ဆွေ, Low-rated comment [Show]
0
Well done NLD
written by mannyl, April 05, 2010
I wonder why he has thought like that. NLD is the respective party as far as I know and they have to stick to the decision of "Shwegonedine" meeting that they recently made. Obviously, SPDC will welcome NLD if you decide to go into the election after being surrendered all your policies and accepted their constitution. Don't forget this is the real trap. You can choose your way UKMS.
0
ပြိုင်လိုပြိုင် ဦးခင်မောင်ရွှေ ရဲ့အခြေခံရပိုင်ခွင့ 
written by TSM, April 05, 2010
အကောင်းဆုံးက တော့ NLD (CEC) ကနေ ခင်ဗျား နှုတ်ထွက်သွားပါ။ တသီးပုဂ္ဂလ အနေနဲ့ ရွေးကောက်ပွဲ ဝင်ပြီး လွှတ်တော်ထဲမှာ ခင်ဗျား လုပ်သင့်တာတွေ လုပ်ပါ။ NLD က တားမှာ မဟုတ်ပါဘူး။ အဲသလို တသီး ပုဂ္ဂလ အနေနဲ့ ရွေးကောက်ပွဲ ဝင်လိုသူတွေကို NLD က တားမြစ်တာမျိုး၊ ကန့်ကွတ်တာမျိုး မရှိပါဘူး။
0
ယုံကြည်တဲ့အတိုင်း ပြောရဲတာကို ကြိုဆိုသင့်
written by Kyaw, April 05, 2010
ဦးခင်မောင်ဆွေ- ဖက်က အခုလို ထုတ်ပြောလာတာကို မီဒီယာတွေက ကြိုဆိုသင့်ပါတယ်။

ဒါပေမဲ့ ၀မ်းနဲဖို့ ကောင်းတာကတော့ ရှေ့မှာ ကွန်းမင်း ရေးထားသူ အတော်များများ အပါဝင် နိုင်ငံရေးတက်ကြွသူ အများစုဟာ အချက်လက်နဲ့ ခွဲခြားစိတ်ဖြာမုကို သိပ် အလေးမထားဘဲ့ အမှား-အမှန်။ တရားမ×-မတရားမ×ပေါ် အခြေပြုပြီး ခံစားချက်တွေနဲ့ တုန်ပြန် နေကြဆဲ ဖြစ်ပါတယ်။

မှတ်ပုံတင်-မတင် အငြင်း ပွါးမုကို တခန်းရပ်ပီး ရှေ့ ဘာဆက် လုပ်ကြမလဲ ဆိုတာကို အားလုံး စဉ်းစားသင့်ပီ ထင်ပါတယ်။

အချင်းချင်း အပြစ်ဖို့နေ တာတွေကို လျော့ပြီး အကောင်းဆုံး အဖြေ အတွက် ၀ိုင်းစဥင်္းစားဖို့ အချိန် ရောက်နေပြီ ဖစ်ပါတယ်။။
0

