![]() |
| အင်တာဗျူး အပြည့်အစုံကို ဤနေရာတွင် နားဆင်ပါ |
| |
ဖြေ။ ။ ကျနော်က ဦးဝင်းတင် ပြောတာကို ထောက်ခံတယ်။ ဒါက ဦးဝင်းတင်ပြောလို့ ထောက်ခံတာ မဟုတ်ဘူး၊ သူပြောတာက အချက်အချာကျတယ်။ မြန်မာပြည်က ဒီမိုကရေစီလမ်းကြောင်း ပေါ်မှာ လျှောက်တော့မယ်ဆိုရင် ဒီအခြေခံဥပဒေက ခေတ်နောက်ပြန်ဆွဲနေတာ တွေ့ရတယ်။ မဆလခေတ် ၁၉၇၃၊ ၇၄ လောက်မှ ဆွဲခဲ့တဲ့ အခြေခံဥပဒေကို ကြည့်မယ်ဆိုရင် တပါတီတည်းတော့ဟုတ်တယ်၊ ဒါပေမယ့် အဲဒီထဲမှာ တပ်မတော်နောက်ခံရှိမှ နိုင်ငံ့အကြီးအကဲ ဖြစ်ရမယ်ဆိုတာမျိုးမပါဘူး။ အခုဟာက လက်ရှိ ၂၀၀၈ မှာ လက်ခံလိုက်တဲ့ အခြေခံဥပဒေကျတော့ တိုင်းသူပြည်သားတွေကို ပြည်တွင်း ကိုလိုနီ စနစ်ကို ရောက်အောင် တွန်းပို့နေတယ်။ ဘာလို့လဲ ဆိုတော့ စစ်သားတွေကို အလွှာတလွှာမှာ ထားလိုက်ပြီးတော့ ကျန်တဲ့ တိုင်းရင်းသားနဲ့ သာမန်ပြည်သူတွေကျတော့ ဒုတိယတန်းစား အဆင့်မှာ ထားထားတယ်။ အဲဒါက ဘယ်လိုမှ လက်ခံလို့မရဘူး။ တခုတော့ရှိတာပေါ့၊ ဒီဟာကို လက်ခံပါလို့ ပြောနေတဲ့သူတွေက အခွင့်အရေး တခုအနေနဲ့ သုံးမယ့်သူတွေလို့ ပြောလို့ရတယ်။
မေး။ ။ ဒါဆို ၂၀၁၀ မှာ လုပ်မယ့် ရွေးကောက်ပွဲကို ရွေးစရာမရှိတော့ဘူးဆိုပြီး အခွင့်အရေး တခုအနေနဲ့ ကိုဇာနည်က မမြင်ဘူး ဆိုပါတော့။
ဖြေ။ ။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကျော် လောက်ကတော့ မြင်ခဲ့တယ်ဗျ။ ဘာလို့လဲ ဆိုတော့ ရွေးကောက်ပွဲ ပေါ်လာမယ်၊ နိုင်ငံရေးဖြစ်စဉ်တခု ပေါ်လာမယ် ဆိုရင် တပ်မတော်သားတွေနဲ့ ဒီဘက်က ဒေါ်အောင်ဆန်း စုကြည်တို့၊ ကိုမင်းကိုနိုင်တို့ အပါအဝင်၊ ပြည်သူတွေနဲ့ လက်တွဲလုပ်နိုင်မယ့် အနေအထားများ ရောက်မလား လို့ စဉ်းစားခဲ့မိတယ်။ ဒါပေမယ့် သံဃာတော်တွေကို မတရား သေနတ်နဲ့ ပစ်တာ၊ ရိုက်တာ၊ နှက်တာ၊ နှိပ်စက်တာ၊ အတူတွဲလုပ်ရမယ့် ကိုမင်းကိုနိုင်တို့လို လူတွေကို ထောင်ထဲဆွဲထည့်လိုက်တာ … နောက်တခုက တိုင်းရင်းသားတွေကို သေသေချာချာ နိုင်ငံရေးအရ မဆွေးနွေးဘဲနဲ့ လက်နက်အားကိုးနဲ့ လုပ်တာတွေ၊ နောက်ဆုံးကတော့ နာဂစ်တုန်းက လူပေါင်း ၁ သိန်းကျော်သေတာကိုတောင် လူတွေရဲ့ ဒုက္ခကို မစာနာဘဲ သူတို့လုပ်ချင်တဲ့ အခြေခံဥပဒေအတည်ပြုဖို့ကို အတင်းလုပ်တာ … အဲဒီအချက်တွေကို ကြည့်လိုက်တော့ ဒီအစိုးရဟာ သကြားမင်းဆွဲပေးတဲ့ အခြေခံဥပဒေပဲ ဖြစ်ဖြစ် အောက်ကလာတဲ့ အခြေခံဥပဒေပဲ ဖြစ်ဖြစ် ဒီလိုလူတွေနဲ့ အတူလက်တွဲပြီး အလုပ်လုပ်လို့ မရတော့ဘူးဆိုတာ လုံးဝ လက်ခံလိုက်တယ်။
အရေးကြီးတာက အခြေခံဥပဒေကို အမြင် ၂ မျိုးနဲ့ မြင်လို့ရတယ်။ အခွင့်အရေးအနေနဲ့ မြင်မယ်ဆိုရင် လာမယ့် ရွေးကောက်ပွဲကို သုံးပြီးတော့ သူတို့ ဖိနှိပ်တဲ့ လူတန်းစား ကွဲသွားမယ်ဆိုတဲ့ အမြင်ပေါ့၊ အဲဒီ အမြင်အတိုင်းသွားမယ်ဆိုရင်တော့ လက်ခံလို့ရတယ်။ ဒါပေမယ့် ဒီအခြေခံဥပဒေကြီး သက်ဆိုး ရှည်မယ် ဆိုရင်တော့ ကျနော်တို့ ပြည်သူလူထုကို သတ်သေခိုင်းတာနဲ့ တူတူပဲ။ နိုင်ငံရေးအရ သေခိုင်းတာပေါ့လေ။
စဉ်းစားကြည့် ကိုလိုနီစနစ်ကို ဘယ်သူကမှ မဲဆန္ဒနဲ့ မထောက်ခံနိုင်ဘူးလေ၊ အင်္ဂလိပ်ကိုလိုနီပဲဖြစ်ဖြစ် စစ်တပ်ရဲ့ ကိုလိုနီပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှမဲဆန္ဒပေးပြီး ထောက်ခံခိုင်းဖို့ မသင့်ဘူးလို့ ကျနော်မြင်တယ်။
မေး။ ။ ဒါဆို တချို့ ပြည်တွင်းမှာကော၊ ပြည်ပမှာကော ရွေးစရာလမ်း မရှိတော့တဲ့အတွက် နအဖကို နှူးနှပ်ပြီး ပူးသတ်မှရတော့မယ်၊ စစ်ဗိုလ်ချုပ်တွေကိုတော့ တဖြည်းဖြည်းချင်း ပူးပေါင်းပြီး ပြောင်းလဲပစ်မှ ရတော့မယ်ဆိုတဲ့ အမြင်တွေ အများကြီးတွေ့ရတယ်။ မြန်မာ့အရေးမှာ ပါဝင်ပတ်သက်နေတဲ့သူတွေ၊ မြန်မာနိုင်ငံကို ပိုက်ဆံပေးနေတဲ့ ဒိုနာ နိုင်ငံတွေ ပြည်တွင်းပြည်ပက နိုင်ငံရေးသမားတွေက အစပေါ့၊ ဒီလူတွေကို နအဖက ဆေးဖော်ကျောဖက်ကော လုပ်ရဲ့လားဗျ။
ဖြေ။ ။ ကျနော်တို့ သမိုင်းကိုတော့ ပြန်ကြည့်ရမယ်။ မဆလ ခေတ်တုန်းက ပြင်ပက ပညာရှင်တွေပဲ ဖြစ်ဖြစ်၊ ဒိုနာနိုင်ငံတွေပဲဖြစ်ဖြစ်၊ ပြည်တွင်းက စီးပွားရေးပညာရှင်တွေပဲဖြစ်ဖြစ် ဒေါက်တာမောင်မောင်တို့၊ ဒေါက်တာ ညီညီတို့၊ ဒေါက်တာချစ်ဆွေတို့ပေါ့။ မဆလ ခေတ်မှာ ဗိုလ်ချုပ်ကြီးတွေနဲ့ ပေါင်းပြီး တိုင်းပြည် ထူထောင်ဖို့ လုပ်ကြတယ်။ ဗိုလ်ချုပ်ကြီးတွေ ဆိုတာလည်း ရှင်းရှင်းပြောရရင်မှားတဲ့ စနစ်ကြီးကို ထူထောင်ပြီး ဘဝပျက်သွားတယ်၊ ဒီလူတွေလည်း သမိုင်းမှာ နာမည်ပျက်သွားတယ်။ အဲဒါမျိုးကို ကျနော်တို့ ဆက်လုပ်မှာလား၊ ပူးသတ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ကျနော်ကိုယ်တိုင်လည်း စာအုပ်ဖတ်ပြီး ပြောနေတာ မဟုတ်ဘူး။ ကျနော်ကိုယ်တိုင် ဒါမျိုးလုပ်လာတာ။ ကျနော့်ကိုလည်း သိတဲ့အတိုင်း ဝိုင်းပြီး ဆဲနေကြတာပဲ။ ကျနော်တို့လည်း ထိပ်ပိုင်းက ဗိုလ်ချုပ်ခင်ညွန့်က အစ၊ ဗိုလ်ချုပ်မောင်အေးတို့ အဲဒီလို ဗိုလ်ချုပ်တွေကို တိုင်းပြည်ကိုချစ်တဲ့ ပညာရှင်တယောက်အနေနဲ့ ကူညီဖို့၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ဖို့၊ နောက် အင်တာနက် ကိစ္စမှာ လျှော့ပေးဖို့၊ ဒီမိုကရေစီ လမ်းသွားမယ်ဆိုရင် မီဒီယာတွေ ဝေဖန်တာကို နားထောင်ဖို့ ဒါတွေကို ဝိုင်းတွန်းကြ၊ အကြံဉာဏ် ပေးကြတယ်။ ကျနော်တို့က တိုင်းရင်းသားတွေကို ချေမှုန်းပါလား၊ NLD ကို ဘယ်လိုနှိပ်ကွပ်လိုက်ပါလား ဆိုတာ ပြောတာမဟုတ်ဘူး။ တနည်းတဖုံနဲ့ ကျနော်တို့က ပိုကောင်းလာတဲ့ အမြင်တွေပေါ်လာအောင် တွန်းကြည့်တယ်၊ ဒါပေမယ့် တွန်းလို့မရဘူး။ ကျနော်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေးနဲ့ မတွေ့တာတောင် သူတို့ထဲမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ စကားပြောဖူးတာ ရှိတယ်။
၂၀၀၄ မှာလည်း ပြောဖူးတယ်၊ ဗိုလ်ချုပ်ခင်ညွန့် ပြုတ်အပြီးမှာလည်း ပြောခဲ့တယ်။ ကျနော်တို့က ပူးသတ်ချင် တာမဟုတ်ဘူး၊ သူတို့နဲ့ ပေါင်းလုပ်ချင်တာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့ဆက်ဆံရေး အခက်အခဲ ရှိနေတာကို ကြားထဲကနေ ပေါင်းကူးတံတားဖြစ်အောင် ပထမ ယုံကြည်မှုတည်ဆောက်တဲ့ အနေနဲ့ လုပ်တယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည် အတွက် အရေးကြီးပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်နဲ့ တိုင်းပြည်အပေါ်မှာ စိတ်ထားမှန်ပါတယ် ဆိုတာ ဝိုင်းပြောတာ။ ဒါကို ကျနော်တို့ မီဒီယာမှာတော့ မပြောဘူး။ တယောက်ချင်းတွေ့ရင် ပြောတာပဲ၊ စည်းဝေးမှာဆို ပြောတာပဲ။ ဒီတော့ တိုင်းပြည်အတွက် စေတနာ သန့်သန့်နဲ့ လုပ်မယ်ဆိုရင် သူတို့ဘက်ကလည်း စေတနာသန့်မှ လုပ်လို့ရမယ်။ ပူးသတ်တယ်ဆိုတာကတော့ သူတို့ကညစ် ကိုယ်ကညစ် ဆိုရင် သူတို့မှာ ပါဝါ၊ အာဏာ၊ သေနတ်ရှိတယ်။ အဲဒီလို လူတွေကို ကျနော်တို့ ပူးသတ်လို့ မရဘူး။ တကယ်တမ်းပြောရရင် ပူးမသတ် သင့်ဘူး။ ကျနော်တို့ ပူးပေါင်းပြီး လုပ်သင့်တယ်။ ဒါကို ခုချိန်ထိ ပြောမှာပဲ။ လက်ရှိစနစ်ကို မကျေနပ်ဘူး၊ ဒါပေမယ့် တပ်မတော်သားတွေကို မစော်ကားဘူး။ သူတို့က ဒီစနစ်ရဲ့ သားကောင်တွေပဲ။ ဒီစနစ်ကို သူတို့ကိုယ်တိုင်ပြင်ရမှာ။ ဒီတော့ ပေါင်းလုပ်ရမှာ၊ ဒါပေမယ့် ပေါင်းလို့ကလည်း မဖြစ်ပြန်ဘူး။
မေး။ ။ ပေါင်းလို့ကလည်းမလွယ်ဘူး၊ ပူးသတ်လို့လည်း မရဘူး။ ဒီစနစ်ရဲ့ သားကောင်တွေက စေတနာလည်း မသန့်ဘူး။ ဒါဆို မြန်မာပြည် ပြောင်းလဲမှုအတွက် ရွေးစရာလမ်းကဘာလဲ။ ဒဏ်ခတ် ပိတ်ဆို့မှုလား ဘာဖြစ်မလဲ။
ဖြေ။ ။ ဒီလူတွေ စေတနာ မမှန်ဘူးဆိုတာကိုတော့ ကျနော်လက်မခံဘူး။ သူတို့ထဲမှာ စေတနာ ရှိတဲ့သူတွေ ရှိတယ်၊ တိုင်းပြည်ကို ချစ်တဲ့သူတွေ ရှိတယ်။ ဒါပေမယ့် ဒီလူတွေကလည်း သူတို့ ဘဝ ပျောက်သွားမယ် ဆိုတာမျိုးပေါ့၊ ဥပမာ - ဗိုလ်ကြီး အုန်းကျော်မြင့်တို့က စပြီးတော့ အစဉ်အလာ ရှိခဲ့တော့ ဒီစနစ်ကို ပြောင်းဖို့ ကြံတဲ့သူတွေကို ဒီစနစ်ကနေ အမြတ်ထွက်နေတဲ့သူတွေက အပြတ်ရှင်းလိုက်တယ်။ ဗိုလ်ချုပ် ခင်ညွန့်လည်း ဒီတိုင်းဖြစ်တာပဲ။ ဗိုလ်ချုပ်ခင်ညွန့်က ဒီမိုကရက်မဟုတ်ဘူး။ လူတိုင်းသိတယ်၊ ဒါပေမယ့် သူလည်း ပြောင်းဖို့ ကြိုးစားခဲ့တဲ့လူတယောက်။
လက်ရှိအနေအထားအရ ဆိုရင် ကျနော့်အနေနဲ့ အကောင်းမြင်ဖို့ တော်တော်လေး ခက်တယ်။ ဒါကလည်း အတိုက်အခံက လုပ်တာကို သဘောမကျလို့၊ နအဖလုပ်တာက ဆိုးလို့ ဒါကို စိတ်ခံစားမှုနဲ့ ပြောတာ မဟုတ်ဘူး။ အချက်အလက်နဲ့ ချပြထားတယ်။ သေချာကြည့် ဘယ်နေရာမှ ကောင်းတဲ့ အချက်က မရှိသလောက် ဖြစ်နေတယ်။ ကျနော်တို့ တိုင်းပြည်က ဘော့စနီးယားလို ဖြစ်မသွားတာ တခုက လွဲရင် အဲဒီဘက်ကို ဦးတည်နေတာ တွေ့ရတယ်။ ကျနော်မြင်တာပေါ့လေ။ ဒီလောလောဆယ်မှာတော့ အတိုက်အခံ အနေနဲ့ကလည်း ဘေးကြပ်နံကြပ်ပဲ၊ တကယ်တန်း ပြောရရင် တပ်မတော်ခေါင်းဆောင် တွေကလည်း ဘေးကြပ်နံကြပ်ပဲ။
ဖြေရှင်းဖို့က အဖြေရှိတယ်။ မြန်မာပြည်မှာ အားလုံးပေါင်းလုပ်ချင်တယ်ဆိုရင် တကယ်အရေးကြီးတာက တပ်မတော်ခေါင်းဆောင်တွေရယ်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်ကျနေတဲ့ အတိုက်အခံ ခေါင်းဆောင်တွေရယ်၊ ပြည်ပက အတိုက်အခံတွေရယ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေရယ်၊ ဒီအင်အားစု လေးစုက အရေးကြီးတယ်။ ဒီအင်အားစုတွေ ပေါင်းလုပ်ရင် ကျနော်ထင်တယ် ၆ လအတွင်းမှာ ရှေ့ဆက် သွားဖို့ အဖြေရှာလို့ ရတယ်။ ဒါပေမယ့် အဖြေရှာချင်တဲ့ ဆန္ဒတော့ရှိရမယ်။ ဒါပေမယ့် ပြဿနာက ကျန်တဲ့သူ မဟုတ်ဘူး။ ထိပ်ပိုင်းမှာ ရှိတဲ့ ဗိုလ်ချုပ် တယောက် ၂ ယောက်ပဲ။ နံပါတ် ၁ ပြဿနာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဆန္ဒပြောင်းဖို့ပဲဖြစ်ဖြစ်၊ အငြိမ်းစားယူဖို့၊ ဘေးကိုဖယ်လိုက်ဖို့ပဲဖြစ်ဖြစ် မလုပ်နိုင်ရင် ဒီနိုင်ငံက ဆက်ပြီး ပြဿနာတက်နေမှာပဲ။ ဒါပေမယ့် ဦးနေဝင်းခေတ်တုန်းကလည်း ဦးနေဝင်းသေသွားရင် တိုင်းပြည်ကောင်းလာမှာပါလို့ ပြောခဲ့ကြတယ်။ ဦးနေဝင်းလည်း သေသွားပြီ တိုင်းပြည်ကောင်းမလာခဲ့ဘူး။ ဒီတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မရှိရင် တိုင်းပြည်ကောင်းလာမှာပါ ဆိုတဲ့သီအိုရီမျိုးကိုတော့ သတိ နည်းနည်း ထားဖို့လိုလိမ့်မယ်။
မေး။ ။ ကိုဇာနည် ဧရာဝတီမှာ ရေးတဲ့ “အနီးကပ်ဆက်ဆံမှု ဝါဒ” ဆိုတဲ့ ဆောင်းပါးတပုဒ်ရှိတယ်။ လူကြိုက်တော်တော် များတာလည်း တွေ့ရတယ်။ အဲဒီဆောင်းပါးက မစ္စတာဂျင်မ်ဝက်ဘ် မြန်မာပြည် သွားအပြီးမှာ ရေးတာဖြစ်တယ်။ သူမြန်မာပြည် သွားအပြီးမှာ ဦးသန့်မြင့်ဦး အပါအဝင် မြန်မာတချို့ဟာ New York Times လို Washington Post လို သတင်းစာကြီးတွေမှာ အမေရိကန် အစိုးရအနေနဲ့ နအဖ အစိုးရနဲ့ ပေါင်းသင့်တယ် ဆိုတာမျိုး ရေးကြတယ်။ ခင်ဗျားကျတော့ ဆောင်းပါးထဲမှာ “အနီးကပ်ဆက်ဆံရေး ဝါဒသမားတချို့ဆိုရင် ရင်တွေသိပ်ခုန်ပြီး တရားဟောဆရာတပိုင်း နိဗ္မာန်ဆော်တပိုင်းကို ကူးပြောင်းပြီး ငါ့စကားနွားရ ရေးကြ၊ ပြောကြ၊ ဟောကြတယ်” ဆိုတာမျိုး ရေးထားတယ်။ ဒါဆို ခင်ဗျားကတော့ အမေရိကန် အစိုးရက မြန်မာ နအဖ အစိုးရနဲ့ ပေါင်းလို့ အလုပ်ဖြစ် သွားမယ်လို့ မထင်ဘူး ဆိုတဲ့ သဘောပေါ့။ ဟုတ်လား။
