“ရခိုင်ပြည်ကို ရခိုင်တွေက အုပ်ချုပ်ခွင့်ရချင်လို့….”

ရခိုင်လူမျိုး သမိုင်း ပညာရှင်တဦးဖြစ်သည့် ဒေါက်တာအေးကျော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ခေတ္တ ရောက်ရှိစဉ် ရခိုင်ပြည်နယ်၏ နောက်ခံ သမိုင်း၊ နိုင်ငံရေး အခြေအနေနှင့် ရိုဟင်ဂျာ နောက်ခံသမိုင်း၊ ရိုဟင်ဂျာ အရေးနှင့် အမြင်များအား ဧရာဝတီ သတင်းထောက် ဘစောတင်က တွေ့ဆုံမေးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်။

ဒေါက်တာအေးကျော်သည် လက်ရှိတွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ အငြိမ်းစား ပါမောက္ခ တဦးအဖြစ် နေထိုင်လျက်ရှိသည်။ ဒေါက်တာအေးကျော်၏ ကိုယ်ရေးအကျဉ်းကိုလည်း အောက်တွင် ပူးတွဲ ဖော်ပြထားပါသည်။


မေး။   ။ လွတ်လပ်ရေးမရမီ ရခိုင်ပြည် နိုင်ငံရေးအခြေအနေတွေကို ပြောပြပေးပါ။

ဖြေ။   ။ မြန်မာ့တော်လှန်ရေးသမိုင်းမှာ ရခိုင်ခေါင်းဆောင်တွေဟာ အမြဲတမ်းရှေ့က ပါဝင်ခဲ့တယ်၊ အင်္ဂလိပ် ကိုတော်လှန်တဲ့နေရာမှာရော ဂျပန်ကိုတော်လှန်တဲ့နေရာမှာပါ ရှေ့တန်းကပါပဲ ၊ ရခိုင်တွေဟာ ဘာကို လိုချင် လို့ တော်လှန်ရေးမှာ ရှေ့တန်းက ပါရသလဲဆိုရင် ရခိုင်ပြည်ကို ရခိုင်တွေက အုပ်ချုပ်ခွင့် ရချင်လို့ ဖြစ်တယ်၊ အင်္ဂလိပ်ခေတ်က ထင်ရှားတဲ့ ခေါင်းဆောင်တွေကို ပြောပါဆိုရင် ဆရာတော်ဦးစိန္တာ၊ ဆရာတော် ဦးပညာ သီဟ၊ ဦးညိုထွန်း၊ ဦးအောင်ဇံဝေ၊ ဦးကျော်မင်း၊ ဦးဘစော စတဲ့ပုဂ္ဂိုလ်တွေဟာ ရခိုင်ပြည်တော်လှန်ရေး ရခိုင့် နိုင်ငံရေး လောကက ထိတ်ထိတ်ကြဲတွေပဲပေါ့၊ မြန်မာတနိုင်ငံလုံးအတွက် ဆိုရင်တော့ ဆရာတော် ဦးဥတ္တမ ဟာ နံပါတ်တစ်ပါပဲ။

အဲဒီကာလက ရခိုင်တွေရဲ့ အနေအထားကို ခွဲစိပ်ကြည့်မယ်ဆိုရင် ဗြိတိသျှတွေရဲ့ အုပ်ချုပ် ရေးထဲမှာ ပါဝင်တဲ့ အပိုင်းကတပိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ လွတ်လပ်ရေး တိုက်ပွဲတွေထဲမှာ ပါဝင်တဲ့အပိုင်းတွေကို လည်း တွေ့ ရပါမယ်။

ဦးညိုထွန်းဆိုတာက ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် တဦးလည်း ဖြစ်တယ်။ ဒါကြောင့် သူဟာ ရခိုင်အသိုင်းအ၀ိုင်းမှာရော ဗမာအသိုင်းအ၀ိုင်းမှာပါ လူသိများတဲ့ နိုင်ငံရေး ခေါင်းဆောင်တဦးပါ၊ ဒီကနေ့ မြန်မာသမိုင်းမှာ မတ်လ(၂၇)ရက်နေ့ ကို တော်လှန်ရေးနေ့ရယ်လို့ သတ်မှတ် ထားကြတယ်၊ ဦးညိုထွန်းခေါင်းဆောင်တဲ့ ရခိုင်တွေဟာ ဂျပန်ကို မတ်လ(၂၇)ရက်ထက်စောပြီး ဖေဖော်ဝါရီ လ (၁၂)ရက်လား (၁၃)ရက်လား ကျနော်အသေအချာ မမှတ်မိတော့ဘူး။ အဲဒီကတည်းက စပြီး ဖက်ဆစ် ဂျပန် တော်လှန်ရေးကို ရခိုင်ပြည်က စတော်လှန်ခဲ့တယ်။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေ ထဲမှာ လည်း ပါပါတယ်။ မေမြို့ မိုးကြည့်ရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့် ခွန်းများထဲမှာ ရှာဖွေတွေ့ ရှိနိုင်ပါတယ်။ လေ့လာကြည့်ပါ။

မေး။   ။ လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်ရဲ့အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။   ။ ရခိုင်တွေဟာ အင်္ဂလိပ်ကိုတော်လှန်တဲ့နေရာမှာရော။ ဂျပန်ကိုတော်လှန်တဲ့နေရာမှာပါ ရှေ့တန်းက ပါဝင်ခဲ့တယ်ဆိုတာကို ပြောခဲ့ပြီးပြီ၊ အဲသလို ဗမာအပါအ၀င် အခြားသော တိုင်းရင်းသားတွေနဲ့ အတူတကွ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့တာရဲ့ တကယ့် ရည်မှန်းချက်က ဘာလဲဆိုရင် ရခိုင်တွေဟာ မိမိတို့ ရခိုင်ပြည် ကို ရဖို့ပါပဲ၊ တန်းတူအခွင့်အရေး ရဖို့ ပါပဲ၊ ဖက်ဒရယ်ပြည်ထောင်စုမှာ ရခိုင်ပြည်နယ် ရဖို့ ပါပဲ၊ ဒါပေမယ့် တကယ်တမ်း မြန်မာ နိုင်ငံလွတ်လပ်ရေးရရှိလာတဲ့အခါ ရခိုင်တွေအတွက် ဘာမှမရခဲ့ဘူး၊ ပြည်နယ် အဆင့် လေးတောင် သတ်မှတ်ပေးတာကို မခံခဲ့ရဘူး၊ ရခိုင်တွေ မွန်တွေဟာ ဦးနုကို ပြည်နယ်ပေးဖို့ တောင်းဆိုပေ မယ့် ဦးနု ဟိုလိုလို ဒီလိုလို ဝေ့လည်ကြောင်ပတ်လုပ်ခဲ့တာကြောင့် ရခိုင်တွေရဲ့ ရည်မှန်းချက်မပြည့်ဝခဲ့ရဘူး၊ ဦးနုဟာ သူ့ ပါတီအကျိုးကိုသာ ကြည့်ခဲ့လို့ တကယ်အရေးပါတဲ့ National Interest (အမျိုးသားအကျိုး အမြတ်) ကို ဆုံးရှုံး စေခဲ့တယ်။