written by yes, April 05, 2010
ဝင်ရင် လွှတ်တော်မှာ ၁၀% ရနိုင်ပါတယ်
0

written by charlie, April 05, 2010
why don't you put it in SPDC's news papers, they will appreciate it, They'll give it to you some
space that's you need to.
0
လူဆိုသော...လူ
written by ရာဇာ, April 05, 2010
တရားရ စရာတွေ ပါလားနော်....ကျောလေးသပ် လိုက်တာနဲ့ အမဲကို အဖြူပြော အဖြူကို အမဲပြော နဲ့ ခေတ်ကြီး ကိုက ဘယ်သူမှ မယုံနိုင် အောင်ဖြစ် နေပြီ.... သတိထား ကြပါ နအဖ က နောက်ဘက် က ဝင်ပြီး သပ်လျှို နေပြီ... ဝ နဲ့ ကေအိုင်အို တို့ကြတော့ စကားပြော ဘို့ ခေါ်ခေါ် နေတယ်... လက်နက်ရှိ တော့လဲ အပြောချို တာဖြစ် မှာပေါ့.... အချိန်ဆွဲ နေတာတော့ သတိထား ကြပေါ့..မေလ ရောက်လို့ လေယဉ်တွေ ရောက်လာ လို့ကတော့ စကားပြော မှာ မဟုတ် တော့ဘူဗျို့....မေလ ရောက်အောင် အချိန်ဆွဲ နေတာ..စကားပြော ချင်လို့ မဟုတ်ဘူး ဆိုတာ နားလည်ထား ကြပါ...... ..........
0
Represent the people, NLD
written by Ko Thet, April 05, 2010
What NLD is expecting for? Whom NLD rely on? There is only single way to do for NLD. It is fight back up to die like martyr. Survival is better than die in this case. It should firmly stand for the sake of people if NLD actually represents and reflects the hope, the wishes and the sorrows of Myanmar people.
0
...
written by GONG ONG, April 05, 2010
I agree. As Aung Naing Oo suggests we (Burmese) don't have a dialouge culture. We only depend on one man shows, either on the side of Than Shwe or ASSK.
0
(၂)
written by အောင်ဆန်းမန်း, April 05, 2010
(ဒုတိယပိုင်း)
NLD ဆုံးဖြတ်ချက် မှားသည် ထင်ကြသူများရဲ့ တူညီတဲ့ အခြေခံအချက်ဟာ Electoral process မှာ ပါဝင်ခွင့် မရှိခြင်း အပေါ်မှာပဲ ရပ်တည်နြေ ကတြာ ဖစ်ပါတယ်။
ထိုဖြစ်စဉ်များတွင် ပါဝင်ခွင့် ဆိုသည်မှာ ပါတီ မှတ်ပုံတင်ကာ ၀င်ပြိုင်ရုံ တခုတည်းနှင့် မရပါ။ နအဖမှ ၀င်ခွင့် ပေးသနားပါမှ၊ နအဖကလဲ ၀င်ခွင့် ပေးလဲ ပြည်သူက ရွေးပါမှ လွှတ်တော်ထဲ ရောက်မှာပါ။
NLD ဟာ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒ မပါပဲ အတင်းကာရော စိတ်တူရာ အုပ်စုလေးပဲ အတင်းဝ င်ကြည့်မယ် ဆိုပါက ပြည်သူများ ရွေးချယ်မည်ဟု ထင်ပါသလား။ ((လုံးဝ))၃ တက်တက်စင် မှားပါလိမ့်မည်။
ရွေးကောက်ပွဲဖြစ်စဉ်လို့ တမင် ရေးရခြင်းမှာ ယခု ထုတ်ထားသော ဥပဒေအရ ပါတီများဟာ ကော်မရှင် ထိန်းချုပ်မှု အောက်မှာ လုံးလုံးကို ရှိနေပါတယ်။ တင်သွင်းလာတဲ့ ကိုယ်စားလှယ်များကိုလဲ ကြိုက်သလို ပါယ်ခွင့် ရှိနေပါတယ်။ အခြေခံ ဥပဒေအရ
အမတ် ၂၀% (ဟု ထင်သည်) က အဆို တင်သွင်းလျှင် constitution amendment အတွက် ဆွေးနွေးနိုင်သည်ဟု ဆိုထားသဖြင့် NLD ကို ထိုရာနှုံးထက် ပိုပြီး ကိုယ်စားလှယ် နေရာ မရနိုင်စေရန်
candidate nomination ကတည်းက စ ကိုင်နိုင်ပါတယ်။ ထို့အပြင် ဗိုလ်သန်းရွှေ မိန့်ခွန်းနှင့် ဥပဒေ အချက်များအရဆိုလျှင် ပါတီများဟာ နအဖအား စိုးစဉ်းမျှပင် မဝေဖန်ရ။ သို့ဆိုလျှင် နအဖကိုတစ်ချက်မှ confront
မလုပ်ရဲသော၊ မတရားသည်များကို ထောက်ပြခွင့် မ၇ှိသော ဖြစ်စဉ်ထဲ ပါနေသော ပါတီများသည် တစညပါတီ နှစ်ပေါင်း ၂၀ကျော် နေလာသလို နေသွားရုံသာရှိသည်။ သို့ဆိုလျှင် ထိုအုပ်စုထဲ NLD ပါနေခြင်း၊ မပါခြင်းဟာ
ဘာမှ ထူးခြားမည် မဟုတ်ပါ။ နအဖကြည့်မရလျှင် တက်ကြွသော ပါတီဝင်များကို ကြက်ငှက် ဖမ်းသလို ကောက်ဖမ်း လိုက်ပေလိမ့်မည်။ တစည၊ ဦးသုဝေ ပါတီ၊ အေးလွင် ပါတီမှသူများ ထိုသို့ အဖမ်းခံရအောင် နေမည်လ
ဲမဟုတ် သဖြင့် ကံဆိုးသူ မောင်ရှင်များမှာ NLD သာ ဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် ရပ်တည်ရေးအတွက် ထိုပါတီဝင်များ ကို ဆက်လက် ထုတ်ပါယ်အုံးမည်လား။ ဟိုးအရင်က NLD ဌာနချုပ်မှာ ထောင်ထွက်
ပါတီတွေကို လက်မခံတုံးက ပါတီဝင် အများ နာကျင်စွာနဲ့ နားလည်ပေးကြ ဖူးတယ်။ အခု တစ်ကြိမ်မတော့ နအဖ ခွေးတိုးပေါက် ၀င်ရရန် အတွက် မိမိ ပါတီဝင်များ ဆက်လက် စတေးရမည် ဆိုလျှင် ထို စတေး ပါတီဝင်များ သာမက
ပြည်သူကပါ NLD ကို တစညလို ပါတီထက် မုန်းတီး ရွံရှာလာကြ ပေလိမ့်မည်။

၂၀၁၀ကိုတော့ NLD က အခြေအနေ စောင့်ကြည့်ရင်း အင်အားကို စုစည်းထားလျက်နဲ့ပဲ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ Civil society များ
အနေနဲ့ ဖြတ်ကျော်ရဖို့ များပါတယ်။ ဒါဟာ ပြသနာမဟုတ်ပါ။ နအဖရဲ့ ကြံ့ဖွတ် ဖြစ်တည် လာသလိုဖြစ်စဉ်မျိုးကို ဒီတခါ NLD က လုပ်သင့်ရင် လုပ်ရပါလိမ့်မယ်။ အခုလို ညီညွတ် တက်ကြွနေတဲ့
အုပ်စုကို တစ်နည်း မဟုတ် တစ်နည်းနဲ့ ကွန်ယက် ချိတ်ပြီး လှုပ်ရှားနိုင်အောင် လုပ်ဖို့ပဲ လိုပါတယ်။ ၂၀၁၀ ပြီးတာနဲ့ တကယ့် NLD အင်အားတွေကို ပြန်စု နိုင်အောင် အဆင်သင့် ပြင်ထားရ ပါလိမ့်မယ်။ နှစ်ပေါင်းများစွာ
ပေးဆပ် စွန့်လွှတ်လာ ခဲ့ပြီးမှ နအဖ ညစ်ကွက် ကြောင့် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့လို ပုဂ္ဂိုလ်များ တွေဝေပြီး လမ်းကြောင်း ပြောင်းမသွားပဲ ဆက်လက်ပြီး ညီညွတ်စွာ NLD ရဲ့အင်အားများ အဖြစ် ရပ်တည်သွား နိုင်ပါစေ။