ဖြေ။ ။ ကျနော်ပြောတာက အချိန်ရှိမယ်၊ သူ့ကာလရှိမယ်ဆိုတော့ စိတ်သိပ်လှုပ်ရှားပြီး လိုအပ်တာ ထက် ပိုတာမျိုး မဖြစ်သင့်ဘူးလို့ ဆိုလိုတာ။ စေတနာ သန့်သန့်နဲ့ ကောင်းစေချင်လို့ တိုင်းပြည်နဲ့ ပေါင်းလုပ် တာမျိုးကို ကျနော်တို့ လက်ခံလို့ရတယ်။ မြန်မာပြည်မှာ သွားလုပ်တာပဲဖြစ်ဖြစ်။ သွားလိုက်ပြန်လိုက် လုပ်တာ ပဲဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် ဟိုဘက်က သုံးမယ့် အနေအထားမှာ ကိုယ်က အသုံးခံမယ်ဆိုတာမျိုးကျတော့ နှစ်မျိုး ပေါ့ဗျာ။
အသုံးခံလိုက်လို့ ကောင်းသွားမယ်ဆိုရင် ကျနော်လည်း အသုံးခံရဲတယ်၊ သူများတွေ အသုံးခံတာကိုလည်း ကျနော် ရှုတ်ချစရာအကြောင်း မရှိဘူး။ ဒါပေမယ့် ကိုယ်လည်း အသုံးခံလိုက်ရတယ်၊ တိုင်းပြည်လည်း အကျိုး မရှိဘူး၊ စားသွားတာတော့ ဗိုလ်ချုပ်တွေပဲ ဆိုရင် အဲဒီလမ်းကြောင်းကိုတော့ ကျနော်လည်း လက်မခံဘူး။ အဲဒီအနေအထားမျိုးမှာ ကျနော်ရောက်ခဲ့ရင်လည်း ကျနော် (U – Turn) ပြန်လုပ်မယ်။ ကျနော် လုပ်လည်း လုပ်ခဲ့တာပဲ။
ဥပမာ - ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးပါတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်မလား၊ ချနိုင်ရင် ကျနော်တို့ လက်ခံတယ်။ မချနိုင်ဘဲနဲ့တော့ အလကား ပြောမနေနဲ့။
မေး။ ။ မြန်မာ နအဖ အစိုးရက အထီးကျန်တယ်ဆိုပြီး နိုင်ငံတကာ သတင်းစာတွေက ပြောကြတယ်။ ပညာရှင်တွေက အစပေါ့ သူ့ကို အထီးကျန်တဲ့အတိုင်း ထားလို့မရဘူး၊ ဆွဲခေါ်ရမယ် ဆိုတာမျိုးပြောကြတယ်။ သူ့ကိုအဝန်းအဝိုင်းထဲ ဆွဲသွင်းလိုက်ရင် ပျော့ပြောင်းလာမယ် ဆိုတာမျိုးလည်း ပြောကြတယ်။ တကယ်ပဲ နအဖ အစိုးရက အထီးကျန်နေပါသလား။
ဖြေ။ ။ အီရန်တို့ မြောက်ကိုရီးယားတို့နဲ့ မြန်မာပြည်ကို ယှဉ်ကြည့်လိုက်ပါ။ ဒီအစိုးရတွေက အထီးကျန် နေတာမဟုတ်ဘူး။ တကမ္ဘာလုံးကသွားနေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်းထဲမှာ ရောက်နေတယ်။ ဆိုးရွားတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ထဲမှာပေါ့။ ခေတ်မီ လက်နက်တွေ လုပ်နိုင်တယ်၊ ဒေါ်လာတွေ ဘီလျံနဲ့ချီ ရနေတယ် ဆိုတာ ဒီ ဂလိုဘယ်လိုက်ဇေးရှင်းထဲ ရောက်နေလို့ပဲ။
မြန်မာအစိုးရကို အာရှတိုက်တတိုက်လုံးက အစိုးရတွေက ဆက်ဆံနေတယ်၊ အင်္ဂလန်သံရုံး၊ အမေရိကန် သံရုံးတွေ မြန်မာပြည်မှာရှိတယ်။ အနောက်အုပ်စု အကုန်လုံးက သံတမန်ရေးရာအရ မြန်မာပြည်နဲ့ ဆက်ဆံ တယ်။ နောက် ရေနံကုမ္ပဏီတွေ၊ တကမ္ဘာလုံးက ကုမ္ပဏီတွေပေါ့ .. ၁၅ နိုင်ငံ ရှိတယ်။ တရုတ် အိန္ဒိယနဲ့ စင်ကာပူတင် ပြောနေတာ မဟုတ်ဘူး။ အဲဒီလို အစိုးရကို အထီးကျန်တယ်လို့ ပြောနေတာကတော့ ကျနော်တို့ကို ယုံတမ်းစကား ပြောနေသလိုပဲ။
မေး။ ။ ဒီတော့ နအဖက အထီးမကျန်ဘူး ဆိုပါတော့။ ကိုဇာနည် ပြောသလိုဆို ဒီလို အထီးမကျန်တဲ့ အစိုးရကို သက်ဆိုး ရှည်အောင်လုပ်နေတဲ့ထဲမှာ အရပ်သား ပညာတတ်တွေလည်း ပါတယ်။ စစ်အစိုးရကို ဝိုင်းကူနေတဲ့ နိုင်ငံတွေလည်းပါတယ်။ ခုနောက်ပိုင်းမှာ အလှူရှင်နိုင်ငံတွေတောင် ပါတယ်လို့ စွပ်စွဲမှုတွေ ရှိနေတယ်။ ဒါကို ကိုဇာနည် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အာဏာရှင်စနစ်မှာ အမြဲတမ်းဒီလိုပါပဲ။ ဘောင်းဘီဝတ်တွေကော ပညာရှင်တွေကော ပါတယ်။ ဒါခုမှမဟုတ်ဘူး။ ရုရှားမှာပဲကြည့်ကြည့် ကျနော်တို့ နိုင်ငံ .. ဦးနေဝင်းခေတ်တုန်းကလည်း ဒီလိုပဲ။ လက်ရှိဖြစ်လာမယ့် စနစ်တခုကို ဖြစ်လာဖို့ နအဖကို ကူညီနေတာ အရပ်သားတွေရှိမယ်၊ ပညာရှင်တွေ၊ စီးပွားရေးသမားတွေ ရှိမယ်၊ တခြားနိုင်ငံတွေလည်း ရှိမယ်၊ ကုလသမဂ္ဂအရာရှိတွေရှိမယ်။ ဒါပေမယ့် ဒီလူတွေက စနစ်ဆိုးကြီး ပေါ်လာပါ စေတော့ဆိုပြီး ကူတာတော့ မဟုတ်ဘူးဗျ။ ရေရှည်မှာ ကောင်းသွားမယ် ဆိုပြီးကူကြတာပဲ။ ဒါပေမယ့် ဒါ အတိတ်မေ့တဲ့ အမြင်မျိုးလို့ ကျနော်တော့ထင်တယ်။
မဆလခေတ်မှာ ၂၅ နှစ်လုံးလုံး အရပ်သားတွေ ဝိုင်းကူပြီးတိုင်းပြည် ထူထောင်ဖို့ လုပ်ကြတာပဲ။ ဒါပေမယ့် အဖြေက ရှင်းနေတာပဲ လုံးဝ မအောင်မြင်ဘူး။ နောက်ပိုင်း နအဖ တက်လာပြီး နောက်ထပ် အနှစ် ၂၀ လုံးလုံး၊ စုစုပေါင်း ၄၅ နှစ်၊ အနှစ် ၅၀ လောက် စစ်အစိုးရကို အရပ်သားတွေက ကူပေးနေတုန်းပဲ။ စွမ်းအားရှင် ဆိုတာလည်း အရပ်သားပဲ။ ကြံ့ဖွံ့လည်း အရပ်သားပဲ။ ဦးတေဇတို့လို ကုန်သည် ကြီးတွေ ကလည်း အရပ်သားတွေပဲ။ ပညာရှင်တွေလည်း အရပ်သားတွေ အများကြီး ရှိတယ်။ ဝင်ကူ ကြတာပဲ။ အနှစ် ၅၀ လောက် မအောင်မြင်ခဲ့တာဟာ နောက်ထပ် အနှစ် ၅၀ လုပ်လည်း အောင်မြင်မှာ မဟုတ်ဘူး။
မေး။ ။ ကိုဇာနည်က အရင်က ပက် (ပ်) စီ အချိုရည်ကို မြန်မာပြည်က ထွက်သွားအောင် လုပ်နိုင်ခဲ့တယ်၊ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်။ နောက်တော့ မြန်မာပြည် ပြန်ဝင်သွားတယ်။ အဲဒီမှာ စစ်အစိုးရလူ၊ လက်နက်ချသူဆိုပြီး အတိုက်အခံတွေကော၊ တခြား အပြင်က၊ အထဲက ဝိုင်းတိုက်ခိုက်ကြတယ်။ ဒီကနေ့ ခင်ဗျားက စစ်အစိုးရ ဆန့်ကျင်တဲ့ ကိစ္စကို ဆန့်ကျင် နေသေးလား။ ဆန္ဒပြ သပိတ်မှောက်တဲ့အလုပ် ဆက်လုပ်ဦးမှာလား။ ဒီနေ့ ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ။
ဖြေ။ ။ ပထမ ပြန်သွားတဲ့ကိစ္စကို ပြောချင်တယ်။ ပြန်တာက ဒူးထောက်တာ မဟုတ်ဘူး။ ဒါ လုံးဝ ပြောနိုင်တယ်။ နောက်တခုက ဆန္ဒပြ သပိတ်မှောက်တဲ့ အလုပ် ဆက်မလုပ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအလုပ်က မအောင်မြင်ဘူးဆိုတာ အားလုံးလက်ခံတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က မအောင်မြင် ဘူး ဆိုပြီး စွန့်ခဲ့တဲ့ဗျူဟာတခုကို ဆက်မလုပ်တော့ဘူး။ နောက်တခုက နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျနော် လုပ်နေတာက ကျနော့်ရည်ရွယ်ချက်က မြန်မာ့အဝန်းအဝိုင်းထဲမှာ အတွေးအခေါ်လွတ်လပ်တဲ့ ယဉ်ကျေးမှု အစဉ်အလာတခု ပြန်ပေါ်ပေါက်လာအောင် လုပ်လာနိုင်ဖို့ပဲ။ ကျနော့်ရည်ရွယ်ချက်က နိုင်ငံရေး မဟုတ်ဘူး။ တိုးတက်တဲ့ လွတ်လပ်တဲ့ ယဉ်ကျေးမှုတခု တည်ဆောက်နိုင်ဖို့ပဲ။ ကျနော်တို့ဆီမှာ အရင်က ရှိခဲ့ဖူးတယ်။ ယောမင်းကြီး ဦးဖိုးလှိုင်တို့၊ မြဝတီမင်းကြီးဦးစ၊ လက်ဝဲသုန္ဒရတို့၊ အနန္ဒသူရိယ အမတ်ကြီးတို့ ..၊ သူတို့က တကယ့်ကိုလွတ်လပ်တဲ့ အတွေးအခေါ်ရှိခဲ့တာပဲ။ အရင်က ရှိခဲ့ဖူးတဲ့ အစဉ်အလာကို ပြန်ပေါ်လာအောင် တွန်းချင်တယ်။
မေး။ ။ ခင်ဗျားကို လူတော်တော်များများက ဝိုင်းကျဉ်ခဲ့ကြတယ်၊ ဒီဘက်က အတိုက်အခံတွေ ကလည်း ကျဉ်ခဲ့ကြတယ်၊ ဒါပေမယ့် မြန်မာပြည်မှာ တခုခုဖြစ်တဲ့အချိန်မှာ ခင်ဗျားရဲ့ ထင်မြင်ချက် တွေကို ပြန်တောင်းရတာတွေရှိတယ်။ ဧရာဝတီက အစပေါ့။ အဲဒီတော့ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်အတွင်း ခင်ဗျားကိုယ် ခင်ဗျား ဘယ်လိုသုံးသပ်မိလဲ။ အထီးကျန်ခဲ့ရတာမျိုးတွေ ရှိလား။
ဖြေ။ ။ ကျနော်ထင်တာတော့ အတွေးအခေါ်လွတ်လပ်မှုက နစ်နာမှုတွေ အမြဲတမ်းရှိတယ်။ ကိုယ်ပြော နေတာကို လူတိုင်းက အမြဲတမ်း ကြိုက်မှာ မဟုတ်ဘူး။ လူကတော့ ကြိုက်တဲ့အခါ လက်ခုပ် တီးမှာပဲ၊ မကြိုက်တဲ့အခါ တံတွေးနဲ့ထွေးမယ်၊ ပြောင်းဖူးရိုးနဲ့ပစ်မယ်။ နိုင်ငံရေးအရ လုပ်နေတယ် ဆိုရင်တော့ အမြဲတမ်း လူများကြိုက်တဲ့ နေရာမှာ နေရမှာပေါ့။ သေနတ်ရှိတဲ့သူက အာဏာယူ၊ သေနတ်မရှိတဲ့သူက လူများကြိုက်အောင် နေပေါ့။ ကျနော်က နိုင်ငံရေး လုပ်မှာလည်း မဟုတ်ဘူး၊ အာဏာယူမှာလည်း မဟုတ်ဘူး။ ကျနော်က အတွေးအခေါ် လွတ်လပ်မှုကို နံပါတ် ၁ နေရာက ထားပြီး လုပ်နေတာ။ ကျနော့် တယောက်တည်း အတ္တနဲ့ လုပ်နေတာလဲ မဟုတ်ဘူး။ ယဉ်ကျေးမှု အစဉ်အလာအရ ဒီမိုကရေစီ လမ်းကြောင်းမှာ အတွေးအခေါ် လွတ်လပ်မှုမပါဘဲ သွားလို့မရဘူး။
ဒေါ်အောင်ဆန်းစုကြည် လုပ်သမျှ မှန်တယ်လုပ်လို့မရသလို၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လုပ်သမျှ မှန်တယ် ဆိုပြီး အမိန့်မှန်သမျှ နာခံနေရင်လည်း ငါးပါးမှောက်မှာပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် တက်လာရင် လည်း ဝေဖန်မှာပဲ။ ဝေဖန်တယ်ဆိုတာ ပုဂ္ဂိုလ်ကို စော်ကားတာမဟုတ်ဘူး။ အဲဒီသဘောထားလေး ပေါ်လာ ခဲ့ရင် ကျနော်တို့ ယဉ်ကျေးမှု တိုးတက်တယ်လို့ ပြောလို့ရမယ်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံကြ ဆိုတဲ့ စကားကို ခင်ဗျား မကြာခဏ ပြောဖူးတယ်နော်။ ခင်ဗျားအဲဒီအယူအဆကို အခုကော လက်ခံလား။
ဖြေ။ ။ ဟုတ်တယ်။ လက်ခံတယ်။ လူတွေ နားမလည်တာက ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တယ်ဆိုတာက စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်လို့ သူ့အယူအဆ မှားသွားတယ် ဆိုတာမျိုး ပြောတာ။ သူ့အယူအဆကို လက်မခံကြနဲ့လို့ ပြောတာမဟုတ်ဘူး။ ဒါကို ခွဲခြားသိဖို့ လိုတယ်။ နောက်တခုက ဗိုလ်ချုပ် ကြီးတွေနဲ့ စကားပြောတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နဲ့ ပတ်သက်လာရင် သဘောထား မှန်တယ်၊ သူ့ကို လက်တွဲခေါ်ပါ ဆိုတာကို အမြဲ ပြောခဲ့တယ်။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် စော်ကားတာမဟုတ်ဘူး။ ဝေဖန်တာက သူ့ရဲ့ အယူအဆကို လေးလေးနက်နက် ထားပြီးတော့ သဘောမတူတာကို ပြောတာ။ တကယ်တမ်းပြောရရင် နိုင်ငံရေးလုပ်တဲ့သူတွေက ဝေဖန်တဲ့သူတွေကို တန်ဖိုးထားသင့်တယ်။ အထူးသဖြင့် စေတနာနဲ့ ဝေဖန်ရင် ပိုတန်ဖိုးထားသင့်တယ်။
မေး။ ။ နောက်ဆုံး မေးခွန်းအနေနဲ့ တပ်မတော်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သူ့ရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်ပါသလဲ။ တချို့က ခေါင်ကိုဖြိုရမယ်လို့ မြင်ကြတယ်၊ အတိုက်အခံတွေ ဆိုရင်လည်း အကြမ်း မဖက်တဲ့နည်းနဲ့ စစ်အစိုးရကို စိမ်ခေါ်ဖို့ကြိုးစားကြတယ် အဲဒီနှစ်ခုကို ဘယ်လို မြင်လဲ။
ဖြေ။ ။ နိုင်ငံထူထောင်ဖို့ လုပ်တာက အကြမ်းဖက်ရမယ်၊ အကြမ်းမဖက်ရဘူးဆိုတာကတော့ ကိုယ် ရောက်နေတဲ့နေရာနဲ့ပဲ ဆိုင်တယ်။ ကျနော့်အနေနဲ့တော့ အကြမ်းဖက်ပါ၊ အကြမ်မဖက်နဲ့ ဆိုတာ ပြောခွင့် မရှိဘူး။ တကမ္ဘာလုံးမှာဗျာ နိုင်ငံတခုထူထောင်ဖို့လုပ်တာ နည်းမျိုးစုံနဲ့ လုပ်ကြတာပဲ။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ကြတာကို ကျနော် ပြောစရာမရှိဘူး။ ကျနော်ကိုယ်တိုင်ကတော့ လုပ်ချင်မှ လုပ်မှာပေါ့။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိစ္စကတော့ တပ်မတော်သားတွေနဲ့ပဲ ဆိုင်တယ်။ သူတို့ ဘယ်သူ့လက်အောက်မှာ နေချင်တာလဲ။ ဘယ်လို ခေါင်းဆောင်မျိုးကို သူတို့ လိုချင်တာလဲ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို အရမ်းဆိုးရွားတဲ့ ခေါင်းဆောင် ကို လက်ခံမှာလား၊ တိုင်းပြည်ပေါ်မှာ စေတနာရှိတဲ့သူကို လက်ခံမလားဆိုတာ သူတို့ အပေါ်မှာ မူတည်တယ်။ ကျနော့်အမြင်အနေနဲ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုင်းပြည်အတွက် ဘယ်လိုမှ တန်ဖိုးမရှိဘူးလို့ မြင်တယ်။
Comments (37)

