မေး။ ။ ဒါရိုက်တာ တယောက်အနေနဲ့ ကိုယ်လုပ်ချင်တဲ့ အနုပညာကို လုပ်ခွင့်မရတာမျိုး ကြုံခဲ့ရဖူးလား။ဖြေ။ ။ စလုပ်ကတည်းက အခုချိန်ထိ ၁၅ နှစ်ရှိပြီ။ အဲဒီ ဒုက္ခက ပြောပြလို့မရအောင်ကို များပါတယ်။ ကားတိုင်း လိုလိုပါပဲ။
မေး။ ။ အခုလတ်တလော အငြိမ့်တွေကို ဘာကြောင့် လုပ်ဖြစ်နေပါသလဲ။
ဖြေ။ ။ အငြိမ့်က လွတ်လပ်တယ်လေ။ တခုတော့ရှိတာပေါ့၊ ကျနော်တို့က ချစ်စရာကောင်းအောင် ပြောတတ် ဖို့တော့ လိုတယ်။ ချစ်စရာကောင်းအောင် ပြောတတ်မှလည်း ချစ်မှာလေ။ ရယ်ရရင် ပြီးရော လုပ်လို့မရဘူး။ ရယ်ရ တာရဲ့ နောက်မှာ တွေးစရာလေးတွေ ရှိရမယ်။ ရိုးရိုး ရယ်စရာ ဒီအတိုင်းပြောပြီး ပြီးသွားတာမျိုး မဖြစ်စေချင်ဘူး။ အဲဒီတော့ ကျနော် ဖန်တီးတဲ့ အငြိမ့်တွေက အဓိပ္ပာယ်တခုခု ရှိနေရမယ်။ ရယ်စရာ ဆိုရင်လည်း နှစ်နှစ်ခြိုက်ခြိုက် ရယ်ရတာ မျိုးလေး ဖြစ်ချင်တယ်။ ပြီးတော့ တစိမ့်စိမ့်တွေးပြီး ရယ်ရတာမျိုး ပိုကြိုက်တယ်။ အငြိမ့်က အဖြတ်ခံရတယ် ဆိုလည်း သိပ်မသိသာဘူး။ ဇာတ်ကားကျတော့ အရမ်းသိသာတာပဲ။ လုံးဝ အဆက်အစပ် မရှိတော့ဘူး။
မေး။ ။ ခေတ်ကို သရော်ထားတယ်ဆိုတဲ့ “နှင်းဆီရင်ခွင် အငြိမ့်” နဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ဖြေ။ ။ တ၀က်လောက် အဖြတ်ခံထားရပါတယ်။ ကျနော်တို့အပြင်မှာ တကယ်ကတဲ့ ပွဲ တ၀က်စာလောက်ပဲ ရှိပါတယ်။ အပြည့်သာ ကြည့်ရမယ်ဆိုရင် ပိုကြိုက်ကြမှာပါ။
မေး။ ။ အရင်က ရုပ်ရှင်၊ ဗီဒီယို လောကမှာ သရဲကားတွေ၊ ၀ိဉာဉ်ကားတွေ ၊ မှော်ကားတွေရှိခဲ့တယ်။အဲ့ဒီကနေ ရိုက်ခွင့်မရ တော့ဘူးဆိုပြီး ပိတ်လိုက်တယ်။ နောက် ပြန်ရိုက်ခွင့်ပေးလိုက်ပြန်ရော။ အခုကျတော့ မရိုက်ရတော့ဘူး ပြန်ဖြစ်ပြန်တယ်။ ဘာကြောင့် ပိတ်တယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ဖွင့်ပေးတုန်းကလည်း သူတို့ပဲ၊ ပြန်ပိတ်တော့လည်း သူတို့ပဲ ဆိုတော့ အဲဒီအဖြေကို သူတို့ကို မေးကြည့်မှ သိမှာပဲ။ တချို့က ပြောတာကတော့ ယုတ္တိမရှိတာတွေနဲ့ အတင်းပြူးပြဲပြီးခြောက်လို့ ဆိုပြီးပြောတာပဲ။ ဒါပေမယ့် ကျနော်တို့ အမြင်ကတော့ အဲဒီလိုမမြင်ဘူး။ ဒါက နိုင်ငံတကာမှာလည်း ရှိတယ်လေ။ အဲဒါကို ပရိသတ်က ဆုံးဖြတ် သွားလိမ့်မယ်။ အနုပညာနဲ့ ပတ်သက်လို့ကတော့ နိုင်ငံရေးဦးတည်ချက်တို့၊ စီးပွားရေးဦးတည်ချက်တို့ ဆိုတဲ့ ပေါ်လစီ ကို ဘာမှ မထိခိုက်ဘူးဆိုရင် ခွင့်ပြုသင့်တယ်လို့ ထင်ပါတယ်။