မေး။   ။ လွတ်လပ်ရေးရပြီး ဆယ်နှစ် ကာလအတွင်း ရခိုင်ပြည်မှာ ဘာတွေ ဖြစ်နေခဲ့ပါသလဲ။

ဖြေ။   ။ ဦးနုရဲ့ ဖဆပလ ခေတ်မှာ ရခိုင်ပြည်မှာ အဓိကလွှမ်းမိုးတဲ့ ပါတီကြီးနှစ်ခုရှိတယ်၊ ဖဆပလ နဲ့ ရတည (ရခိုင် စည်းလုံးညီညွတ်ရေး ပါတီ)တွေပါ၊ ရတညရဲ့ခေါင်းဆောင်က ဦးကျော်မင်းဖြစ်တယ်၊ သခင်ဦးကျော်ရင် တို့လည်း နိုင်ငံရေးလှုပ်ရှားမှုထဲမှာ ပါတယ်၊  ဦးအောင်ဇံဝေ၊ တောင်ကုတ်က ဦးကျော်တင် စတာတွေက ဖဆပလတွေ၊ လွတ်လပ်ရေးရပြီးနောက် ဖဆပလ နှစ်ခြမ်းကွဲချိန်မှာ တည်မြဲ (ဖဆပလ)နဲ့ သန့် ရှင်း (ဖဆပလ) ဆိုပြီး ရှိလာတယ်၊ ဒီတော့ သန့် ရှင်းဖဆပလ ခေါင်းဆောင်ဖြစ်တဲ့ ဦးနုဟာ တိုင်းပြည်ရဲ့ အကျိုး ထက် သူ့ ပါတီအကျိုးကိုပဲ ကြည့်တဲ့အနေနဲ့ မေယုခရိုင်ဆိုတာ လုပ်လာတယ်၊ အဲဒီမှာရှိတဲ့ ဘင်္ဂါလီ တွေကို မဲရဖို့ အတွက် မျက်နှာသာပေးတယ်၊ မှတ်ပုံတင် ပြုလုပ်ပေးတာတွေ ရှိလာခဲ့တယ်၊ ကိုလိုနီခေတ်က ဘင်္ဂါလီ တွေဟာ ရခိုင်ပြည်ကို အလုပ်လာလုပ်တယ်၊ စပါးရိတ်တယ်။ လယ်ထွန်တယ်။ ပြီးရင် ပြန်သွားကြတယ်၊ ဒါပေမယ့် ဦးနုက မဲရဖို့ အတွက် မျက်နှာသာပေးတာနဲ့ ဘင်္ဂါလီတွေဟာ နိုင်ငံရေးအဆင့်ထိကို တိုးတက် လုပ်ဆောင်လာတာကို တွေ့ လာရတယ်။ သူတို့ အထဲက စူလတန် မာမွတ်ဆိုတာ ဟာ ထင်ရှား တဲ့သူ တဦး ပါ၊ ရခိုင်တွေရဲ့ရတည ကတော့ ရခိုင်ပြည်နယ်ရရှိရေးကို တစိုက်မတ်မတ် ဆက်လုပ်လာခဲ့တယ်။

မေး။   ။ ဦးနုက အဲ့ဒီလို လုပ်ခဲ့တော့ ဘာတွေ ဆက်ဖြစ်လာခဲ့ပါသလဲ။

ဖြေ။   ။ အဓိက အကြောင်းရင်းကတော့ ၁၉၅၈။ ၅၉။ ၆၀ ကာလများမှာ ဖလပလ နှစ်ခြမ်း ကွဲလာတယ်၊ နှစ်ခြမ်းကွဲလာတော့ ဖဆပလ အားနည်းလာတယ်၊ အဲဒီမှာ ဦးနုက သူ့ ပါတီ အနိုင်ရဖို့ မေယုခရိုင်ကို ဘင်္ဂါလီ တွေကို ၀င်ခွင့်ပြုတယ်၊ အဲဒီလို ပြုလုပ်ခဲ့ခြင်းက ဒီကနေ့ပြည်ပမှာ ကျယ်ကျယ်လောင်လောင် အသံထွက်နေ တဲ့ ရိုဟင်ဂျာဆိုတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းပါပဲ။

မေး။   ။ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ ဘယ်တုန်းက စပေါ်ခဲ့တယ်ဆိုတာ သိပါသလား။

ဖြေ။   ။ ၁၉၆၀ ၀န်းကျင်လောက်မှာ စပေါ်ခဲ့တယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ စူလတန် မာမွတ် ဆိုတဲ့ ဘင်္ဂါလီကြီးဟာ အမတ်ဖြစ်ခဲ့ပေမယ့် တခါမှ ရိုဟင်ဂျာဆိုတဲ့ စကား ကို သုံးစွဲခဲ့တာ မတွေ့ ရပါဘူး၊ လွတ်လပ်ရေးမတိုင်မီက မြန်မာ့သမိုင်းမှာရော ရခိုင်သမိုင်းမှာရော ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရဟာ မရှိခဲ့ပါဘူး၊ လွတ်လပ်ရေးရပြီးခါစမှာရော မရှိခဲ့ပါဘူး။

မေး။   ။ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကရော ဘယ်လို အဓိပ္ပာယ်ကို ဆောင်ပါသလဲ။

ဖြေ။   ။ ဆရာကြီး ဦးသာထွန်း ကျန်းမာစဉ်တုန်းက သူရန်ကုန်ကိုလာတိုင်း ကျနော့်ဆီကိုဝင်တယ်၊ သူနဲ့ လက်ဖက်ရည်သောက်ရင်း စာအကြောင်းပေအကြောင်း သမိုင်းအကြောင်း တွေကို ဆွေးနွေးတယ်၊ အဲဒီ အခါမှာ ဒီဝေါဟာရကို ဆရာကြီး ဦးသာထွန်းက အခုလို ဆိုပါတယ်။ ရိုဟင်ဂျာ ဆိုတာ ရခိုင်စကား လွင့်ဂျာက ဖြစ်လာတဲ့စကားဖြစ်တယ်။ လွင့်ဂျာဆိုတဲ့ အဓိပ္ပာယ်က ဥပမာ သစ်ပင်တွေက သစ်ရွက်တွေကြွေရင် လေထဲ မှာ ၀ဲပြီး ဦးတည်ရာမဲ့ လွင့်နေတာကို ဆိုလိုတယ်၊ ဒီ ဘင်္ဂါလီတွေကိုမှ အခုလို ဆိုလိုတာမဟုတ်ပါဘူး၊ ရည် ရွယ်ချက် ဦးတည်ချက်မရှိဘဲ လွင့်နေတဲ့ဘယ်သူ့ ကိုမဆို ရခိုင်ဘာသာစကားနဲ့ လွင့်ဂျာလို့ ဆိုတယ်။ ဒါကို ဘာသာဗေဒနဲ့ ဆန်းစစ်ကြည့်ရင်လည်း လွင့်ဂျာကနေ ရိုဟင်ဂျာလို့ ပြောင်းလဲလာတယ်ဆိုတာ ဖြစ်နိုင်တယ် လို့ ကျနော် တက္ကသိုလ် ပညာပဒေသာ စာစောင်မှာ ကျနော်ရေးခဲ့ဖူးတယ်။ ယရလ၀ ဆိုတဲ့ ဗျည်းတွေဟာ အသံပြောင်းလဲတဲ့ သဘောရှိ တယ်။

(ဆရာကြီး ဦးသာထွန်းမှာ ဝန်ကြီးချုပ်ဟောင်း ဦးနု လက်ထက်က ရခိုင်-မြန်မာ ပညာရှိကြီးဖြစ်သည်။ ဦးနု ကိုယ်တိုင်
ပဏ္ဍိတ် (ပညာရှိ) ဘွဲ့ အပ်နှင်းခဲ့ဖူးကြောင်း သိရသည်။ အယ်ဒီတာ)

မေး။   ။ အခုကာလမှာ ရခိုင်လူမျိုးတွေက ဒီရိုဟင်ဂျာဆိုတဲ့အသံကိုတောင် မကြားချင်လောက် အောင်ဖြစ် နေကြတာ ဘာကြောင့်ပါလဲ။

ဖြေ။   ။ ဒီရိုဟင်ဂျာ ဆိုတာဖြစ်လာဖို့ ရခိုင်ပြည်မှာ အရင်းခံတာက မူဂျာဟစ်တွေဖြစ်တယ်။ သူတို့ ဟာ ရခိုင်ပြည်မှာ နေရာရဖို့ မြေရဖို့ သူပုန်ထကြတယ်။ သူတို့ ဟာ အစက ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေပါ၊ ရှေးတုန်းက သူတို့တွေဟာ အလုပ်လုပ်ပြီးရင် သူတို့ နေရပ်ကို ပြန်ကြတယ်၊ နောက်ကြာလာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ်တိုင်က လူဦးရေပေါများလွန်းလို့ နေရထိုင်ရအခက်အခဲ ရှိလာတယ်။ ဒီအခါ ဦးနုက မေယုခရိုင်အဖြစ် သတ်မှတ်ထားတဲ့ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်နယ်တွေကို မွတ်စလင် ပြည်နယ် ထူထောင်ဖို့ မူဂျာဟစ်တွေ ကြိုးစားခဲ့တယ်၊ အဲဒီမူဂျာဟစ်တွေက နာမည်သစ် ရိုဟင်ဂျာကို တင် သွင်းလာတဲ့အခါ ရခိုင်တွေက လုံးဝလက်မခံပါဘူး၊ မိမိတိုင်းပြည်ရဲ့ နယ်မြေတွေကိုရော ဘာသာ သာသနာ ကိုပါ အန္တရာယ်ပြုနိုင်တဲ့ ဒီ ရိုဟင်ဂျာဆိုတာကို ရခိုင်တွေက အသံကိုပင် မကြားနိုင်တာဖြစ်တယ်။