written by ကျောက်တိုင်, October 02, 2009
ကိုဇာနည်ရေ ခင်ဗျားနာမည် အပျက်ခံပြီး လုပ်ခဲ့တာတွေ သဲထဲ ရေသွန် ဖြစ်သွားတာ စိတ်မကောင်းပါဘူး။ ဗိုလ်ခင်ညွှန့် ထွက်လာမှပဲ နောက်တစ်ခေါက် ထပ်သွားပြီး ဆွေးနွေးပေါ့ဗျာ။ ပြန်လှည့်လာတာ မှန်ပါတယ်။ လျင်ပေလို့ပဲ။ မဟုတ်ရင် ခင်ဗျားကိုလည်း ဖောက်ခွဲရေး(လေအိုး) သမား ပုဒ်မတပ်ပြီး ပူတာအို နန်းတော် ပို့ထားမှာ သေချာတယ်
written by BW, September 30, 2009
"ဘာလို့လဲ ဆိုတော့ စစ်သားတွေကို အလွှာ တလွှာမှာ ထားလိုက်ပြီးတော့ ကျန်တဲ့ တိုင်းရင်းသားနဲ့ သာမန် ပြည်သူတွေကျတော့ ဒုတိယ တန်းစား အဆင့်မှာ ထားထားတယ်။ အဲဒါက ဘယ်လိုမှ လက်ခံလို့ မရဘူး။"
ဒေါက်တာ ဇာနည်ပြောတဲ့ အဲဒီ အချက်ကို လက္ခံတယ် အခုလက်ရှိ မြန်မာပြည်မှာ စစ်အာစာရှင်တွေကို လက်အုပ်ချီ
ပြီးပြည်သူတွေက ကိုးကွယ်နေရတယ် နောက်ဆိုရင် အိမ်တွေမှာ သူတို့ ပုံတွေချိတ်ပြီး ရှိခိုးရမဲ့ အခြေအနေရောက်
တော့မယ်

