Lazy Club တေးဂီတဖြင့် ဟစ်ပ်ဟော့ပွဲတော် ကျင်းပ

မြန်မာပြည် ဂီတ လောကတွင် ပထမဆုံး တေးဂီတဝိုင်း နှင့် ဖျော်ဖြေသည့် ဟစ်ပ်ဟော့ပ် ပွဲတော်ကို သြဂုတ်လ ၇ ရက်နေ့ နေ့လယ် ၂ နာရီတွင် ရန်ကုန် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပခဲ့သည်။

hiphop400ယခင်က ဟစ်ပ်ဟော့ စင်တင်ပွဲများတွင် DJ များဖြင့်သာ တင်ဆက်လေ့ ရှိကြသော်လည်း ယခုအခါ Lazy Club တေးဂီတဝိုင်းက တီးခတ်ပေးထားသည်။

Hip Hop Acoustics Show ဟု အမည်ပေးထားသော ယင်းပွဲကို ၂ ပိုင်းခွဲကျင်းပရာ ပထမပိုင်းအနေဖြင့် စိုင်းစိုင်းခမ်းလှိုင်၊ ဂျေမီ၊ ဟဲလေး၊ ယုန်လေး၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ လွမ်းပိုင်၊ ချမ်းချမ်း၊ စန္ဒီမြင့်လွင်၊ အေသင်ချိုဆွေ၊ သားကြီး၊ သိန်းလင်းစိုး၊ Cyclone၊ Snare၊ G-Family၊ နိုင်းဝမ်း၊ စိုးကြီး၊ SZ၊ မိစန္ဒီ၊ တို့က ဖျော်ဖြေ တင်ဆက် ခဲ့ကြသည်။

ထို့နောက် ဒုတိယပိုင်းတွင် အထက်ပါ ဟစ်ပ်ဟော့ပ် အဆိုရှင်များအပြင် Henale၊ G-3၊ MHL၊ Satan၊ Doe Doe၊ Hip-2၊ one way၊ Bunny၊ Phyoe တို့က သီဆိုဖျော်ဖြေခဲ့ပြီး ည ၈ နာရီကျော်တွင် ဖျော်ဖြေရေး အစီအစဉ်များ ပြီးဆုံးခဲ့သည်။

ဖျော်ဖြေရေး အစီအစဉ်များအပြီးတွင် လူငယ်များအတွက် DJ ဖြင့် စုပေါင်း ကခုန်ခြင်း အစီအစဉ်များ ဆက်လက် ကျင်းပ ခဲ့သည်။
Comments (4)Add Comment
0
မျက်စိ ရှက်ဖွယ် အကများ
written by ဇွဲကပင်သား, August 17, 2010
ဒါဟာ ခေတ်ရေစီးကြောင်းလို့  မေ ပြာကြပါနဲ့ ။ စည်းမဲ့ ကမ်းမဲ့ ဖြစ်နေကြတာပါ။ တက်သစ်စ လူငယ်တချို့ ဟာ တလွဲ ဆံပင် ကောင်းနေကြ တာကို မြင်ရတာ၊ အင်မတန့် ကို ရင်လေးစရာတွေပါ။ ကိုယ့်သားသမီးတွေ လူမြင် သူမြင်မှာ ဖြစ်ချ င်တိုင်း ဖြစ်နေကြ တာကို၊ ဒါ ငါ့သားဟဲ့ ဒါငါ့သမီးဟဲ့လို့  ဂုဏ်ယူမယ့် မိဘတွေရှိသေးလားလို့  တွေးမိပါ တယ်။ တားမြစ်သ င့်တာတွေကို တားမြစ်ကြပါဦးလို့  ကိုယ် မတင် ထားတဲ့ အစိုးရဆို တဲ့သူတွေကို၊ အင်အား ချိနဲ့ စွာနဲ့  တောင်း ဆိုပါရစေ။
0
...
written by arrkar, August 16, 2010
တော်တော်ကို ဆိုးတာပဲ ယူကျူ့ မှ ကြည့် လိုက်ရတယ်... အဲလောက်ြ ကီးကေ တာ့ အမြင် မတော်ဘူး...
0

written by Lucy, August 13, 2010
ဒီရှိုးရဲ့ တစိတ် တပိုင်းကို ယူကျုမှာ ကြည့်လိုက်ရတယ်။ ကောင်မလေးတွေ ကနေတာ ကြည့် မကောင်းတဲ့ အပြင် တော်တော်ကို အရုပ်ဆိုး အကျည်း တန်ပါတယ်။ စင်မြင့်ထက် ကနေ ကော့ပြ ကွေးပြနေကြတာ performance မဟုတ်ပါဘူး။ နိုက်ကလပ်နဲ့ ဘားက ဟာတွေကို စင်ပေါ်ခေါ် ကခိုင်း နေသလိုပဲ။
0
youtube link
written by edde, August 12, 2010

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်