မေး။   ။ ဒီရိုဟင်ဂျာ ပေါ်ပေါက်လာရတဲ့ နောက်ခံ အကြောင်းတရားက ဘာတွေများဖြစ်နိုင်ပါသလဲ။

ဖြေ။   ။ အင်မတန်မေးသင့်တဲ့ မေးခွန်းကောင်းတခုပါပဲ၊ တကယ်တော့ ဒီရိုဟင်ဂျာဆိုတာက အပေါ်ယံ ပြဿနာပါ၊ တကယ်နက်ရှိုင်းတဲ့ အရင်းခံက“အစ္စလမ်ဝါဒ လွှမ်းမိုး ပြန့်ပွားရေး”ဆိုတဲ့ဟာက အရင်းခံ ပြဿနာပါ၊ အဲဒီလှုပ်ရှားမှုကို ကျောထောက်နောက်ခံပြုပေးတာက အာဖရိကတိုက် မြောက်ပိုင်းက တိုင်းပြည် တွေ၊ အရှေ့အလယ်ပိုင်းက နိုင်ငံတွေက ငွေကြေးတွေ၊ လက်နက်တွေ စသဖြင့် လိုအပ်တာတွေကို ထုနဲ့ ထည်နဲ့ ပံ့ပိုးပြီး လုပ်ဆောင်နေတာကို တွေ့ ရတယ်၊ အရှေ့ တောင်အာရှကဆိုရင် မလေးရှားနိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းတွေက ဒါကို အားပေးတယ်။ မွတ်စလင် ဘာသာပြန့်ပွားဖို့ လွှမ်းမိုးဖို့ နယ်မြေရရှိစေဖို့ အင်တိုက် အားတိုက် ကူညီတယ်၊ ဒါကြောင့် သူတို့ ဟာ ရိုဟင်ဂျာအမည်ကို သုံးပြီး မြန်မာတိုင်းရင်းသား၊ ရခိုင်တိုင်းရင်း သား ဖြစ်ဖို့ အားထုတ်လာတယ်၊ တကယ်တော့ ရိုဟင်ဂျာဆိုတာ လူမျိုးလည်းမဟုတ်ဘူး၊မြန်မာတိုင်းရင်းသား လည်းမဟုတ်ဘူး။

မေး။   ။ ပြည်တွင်းမှာတော့ ရိုဟင်ဂျာဆိုတာကို နအဖက အသိအမှတ်လည်း မပြုဘူး၊ ဘယ်တုန်းကမှလည်း မရှိခဲ့ဘူးလို့ အတိအလင်းဆိုပါတယ်၊ ဒါပေမယ့် ပြည်ပမှာရှိတဲ့ တိုင်းရင်းသား လူမျိုးများကောင်စီမှာ တိုင်းရင်း သား အခွင့်အရေးရဖို့ ကြိုးစားနေတာတွေကိုတော့ ကြားဖူးတယ်၊ ဒါပေမယ့် ရခိုင်တွေက ကန့်ကွက်လို့ အခု အချိန် ထိတော့ အောင်မြင်မှုမရသေးပါဘူး။ တိုင်းရင်းသားဆိုတာ ဘယ်သူတွေကို သတ်မှတ်ခဲ့ သလဲ ဆိုတာ ကို သိချင်ပါတယ်။

ဖြေ။   ။ ၁၉၇၈ ခုနှစ်က ရန်ကုန်မှာ လမ်းစဉ်ပါတီခေတ်က တိုင်းရင်းသားလူမျိုးများနဲ့ ဆိုင်တဲ့ ဥပဒေတရပ်ကို သတ်မှတ်ဖို့ ဆရာဒေါက်တာမောင်မောင်ရယ်၊ ဆရာကြီး ဦးစံသာအောင် ရယ်။ ကျနော်တို့ တွေ့ ဆုံဆွေးနွေး ခဲ့ဖူးပါတယ်။ ဒေါက်တာမောင်မောင်က ဥပဒေ ပညာရှင်၊ ကျနော်က သမိုင်း၊ ဦးစံသာအောင်က အဲဒီတုန်း က အထက်တန်းပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ပေါ့၊ နေရာကတော့ နိုင်ငံတော်ကောင်စီ ရုံးခန်းမှာပါ။

အဲဒီမှာ ကျနော်က မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအဖြစ် သတ်မှတ်ရေးအတွက်ဆိုရင် ဘိုးတော်ဘုရား စစ်တမ်း ဆိုတာရှိတယ်၊ ခရစ်သက္ကရာဇ် ၁၈၀၀ ကျော်လောက်က စစ်တမ်းကောက်ခဲ့တာ၊ အဲဒါဟာ အင်မတန်ပြည့်စုံ တယ်၊ အဲဒီမှာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်လာတဲ့ လူမျိုးတွေ အားလုံးကို ကျကျနန စစ်တမ်းကောက်ထား တာရှိတယ်၊ ရခိုင်တွေ၊ ကရင်တွေ၊ မွန်ကိုတော့ တလိုင်းလို့ခေါ်တယ်၊ အဲဒီဟာကို မူတည်ပြီးရင် ဆုံးဖြတ်ရင် မကောင်းဘူးလားလို့ ကျနော်က အကြံပေးတယ်။

အဲဒီအခါ ဆရာဒေါက်တာမောင်မောင်က မစောလွန်းဘူးလားလို့ပြန်မေးတယ်၊ ဒါဆိုရင် သမိုင်းမှာအရေးပါတဲ့ အလှည့်အပြောင်းဖြစ်တဲ့ ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်က စသင့်တယ်လို့ပြောခဲ့တယ်၊ ၁၈၂၄ က မြန်မာပြည်   ကို အင်္ဂလိပ်တွေစသိမ်းတဲ့ နှစ်ပါ၊ ဒါကို ဒေါက်တာမောင်မောင်က သဘောတူလို့ အဲဒီမတိုင်မီက နေထိုင်ခဲ့တဲ့ လူမျိုးတွေကို တိုင်းရင်းသားလူမျိုးများ အဖြစ် သတ်မှတ်တယ်လို့  ဥပဒေ ပြုခဲ့တယ်။ ဒါပေမယ့် ရိုဟင်ဂျာဆို တဲ့ အသုံးအနှုန်း မရှိခဲ့ဘူး။


ဒေါက်တာအေးကျော် ကိုယ်ရေးအကျဉ်း

ဒေါက်တာအေးကျော်ကို ၁၉၃၆ ခုနှစ် က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။

ဒေါက်တာအေးကျော် ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များမှာ B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊ B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊ M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊ B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊ PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။

ဒေါက်တာအေးကျော်သည် ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ် (၁၉၆၂-၁၉၈၀) ။ တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ (၁၉၈၂-၈၄) ။ ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊ နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉) ။ ဘာသာပြန် ကျွမ်းကျင်သူ ( သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။ တွဲဖက် ပါမောက္ခ (သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။ တွဲဖက်ပါမောက္ခ (အာရှသုတေသန ဌာန) နယူး ယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊ လွတ်လပ်သော အာရှအသံ (R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ (၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက် နေထိုင်လျက်ရှိသည်။

ဒေါက်တာအေးကျော် ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ -

၁၊ ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
၂၊ မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်
    ၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခဲ့သည်။
၃၊ ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
၎။ On the Birth of Modern Family Law in Burma and Thailand. Singapore (1990)
၅၊ The Voice of young. Cornell University, March 1990
၆၊ Code and Custom in Burma and Thailand. Scotland. 1993

Comments (51)Add Comment
0
၇င်လေးပါတယ်
written by Kyaw Soe, January 02, 2010
ကျွန် တော် တကယ်ရင် လေးပါတယ်။ ရ ခိုင်သားများ နေရာက စဉ်းစားကြည့်ရင် ဒိီကိစ္စဟာ တကယ် မလွယ်ပါဘူး။ လုသား ခြင်း စာနာမှူ အနေနဲ့ က တော့ လက်ခံလိုပါတယ်။ ဒါပေမယ့် သုတို့ ဟာ တကယ် ကို ဘာသာရေး လွမ်းမိုးလို စိတ် ကြီးပါတယ်။ လုံးဝ လက်ခံလို့ မဖြစ်ပါဘူး ခင်ဗျာ။