written by 108, September 29, 2009
လမ်းမှန်ပြဖို့  ပြောပြဒါ တစ်ခုတည်းနဲ့  မလုံလောက်ဘူး
မှားတယ် မှန်တယ်ဆိုတာက အချိန် အတိုင်းအတာ တစ်ခုကို ကြည့်ပြီးတော့ ပြောကြတာပဲ။ အထူးသဖြင့် မျှော်လင့်ထားတဲ့ ရလဒ် ထွက်မလာလို့ ပဲ။
နအဖက လူ တွေကို တခြား ရွေးချယ်ခွင့်တွေ မရှိအောင် လုပ်ထားတဲ့ အတွက် လူ့ လက်အောက် လူတွေ သူပြောတဲ့ သူချတဲ့ အမိန့် တွေကိုပဲ နာခံရတယ်။ အဲဒီလူတွေထဲမှာ ဝေဖန်တဲ့ သူတွေလည်း ပါဝင်ကောင်း ပါဝင်နိုင်တယ်။
လွတ်လပ် တွေးခေါ်မှုကိုတော့ သဘောကျပါတယ်... ဒါပေမဲ့ လူတွေကို ညီးငွေ့ သွားတဲ့ အထိ ဒီလွတ်လပ်တွေးခေါ်မှုက မလုပ်သင့်ဘူး။ မျှော်လင့်ချက် တစ်ခု ပေးရမယ်။