မှတ်ချက်၊ အချို့သော နိုင်ငံရေး လေ့လာသူများနှင့် နိင်ငံရေး ခေါင်းဆောင်များဟာ လူမျိုးခြား Prof. Joseph Silverstein လောက်မျှပင် မတွေးနိုင် မမြင်နိုင်ကြတာ အံ့သြစရာပါ။
0
လမ်းတွေ့တိုင်း မလျှောက်နဲ့ ဘယ်ရောက်မှာလဲ အရင်စဉ်းစား (၁)
written by အောင်ဆန်းမန်း, April 05, 2010

ရွှေဂုံတိုင်ကြေငြာစာတမ်း စတင် ပြုစုကြကတည်းက ထို အယူအဆ ရှိနေသူများကို ဦးဆောင်ကာ လိုအပ်ချက် အရ လမ်းကြောင်း ပြောင်းလိုလျှင် ပြောင်းသာ ပြုသာလွယ်အောင် ထိုစဉ်ကတည်းက ဦးခင်မောင်ဆွေတို့ ကြိုးပမ်းသင့်ကြတယ်။
အခုတော့ စစ်အစိုးရက ထိုတောင်းဆိုချက်များ တခုမှ မလိုက်လျောရုံ သာမက၊ ပို၍ပင် တင်းကြပ်စွာ ချုပ်ကိုင်၊ ခေါင်းဆောင် အပါဝင် ပါတီအပေါ် သစ္စာ စောင့်သိလာသူ လက်ရှိ အကျဉ်းကျများ ကိုပါ ချနင်းရအောင် ချောင်ပိတ်လာတော့မှ
လွှတ်တော်ထဲကနေ ၀င်ပြီး ကြိုးစာြး ကည့်ချင် ပါတယ်ဟု လမ်းကြောင်း ပြောင်းမယ် ကြိုးစားလျှင်၊ ပြည်သူက လက်ခံပါမည်လား


ဦးခင်မောင်ဆွေ ရေးသားချက်မှ အဓိက အချက်တခုမှာ ယခုNLD ရွေးလိုက်သောလမ်းကြောင်းသည် နအဖ ကြုံးသွင်းထားသော ထောင်ချောက်ထဲဝင်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။
လုံးဝ မှားယွင်းပါသည်။ နအဖဟာ အမှန်တကယ်တော့ NLD သာ သူတို့ လိုချင်တဲ့ ပုံစံကို ၀င်လာမယ် ဆိုလျှင် (အဓိက ခေါင်းဆောင်နှင့် အောက်ခြေအများစု မပါသော၊
CEC အနည်းငယ်က ဦးဆောင်၍ NLD အလံထောင် ၀င်လာခြင်း မျိုးသာ ဖြစ်လျှင်) သေချာပေါက် လက်ခမောင်း ခတ်ပါလိမ့်မယ်။ အားကောင်း မောင်းသန်နဲ့ နိုင်ငံရေး အရ အလွန် တက်ကြွသော ဒေါ်စု ဦးဆောင်သည့်
NLD ကိုသာ မပါဝင်စေ လိုခြင်း ဖြစ်တယ် ဆိုတာ အခင်းကျင်းနှင့် နအဖ ရွှေ့ကွက်များက ရှင်းလင်းစွာ သက်သေခံနေတယ်။ ဥပမာ ၁) NLD မှ အကျဉ်းကျနေသူ မြို့စည်း တိုင်းစည်းများကိုပါတီမူအရ ထည့်သွင်း ဖွဲ့လိမ့်မည်
ဆိုတာ သိရှိနေပြီး ဖြစ်သောကြောင့် CC ပြန်လည် ဖွဲ့စည်းခြင်းကို အသာတကြည် ခွင့်ပြုခဲ့သည်။ ၂) ရွေးကောက်ပွဲ ဥပဒေများ စတင် ထုတ်ပြန်တဲ့ နေ့မှာပင် NLD ရုံးများကို ပြန်လည် ဖွင့်ခွင်ပေးထား ခဲ့ခြင်း စသော
မီးစ တစ်ဖက်၊ ရေမှုတ် တစ်ဖက် လုပ်ရပ်များက ကောင်းစွာ သက်သေ ခံနေတယ်။
0
Ooops! There you go again!!
written by Chaw Chaw Su, April 05, 2010
Two wrongs will not make one right, U Khin Maung Swe. You didn't really need to write that article to justify your unenviable place in history. You lack vision, ideology, strategy and everything that would enable you to become a democratic leader.
..., Low-rated comment [Show]
0