လု့ အခွင့်အရေး ဟု့  အော်နေသော တိုင်းပြည်များ ကို လေ့လာကြည့်ပါ သုတို့  ဖောက်ဖျက်လျှင် ပိုရူ် ရက်စက်ပါတယ် ခင်ဗျာ။ နိုင်ငံနှင့် လူမျိုူးတိုင်း မိမိဧ။် ကိုင်ပိုင်ဖြစ် တည်မှူ(identity) ကို ကာကွယ် လို ကြပါတယ်။ ဒါဟာ အစိုးရနှင့် သက်ဆိုင်တယ် ဆိုပေ မယ့် တစ်ဦးချင်း အနေနဲ့ ရှင်းလင်းတဲ့ အမြင်ရှိဖို့ လိုအပ်ပါတယ်။
0
Be broaded mind
written by innyatra, October 11, 2009
ဆရာ Dr.AK ခင်ဗျား-
အမျိုးချစ်တဲ့ ပုဂိုလ် ဖြစ်ကြောင်း သိရလို့ လေးစားပါတယ်။
ရိုဟင်ဂျာပြသနာကို မျိုးချစ်စိတ် တစ်ခုတည်းနဲ့ ချဉ်းကပ် ဖြေရှင်း မရနိုင်ဘူး ထင်ပါတယ်။
မျိုးချစ်စိတ် ဟာ မျက်စိ ကန်းနေတတ်ပါတယ်။ အမှန်တရားကို ပိတ်ဖုံး ထားတတ်ပါတယ်။
လူသား စိတ်ဓါတ် လူသား အသက် ရှင်သန် ရပ်တည်ရေး စာနာစိတ် ဗြဟာစာရ တရားစိတ်နဲ့
Y2K Globalizational Humanization စိတ်ဓါတ် ချဉ်းကပ် ကြည့်ရင် မကောင်းဘူးလား ဆရာ။

တိုင်းပြည် လူမျိုးသမိုင်း ဟာ လူသားတွေရဲ့ ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်း အခြေစိုက်
ခြင်း သမိုင်းလို့ မှတ်သားဖူးပါတယ်။ ပါလက်စတိုင်း၊ အီဂျစ်၊ ဘေဘီလုံ(အီရတ်)၊ တူရကီ
(ရောမ ဘိုင်ဇန်တိုင်နဲ့ အော့တိုမန်)၊ ဘင်္ဂလားဒေ့ရှ် ၊ လက်တင် အမေရိကနိုင်ငံများ၊ အရှေ့နဲ့
အနောက် အိန်ဒိယ ကျွန်းနိုင်ငံများ.. ....... သမိုင်းဟာ လူသားတွေရဲ့ ရေကြည်ရာ မြက်နုရာ
ရွှေ့ပြောင်း အခြေစိုက် ခြင်းသမိုင်း သာဓကပျားဘဲ မဟုတ်လား ဆရာ။

ရိုဟင်ဂျာက ရိုးဝန်ညှာ ဆိုပြီး ၁၉၆၀ ၀န်းကျင်က ရခိုင်သမိုင်း အူပေါက် ထိုးဇာတ်ထွင်တာ
ကျွန်တော့်ထက် ဆရာပိုသိပြီး ဖြစ်မှာပါ။ သို့သော် မြန်မာ့သမိုင်းမှာ အထင်ကရ ရှိခဲ့ဖူးတဲ့
ပျူ၊ ကမ်းယံ၊ သက် လူမျိုးများဟာ ရွှေ့ပြောင်းအခြေစိုက် ၀င်လာတဲ့ ဗမာတွေကို ဖယ်ပေး
ရင်း စုံးစုံးမြှုပ် ပျောက်ကွယ်သွားတာ လို့ပြောနိုင်မလားဆရာ။ မဝေးလှသေး တဲ့ ဆရာတို့
ကျွန်တော်တို့ လက်လှမ်းမီတဲ့ မွန်လူမျိုး သမိုင်းဟာလည်း ကိုးကား ကြည့်သင့်ပါတယ်။
အားနာပေမယ့် သမိုင်း အဖြစ်မှန်မို့ မပြောမဖြစ် ပြောရရင် ကုန်းဘောင်ရာဇ၀င်မှာ ရခိုင်များ
ဘာကြောင့် စစ်တကောင်း ဘင်္ဂလားဖက် ရောက်ကုန်ရတာလဲ။ ယနေ့တိုင် စစ်တကောင်း
နယ် မှာ အခြေစိုက် နေထိုင်လျက်ရှိကြတဲ့ ကျွန်တော်တို့ ဆွေမျိုးသားချင်းတွေ မျက်နှာကို
ငဲ့စောင်း ကြည့်ကြပါဦး။ သူတို့ ရှင်သန်ရပ်တည်မှု အတွက် ရုန်းကန်ခဲ့တာကို ကျွန်တော်တို့
မမေ့ သင့်ပါဘူး။ 1st Inglo-Burma War ဟာ နယ်ချဲ့တွေရဲ့ မတရား ကျူးကျော်ဗိုလ်ကျတဲ့
စစ်ပွဲ ပါ။ သို့သော်လည်း ရခိုင်လူမျိုး မကွယ် မပျောက်ရအောင် ပြန်လည် စုစည်းခွင့် ရစေခဲ့ သလားလို့ မရဲတရဲ မေးပါရစေဆရာ။

ကျွန်တော် အဆုံးမသတ်ခင် မြေဒူးကုလားနဲ့ ကမန်တိုင်းရင်းသားများကို ကျွန်တော်တို့ ဘယ်လို လက်ခံခဲ့သလဲ ဆင်ခြင် ကြည့်သင့်ပါတယ်။ ယနေ့ ရိုဟင်ဂျာများ ဟာ natives များ မဟုတ်ပါဘူး။ ယနေ့ worldwide (US, Europe, Aus, Thai, Malaysia.....)ရောက်နေကြ
တဲ့ ဆရာ အပါအ၀င် ကျွန်တော်တို့ရဲ့ သွေးချင်းများဟာ လည်း သူတို့ ရောက်ရှိရာ နိုင်ငံများ ရဲ့ natives လည်း မဟုတ်ပါဘူး။ သူတို့ဟာကို ရှင်သန်ရပ်တည်မှု အတွက် migrate လုပ်ကြတာပါ။ လူသားချင်းအမြင်နဲ့ သူတို့ အပေါ် ဆက်ဆံတာကို ခံလိုပါလိမ့်မယ်။ တစ်ချိန်ကျရင် သူတို့ရဲ့ သားမြေး descendents ဟာ သူတို့နေထိုင်ရာ နိုင်ငံရဲ့ by born right အရ နိုင်ငံသား ဖြစ်လာမှာပါ။
ဒီ broad-minded manner နဲ့ ရိုဟင်ဂျာ အရေး အဖြေ ရှာကြပါစို့လားဗျာ။