written by Hkun Nawng, September 28, 2009
I totally agree with Dr.Zar Ni. He has inspired me. cheers.......
written by tite swan, September 28, 2009
ko zar ni
i want to know who's number 1 in burma? daw su,than shwe,army or people?i think u dont know for that.

i want to know who's number 1 in burma? daw su,than shwe,army or people?i think u dont know for that.
written by Saw, September 28, 2009
To Ko Zarni!!
Your tone in interview seen like your are a liberal. My perception is liberal people can do only judgments but cannot work . How can you get the agreement among different people without increase their tolerance ( ie. Make more liberal!! ) And give concession. 30 comments on your interview seen like 28 person think their views are right and other side are wrong!! How much we can expect from general, almost none. Authorities make less concession because they hold more cards.
If so Where is our starting point?
Hey , First of all We should set the common goal among all of us .
Who we are? And What we want? At least
Who we are? Including Rhohinger ? Open for discussion!!
We want Democracy !! Which form ? open for discussion!!
For what, Discuss later!!

written by ck, September 27, 2009
He still have the power behind the curtain. He still pull the strings. He is all time T-S loyalist. He has been just protected from potential danger of his fellow MIs and opium lords.
written by Aung Mrin Soe, September 27, 2009
ကိုဇာနည်ရေ။
ကျနော်ကတော့ သူများတွေနင့် အမြင်တထပ်တည်း သိပ်ကျခဲတဲ့လူပါ။ ကိုဇာနည် ၀န်ကြီးချုပ်ဟောင်းခင်ညွန့် နှင့်
ရင်းနှီးနေတုန်းက အတိုက်အခံ အင်အားစုတွေကို ပျစ်ပျစ်နှစ်နှစ် ပုတ်ခတ်တယ်။(အပြုသဘောဆောင် ဝေဖန်တာမဟုတ်ဘူး။) ခင်ညွန့် လဲ ပြုတ်သွားရော လေသံက ပြောင်းလာပြန်ပြီ။ ဗိုလ်ချုပ်မှုကြီးတို့ ကို ဝေဖန်လာပြန်ပြီ။ ပြောရရင် အခုအမေ၇ိကန်က သံအရာရှိဟောင်း ဦးအောင်လင်းထွတ်လိုပဲ ခင်ညွန့် တို့ ပြုတ်လို့  ကိုယ့်စားပေါက်တွေ ပိတ်ကုန်တော့ လေသံပြောင်းလာကြတဲ့ လူတွေပါ။ ဒီမိုကရေစီနင့်လူ့ အခွင့်အရေး
ကို တကယ်ယုံကြည်လို့  ၊ပြည်သူတွေကိုစေတနာရှိလို့ ဘက်ပြောင်းလာတယ်လို့ ယုံကြည်ဖို့ ကြတော့ ကျနော့အမြင်ကတော့ နည်းနည်းစောနေသေးတယ်။ စိတ်တော့မရှိပါနင့်ဗျာ။ ကျနော်က ပွင့်ပွင့်လင်းလင်း ပြောတတ်လို့ ပါ။

written by နဘယံ, September 27, 2009
ဒီဆောင်းပါးဖတ်ပြီးတော့ ဒေါက်တာဇာနည်တယောက်တော့ နိုင်ငံတော်ဆိုသူများရဲ့ စေတနာနဲ့ ဘိုချုပ်ကြီးများရဲ့ သဘောထားအမှန်ကို နားလည် သဘောပေါက်လို့ အလင်းဝင်လာတယ် လို့ပဲပြောရလိမ့်မယ်နဲ့တူတယ်။
written by Myint Myint San, September 27, 2009
good on him... he tried... made waves... I now see he has guts in daring to put forward his thoughts into action and not afraid to turn back when he needs to...
Myint Myint San
Melbourne
Myint Myint San
Melbourne
written by ဗိုလ်သခင်ဆရာ, September 26, 2009
(...ကျနော်က နိုင်ငံရေး လုပ်မှာလည်း မဟုတ်ဘူး၊ အာဏာယူမှာလည်း မဟုတ်ဘူး။ ကျနော်က အတွေးအခေါ် လွတ်လပ်မှုကို နံပါတ် ၁ နေရာက ထားပြီး လုပ်နေတာ။ ကျနော့် တယောက်တည်း အတ္တနဲ့ လုပ်နေတာလဲ မဟုတ်ဘူး။ ယဉ်ကျေးမှု အစဉ်အလာအရ ဒီမိုကရေစီ လမ်းကြောင်းမှာ အတွေးအခေါ် လွတ်လပ်မှုမပါဘဲ သွားလို့မရဘူး။)
ကြိုက်တယ်ဗျာ..။ အာဏာယူမှာလည်း မဟုတ်ဘူး ဆိုတာ သိပ်ကြိုက်တယ်။ ဒါမျိုးစကားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောရမဲ့ အချိန်ရောက်ပြီလို့ ထင်တယ်။ ဒေါ်စုဟာ အမျိုးသားခေါင်းဆောင် နေရာမှာပဲ နေရစ်ခဲ့သင့်တယ်။ အဲဒါဆို ဒီချုပ် ၂၀၁၀ မှာလည်း အပြတ်အသတ် နိုင်ဦးမယ်။

written by N, September 26, 2009
တချို့  အချက်တွေကို လက်ခံပါတယ်.. ကိုယ်ဆနွ လုပ်ဆောင်ချက် တွေကို ရဲရဲဖော်ထုတ် ပြောလိုက်တာ ကိုလည်း ဂုဏ်ယူပါတယ်...
တခုပါဘဲ.....
"ဆန္ဒပြ သပိတ် မှောက်တဲ့ အလုပ် ဆက် မလုပ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအလုပ်က မအောင်မြင်ဘူး ဆိုတာ အားလုံး လက်ခံတယ်။"
ဆိုတဲ့အချက်ကို တော့ ကျမတို့ အနေနဲ့ လက်မခံပါဘူး..
လေးစားလျက်
I think you are wrong. They've been doing this demonstration in local and overseas for like 20 yrs? Have you seen any changed from Junta ? The only thing change is the political prisoners end up in jail. Obviously this system does not work with junta. Overall nothing can change them.
From what i'm understanding about what he meant was " demonstration is not working or leading to democracy for this idiot JUNTA". it may be work in western but i'm totally sure " this aint work in myanmar."

