ဦးဉာဏ်ဝင်း ၀ါရှင်တန်သို့ တရက်တာ သွားခွင့်ရ

မြန်မာစစ်အစိုးရ ခေါင်းဆောင်များ နယူးယောက်မြို့ အတွင်း ၂၅ မိုင် ပတ်လည်သာ သွားလာရန် ကန့်သတ်ခံထား ရသော်လည်း အမေရိကန်အစိုးရက နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းကို ၀ါရှင်တန်မြို့တော်သို့ ပြီးခဲ့သည့်အပတ်အတွင်း သွားရောက် လည်ပတ်ခွင့် ပြုလိုက်သည်။

ထို တရက်တာ ခရီးစဉ်မှာ ၀ါရှင်တန်ရှိ မြန်မာသံရုံး အဆောက်အအုံ ပြုပြင်ရေးအတွက် အထူး ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း၊ စစ်အစိုးရခေါင်းဆောင်ပိုင်းကို ကန့်သတ်ထားသည့် မူဝါဒများ ပြောင်းလဲခြင်း မရှိသေးကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိများက ပြောသည်။

သို့သော်လည်း ၉ နှစ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးကို နယူးယောက်မြို့ အပြင်ဘက်သို့ ပထမဆုံးအကြိမ် လည်ပတ်ခွင့် ပြုခြင်းမှာ မြန်မာစစ်အစိုးရအပေါ် ထားရှိသည့် အမေရိကန် အစိုးရ၏ ရပ်တည်ချက် ပျော့ပြောင်းစ ပြုလာခြင်း ဖြစ်ကြောင်း အမေရိကန် စာနယ်ဇင်းများက ထောက်ပြကြသည်။

ယနေ့ထုတ် ၀ါရှင်တန်ပို့စ်သတင်းစာတွင် ဦးဉာဏ်ဝင်း၏ ခရီးစဉ်မှာ သံရုံးဝန်ထမ်းများကို သွားရောက် တွေ့ဆုံခြင်းထက် ပိုသည်ဟု ရေးထားသည်။ ဦးဉာဏ်ဝင်းသည် အမေရိကန်-အာရှ စီးပွားရေးကောင်စီ နှင့် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်တို့ကို တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ မစ္စတာ ဂျင်မ်ဝက်ဘ်သည်  ယခင်လက နေပြည်တော်သို့ သွားရောက်ခဲ့သူ ဖြစ်ပြီး အမေရိကန်အစိုးရ၏ မူဝါဒများ ပြောင်းလဲရေးအတွက် လှုံ့ဆော်နေသူလည်း ဖြစ်သည်။

မြန်မာသံရုံး ပြောခွင့်ရ အရာရှိ ဦးကျော်ဝင်းက ၀ါရှင်တန်ပို့စ်သတင်းစာအား ပြောကြားရာတွင် ဦးဉာဏ်ဝင်းသည် ၀ါရှင်တန်မြို့တော် အလည်အပတ် ခရီးစဉ်အတွင်း အိမ်ဖြူတော်၊ လင်ကွန်းအမှတ်တရ အဆောက်အအုံ၊ စမစ်ဆိုနီယန် အမျိုးသား လေကြောင်း နှင့် အာကာသ ပြတိုက်တို့ကို ရောက်ရှိခဲ့သည်ဟု ဆိုသည်။

“အခုလို ခွင့်ပြုချက်ရတာ ကောင်းတဲ့ လက္ခဏာပါ။ ကျနော်တို့ ဒီလိုမျိုး ခွင့်ပြုချက် မရတာ နှစ်အတော် ကြာပါပြီ” ဟု ဦးကျော်ဝင်းက ပြောသည်။

ဦးဉာဏ်ဝင်း၏ ၀ါရှင်တန်မြို့ တရက်တာ ခရီးစဉ်အတွင်း အစိုးရအရာရှိများနှင့် တွေ့ဆုံခြင်း မရှိဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိများက ဆိုသည်။

သို့သော်လည်း အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့ ကမ့်ဘဲလ်သည် နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ လာရောက်မည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံရန် အစီအစဉ်ရှိသည်ဟု သိရသည်။

ဤအတောအတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် မြန်မာ့မိတ်ဆွေနိုင်ငံများ ဆွေးနွေးပွဲကို တင်ရောက်ပြီး အမေရိကန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒကို ရှင်းလင်း ပြောပြမည်ဟု မျှော်လင့်ရသည်။ နိုင်ငံ ၁၄ နိုင်ငံ ပါဝင်သည့် အဆိုပါ ၀န်ကြီးအဆင့် ဆွေးနွေးပွဲကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက စီစဉ် ကျင်းပခြင်း ဖြစ်သည်။

ဤသို့ မြန်မာ့အရေး ဆွေးနွေးမှုများကို ပြင်ဆင်နေချိန်တွင် ယမန်နေ့က မစ္စတာ ဂျင်မ်ဝက်ဘ်၏ ကြေညာချက်တစောင် ထွက်ပေါ်လာသည်။ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ဂျင်မ်ဝက်ဘ်သည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး လွှတ်တော် ကြားနာပွဲတရပ် ပြုလုပ်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်ဝက်ဘ်သည် အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ၏ ထိရောက်မှု နှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးရန်အတွက်  လွှတ်တော် ကြားနာပွဲကို ပြုလုပ်လိုခြင်းဖြစ်သည်” ဟု ကြေညာချက်တွင် ရေးထားသည်။