mn


0
...
written by Moe Sat, October 09, 2009
ဘာသာရေး အဓိကရုဏ်း ဘက်ကို ဦးတည် မသွားစေချင်ပါ။ ရိုဟင်ဂျာ ဆိုတာလဲ လူတွေပဲဗျာ။ လူ လူချင်း လေးစားေ စချင်ပါသည်။ ဘာသာတိုင်းကို လေးစားေ စချင်သည်။
0
...
written by မျိုးဆက်သစ်, October 08, 2009
မီဒီယာမှာ လာအော်တိုင်း ကျုပ်တို့က လက်ခံလိုက်ရင်..... ကိုယ့်ကိုကိုယ်သာ စဉ်းစားကြပါတော့။ နောက်ပြီးတော့ တချို့ မီဒီယာတွေမှာ ဒီ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို ခဏခဏ သုံးနေတာကို တွေ့ရတယ်။ ကျုပ်အနေ နဲ့ကတော့ မသုံးသင့်ဘူး လို့ပြောချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရိုဟင်ဂျာဆိုတာ မြန်မာပြည်မှာ ရှိမှမရှိတဲ့ဟာကို။ ဒီလိုလုပ်တာဟာ သူ့တို့ကို အသက် သွင်းပေးနေသလို မဖြစ်နေဘူးလား။
0
ကိုယ့်လူမျိုးကို ကိုယ်ချစ်တာ ဆန်းတဲ့အလုပ် မဟုတ်
written by Ougkar, October 08, 2009
အမေရိကန်လည်း အမေရိကန် အမျိုးသား အတွက် လုပ်တာပဲ၊ ဒါပေမယ့် ချင့်ချိန်တတ်ဖို့ပဲ လိုတယ်၊ အပိုအလိုဆို လောကကြီးမှာ များလွန်းရင် တိုက်ပွဲတော့ ရှိစမြဲပဲ၊
0
ပညာရှင်ဆိုတာ
written by Aung Mrin Soe, October 07, 2009
ပညာရှင်ဆိုတာ ဒီလိုပါပဲ။ အမှန်တရားကို ပြောဖို့ ဘယ်တော့မှ နောက်မတွန့် ဘူး။ ဘယ်သူ ခြိမ်းခြောက်တာကိုမှ ဂရုမစိုက်ဘူး။ နောင်လာ နောင်သားတွေအတွက် သူပြောစရာ လုပ်စရာတွေ သမိုင်းပေး တာဝန်ေ ကျအောင် သူလုပ်သွားတာပဲ။ အစဉ်ထာဝရ လေးစားလျှက်ပါ ဆရာ။ ဆရာနောက်မှာ ကျနော်တို့  အမြဲ ရှိနေပါတယ်။
0
တကယ်လို့ 
written by Aung Mrin Soe, October 07, 2009
ကျနော် အထင်တော့ ရခိုင်ပြည်က ဘင်္ဂါလီ(နာမည်အသစ် ရိုဟင်ဂျာ)တွေရဲ့ ပြသနာဟာ မြန်မာပြည်က မူဆလင်တွေရဲ့ ပြသနာလို့ မထင်ပါဘူး။ ကျန်တဲ့ မူဆလင် ဘာသာကို ကိုးကွယ် ယုံကြည်ကြတဲ့ လူတွေ ဥပမာ ကမန် မူဆလင်တွေဆို
ယင် ရခိုင်လူမျိုးတွေကို ဘယ်တုန်းကမှ စိတ်ငြိုငြင်အောင် မလုပ်ခဲ့ကြဘူး ။ဗမာပြည်မာလဲ ဒီအတိုင်းပဲ။ မရိုးသားတဲ့ ဘင်္ဂါ
လီတွေသာ ရခိုင်သမိုင်းကိုလိမ် လို့ ခုလို ပြသနာတွေ တက်ရတာ။ သူတို့ ရိုးသားမယ် ဆိုယင် ဘာပြသနာမှ မဖြစ်ပဲ အေးအေးချမ်ချမ်း နေနိုင်ပါတယ်။
..., Low-rated comment [Show]
0
Truth
written by Soe Than, October 06, 2009
Dear Saya Dr Aye Kyaw,
I sincerely appreciate for dare to tell the truth. I wish you could continue it.
Please be strong and keep up the good work.
Please be dare to stand for the truth.
0
...
written by Tun Aung Kyaw, October 06, 2009
အချို့ ထင်မြင်ချက်ေ ပးတဲ့သူတွေဟာ ရိုဟင်ဂျာ ပြဿနာ ကို မူဆလင် ပြဿနာ ဆိုတာနဲ့ ရောထွေးေ နကြတယ် ထင်ပါတယ်။ ခွဲခြား ရှုမြင် သင့်ကြပါတယ်။ ဒါဟာ တမင် ရှုတ်အောင် လုပ်ထားတဲ့ သီးခြား ပြဿနာတွေံသာ ဖြစ်ကြပါတယ်
0
...
written by Tun Aung Kyaw, October 06, 2009
မောင်မြင့်ရွှေ(ကနေဒါ) ရဲ တင်ပြချက်ကို နဲနဲ စီစစ်ကြည့်ပါရစေ- ရခိုင်ပြည်ကို ရခိုင်တွေက အုပ်ချုပ်ခွင့် ရချင်လို့ ဆိုတဲ့ ဒေါက်တာအေးကျော် ရဲ့ စကားကို ဦးမြင့်ရွှေ နားလည်မှု- အဓိပ္ပါယ်ကောက် လွဲနေတယ် ထင်ပါတယ်- အင်္ဂလိပ် လက်အောက်က မြန်မာနိုင်ငံ လွက်လပ်ရေး တိုက်ပွဲဝင်ခဲ့တာဟာ မြန်မာ နိုင်ငံသားတွေ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ၇ချင်လိြု့ ဖစ်ပါတယ် မြန်မာနိုင်ငံကို မြန်မာတွေ ကိုယ်တိုင် အုပ်ချုပ်ချင်လို့ ဖြစ်ပါတယ်-ဒါဟာ လွပ်လပ်ရေး ကို ဆိုလိုတာပါဘဲ- ရခိုင်ဖြစ်နေရုံနဲ့ ရခိုင်ပြည်ကို အုပ်ချုပ်ခွင့်ရမရ ဆိုတာ အငြင်းပွါးစရာ မလိုတဲ့ အချက် ဖြစ်ပါတယ်- ဒီနေရာမှာ ရခိုင်ဆိုတာ ရခိုင်ပြည်မှာ နေထိုင်ကြတဲ့ ချင်း- ခမွီး-ဒိုင်းနက်-မြို- ကမန်- ရခိုင် အစရှိတဲ့ ရခိုင် တိုင်းရင်းသား အားလုံးကို ရည်ညွှန်းတယ် လို့ နားလည်သင့်ပါတယ် -ဘယ်သူ အုပ်ချုပ်ရမလဲ ဆိုတာကတော့ ဒီရခိုင် တိုင်းရင်းသားတွေထဲက ပြည်သူက ရွေးချယ် တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်က အုပ်ချုပ်ရမှာ ဖြစ်ပါတယ် - ဦးနေ၀င်ြး ဖစ်စေ-ဦးနု ဖြစ်စေ သခင် ဗသိန်းတင် ဖြစ်စေ-ဗိုလ်ချုပ်ကြီး စောဗိုလ်မြဖြစ်စေ- ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကဖြစ်စေ တရား နည်းလမ်း တကျ ပြည်သူက ရွေးချယ်ခြင်းကို ခံရလို့ရှိရင် သူဟာ မြန်မာနိုင်ငံတော်ကို အုပ်ချုပ်ခွင့် ရှိပါတယ်-ဘာကြေင့်လဲဆိုတော့ သူဟာ မြန်မာနိုင်ငံသား ဖြစ်လို့ပါဘဲ။ ဒီထက်ရှင်းအောင်တင်ပြရရင် ဗမာပြည်ကို ကချင်-ကရင်---- စတဲ့ ဘယ် မြန်မာနိုင်ငံ ဘယ် တိုင်းရင်းသားမဆို ပြည်သူက ရွေးချယ်တင်မြှောက်တာ ခံရရင် အုပ်ချုပ်ခွင့် ရှိပါတယ်- ဒါပေမယ့် ဘယ်အမေရိကန်- ဘယ်အင်္ဂလိပ်ကမှ မြန်မာနိုင်ငံသား မဟုတ်တဲ့ ဘယ်သူကမှ လာရောက် အုပ်ချုပ်တာကိုမှ ခွင့်မပြုနိုင်ပါဘူး-ဒေါက်တာအေးကျော် ရဲ့ ရခိုင်ပြည်ကို ရခိုင်တွေက အုပ်ချုပ်ချင်လို့ ဆိုတဲ့ စကားဟာလည်း ဒီသဘောဘဲလို့ နားလည်မိပါတယ်။
..., Low-rated comment [Show]
0

written by SON OF ADAM, October 06, 2009
At least, Our people of Burma ( regardless of race and religion) can live peacefully these days in so many countries of the world.
God bless those countries, and especially United States of America where our Saya Dr. Aye Gyaw has been living peacefully.
0
THE TRUETH
written by MIKE, October 06, 2009
Dr. AYE KYAW , YOU DON'T NEED TO CARE ANYTHING FOR TALLING THE TRUE .
0
Human Rights Vs National Security
written by George Herbert Mead, October 06, 2009
Human Rights concepts are placed at a very idealistic point of the political spectrum while National security issue is still very realistic and problematic. I believe this is still a very hotly debated issue around the world.

In the case of Burma, there should not be any denying of human rights towards Bengali residents in Arakan, regardless of their origin. This is what they deserve! UDHR rights for Bengali muslims!