written by သံလွင်တိုက်ကား, September 26, 2009
ဒေါက်တာဇာနည် ပြောဆိုချက်တွေဟာ တကယ်ဖြစ်သင့်တဲ့ ဗမာပြည် နိုင်ငံရေးဖြစ်တည်မှုတွေပါ။ ဗမာပြည်က တကယ့် ပညာတတ်တွေကို မုန်းတဲ့အထဲမှာ နအဖတင်မကပါဘူး၊ NCGUB, NCUB, DAB, NDF, NLD တွေလည်း တနည်းအားဖြင့် မုန်းကြတဲ့သူတွေပါပဲ။
ပညာမတတ်တော့ အာဏာရှိမှထမင်းစားရမယ် ဆိုတာပဲသိတယ်။ နအဖ အာဏာက သေနတ်ပြောင်းဝမှာ ရှိသလို၊ နိုင်ငံရေးပါတီ၊ ခေါင်းဆောင်တွေအများစုရဲ့ အာဏာဟာလည်း အပြောင်းအလဲကို တားမြစ်နိုင်ခြင်းမှာ ရှိပါတယ်။
အားလုံးသိတဲ့အတိုင်း NCGUB ဝန်ကြီးချုပ်၊ NCUB မှာ KNU လွှမ်းမိုးမှု၊ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုတိုင်းမှာ NLD နဲ့ AB တဖြစ်လဲ Forum တွေက အားလုံးကို ကြိုးကိုင်နေကြတာဖြစ်တယ်။
မောင်ဇာနည်လို ခေတ်ပညာတတ် တယောက် ဘယ်သူ့မျက်နှာကို ထောက်စရာ မလို၊ ကိုယ့်ထမင်းအိုးကို တက္ကသိုလ်မှာ ပါမောက္ခ အဖြစ်နဲ့ တည်လို့ရတယ်။ Oxford မှာ သုသေသီအဖြစ်နဲ့ တည်လို့ရတယ်။ ဘယ်နေရာရောက်ရောက် ထမင်းမငတ် နိုင်တော့ အမှန်ကို အမှန်အတိုင်း ပြောရဲတယ်။
မထင်းအိုးမကွဲရေး၊ ရတောင့်ရခဲ ထိုင်ခုံမြဲရေး အတွက် ဟိုလူ့ဖါး သည်လူ့ကပ်၊ အရည်အချင်းမပြည့်တဲ့ လူတွေ များနေသရွေ့တော့ ဗမာပြည်အနာဂတ်ဟာ ဒီအတိုင်းပဲ ဆက်သွားနေမှာပါ။
မောင်ဇာနည်လိုလူမျိုးများစွာ ပေါ်ထွန်းပါစေ
သံလွင်တိုက်ကား

written by zar ni, September 26, 2009
I appreciate very much the comments kindly left by the readers.
Here I wish to do two things: 1) clarify my remark 'i am not resuming activism that focuses on protests' and 2). point out that freedom of thought/thinking is fully in accordance with our Buddhist philosophical foundation. First, I value political activism, of which intellectual activism, is an integral part. Dissidents and activism are crucial for social change, especially dissidents inside our country of Burma. What I meant was boycott of companies and protests in front of Myanmar Embassies. Please accept my apologies here for NOT making this distinction clear in my interview with Ko Aung Zaw. Revolutions and evolution are NOT mutually exclusive categories. They should not be juxtaposed as 'either-or-or' option. At a deeper level, revolutions and evolution compliment each other.
Second and finally, Buddhism has been misused to teach people into both accepting passively one's own plight (that is, 'bad Karma') and following unquestioningly every doctrinaire Buddhist teaching. One of the most important Sutta (thutt taw) is the talk Gotama Buddha is said to have given at the village of Kalarma in present day India wherein the audience was urged, simply, not to accept any truth claims, unless one has examined it oneself empirically and found them to be true and evidence-based. Our Buddhist monks can be EITHER progressive, forward-looking and pro-intellectual freedom or regressive, tradition-bound and against-free-thinking, however. Regardless, it is the lay public's responsibility, both individual and communal, to ensure that we use our reasoning faculty to examine everything we hear, read, or see - not just follow monks' or Buddhist teachings, military orders, opposition's slogans or cultural traditions.

written by စပါယ်, September 26, 2009
တချို့  အချက်တွေကို လက်ခံပါတယ်.. ကိုယ်ဆနွ လုပ်ဆောင်ချက် တွေကို ရဲရဲဖော်ထုတ် ပြောလိုက်တာ ကိုလည်း ဂုဏ်ယူပါတယ်...
တခုပါဘဲ.....
"ဆန္ဒပြ သပိတ် မှောက်တဲ့ အလုပ် ဆက် မလုပ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအလုပ်က မအောင်မြင်ဘူး ဆိုတာ အားလုံး လက်ခံတယ်။"
ဆိုတဲ့အချက်ကို တော့ ကျမတို့ အနေနဲ့ လက်မခံပါဘူး..
လေးစားလျက်
တခုပါဘဲ.....
"ဆန္ဒပြ သပိတ် မှောက်တဲ့ အလုပ် ဆက် မလုပ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအလုပ်က မအောင်မြင်ဘူး ဆိုတာ အားလုံး လက်ခံတယ်။"
ဆိုတဲ့အချက်ကို တော့ ကျမတို့ အနေနဲ့ လက်မခံပါဘူး..
လေးစားလျက်
written by lawpita, September 26, 2009
အမေရိကန်က ဗိုလ်ချုပ် ခင်ညွန့် ထူးခြားသော under table သံတမန်ရေးကို လုံခြုံရေး ကောင်စီမှ သွေးတိုး ဆန်းခဲ့သည်။ ထို နှောက်ယှက်မှူ များကြောင့် ကျန် ဗိုလ်ချုပ်များက ဖွတ်မရ ဓါးလည်း ဆုံး အခြေနေသို့ရောက်မည် ကို အစိုးရိမ် လွန်ကာ ဗိုလ်ချုပ် ခင်ညွန့်နှင့် သဘောထား ကွဲလွဲခဲ့သည်။ ကျန် ဗိုလ်ချုပ်များက Nuclear လက်နက်လည်း လက်တွင်း မရောက်၊ Second plan ခံစစ်လည်း မဆောက်ရဘဲ အာဏာရှင် အစိုးရ ချုပ်ငြိမ်းသွားမည်ကို စိုးရိမ်သည်။ ထို့အပြင် ဒုတ် ထောင်ပြသော ရန်သူအား ချော့ပေါင်းမည် ဆိုသော ဗိုလ်ချုပ်ခင်ညွန့်၏ အကြံအား သံတယ စိတ်ကလည်း အပြည့်ရှိသည်။ ကျန် ဗိုလ်ချုပ် များသည် ဗိုလ်ချုပ်ခင်ညွန့်၏ နေပြည်တော် ပြောင်းရေး ကန့်ကွက်မှူအား လက်မခံနိုင်ဘဲ အာဏာသိမ်း၍ ထိမ်းသိမ်း လိုက်သည်။ ကျန် ဗိုလ်ချုပ်များသည် နေပြည်တော် ခံစစ်သို့ အလျှင်ဆလို ပြောင်းခြင်းကြောင့် အနောက် ဒီမိုကရေစီ အင်အားစုအား စစ်အစိုးရ၏ အဆုံးစွန်းသော ဆန္ဒကို အဖြူအမဲ ခွဲပြလိုက် သကဲ့သို့ဖြစ်ခဲ့ရသည်။ ထိုပြင် Nuclear လက်နက်အား ရရှိရန် မြောက်ကိုရီးနှင့် ပေါ်ထင် သံတမန် ဆက်ဆံရေးများ ဆောင်ရွက်သဖြင့် Nuclear လက်နက် လက်ဝယ် ရရှိရေး ခက်ခဲနေသည်။
မြန်မာနိုင်ငံ စီးရေး ကျပ်တည်းမှူသည် စီးပွာရေး ပိတ်ဆို့မှူနှင့် တိုက်ရို က်မပတ်ဟု ယူဆမိသည်။အဓိကချက်မှာ စစ်အစိုးရသည် စီးပွားရေးပိတ်ဆို့်မှူအား စီးပွားရေးအရ ရှေးတန်းတင် ဖြေရှင်းခြင်းမပြုပဲ စစ်ရေး၏ ရှေးပြေး နတ်မိတ် ဟု ယူဆဖြေရှင်း ခြင်းကြော င့်ဖြစ်သည်။
မြန်မာနိုင်ငံ စီးရေး ကျပ်တည်းမှူသည် စီးပွာရေး ပိတ်ဆို့မှူနှင့် တိုက်ရို က်မပတ်ဟု ယူဆမိသည်။အဓိကချက်မှာ စစ်အစိုးရသည် စီးပွားရေးပိတ်ဆို့်မှူအား စီးပွားရေးအရ ရှေးတန်းတင် ဖြေရှင်းခြင်းမပြုပဲ စစ်ရေး၏ ရှေးပြေး နတ်မိတ် ဟု ယူဆဖြေရှင်း ခြင်းကြော င့်ဖြစ်သည်။
written by lawpita, September 26, 2009
ကျွန်တော်ကတော့ ဗိုလ်ချုပ် ခင်ညွန့် ပြုတ် သွားတာ စစ်အစိုးရ ရဲ့ နိုင်ငံရေး ကစားကွက် ရမ်းသွားတယ် လို့ မြင်တယ်။ အဆိုးဘက်က တွေးရင် သူဟာ ဗိုလ်ချုပ်နေဝင်း လက်သက် မွေးခဲ့တဲ့ လက်မရွန့် နိုင်ငံရေး ကစား သမားပဲ။ ဗိုလ်ချုပ် ခင်ညွန့်က လူထုလည်း မဆူပဲ စစ်အစိုးရရဲ့ လိုရာခရီး ရောက်အောင် သွားနိုင်တဲ့ လူလည်း ဖြစ်တယ်။ စစ်အစိုးရရဲ့ လုပ်ငန်းများရဲ့လိုအပ်တဲ့ငွေကို အကျိုးဆောင် နှင့်ဘဏ် ကို ခုတုံးလုပ်ပြီး လူထူရဲ့ ခြွေးနည်းစာ ပိုက်ဆံတွေကို သိမ်းသွားတဲ့ အကွက်မျိုး ဗိုလ်ချုပ် ခင်ညွန့် ကောင်းကောင်း ကစားတတ်တယ်။ ဒီလို လုပ်တာ ငွေစက္ကူ ရိုက်ထုတ်ခြင်းနဲ့ လောင်စာဆြီ ဖတ်ခြင်းထက် တိုင်းပြည်ကို ငြိမ်းအောင် ထိမ်းနိုင်တယ်။ ပြည်ပက ချည်နှောင်တဲ့ ကြိုးတွေကို ASEAN နဲ့ တိုင်းရင်းသား လက်နက်ကိုင် များကို စည်းရုံပြီး အကွက် မြင်စွာ ဖြေနိုင်တဲ့ စစ် အစိုးရရဲ့ ကစားသမား ဖြစ်တယ်။ ဗိုလ်ချုပ် ခင်ညွန့် ပြုတ်သွားတဲ့ အဓိက အကြောင်းရင်းက သူရဲ့ နောက်ဆုံး ကစားကွက်ကို ကျန် ဗိုလ်ချုပ်များ လိုက်မမီပဲ သဘောထား ကွဲ သံတယ ဝင်ပြီး အဆော်ခံရတယ် လို့ ကျွန်တော် ထင်တယ်။ စစ်ဗိုလ်ချုပ်များ ရဲ့ အဖြစ်ခြင်ဆုံး ဆန္ဒက nuclear လက်နက် လက်တွင်း ရောက်ရှိပြီး အနှောက်ယှက် ကင်းကင်းနဲ့ တိုင်းပြည်ကို ခြယ်လည်ရေး ဖြစ်တယ်။ ဒီ nuclear လက်နက် လက်တွင်း ရောက်ဖို့ အတိုက်ခံ နိုင်ငံများ သတိထား စောင့်ကြည့်မှူ အောက်မှာ ရယူရန် မလွယ်ကြောင်း ဗိုလ်ချုပ်ခင်ညွန့် ကောင်းကောင်း နားလည်သူ ဖြစ်တယ်။ ထို့ကြောင့် ဗိုလ်ချုပ် ခင်ညွန့် သည် အမေရိကန်အား အာရုံလွဲ လှည့်စားရန် လုပ်ငန်း တစ်ခုကို ကျန်ဗိုလ်ချုပ်များ ကို ရှင်းပြကာ ဦးဆောင် အကောင်ထည် ဖော်ခဲ့သည်။ ထိုလုပ်ငန်းတွင် အသုံချမည့် အရာများမှာ ဒေါ်စု၊ ဒီမိုကရေစီ အရောင်ပြ လမ်းစဉ်နှင့် under table သံတမန်ရေး သာ ဖြစ်တယ်။
written by ကိုတုတ်, September 25, 2009
ဖက်စစ် စနစ်ကို ထူထောင် နေတဲ. စစ်အာဏာရှင်တွေ ရှိနေသရ်ျ မြန်မာပြည်ကတော. မွဲသထက် မွဲနေမှာဘဲ ။ ။
written by kthet, September 25, 2009
မြန်မာပြည်တွင်းမှာ "တိုးတက်တဲ့ လွတ်လပ်တဲ့ ယဉ်ကျေးမှုတစ်ခု တည်ဆောက်နိုင်ဖို့" အခုအချိန်မှာ တော်တော် ခက်နေပြီ။ ကျနော် သာမန် နိုင်ငံသား တစ်ယောက်ပါ။ ကိုယ်နဲ့ နီးစပ်ရာ တချို့ ကို (ခေတ်ပညာတတ်ေ တွတောင် ပါတယ်) MAI မစီးဖို့ ၊ စက်မှု (၁) ထုတ်ကုန်တွေ ၀ယ်မသုံးဖို့ နား ချခဲ့ဖူးတယ်။ ဘယ်သူမှ မလုပ်ချင်ကြဘူး။ အဲဒါထက်ဆိုးတာက ပိုက်ဆံ ၂ထောင် ၃ထောင်လောက် ပေးလိုက်ရင် စွမ်းအားရှင် လုပ်ဖို့ ၀န်မလေးတဲ့ လူတွေတောင် ပေါ်လာပြီပဲ။ လူ တော်တော် များများကို Off the record မေးကြည့်ရင် စစ်အစိုးရကို မကြိုက်ဘူးလို့ ပြောကြတာပဲ။ စားဝတ်နေရေးကြောင့်ပဲ ဖြစ်ဖြစ်၊ ကြောက်လို့ပဲဖြစ်ဖြစ် သေချာတာက လူတွေရဲ့ စိတ်ဓာတ်တွေက လုံးဝ ယိုယွင်းနေပြီဆိုတာပါပဲ။ လွတ်လပ်တဲ့၊ အမြင်ကျယ်တဲ့ လူတန်းစားက မရှိဘူးမဟုတ်ဘူး၊ ရှိပါတယ်။ ဘယ်မှာ ရှိတာလဲ ဆိုရင် မြန်မာပြည်ပြင်ပ၊ နိုင်ငံရပ်ခြားမှာ အများစု ရှိနေကြတာပါ။ လူတစ်ယောက် အမြင် ကျယ်လာပြီ ဆိုရင်၊ လွတ်လွတ် လပ်လပ် တွေးခေါ် တတ်လာပြီ ဆိုတာနဲ့ ပြည်တွင်းမှာ မနေနိုင်တော့ပါဘူး။ ဒါကို အားလုံး သဘော ပေါက်ပါတယ်။
ဆိုလိုတာက အဲဒီလို ဒီမိုကရေစီ အတွေးခေါ် ရှိတဲ့ လူတန်းစား တစ်ရပ် အသေအချာ ရှိနေပါတယ်။ ပြည်ပ ရောက်နေကြ တာကသာ ခက်တာပါ။ ဒါတောင်မှ မြန်မာတွေရဲ့ ကြောက်တတ်တဲ့ စိတ်၊ တလွဲ တွေးတတ်တဲ့ ဗီဇက မပျောက်တတ်သေးပါဘူး။ စင်ကာပူနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပွဲကို Speaker Corner မှာ တရားဝင် ကျင်းပတဲ့အခါ လူ သုံးလေးရာ လောက်ပဲ လာကြတယ်။ မြန်မာသံရုံးက ဓာတ် ပုံလာရိုက်မှာ ကြောက်ကြလို့ မလာကြတာ ဖြစ်နိုင်ပါတယ်။