written by Tun Tun (T T), April 05, 2010
ညောင်နှစ်ပင် တုန်းက သွားငိုက်ခဲ့ တဲ့  NLD လူကြီးတွေကို သတိ ၇သလို
ညောင်သုံးပင် မှာ သွားငိုက်ဖို့  လူစ၇င်း ထဲ မှတ်ပုံ တင်မလို့  လား ဦးဦးေ၇
0
မမေ့ ကြစေဖို့ !!!!
written by Thiha, April 05, 2010
ကျနော် တစ်ခု မေးချင်ပါတယ်။ အဲဒီ ရွေးကောက်ပွဲ ဥပဒေ ကို အဲဒီ စစ်အုပ်စုက ရေးဆွဲ ပြဌာန်းခွင့် ရှိတယ်လို့များ အထက်ပါ သဘောထား ရှိသူတွေက လက်ခံ ယူဆနေကြပါ သလား။
ဓါးပြ ထုတ်တဲ့ ဥပဒေဆိုတာ ဘယ်တော့မှ တရား မ၀င်ပါ။ ဒါကို မမေ့ကြ ဖို့ပဲ လိုပါသည်။
သူ့ဘာသာ အားအား လျားလျား ထုတ်တာ ကိုယ်နဲ့ မဆိုင်ပါ။
ဒုက္ခပေးမှာ ကြောက်လို့ မသိချင် ယောင်ဆောင်ရခြင်း၊ မကြားချင် ယောင်ဆောင် ရခြင်း သည် ထောက်ခံခြင်း မမြည် ပါ မိတ်ဆွေတို့ . . .

0
Dentist
written by Salai Lawma, April 05, 2010
If NLD can emerge from dust and blood of 8888 why not emerge another forceful parties or group from the heart of Burma people. Please don't under estimate the will of people. People of Burma don't need the leadership of dying political party(s). They need leadership of their heart. Look all the major changes in the world come from the heart not from the head.
0
Uncle please put ice on your head and think twice.
written by myanmar, April 05, 2010
To Uncle U Kms,
this is a very clear cut of political scene as what you have written.
ofcourse the trap of Junta for NLD is not to participate the election, but they didn't expect from other pressures if NLD does not. they don't have enough education and experience to think about cause and effect. they are doing this way all the way over 20 years.
as NLD not into the election, there will be two possibilities, 1.the election will be delay as the international pressures go higher till the rules are changed.
2. even the election take place, the new government will not be recognized and accepted by international and UN even.

0
နအဖ အလိုကျ က တာ ပြည်သူ.နိုင်ငံေ၇း မဟုတ်ပါ
written by မောင်ကြီး, April 05, 2010
ဘာဖြစ်လို. ပြောင်းပြန်တွေ ပြောနေ၇တာလဲ။
ရွေးကောက်ပွဲ မ၀င်တာ နအဖ ဆင်ထားတဲ့ အကွက်ထဲကို မ၀င်ချင်လို. ပေါ့။

မေးပါ၇စေ။
၁၉၉၀ေ၇ွးကောက်ပွဲ ပြီးလို. NLD ၇ဲ. ခေါင်းဆောင် ကောင်းတွေ ဖမ်းဆီး ထိန်းသိမ်းခံ ခဲ့၇ တဲ. အချိန်နောက်ပိုင်း ဦးခင်မောင်ဆွေတို. အုပ်စု NLD ရဲ. ဦးစီး ဦးဆောင် ခွင့်၇ချိန်မှာ ပြည်သ.ူနိုင်ငံေ၇း ဘာ တခု လုပ်ပေးနိုင် ခဲ. သလဲ။

ဦးခင်မောင်ဆွေ ဦးအောင်ေ၇ွတို. အုပ်စုဟာ NLD မှာ နအဖ က မြုပ်ထားတဲ. (Cell) တွေလို. ထင်၇လောက် အောင် နအဖ အလိုကျ လုပ်၇ပ်တွေနဲ. တလျောက်လုးံ သက်သေ ပြခဲ.ကြပါတယ်။
ဒါပေမယ့် NLD ဟာ ခု ဆုးံဖြတ်ချက်နဲ. သမိုင်း စာမျက်နှာသစ် စလိုက်တယ်လို.၊ တိုက်ပွဲသစ်ကို ဖော်ဆောင်ဖို. ခြေလှမ်း စလိုက်တယ် လို.ပဲ ထင်ပါတယ်။
0
မှားနေလားမှန်နေလား ဆိုတာ ပြန်လည်စဉ်းစားေ စချင်ပါတယ်
written by aprilkoko, April 05, 2010
န၀တ ကို ယုံလို့ ရွေးကောက်ပွဲဝင်မယ် စိတ်ကူး နေတာလား။ ၉၀ ရလဒ်ကို မမေ့သေးဘူးလား
လွဲပေးမယ် ထင်နေတာ ဘယ်နှစ်နှစ် ရှိခဲ့ပြီလဲ။ တစ်ခါ အလိမ်ခံရရင် လိမ်တဲ့လူ အပြစ် နှစ်ခါဆို ခံတဲ့လူ အပြစ် သုံးခါ ဆိုရင်တော့ အလိမ်ခံရတာကို ကြိုက်လို့ နေလိမ့်မယ်။
0

written by Soe, April 05, 2010
Not registering the party doesn't mean NLD is going to disappear.NLD has rooted deep in Burma's soil and will always thrive. Well.. it may leave Burma's politics only when Military dictatorship is gone.
0

written by lin, April 05, 2010
မှန်တယ် ထင်၇င် NLD က ထွက်ပြီး ပါတီ ထောင်လိုက်ကြလေ၊ အချိန်မှီသေးတာပဲ... NLD ၇ဲ့ အ၇ှိန် အ၀ါကို မသုံးပဲ စမ်းကြည့်လေ...
0
thinking
written by wuntho, April 05, 2010
နအဖဟာ သူတို့ တရားဝင်ဘို့ ကြိုး စား နေတာ ဖြစ် လို့ ဇာတ်ရံ အဖြစ်မ ခံ ကြပါနဲ ဗျာ
0