In return, Bengali residents should drop their attempts to distort the historical, archeological and epigraphical facts about Arakan. What angered most Arakanese is that Bengali muslims tried to prove that Arakan was a muslim country despite the overwhelming accounts of Hindu-buddhist archeological remains and tested scholar papers.

Just to make a short note about some comments earlier, Malaysia was in good terms with Cham people in Vietnam and Cambodia because they are muslims. Champa, a place where Cham people lived used to be a Hindu-Buddhist kingdom. Now Chams are predominantly Muslims. Moros in Mindanao in the Philippines are up for the cause of Muslim Caliphate. Muslims in Southern Thailand are no exception. Borobudur was a Hindu-buddhist temple right in the middle of Muslim island, Java.

It is not strange to see that Arakanese are worried about Muslim caliphate, let alone conspicuous terrorist attempts possible in near future.
George
0
the truth
written by Aung Mrin Soe, October 05, 2009
Actually,the truth is appeared one day,sooner or later.Saya Dr.Aye Kyaw has opened the mask of the people who so called Rohinja.
0
mr.
written by myint shwe, October 05, 2009
ပညာရှိ သတိဖြစ်ခြဲ ဖစ်နေမှာ စိုးလို့  တစ်ခုလောက် တင်ပြပါရစေ ဆရာ ခင်ဗျား - ရခိုင်ဖြစ်ယုံနှင့် ရခိုင်ပြည်ကို အုပ်ချုပ်ခွင့် မရနိုင်ပါ။ ဗမာ ဖြစ်နေယုံနှင့်လည်း ဗမာပြည်ကိုလည်း အလိုအလျှောက် အုပ်ချုပ်ခွင့် မရသင့်ပါ. ဘယ် ဒေသမှာဘဲဖြစ်ဖြစ် ဒေသခံ ပြည်သူလူထုက မဲပေး၍ ရွေးချုပ်ခြင်း ခံရတွေကသာ အုပ်ချုပ်ခွင့် ရသင့်သည် ထင်ပါသည်။ ဆရာ့အလိုအတိုင်း ဆိုလျှင် ဦးနေ၀င်း မြန်မာပြည်ကို အုပ်စိုးခဲ့တာ တရားဝင် အုပ်စိုးခဲ့တာ ဖြစ်ပါလိမ့်မည်။ ဒီနေရာမှာ လူမျိုးရေးပဒေသရာဇ် အတွေးအခေါ် နှင့် ဒီမိုကရေစီ နိုင်ငံရေး အတွေး အခေါ် သိသိသာသာ ကွဲပြားပါသည်။ ယခုလို တင်ပြ၍ ပြောစရာရှိတာကို ပြောလိုက်ရသော်လည်း ကျနော်၏ ဆရာ့အပေါ် လေးစားစိတ် လျှော့မသွားပါခင်ဗျား။ မောင်မြင့်ရွှေ (ကနေဒါ)
0
the camel
written by linn htet, October 05, 2009
Thanks for the short and easy-to-understand explanation, Dr. Aye Kyaw. Human Rights, Globalization, Iphone age, California, Malaysia... these are common words.
From the example of middle-east, malaysia itself, southern thailand and many others,
What muslims do have been
first asking for a place to live migrating from another place.
Then, asking for identity, (citizenship)
then asking for ethnicity, (when this does not work, conflicts are created)
(when these don't work, they shout for "Human Rights"?)
Then, what happens?

Human right ideas work only with limitation. US itself is one of the biggest human rights breakers. "In God, We Trust," you have seen it in dollar notes, haven't you? Protection of home is the most secure way to life. Cheers.
0
မဟုတ်မခံချင်သူ
written by ပြည်ချစ်သား, October 05, 2009
ကျွှန်တော်က ရခိုင်လူမျိုး မဟုတ်ပါဘူး.. ဆရာ့ စကားတွေ ကြားလိုက်ရတော့ ...ရိုဟင်ဂျာဆိုတဲ့ အကြောင်း သိလာရပါတယ်... ကျေးဇူးတင်ပါတယ်။
0
...
written by Messenger, October 05, 2009
Myanmar is the last straw for the genuine Buddhism(Theravada Buddhism).. nevertheless , protectors of Buddhism will guard Rakhine as long as they can hold.. Malaysia and Indonesia were not Muslim countries centuries ago.. But it didn't take very long to become one.. Rakhine won't take a century to become one either.. So is Burma(Myanmar). But it won't be easy as Burma is no Malaysia or Indonesia or India.. Mother Burma has legends. We will protect our mother..

Time is running out!! another 2400+ years left to protect your dignity before all fade away.. It is a duty as long as you live..
0
သမိုင်းဆိုတာ-
written by Tun Aung Kyaw, October 05, 2009
သမိုင်းဆိုတာ လိမ်ညာလို့ မရပါဘူး- ဘယ်သမိုင်းဖြစ်ဖြစ် အထောက်အထား ခိုင်ခိုင်မာမာနဲ့ တင်ပြလာရင် လက်ခံရမှာဖြစ်ပါတယ်- လုပ်ကြံရေးထားတဲ့ ရိုဟင်ဂျာသမိုင်း တစ်ခုလည်း ရှိနေပါတယ်- ဒေါက်တာအေးကျော် အနေနဲ့ အခုလို အချက်အလက်နဲ့ တင်ပြတာ ကျေးဇူးတင်ပါတယ်-ဒိထက် ပိုမိုတိကျတဲ့ အထောက်အထား များလည်း လိုအပ်ပါလိမ့်မယ်
0
should be!
written by ဖိုးရှမ်း, October 05, 2009
ဘယ်လို အနေထားဘဲ ရောက်နေရောက်နေ
အမှန်းကို မြတ်နိုး အမှန်ဘက်က ရပ်တည်တာ ပညာရှင် အစစ်ပါ။
ဂုဏ်ယူပါတယ်
0
Keep up the good work
written by maung kyaw, October 05, 2009
Dear Saya Dr Aye Kyaw,

Thank you so much for dare to tell the truth. I wish you could continue it.
Please be strong and keep up the good work.
Please be dare to stand for the truth.

Maung Kyaw
0
uncle,aye kyaw!don't go one way .
written by shahrukh kyaw, October 05, 2009
i am support (reality,s idea) ,that is true.why do you live in america? i ,m also rakhing buddhist. now we ,a lot of rakhing people are working in malaysia but you also know ,this is islam country.but we all live in very free ,they never care religion ,so we can live long time as a illigal in malaysia. please, you should understand about migration people for the new pasture . firstly, we must care how we stand our life.as a phd holdier you will know about globalization age.do you want to live in myanmar, the country step down stone age?so ,what is most important for humanbeings ?
0
...
written by KS, October 05, 2009
The accusation is serious to the extent that countries like Malaysia, and some Middle Eastern counties supported by arms and money to support the spread of Islam in Burma. Could you please prove with evidence?

This interview should be read together with the interview with the deposed Kokant Head, Phone Kyar Shin. Read it, and compare!
Which ethnic group has really caused Burma to pay dearly for the selfishness of the Military leadership?
In other words, when an ignorant scholar failed to grasp the real situation of Burma, reading this kind of interview is similar to the interview with Phone Kyar Shin, an uneducated, rich, and evil drug lord.