written by Mg Ko Yu, September 24, 2009
You're right this time. You hit every point clearly and breavely. Keep it up. Don't make a wrong turn.
Be aware of the fascist Than Shwe, he may lure you again. Don't be fallen in his trap. As long as you stand for the democratic society, you will gain support and appreciation. CHEERS!!!
Be aware of the fascist Than Shwe, he may lure you again. Don't be fallen in his trap. As long as you stand for the democratic society, you will gain support and appreciation. CHEERS!!!
written by Mr.Right, September 24, 2009
Carry on what you believe,
I like the most in this article is .....နိုင်ငံရေးအရ လုပ်နေတယ် ဆိုရင်တော့ အမြဲတမ်း လူများကြိုက်တဲ့ နေရာမှာ နေရမှာပေါ့။ သေနတ် ရှိတဲ့သူက အာဏာယူ၊
သေနတ် မရှိတဲ့သူက လူများကြိုက်အောင် နေပေါ့။
ကျနော်က အတွေးအခေါ် လွတ်လပ်မှုကို နံပါတ် ၁ နေရာက ထားပြီး လုပ်နေတာ။

written by Thet, September 24, 2009
I agree Ko Zarni's idea on nuturing free thinking/ brainstorming habits among our burmese society. Our people including army people need to think freely, instead of following any kinds of orders from stupid selfish generals.
written by ကျော်, September 24, 2009
ဗိုလ်သန်းရွှေ ကို ဘေးဖယ်လိုက်လဲ ပြောင်းလဲ သွားမယ်လို့  မထင်ပါဘူးဗျာ ...
ကြားဖူးတာ လေး တစ်ခု ရှိပါတယ်.....သ၇ဲ ကြီး သေဆုံးသွားပေမဲ့ လည်း သ၇ဲ ကြီး လက်သပ်မွေးထားတဲ့  သ၇ဲ လေး တွေ ကျန်နေပါသေးတယ် .....
အထူးသဖြင့် ကျွန်တော် တို့ အများအားဖြင့် စဉ်းစားကြ၇င် ဗိုလ်သန်းရွှေကို ဘဲ အဓိက ထားပြီး စဉ်းစားနေ တာ မှားယွင်းတယ် လို့ မဆို နိုင်ပေမဲ့  မှန်ကန်မှုလည်း မရှိသေးပါဘူး...
ဆိုလို တာ က ဗိုလ်မောင်အေး ၇ဲ့ သရုပ်မှန်ကို လည်း သိနိုင်အောင် ကြိုးစားဖို့ လိုအပ်ပါသေးတယ်