written by chan nyein moe, April 05, 2010
ur knowledge is still young. What's a pity for u.
0
ဦးခင်မောင်ဆွသို့
written by SU , April 05, 2010
ဆရာရဲ့ သဘောထားကို လေးစားပါတယ်။ ဒါပေမယ့် NLD က လမ်းမှန်ကို သွားနေတာပါ။ ရွေးကောက်ပွဲ ၀င်လို့ မှတ်ပုံတင်လို့ လွှတ်တော်ထဲကို NLD တွေ ရောက်နိုင်မယ် ထင်လား၊ လုံးဝ ပါပဲ။
သူတို့ရဲ့ လူတွေနဲ့ ကြံ့ဖွတ်တွေပဲ လွှတ်တော်ထဲ ရောက်မှာပါ။ ရောက်အောင်လည်း မဲလိမ်မှာပါ။ ကြိုတင် ပြင်ဆင်မှုတွေ အများကြီး တွေ့နေပါပြီ။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု အောက်ကို ညီညီ ညွတ် ညွတ်နဲ့ ရပ်တည်ကြပါ။ အာဏာရှင်စနစ် ပျက်သုန်းဖို့ တရားသော စစ်ဆင်နွဲရမယ်။

အကြမ်းမဖက်၊ ငြိမ်းချမ်းသော နည်းဖြင့် ဆက်လက် တိုက်ပွဲဝင်မယ်။ ဒါက ဦးခင်မောင်တွေ ရေးထားတဲ့ ဘယ်သူတွေကို အားကိုးမလဲ၊ ၂၀၁၀ ကို ဘယ်လို ဖြတ်သန်းရမလဲ ဆိုတဲ့ စာကြောင်းအတွက် အဖြေပါ။

မတရားသော အမိန့် ဖီဆန်ကြ၊ အကြမ်း မဖက် ငြိမ်းချမ်းသော နည်းဖြင့် တိုက်ပွဲဝင်ကြ အရေးတော်ပုံ အောင်ရမည်။
0
...
written by Soe, April 05, 2010
NLD made a right decision.
0

written by htay tint, April 05, 2010
ပြည်သူက မလိုချင်ရင် ဘယ်လောက် ကြီးကြီး တချိန်မှာ ဆင်းရမှာပါ ။ စစ်တပ်ရော သေနပ်ရော ပိုင်တဲ့ မဆလလည်း ဆင်းရတာဘဲ မဟုတ်လား
0
...
written by RIT Student, April 05, 2010
Dear U Khin Mg Swe,
Do you think SPDC will honor the election result,( EVEN IF) NLD enter and win again in the 2010 election? You seems to be running out of wisdom and the best suggestion to you and U Aung Shwe is to resign from the NLD Chairman and CEC position. As a chairman, U Aung Shwe had cowardly acted on the 29March D Day. The way he did made me remember the dictator Ne Win who did not announced his resignation in the party congress in 1988, asked secretary Than Han to read on his behalf so that he can deny that he never say to step down in the history. Now U Aung Shwe did the similar way to please SPDC that he did not involve in the D Day decision. You both should leave NLD and enter the election. you will at least win the votes from your families. Good luck to good for nothings! We pity ourselves to envy, expect and relied on you for past 20 years which was a waste.
0
Please Trust The Way of Collective Leadership of NLD.
written by Ba Win, April 05, 2010
Dear Ko Swe,
I am who lived together with you in the Jail, 1991. Just now, i am in exile.
Please trust the leadership of Daw Aung San Su Kyi and collective leadership that was provided among us. It can lead our people with clear line up. We also need the warrior culture in these time. Much complaints should not be took place, but need trust and work.

Diversities and interaction should be workable for the realities. And it should be at least supportive to the people's motivation. Ideologies were never truth or false in short time, but interest of people make it real in all true.

Facing the Junta, such rude and brutal regime, we need to be strong solidarity and need to prepare for the worst response.

Rather than calling orally reconciliation without force, we shall approach with pressure and change. Don't dream like gradual change (especially for the NLD) inside the room, believe that they never favor us, we have true experience in NC. They intentionally did down looking us, and disgrace us, and finally ousted us, NLD.

They never trust us, we also never trust them. We need to collect our force of principle, force of actions, and the force of leading the people. Although the decision of CC was painful, but right and historically corrected.

Please trust our leaders' way.