“ကြားနာပွဲတွင် မြန်မာပြည်၏ လက်ရှိ စီးပွားရေး နှင့် နိုင်ငံရေး အခြေအနေများကို ဆန်းစစ်မည် ဖြစ်ပြီး ကာလကြာရှည်စွာ ဖြစ်ပွားနေသော ပြည်တွင်းစစ် နှင့် တိုင်းရင်းသားရေးရာ ပဋိပက္ခများကြောင့် ဒီမိုကရေစီအရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ထိခိုက်ရပုံကို ဆွေးနွေးမည်ဖြစ်သည်” ဟု ကြေညာချက်က ဆိုသည်။

ကြားနာပွဲအတွင်း တခြားနိုင်ငံများနှင့် မတူညီသည့် အမေရိကန်အစိုးရ၏ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု မူဝါဒကို ပြန်လည်သုံးသပ်ခြင်း၊ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် အမေရိကန်ပြည်ထောင်စုက မည်သို့  ပါဝင်ဆောင်ရွက်သင့်သည်၊ ဆောင်ရွက်နိုင်သည်ဟူသော အချက်ကို ဆွေးနွေးခြင်း၊ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး လမ်းကြောင်းသစ်နှင့် ပတ်သက်ပြီး ကြားနာခြင်း စသည့် အကြောာင်းအရာများ ပါဝင်သည်ဟု ဆိုသည်။

ဤကြားနာပွဲ အစီအစဉ်သည် မစ္စတာ ဂျင်ဝက်ဘ်၏ အရှေ့တောင် အာရှ ၅ နိုင်ငံ ခရီးစဉ် အပြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မစ္စတာ ဂျင်ဝက်ဘ်သည် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ပထမဆုံးသော အမေရိကန် လွှတ်တော်အမတ် ဖြစ်သည်။

မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့သည့် အမေရိကန် ပြည်ထောင်စုနှင့် နိုင်ငံတချို့၏ မူဝါဒကို ပြန်လည် သုံးသပ်ပြီး မူဝါဒ အသစ်ဖြင့် ချည်းကပ်ကြရန် မစ္စတာ ဂျင်ဝက်ဘ်က တိုက်တွန်းထားသည်။
Comments (4)Add Comment
0
အမေရိကန်က ဒီလိုရှိတယ်ဗျ
written by ဘော်ဒိုး, September 24, 2009
အမေရိကန် အီရတ်ကို တိုက်တာက အယ်လ်ကေဒါတွေ ကို အီရတ် စစ်မြေပြင်မှာ အာရုံရောက်ပြီး အမေရိကန်ကို လာမတိုက်နိုင်အောင်၊ နောက်ပြီး အာဖဂန် နစ္စတန် မှာ လှုပ်ရှားနေတဲ့ အမေရိကန်တွေကို အီရတ်ကနေ ထောက်ပံ့ရေး လုပ်နိုင်အောင်ပါ။

အခု အီရတ်က ဆုတ်နေရဘီ ဆိုတော့ အာဖဂန် မှာရှိတဲ့ တပ်သားတွေကို ထောက်ပံ့ရေး အတွက် ဗျူဟာကျတဲ့ နေရာလိုေ နပါဘီ။ အဲဒီနေရာကတော့ မြန်မာပြည်သာလျှင် ဖြစ်ပါတော့သည်။ အမေရိကန် ဆိုတာ သူတို့အတွက် အကျိုးရှိမှ အလုပ် လုပ်တာပါ။

ဂျင်ဝက်ဒ် ဆိုတာ တချိန်က မြန်မာပြည်မှာ လာပြီး ရင်းနှီးမြုပ်နှံတဲ့ လူတယောက်ပါ။ စီးပွားရေး ပိတ်ဆို့မှုကြောင့် သူ တော်တော်လေး အထိနာခဲ့တယ်။ ဒါကြောင့် မြန်မာ စစ်အဆိုးရအား စီးပွားရေး ပိတ်ဆို့မှုကို ဆန့်ကျင်ခဲ့တဲ့ လူပါ။
0
...
written by john sanlin, September 23, 2009
တော်သား မြို့ရောက်
0
...
written by mowkon, September 23, 2009
ဘာတွေ သွားလိမ်ဦးမလဲ. .စောင့်ကြည့် လိုက်ဦးမယ်..ဘာတွေ လိမ်ခဲဦးမှာလဲ..
0
ဦးဉာဏ်ဝင်း ၀ါရှင်တန်သို့ တရက်တာ သွားခွင့်ရ
written by eaktun79, September 23, 2009
တ၇ုတ်ဆွေမျိုး ပေါက်ဖော်ကြီးေ၇... သတိထားပေတော..... မကြာခင်...နအဖ..ကတ၇ုတ်ကို ဘော်လုံးလို ကန်တော.မယ်တ၇ုတ်ကြီးေ၇ နအဖကို ကောင်းကောင်း ကပ်ထားအုန်း တော်ကြာ us ပေါင်းမီလို.တော. သိတယ်နော် မြန်မာအကြောင်း

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်