0
should know all rakhing
written by toelat, October 05, 2009
ဘဘ
ပထမ ကျေးဇူးတင်ပါတယ် ။ ရှင်းလင်းစွာ မြင်အောင်လည်း သူများကို လမ်းဖွင့်ပေးလို့ပါ၊ ရခိုင် လူမျိုးတိုင်းသာမက အခြေခံ အရင်းအမြစ်ကို မသိဘဲ အခွင့်အရေးကို ဗန်ပြပြီး ရိုဟင်ဂျာအရေးကို စွတ်ထောက်ခံနေတဲ့ သူတွေအတွက် လည်း ဒါကသိမြင်သင့်တယ်။တခါတခါ အခွင့်အရေးတွေကို အော်ဟစ်နေတဲ့ လူတွေကြားမှာ မှားယွင်းနေတဲ့ အခွင့်အ ရေးကို အော်နေရင်တော့ ဒါဟာ အနာဂတ်မှာလည်း တကယ် ရှုပ်ထွေးလာနိုင်ပါတယ်။ ဖြစ်ပျက်သွား တဲ့ အရာတွေထဲမှာ လူတွေက သင်ခန်းစာတွေကို ယူတတ်ရသလို့ပါဘဲ။ ရိုဟင်ဂျာအရေးကို အော် ဌါနေမဟုတ်တဲ့ သူတွေအတွက် လွယ်ကူသလောက်။ တကယ်ဌါနေ ရခိုင်သူ၊ရခိုင်သားတွေ အတွက် ဒါဟာ အလေးနက်ထားရမဲ့ အခန်းကဏ္ဍတွေပါ။
0
သိနေပြီးသားပဲ
written by သူကျော်မောင်, October 05, 2009
ဘာသာတရားဆိုတာ ကိုယ်ကိုးကွယ်တဲ့ ဘာသာအပြင် တခြား ဘာသာတရားတွေအပေါ်လဲ မျှတဖို့လိုတယ်။ ဘယ်သာသာဝင်နဲ့အိမ်ထောင်ပြုပြု မူဆလင်ဖြစ်အောင် မဖြစ်မနေလုပ်တာ ။ဖြစ်မလာရင်ဇာတ်ပျက်သွားပြီးဆိုပြီ ဆွေဖြတ်မျိုးဖြတ်။ အိမ်လာလည်ရင်တောင် ဆွေးမျိုးအရင်း ကြီးပေမဲ့ဘာမှမစားမသောက်တော့ဘူး။
ို့တခြားဘာသာဝင်တွေက သဘောထားကြီးပေမဲ့ သူ့တို့တွေကရှေးက မူကြီးတွေ အတိုင်းကျင့်သုံပြီး
ဘာသာရေး ကျဉ်းမြောင်း လွန်းနေတာပါ။ ဒီအနရာယ်ကတော့ တစ်ကမ်ဘာလုံးမှာ ရင်ဆိုင်နေရတာပါ။
ဘယလူမျိုးဘယ် ဘာသာမဆို ကိုယ့်လူမျိုး ကိုယ့်ဘာသက် ဘက်က ခုခံ ကာကွယ်ရမှာပဲ။
0
To Reality and Htwe Htwe:
written by Son of Burma, October 05, 2009
To Reality and Htwe Htwe:
Well, the United States was founded by subjects from Great Britain and Western Europe, while our Union of Burma was founded by true-ethnic-brothers. It's absurd to compare Arakan State and California. The United States murdered hundreds of thousands of natives and instituted slavery, so it is fair for the United States to provide some space for black, brown (or yellow). Now, Burma did not institute any inhumane ideology and thus she has no obligation to provide any space for folks from Bangladesh.
And here is the fact: We, ethnics of the Union of Burma, are not denying any civil rights to muslims. We are simply denying the very existence of "Rohingya". If they do not claim a separate ethnic group, and assure themselves as Islamic residents of the Union, they can live and work in Burma. But as long as they claim themselves Rohingyas, we will have to deny them even when Burma is democratized.
0
မှန်ပါတယ်
written by ခိုင်ထွန်း, October 05, 2009
ရခိုင် လူမျိုး တစ်ယောက် အနေနဲ့ ဂုဏ်ယူပါတယ် ဆရာ..
ရိုဟင်ဂျာ ဆိုတာ ဘယ်တုန်းကမှ ရခိုင်သမိုင်းမှာ မရှိခဲ့ဘူး ဆိုတာ ရခိုင်တိုင်း သိပါတယ်..
0
Not agree
written by William, October 05, 2009
First of all there are so many same story all over the wall.So many myanmar people in foregin country.. Like Malaysia, singapore, US..... They also fight for theire right in other country.WHAT YOU WILL SAY ABOUT IT.
Now they are citizen of myanmar.They will fight for Myanmar not for Bagldesh.If i am not wrong.
Look back the history of myanmar..Not talking about Rohinga... U Yar Zat, don't forget he is Muslim.As you say for sure he is not orgin of Myanmar. But he fough for Myanmar. What you give for his people.NOTHING.............................................Nothing.......................
0
historian or problem maker?
written by coco, October 05, 2009
His view is back to BODAW ERA.Today is IPhone ERA.If u like it or not,the world is moving.
In fact,the nation should give priority only to the citizens.All indigenous groups or states based on race is not fair.I wish MYANMAR ONLY ONE STATE not divided by smaller racial states.Otherwise,the people will make problem each other like this historian.I am not ROHINGYAS.
0
အမှန်တရား
written by Burmese Buddhist, October 05, 2009
ဒေါက်တာ ဦးအေးကျော် ပြောသွားတာတွေကို အပြည့်အ၀ အကြွင်းမရှိ ထောက်ခံပါတယ်
0
ကျေးဇူးတင်ပါတယ်
written by Aung Mrin Soe, October 04, 2009
သမိုင်းမှန်တွေကို သတ္တိရှိရှိ ပြတ်ပြတ်သားသား ပြောပြပေးတဲ့ သမိုင်းပညာရှင် ဆရာကြီးဒေါက်တာ
အေးကျော်ကို အထူးပဲ ကျေးဇူး တင်ပါတယ်။
0
သိထားသင့်တယ်
written by မင်ဆက်ရခိုင်, October 04, 2009
ရိုဟင်ဂျာ ဆိုတဲ့ ဘင်္ဂလီတွေ ပတ်သတ်တဲ့ သိသင့်တဲ့ အင်တာဗျုးတစ်ခုပါ။ လူသားများဆိုင်ရာ လှု့အခွင့်အရေး ကို ကျူပ်တို့ လေးစားပါတယ်။ ဒါပေမယ့် ကျူပ်တို့အိမ်ကို လာပြီး ၂ ခြမ်းခွဲဖို့ လုပ်ရင်တော့ ကျုပ်တို့ ခံမှာ မဟုတ်ဘူး။ ရိုဟင်ဂျာ ဆိုတဲ့ သူတွေကို ထောက်ခံ တဲ့ သူတွေဟာ ဒီပြဿနာ သူတို့ ခေါင်းပေါ် မကျသေးလို့ ဒီလို့ ပြောနေတာပါ။ ဒီနေရာ လူ့ အခွင့်ရေး နဲ့ ကိုင်ပေါက်လို့ မရပါဘူး။
0
ဝင်ပြောကြည့်မယ်နော .....
written by white peacock, October 04, 2009
ကျွန်တော်တို့ မြန်မာနိုင်ငံ ကတော့ လှေသကြီးရူးနဲ့ လှေလူး လိုဖြစ်နေပြီး။ အာဏာရူး စစ်ဗိုလ်တွေနဲ့ နားလည်မှူ လွဲနေတဲ့ တိုင်းရင်းသား လူထုနဲ့တော့ တွေ့နေပြီး။ ကိုယ့်တိုင်းပြည်တွင်းမှာ ရှိတဲ့ တိုင်းရင်းသားလူထု ကိုတောင် မျှမျှတတ နေရာချ မအုပ်ချူပ်နိုင်တဲ့ ဒီစစ်အစိုးရလက်အောက်မှာ ပြည်ပက အခြေ လာချတဲ့ လူမျိုး တွေတွက် ဆိုရင်တော့ မစဉ်းစားနဲ့တော့။ စစ်စိုးရရဲ့ ငွေများ တရားနိုင် ဥပဒေရယ်၊ လူကိုခင်ရင် မူကိုပြင်တယ် လူကိုမုန်းရင် မူကိုသုံးတယ်ဆိုတဲ့ ဝါဒ အောက်မှာ ရိုဟင်ဂျာတွေ အဆင်မပြေတာ ရှိတလို၊ ရခိုင်လူမျိုးတွေ နစ်နာတာတွေလဲ ရှိပါတယ်။ အားလုံးစွတ်စွပ် မတွန်းကြပါနဲ့။ နိုင်ငံတွင်းမှာ ရှိတဲ့ တိုင်းရင်သား လူမျိုးပေါင်းစုံရဲ့ အကျိုးစီးပွားကို ထိရောက်စွာ သယ်ပိုးနိုင်တဲ့ တိုင်းရင်းသား လူထု တင်မြောက်တဲ့ အစိုးရအောက်မှာ စည်းလုံးစွာရှိမှ အားလုံးတွက် အဆင်ပြေဆုံး ဖြစ်မယ်လို့ မြင်တယ်။
0
...
written by Bagan Thar, October 04, 2009
I wish future politicians of Myanmar will not sell their land and dignity at the expense of our own people to suppose their political cause.
We all ( Burmese, Rakhine, Shan, kachin, etc) are minors compared to Bengali, Indian, and Chinese.