0
I support/respect your way of thinking, U Khin Maung Swe.
written by KK, April 05, 2010
I respect you and your way of thinking. I support you and respect you. It is the practical and possible way to achieve the democracy goal. Yes, we should start from 1 in order to gain 100 and apply every possible means. It must take long time but we will gain our goal at one day. So pls show your capability (individually) for your country and people. We welcome you and support you in the coming election.
ဘယ်သူ့အားကိုးရမှာလ , Low-rated comment [Show]
0
...
written by Burmese, April 05, 2010
ဥပဒေအတွင်း တိုက်ပွဲ လမ်းပေါ်မှာ ပြိုလဲတယ် လို့ ဘယ်သူ ပြောလဲ။ ဖယ်ကျဉ်သွားဗျ။ သုံးမရတဲ့ လမ်းမို့ လို့ ဖယ်ကျဉ်သွားတာ။
0
Wait and See!
written by minwai, April 05, 2010
I hope DASSK will not let it go very easily,she may have better idea than us.
0
NLD ဆုံးဖြတ်ချက် မှန်ကန်ပါတယ်
written by Nge Naing, April 05, 2010
အဖွဲ့ချုပ်ကို မှတ်ပုံမတင်ရင် ဖျက်မယ်လို့ ခြိမ်းချောက် နေတာက နအဖပဲ ဖြစ်တယ်။ NLD က အဖွဲ့ချုပ် ဖျက်သိမ်းဖို့ ဆုံးဖြတ်တာမှ မဟုတ်တာ။ စစ်အုပ်စုရဲ့ ခြိမ်းချောက်မှုကို မကြောက်ဘဲ ရွေးကောက်ပွဲကို မှတ်ပုံ မတင်ဖို့ လုပ်သင့် လုပ်ထိုက်တာကို ဆုံးဖြတ်တာပဲ ဖြစ်တာပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ နိုင်ငံရေး အကျဉ်းသားတွေ၊ ခေတ် အဆက်ဆက်က အသက် သွေး ချွေး စတေးလာခဲ့သူတွေကို မြေမြှပ် သဂြိုလ်ပြီးမှ မှတ်ပုံ တင်ရမယ့် အလုပ်ကို လုပ်မှသာ သမိုင်း တရားခံ ဖြစ်ပါတယ်။ အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်သူ လူထု ဆန္ဒအတိုင်း ဖြစ်လို့ သမိုင်းဝင် မော်ကွန်း တင်မယ့် ဆုံးဖြတ်ချက်သာ ဖြစ်တယ်။
0
ရဲရင့်ပါစေ.. NLD ရဲဘော်များ..
written by zayaroo, April 05, 2010
အနှစ် နှစ်ဆယ်လုံးလုံး ကြေညာချက်တွေ ထုတ်နေရုံက လွဲလို့ ဘာမှ အားရစရာ ရှိအောင် မလုပ်နိုင်ခဲ့ဘူး..ကိုမင်းကိုနိုင် တို့လို့ လမ်းလျှောက်ပွဲလေး တခုတောင် ဖြစ်အောင် မလုပ်ရဲကြဘူး.. မတရားမှူကို သတ္တိရှိရှိ စိန်ခေါ်လိုက်စမ်းပါ..
0
My suggestion!
written by Ko San Tint, April 05, 2010
NLD was pretty lenient from the first place after winning the 1990 election. Whenever, the SLORC or SPDC threatened them in the past they obliged the SPDC. If I remember very well there were nine times that NLD had obliged the demands by the SPDC. Finally, I want to suggest you guys an entire option which is to establish armament revolution like in Cambodia, Uganda, and Nicaragua where the people unitedly purged out he dictators from their countries. I think Nicaragua will probably be the best example. OR there is a notorious way of purging them from the country by approaching the Chinese Communist Party by saying that we are Moaists, then the Chinese Government will provide your with heavy arms and SPDC can be removed from their power. Look at Nepal for example, where Moaists had successfully dethroned the monarchists. However, I do not really encourage you people to do that.
0
ပြတ်သားမှ ကြိုက်တာဗျ...
written by Ko J J, April 05, 2010
ကန့်ကွက်သူ မရှိ ဆုံးဖြတ်တော့ သူလည်း ပါတယ်...
ဟော..အခု ဆောင်းပါး မှာတော့ ရေးချင်တာ ရေးပြန်ရော.
0
...
written by lin, April 05, 2010
လွှတ်တော်ထဲေ၇ာက်မယ် ထင်လား..ေ၇ာက်၇င်ကော ဖွဲ့စည်းပုံ ဥပဒေကို ပြောင်း၇မယ် ထင်သလား...
ဒေါ်အောင်ဆ န်းစုကြည် နဲ့NLD နောက်မှာ မြန်မာပြည် သူတွေတင် မဟုတ်ဘူး. .ကမ္ဘာ့နိုင်ငံတွေလဲ ၇ှိသေးတယ်..