written by pl, September 24, 2009
ဒေါက်တာဇာနည် ဆွေးနွေးသွား တာတွေကို သဘောကျပါတယ်။ ဒေါက်တာဇာနည် ပြောသွားတာတွေကို အကုန်လုံး လက်ခံနိုင်တယ် လက်ခံမနိုင်ဘူး ဆိုတာကိုတော့ ဘာမျှ မပြောလိုပါဘူး။ တစ်ဦးတစ်ေ ယာက်ရဲ့ ခံယူချက် အတွေးခေါ်တွေ မတူနိုင်တာမို့ပါ။ ဒါပေမယ့်လည်း အသုံးခံလို က်လို့ ကောင်းသွား မယ်ဆိုရင် ကျနော်လည်း အသုံးခံရဲတယ် ဆိုတဲ့ အချက်ကို အတော်လေး သဘောကျပါတယ်။ ကျွန်မရဲ့ သဘောထားလည်း တစ်ထပ်တ ည်းကျပါတယ်။ ဒါပေမယ့်လည်း အခုအခြေ အနေကတော့ အသုံးခံလိုက်ရပေမဲ့ ပိုဆိုးသွား ဖို့များပါတယ်။
လုံးဝ သဘောမကျ၊ လက်မခံနိုင်တဲ့ အချက်ကတော့ "ဆန္ဒပြ သပိတ်မှောက်တဲ့ အလုပ် ဆက်မလုပ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအလုပ်က မအောင်မြင်ဘူးဆိုတာ အားလုံးလက်ခံတယ်။" ဆိုတာပါပဲ။
ကျွန်မအမြင်ကတော့ ဆန္ဒပြတာ အသာထား တကယ်ဆိုရင် နိုင်ငံသားအားလုံး ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ကိုယ်တတ်နိုင်တဲ့ဘက်က သပိတ်မှောက်တဲ့ အလုပ်ကို လုပ်ကျရင် တိုင်ပြည်ပြုပြင်ပြောင်းလဲရေးအတွက် အတော်လေးကို ခရီးရောက် အောင်မြင်နိုင်မယ်လို့ ထင်ပါတယ်။ ကြီးကျယ်တဲ့ သပိတ်မှောက်လုပ်ငန်းတွေ လုပ်ရမယ်လို့ မဆိုလိုပါဘူး။ အစိုးရ၀န်ထမ်းတွေ သပိတ်မှောက်တဲ့ အနေနဲ့ ရုံးမတက်ကျနဲ့ လို့လည်း မဆိုလိုပါဘူး၊ အာဏာပိုင်တွေကို တရားဝင်ဆန့်ကျင်ရမယ်လို့လည်း မဆိုလိုပါဘူး။ အနည်းဆုံး အာဏာပိုင်တွေ ပိုင်ဆိုင်တဲ့ ဒါမှမဟုတ် အာဏာပိုင်တွေနဲ့အကြီးအကျယ်ပတ်သတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ စားသောက်ဆိုင်၊ ကုန်မျိုးစုံဆိုင်တွေ၊ ဒီလုပ်ငန်းရှင်တွေဆီက တိုက်တာတွေ မ၀ယ်ကြပဲ၊ ကုန်တိုက်ကြီးတွေ၊ ဈေးပွဲတော်တွေကို မသွားကြရင်၊ အာဏာပိုင်တွေနဲ့ ပတ်သတ်တဲ့ အနုပညာရှင်တွေကို အားမပေးရင်၊ အာဏာပိုင်တွေကထုတ်လွှင့်တဲ့ တီဗွီအစီအစဉ်တွေကို မကြည့်ကြရင်ပဲ အတော်လေးကို ထိရောက်လာမှာပါဘဲ။ ဒီလိုဖြစ်လာအောင်လည်း အသိပညာပေးဖို့ အတော်လေးကို လိုအပ်နေပါတယ်။
ဒါပေမယ့်လည်း ခက်တာက ကျွန်မတို့ တစ်နိုင်ငံလုံး လူတွေတော်တော်များများက ကိုယ်ကိုယ်တိုင်ကျတော့ ပါဝင်ဆောင်ရွက်မှုမရှိပဲ အကြောင်း အမျိုးမျိုးပြရှောင်လွှဲနေတတ်ကြပြီး သူများတွေ လုပ်တာကိုပဲမျှော်နေကြတော့ ဒီအာဏာရှင်စနစ်ကြီးက မလွှတ်မြောက်နိုင်ကြတာ သိပ်တော့လည်းမဆန်းလှပါဘူး။ မြတ်စွာဘုရားဟောထားသလို့ပါပဲ မိမိရဲ့လွှတ်မြောက်မှုဟာ မိမိအပေါ်မှာပဲမူတည်နေပါတယ်။

written by thit sar, September 24, 2009
I support Dr Zar Ni, who dares to speak his opinion straightly. Shame on donor NCGUB, holding old policy and no further plan, do nothing, waiting for SPDC' sign then make statements and getting more donor. Is that all you can do for our country? Nothing happen in 20 years, just print out a statement paper, but our students, peoples; monks are torture, lose their life and end in jails.
We do need more moderate and educated peoples like him.
We understand that people can make mistake, but only the fewest can admit and corrected it. I like his opinions and thinks for our country.
Carry on Ko Zar Ni, we support you.

written by Thet Win , September 24, 2009
I like your answers and it is really true. I agree with you. Carry on Ko Zar Ni
written by Wunna Htun, September 24, 2009
ဒေါက်တာ ဇာနည်ပြောသွားတာလေး နားထောင်ရတာ တော်တော်လေး ကောင်းပါတယ်... "ဆန္ဒပြ သပိတ်မှောက်တဲ့ အလုပ် ဆက်မလုပ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအလုပ်က မအောင်မြင်ဘူး ဆိုတာ အားလုံးလက်ခံတယ်။" ဆိုတာကိုတော့ တစ်ခု ပြောပါရစေ.. ဆန္ဒပြ သပိတ်မှောက်ခြင်း ဟာ ထိရောက်တဲ့ အောင်မြင်မှု မရရှိသေး ပေမယ့် တော်တော်လေး ထိရောက်မှုရှိတယ် လို့ မြင်ပါတယ်.. ဒါကြောင့်လဲ စစ်အစိုးရက ဒီလောက်ထိ ပြင်းပြင်း ထန်ထန် ကာကွယ် ပြင်ဆင်နေတာပါ.. အောင်မြင်မှု မရရခြင်းမှာလည်း ပြည်ပရောက် အဖွဲ့အစည်းများ နှင့် လက်နက်ကိုင် အဖွဲ့အစည်းများ စနစ်တကျ မပူးပေါင်း နိုင်သေးခြင်းကြောင့် ဟုသာ မြင်ပါသည်... ပြည်တွင်းမှ ပြည်သူတွေဟာ.. သူတို့ကျရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် နိုင်ခဲ့ကြပါတယ်... ကျွန်တော်တို့ လိုအပ်နေတာ ခေါင်းဆောင်မှု အပိုင်းနဲ့ စနစ်တကျရှိတဲ့ လမ်းကြောင်းတ စ်ခုပါ....
written by Ko Gyi Thar, September 23, 2009
မေးခွန်းတွေရော.. အဖြေတွေပါ ကြိုက်တယ်..
အထူးသဖြင့် ကိုယ်သွားတဲ့ လမ်းကြောင်း မမှန်တော့ဘူး ထင်ရင်..မမှန်ဘူး..
မဖြစ်တော့ဘူး ဆိုတာ ပြောရဲတဲ့သူမျိုး များများ လိုတယ်..
အထူးသဖြင့် ကိုယ်သွားတဲ့ လမ်းကြောင်း မမှန်တော့ဘူး ထင်ရင်..မမှန်ဘူး..
မဖြစ်တော့ဘူး ဆိုတာ ပြောရဲတဲ့သူမျိုး များများ လိုတယ်..
written by Peter, September 23, 2009
I still remember people criticizing severely when he went back to Burma for dialogue with Burmese generals, but I was always (carefully) consider and perhaps, supported his idea since his intellectual, modern and moderate political thinking and ideas were what we lack in our path to country's national consolidation.
Well, we need more moderate and educated people like Dr. Zarni in our country.
We should not always apply for kind of soldiers' attitude "DO or DIE" strategy against the military junta, but don't rule this "gun-for-gun" attitude either if it's needed.

written by naiwin, September 23, 2009
I remembered back to 1989 about MaKaTha, the students’ org leading by MIN ZE YAR which said that they tried to change to country by dealing with SPDC. After SPDC took action to them, they did U-TURN and also they got what is should be and possible.
We are Human being, sometime we can make mistake.
The important thing is guilty, apologize and correction.
Whatever! I appreciate your opinions and thinks for our country.
regard
We are Human being, sometime we can make mistake.
The important thing is guilty, apologize and correction.
Whatever! I appreciate your opinions and thinks for our country.
regard
written by hlyan28, September 23, 2009
I support Dr.Zar Ni and his opinion upon myanmar politics
written by မောင်သန်., September 23, 2009
ဗိုလ်မှူး အောင်လင်းထွဋ် ကလဲ ဗိုလ်သန်းရွှေ ကြောင့်လို. ပြောတယ်။
ဒေါ်က်တာဇာနည် ကလဲ အဲလို ဆန်ဆန်ဘဲ ပြောသလားလို.။
တကယ်က(ကျနော့ ပုဂ္ဂလိက အမြင် ထားပါ) စစ်ဖက်ဆစ်ဝါဒ ဘဲ။ ဗိုလ်သန်းရွှေ သေသွားလဲ ဘာမှ ထူးမလာနိုင်ဘူး။
၂၀၀၈ ကို ဆန်းစစ် ထားတာ လက်ခံပါတယ်။ ထောက်လဲ ထောက်ခံပါတယ်။
၇၄ ကိုလဲ ရတာအယင်ယူ နဲ. မှားခဲ့ ကြပါပီ။ ဒါ ကို ဆက်မိုက်ကြ ဦးမှာလား။
လူထုကို ယုံပါ။ စည်းရုံးရေး အားဖြည်.ကြရ ဦးမယ် ဆိုတာ ယုံပါ။ ညီညွတ်ရေးကို ယုံပါ။ ရေရှည် စစ်ကို ယုံပါ။ တိုက်ပွဲ ကို ယုံပါ။ အောင်ပွဲ ကိုယုံပါ။
လူ ၄-၅ သောင်းလောက(်စက်ရုံ ပိတ်လို. )အလုပ် လက်မဲ့ ဖြစ်သွားတယ် ဆိုပီး ပိတ်ဆို.တာ ကိုမြင်ကြရင် လူ ၂--၃ သန်းလောက် စစ်ပြေးဘ၀ နေေ နကြရတာ ကိုလဲ မြင်စေ့ ချင်ပါတယ်။။
စစ်ဖက်ဆစ် ၀ါဒ ရှိနေသ၍ ------။ ဒါ ပြောချင်တာပါ။
ဒု ကမ္ဘာစစ်ကြီးဟာ ဟစ်တလာ၊ တိုဂျို၊ တို.ကြောင့် ဖြစ်လာတာ မဟုတ်ဘူး-- စစ်ဖက် ဆစ်ဝါဒ ကြောင့် ဆိုတာ ညာဏ်မီသလောက် ပြောပါရစေ။

Write comment
| < Prev | Next > |
|---|

I congratulate his open thinking and talking in open society.
I want to know his thinking that when the other side is not open and not sincere, what will you do?
Regards,
Yan Noung