If we read history it is clear to see that British put a layer between them and us- Indians in administration.

Politicians close their eyes in this aspects and one even said colonial time is better.

We all must be united.To be united we all must TRY TO understand each other.

While we must look after those people wo is part of us already, we must protect Rakhine land and all border states for any further infiltration.
ဟုတ်ပါမလား, Low-rated comment [Show]
0
...
written by Mtll123, October 04, 2009
hav u ever went to Rakhein State...the place where these Rohingya people are living..how they survive their live..
0
...
written by KZ, October 04, 2009
When these people going to realise and exercise the democracy? I don't think Rohingya problem is not connecting with any Islamization. Come on! wake up! Guys,
0
တန်ဖိုးရှိတဲ့  သမိုင်းပညာရှင်ပါ..................
written by thant kyaw oo, October 04, 2009
ပညာတတ် မြန်မာနိုင်ငံသား တစ်ယောက်အဖြစ် ဂုဏ်ယူသလို. ........ ရိုဟင်ဂျာနဲ့  ပါတ်သက်လို့  မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ သမိုင်းကြောင်း အခြေအမြစ်ကို ရေရေ ရာရာ သိလိုက်ရလို့  အထူး ကျေးဇူး တင်ပါတယ်ခင်ဗျာ..........
ကျနော် ရခိုင်လူမျိုး မဟုတ်ပေမဲ့  ရခိုင် တိုင်းရင်းသား ညီကိုများ ရခိုင့်မြေပေါ်မှာ ကမ္ဘာတည်သ၍ တည်ရှိနိုင်ပြီး ဘာသာ သာသနာကို စောင့်ရှောက်နိုင်ကြပါစေ။
0
No Rohinjer in Myanmare
written by iRobot, October 04, 2009
I support Dr Aye Kyaw's comment. There is no Rohinjer in our country.
0
...
written by ပြည်ချစ်, October 04, 2009
မြန်မာနိုင်ငံ အတွက် အရမ်းအရေးပါတဲ့ အင်တာဗျူးတစ်ခုပါ...

0
This is true
written by payonsae, October 03, 2009
This is true and I strongly support the writer and the topic... . I don't like our government, but I have to stand their side for this time for good cause, for our country sake. Please don't take it wrong, we have our own history. If you guys want to say bad about the military government, you can say in many way but please not mention with human right (or) to accept them as our citizens. Please do not look for short term... Please
0
အမှန်တရားဆိုတာ ပျောက်ကွယ်သွားရိုး ရှိပါ
written by အမှန်တရား, October 03, 2009
ဒီစကားကိုဘဲ မကြာခဏ ကြားရတာ ဖတ်ရတာ စိတ် ပင်ပန်းပါတယ်
သန်း ၆၀ ကျော်ရှိ မြန်မာပြည်သူေ တွဟာ လက်ရှိ ရှိနေတဲ့ စစ်အစိုးရနှင့် တရားဥပဒေကို မယုံကြည်ကြလို့ ဒီမိုကရေစီ စနစ်ကို တစိုက်မက်မက် တောင်းဆိုနေကြသူတွေဟာ ဘာမဟုတ်တဲ့ နအဖ စစ်အစိုးရရဲ့ တရားဝင် မကျသော စကားတခွန်းကို လက်ခံယူပြီး ငြင်းခုံနေမယ့် အစား တရားဝင် အစိုးရ တစ်ရက် ဖြစ်ထွန်းလာတဲ့ အခါကျမှ ရှင်းယူတာ ပို မကောင်းဘူးလား မည်သူမှန်သလဲ ဆိုတာ အမှန်တရားက ဆုံးဖြတ်ပေးပါ လိမ့်မယ် အမှန်တရား ဆိုတာ ပျောက်ကွယ်သွားရိုး မရှိပါ
0
To Dr. Aye Gyaw
written by REALITY, October 03, 2009
Saya Dr. Aye Gyaw,

I respect your knowledge. If you don't mind, please let me write this comment to you as a reminder.

You currently live in a country which has freedom of religion and no discrimination in races.

Please let me mention about Los Angeles, the city I live .There is no little Saigon, no little Tokyo, no Thai town, no Korea town and many other communities before 1900 in LA. All those different people are Americans whom are guaranteed by US constitution to get the same rights. They can vote any candidate they want. They can travel anywhere they want. They can be elected. They can pursue any education they want. They can believe anything they want or they have right not to believe. They can be black, brown or white.
Please be broad-mided since you live in the country which is a champion of Democracy and freedom.

Please do not hurt others believe while you are trying to make somebody believed in your statement. Be fair and Be professional. I hope you will find many ways to promote your race without hurting other races and religion.

After all, we all are citizens of the world, brother Dr. Aye Gyaw.
0
Thank ku
written by maung thin, October 03, 2009

Dear

Dr Aye kyaw
We need to know that true.We want to know Rohinjar.
0
MR
written by U ZAW WIN, October 03, 2009
Dear Aye Kyaw
Most educate people are working and thinking for global and human rights.This is latest digital World. NOT COLONY WORLD.
MR ZAW WIN, ENGLAND
..., Low-rated comment [Show]
0
...
written by Htwe Htwe, October 03, 2009
Now I know who were responsible for the racist Burmese Citizenship Law of 1982.

The law denied citizenship to those who could not prove that their ancestors had lived in Burma before 1824 was exactly similar to Nuremberg Laws which denied German citizenship to Jews.

Any ethnic or religious group has their own fair share of thieves, murderers and trouble makers. Most the Muslims living in Rakhine state want to provide for their family similar to people from other ethnic or religious groups.

Thousands and thousands of Chinese and Indian and other Muslims who were born and raised in Burma and could not even speak languages other than Burmese were denied the chance to pursue professional degrees, the chance to travel and sometimes the chance to seek medical treatment because they could not go Rangoon or Mandalay.

You and your family lived in United States, the country which has a strongest anti-discrimination law. You, your family and your children would not be denied of US citizenship just because you did not come to US before their independence in 1776.

They could not give you less money than an American of European origin just because you are a Rakhine. You and your family enjoy the fruits of a society which cherishes non-discrimination.
0
Good but it might leave to conflict
written by upanna, October 03, 2009
မသိသေးတဲ့ ရှေးက သမိုင်းကြောင်းတွေကို သိရတာ အတော်ဗဟုသုတ ရပါတယ်
ရှေးခေတ်အာဇာနည်းတွေရဲ့စိတ်ဓာတ်တွေက အံ့အခန်းလောက်ေ အာင်ပါပဲ
ခုခေတ် မျိုးဆက်သစ်တွေ အတွက် မဖြစ်မနေ သိသင့် သိထိုက်တဲ့ အရာတွေပါ
သို့သော်လည်း တစ်ချို့အသုံး အနှုံးတွေကို တိုင်းရင်းသားတွေ အချင်းချင်း စိတ်ဝမ်းကွဲစရာတွေ
ဖြစ်စေ နိုင်သလားလို့ စိုးရိမ်မိပါတယ်
0
အရမ်းကောင်းတယ်....
written by Burmese, October 03, 2009
မှန်တယ်... ဒေါက်တာအေးကျော် ပြောတာ ထောက်ခံတယ်...မေးတဲ့သူကလည်း မေးသင့်တဲ့ မေးခွန်းတွေကို မေးသွားတယ်....စစ်အစိုးရက ဗမာနိုင်ငံမှာ ဒီရိုဟင်ဂျာ လူမျိုး မရှိဘူးလို့  အတိအလင်း ဆိုတာကလည်း လက်ခံတယ်။ တစ်သက်လုံး လိမ်လာတဲ့ အစိုးရ ဒီတစ်ခါ အမှန်အတိုင်း ပြောတာကိုတော့ ကြိုက်တယ်။ ရိုဟင်ဂျာဆိုတာ တကယ်တော့ ဦးအေးကျော် ပြောသလို ဗမာပြည်မှာ မူဆလင် ဘာသာနဲ့ နယ်မြေကို ထူထောင်ချင်နေတဲ့ လူမျိုးတွေပါ....လူမျိုးနဲ့  ဘာသာ တရားကို ကာကွယ်ဖို့ အတွက် ရိုဟင်ဂျာ ဆိုတာ စစ်အစိုးရကို ဆန့် ကျင်ဖို့ အတွက် တစ်ခုတည်းနဲ့ တော့ လက်မခံသင့်ဘူး ထင်တာပဲ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်