NLD ပါတီ မှတ်ပုံ မတင်ပေမဲ့..ပါတီ မသေနိုင်ဘူး. နိုင်ငံေ၇း မသေနိုင်ဘူး...
အာဏာ၇ှင် ပြောသမျှ မလုပ်သေ၇ွ့ ခေါင်း မညိတ်သရွေ့ ပါတီ မသေဘူး..နိုင်ငံေ၇း မသေဘူး...
0
Till now you don't know what to do, U KMSwe?
written by Blue Flower, April 05, 2010
Dear U Khin Maung Swe,
I don't know how you reach that level as NLD leader.
Please note down what NLD can Do, OK?
( 1 ) Reject 2010 Election Law.
( 2 ) Reject 2010 election by " NO to vote ".
( 3 ) try to call nation -wide action- demonstration- boycotts to remove UNJUST Laws.
( 4 )Unite the people NOT TO Take part in 2010 Election.
( 5 )Dare to face to die as a HERO, Not to be an alive SLAVE.
Why do you think to surrender before fight back????????
Now you see, NLD is stronger than before March 29,2010. People are behind the NLD , ready to support what NLD do.
0
စစ်အုပ်စုကို ဒူးမထောက်
written by KNMSPACE, April 05, 2010
NLD ဟာ အမျိုးသား နိုင်ငံရေး အရ စစ်အုပ်စုကို ဒူးမထောက်တာသာ ဖြစ်ပါတယ်။
0
မေးပါ၇စေ
written by arga, April 05, 2010
NLD တ၇ားဝင် ၇ပ်တည် ခဲ့တဲ့ နှစ် ၂၀ အတွင်း မှာေ၇ာ ဘာတွေ လုပ်နိုင်ခဲ့ပါသလဲ ? ( NLD ကို အပြစ် ပြောခြင်း မဟုတ်ဘဲ အစိုး၇က ဘာတွေ ခွင့်ပြု ခဲ့ သလဲလို့ ဆိုလိုတာပါ)
ထပ်ပြီး ဝင်ပြိုင်လို့ အနိုင် ထပ်၇သည် ထားပါဦး ၊ တကယ် အာဏာ လွှဲပေးမှာလား ?
နိုင်လဲ၇ှုံး၊ ၇ှုံးလဲ ၇ှုံး ဖြစ်မယ့် အေ၇းမှာ သိက်ခါ ၇ှိ၇ှိ ဝင် မပြိုင်တာဟာ ကောင်းပါတယ် ၊ အနည်းဆုံး အစိုး၇၇ဲ့ သမိုင်းမှာ အမဲစက် ထင်သွားပါပြီ ၊အများဆုံး မျှော်လင့် နိုင်တာကတော့ နိုင်ငံတကာ၇ဲ့ ဖိအားနဲ့ အစိုး၇ကို သဘောထား ပြောင်းလဲ သွားနိုင်တာပါ
0
အံ့ သြမိပါသည် ။
written by 9မောင်ခင်, April 05, 2010
ပါတီမှတ်ပုံတင်ဖို. ပြောခဲ.သူ။ အဘယ်. ကြောင့် မဲခွဲ ဆုံးဖြတ်ရာတွင် မိမိ သဘောတားကို ဆန်.ကျင် မဲ ပေးခဲံ့ပါသလဲ။ အဘယ့်ကြောင်. ခုမှ ၀ိေ၇ာဓိ စကားများ ဆို၇ပါသလဲ။ ထိုသူသည် အဘယ် စိတ်ထား အဘယ် ခံယူချက် နှင့် နိုင်ငံေ၇းသမား လုပ်ပါသလဲ။ ။ စဉ်းစား တိုင်း အံ့သြ မိပါသည်။
0
NLD: The Last Scene
written by Chit Thein Than, April 05, 2010
Those who cherish the name, emblem, experience and history of the NLD will rightly feel its loss as a legal party, but every one has to ask what that legal party could do in the framework of the SPDC's oppression. A political party must be prepared to exist in the worst of circumstances and must keep the fire of conviction burning until the goal is reached. I believe the NLD and Daw ASSK have such qualities and determination.
0
ခင်ဗျားကိုလည်း အားမကိုးပါဘူး
written by ကျော်လော, April 05, 2010
ခင်ဗျား ၀င်ချင် ၀င်ပြိုင်ပါ ခင်ဗျားကို ဘယ်သူ မှလည်း အားမကိုးပါဘူး ခင်ဗျားကို အားကိုး မဲ့အစား ကြံ့ဖွတ်ကို အားကိုးတာမှ အလုပ် ဖြစ်ဦးမယ် အင်အယ်လ်ဒီ ၀င်ပြိုင်လိုက်ရင် မူဝါဒ မရှိတဲ့ ပါတီ ဖြစ်သွားမှာ ကိုကော မတွေးမိဘူးလား
0
...
written by ခင်မင်းဇော်, April 05, 2010
ဒီလို လူမျိုး ခေတ်တိုင်းမှာ ရှိတာပဲနော်။
0
ပြန်လည်ဆွေးနွေးခြငး
written by nyomarthet, April 05, 2010
အန်ကယ်အနေနဲ. ၂၀၀၈ အခြေခံ ဥပဒေ မူကြမ်း ကို သေချာ မဖတ်ရသေးဘူး နဲ. တူပါတယ်။ ဖတ်ကြည်.ပါ လို. တိုတ်တွန်း ချင်ပါတယ်။ အခြေခံဥပဒေ မူကြမ်း မှာ ပါတာကိုက လွှတ်တော်ထဲ မှာလည်း ပြင်လို.မရဘူး။ အပြင်မှာ မပြင်
ပဲ ဘယ်လိုမှ မရနိုင်ပါဘူး။ အာဏရှင် အစိုးရက သူ.မူကြမ်းကို ပြင်ပေးဖို. မဆိုထားနဲ. နည်းနည်း လေးတောင် အထိပါး
မခံနိုင်ဘူးလို. ၂၀၁၀ လွတ်လပ်ရေး နေ.မှာ ဦးသန်းရွှေ ကိုယ်တိုင် မိန်.ခွန်းမှာ ပြောသွားပါပြီ။
အန်ကယ် ပြောသလို လွှတ်တော်ထဲမှ ပြင်မယ် ဆို၇င်တော. ညီလာခံ တတ်ခဲ.ဖူးတဲ. ဦးအောင်ရွှေ တို.ကို မေးကြည်.ပါလား။ ညီလာခံထဲမှာ ပြောမယ် ဆိုပြီး ပါတီဝင်တွေကို ဆန်.ကျင်ပြီး ညီလာခံ တတ်ခဲ.တယ်လေ။
အဲဒီတုန်းကလည်း အန်ကယ် ရေးထားသလို ပါတီဝင်တွေရဲ. မျက်ရည်တွေ ငိုညည်းသံတွေ ကို လျစ်လျူ ရှူ ခဲ.တယ်။
တတ်ခေါက်သူတွေ ကို ပါတီဝင်မှ ထုတ်ပယ်ခဲ.ပါတယ် အန်ကယ်။
အဲဒီလို လုပ်ခဲ.တဲ. အကျိုးဆက်က ဘာရလဲ။ ဘာမှ မရဘဲ ဘာမှ ပြောလို.မရဘဲ နောက်ဆုံးတော. ကိုယ်.အထုတ်လေး တွေ ကိုယ်ပိုက်ပြီး ထွက်တော်မှူ ခဲ.ရပါတယ်။
ဒါဟာ သမိုင်းမှာ အလွန် အရုပ်ဆိုးတဲ. ကိစတစ်ခုပါပဲ။ သူတို.ဟာ သမိုင်း တရားခံတွေပါ။
ညီလာခံမှာ နေစရာ ခုံမရတော. nld ကို ပြန်ကပ်လာတယ်။ ထုတ်ထားတဲ.သူ တစ်ယောက် နှစ်ယောက်ကို ပြန်ခန်.တယ်။ ပြန်လုပ်တယ်။ အဲဒီရဲ. ဆိုးကျိုးက အခုထိ အာဏာပိုင်တွေဟာ အန်တီ.ကို ပါတီက ထုတ်ထားတဲ. သူလို. အသိအမှတ် ပြုထားတယ်။
တကယ်တော. အန်ကယ်ဟာ ဒိလူကြိးတွေနဲ. စာရင် သမိုင်း လှတဲ. သူတစ်ယောက်ပါ။ ဆက်ပြီး သမိုင်း လှအောင်
လုပ်ပါ အန်ကယ်။ အမှားတွေကို နည်းနည်းလေးဘဲ ပြင်ကြည်.ပါ။ အန်ကယ် ရေးသလို ပြည်သူ.က အားကိုးရတဲ.
ဦးခင်မောင်ဆွေ ဖြစ်အောင် နေပါ။ ဒါဆို အားကိုးမဲ.သူတွေ ပေါ်လာမှာပါ။

0
But , she never bow under the junta,s boots .
written by Shahrukh Kyaw, April 05, 2010
We believe that her decision will not wrong as a educated . How many years do we follow junta's wish?What does he mean N L D 's last scene?He can not say anything about first or last in politics . The junta hold the power with weapons . But , just we fear weapons . Do you think who is the winner to march for democracy way ? True is the power of hero .Hero will never give up for true . She will become a historic hero in our Myanmar new history .Let us struggle for the true .Yes. who dare win ?We believe that the true will sure reach someday and we all alive with this hope .
0
ပါတီရှင်၊ နိုင်ငံရေးသေ လား။ ပါတီသေ၊ နိုင်ငံရေးရှင်လား။
written by မောင်သန်., April 05, 2010
၁။ ၆၂ မှသည် ၈၈ မတိုင်မီ အထိ မဆလ ပါတီမှအပ ဘာနိုင်ငံရေး ပါတီ မှ မရှိပါ။
၂။ ပါတီရှိမှ နိုင်ငံရေး လုပ်လို.ရတယ် ဆိုတာ ၈၈ အရေးတော်ပုံ ကြီးကို မထီမဲ့မြင် မျက်ကွယ် ပြုခြင်းဖြစ်တယ်။
၃။ ဖတပလ- -ဖက်ဆစ် ဂျပန် တော်လှန်ရေး လုပ်ခဲ့တာ မှတ်ပုံ တင်ထားတဲ့ တရားဝင် ပါတီ အနေနဲ.လား။ လူထုအခြေပြုလား။
၎။ အတွင်းက ၀င်တိုက်ဖို.အခွင့် အရေး ဆိုတာ ကော တကယ် တည်ရှိနိုင် ပါသလား။
၅။ ဒေါ်လာလေး တရွက်၊ ပစ်စာလေး တစောင် ၊ ဖုံးလေး တခေါ်၊ ဗျူးလေးတခါ နဲ. အချိန်မရွေးပါတီ ကို ဖျက်ပစ်လို.ရတယ် ဆိုတာ သဘော ပေါက်စေချင်ပါတယ်။(နအဖ ဟာသမိုင်း အရ ဒီလိုဘဲပြုမူခဲ့တယ်)
၆။ အနီးအားဖြင့် ယက်တော ကန်ဆင်းကန်တက် ကို သတိပြုစေချင်ပါတယ်။ ခပ်ဝေးဝေး အားဖြင့် ဒီပဲယင်း ပါ။
၇။ မြေအောက်တို.၊ လမ်းပေါ် ထွက်တာတို. မှ နိုင်ငံရေး မဟုတ်သလို ၊ဘာတခုမှ ပြောရေးဆိုရာ မရလောက်တဲ့ လွှတ်တော်ထဲ က ၀င်အော်ဖို. ဆိုတာလဲ ကနေ.တောင်းဆို နေတဲ့ နိုင်ငံရေး မဟုတ်ပါ။
၈။ ပါတီတောင် ဖျက်မခံရေ သးဘူး။ ပါတီ အတွင်းရေးတွေ မီဒီယာပေါ် တင်လာတာ ပြည်သူတယောက် အနေနဲ. လက်မခံပါ။
၉။ ဘယ်သူတွေ အားကိုး ရမလဲ၊၂၀၁၀ ကို ဘယ်လိုဖြတ်မလဲ ဆိုတဲ့ နောက်ဆုံး မေးခွန်း အတွက်တော့ ပြည်သူတွေ ကို အားကိုးရမယ်။ ထု ကိုယုံရမယ်။ စည်းရုံးရေး ဆထကထမ်းပိုး လုပ်ပီး ပြန် တည်ဆောက်ကြရမယ်လို. ယုံနေမိပါ ကြောင်း ဗျာ။
0
six comments
written by Heinn, April 05, 2010
There is no exact direction on this writing. So people can imagine about this writer. The six comments from Daw Aung San Su Kyi are very clear. Plase try to understand.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်