မေး။ ။ အခုဗီဒီယိုလောကမှာ မင်းသားတွေက မိန်းမလျာ(အလှဖန်တီးရှင်)ဇာတ်ရုပ်၊ မင်းသမီးတွေက ယောက်ျား လျာ ဇာတ်ရုပ်တွေကို အများကြီး သရုပ်ဆောင်လာကြတာ တွေ့ရတယ်။ အဲဒါဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ။ ။ မြန်မာပြည်မှာက တခုခုအောင်မြင်ပြီးပြီ ပိုက်ဆံရသွားပြီဆိုရင် အဲဒီနောက်ကို စုပြုံလိုက်လာကြတယ်လေ။ အဲဒီလိုမျိုး ရှေ့မှာလည်း ဖြစ်ခဲ့ပြီးပြီ။ ရုပ်ရှင်ကားကြီး ခေတ်ကောင်းတယ်ဆိုပြီး ၀ိုင်းရိုက်လိုက်ကြတာ၊ ဒါကတော့ မြန်မာ့ သဘာဝလို့ပဲပြောမလား စီးပွားရေးသမားတွေရဲ့ ငါးပွက်ရာငါးစာချတဲ့ အကျင့်လို့ပဲ ပြောရမလား မသိပါဘူးဗျာ။ တခြားဟာတွေကို ရိုက်လို့မရတော့ ကာရိုက်တာကို ထူးဆန်းအောင် အဲ့ဒါတွေနဲ့ပဲ လုပ်ကြမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေ တာပါ။
မေး။ ။ ရုပ်ရှင်လောကမှာ ဇာတ်ပို့၊ ဇာတ်ရံ၊ လူကြမ်းတွေ အကယ်ဒမီ မရကြတာများတယ်၊ ဘာကြောင့်လဲ။
ဖြေ။ ။ ဒါကတော့ရှင်းပါတယ်၊ ကြိုးစားအားထုတ်မှု မရှိလို့ပါ။ တချို့ကျတော့လည်း ကံပေါ့နော်။ ကံကိုက အကြောင်း အမျိုးမျိုးကြောင့် လွဲနေတာလည်း ဖြစ်နိုင်တယ်။ တကယ် သေသေချာချာ လုပ်ရင်တော့ သေသေချာချာ ရမှာပါ။ တကြိမ်မဟုတ် တကြိမ်တော့ရမှာပဲလေ။ ဒီမှာလည်း လုပ်စားတဲ့သူက များတယ်ဗျ။ အဲဒီအပေါ်မှာ သေသေ ချာချာ ရူးသွပ်ပြီး လုပ်တဲ့သူနည်းတယ်။
မေး။ ။ အခု တနှစ်တနှစ်ကို ဟာသကားတွေ အများဆုံး ရုံတင်လာကြတာနဲ့ ပတ်သက်လို့ကော ဘယ်လိုမြင်ပါ သလဲ။
ဖြေ။ ။ ဟာသကို လူတွေက ပိုကြိုက်ကြတယ်လေ။ ဘာကြောင့်လဲဆိုတော့ လူတွေက အပြင်မှာ မရယ်နိုင်ကြဘူး လေ။ အဲဒီလို မရယ်နိုင်တော့ ရုပ်ရှင်ရုံထဲမှာ ရယ်ကြရတာပေါ့။ အပြင်မှာ ပွင့်ပွင့်လင်းလင်း ရယ်နိုင်ပြီဆိုတဲ့ အခါ ကျရင်တော့ သူတို့ ကြိုက်ချင်မှ ကြိုက်ကြပါလိမ့်မယ်။
မေး။ ။ ဒါဆို တနှစ် တနှစ်ကို အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ကားတွေ နည်းလာရတာ အခုလိုဟာသကားတွေ ရုံတင် များလာတာနဲ့များ ဆက်စပ်မှုရှိနိုင်မလား။
ဖြေ။ ။ ဆိုင်ပါတယ်။ အကယ်ဒမီ ပေးချင်ပေမယ့်လည်း ပေးလို့မရတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတာပေါ့။ ဟာသ မှာလည်း အမျိုးမျိုးရှိပါတယ်။ တချို့ အဆင့်ရှိတဲ့ဟာသတွေလည်း ရှိတယ်။ နိုင်ငံတကာမှာလည်း အဆင့်ရှိတဲ့ ဟာသ ကားတွေကို တချို့ အကယ်ဒမီပေးကြတယ်လေ။ ဟာသကားတွေ ဆိုပြီး ခြုံပြောလိုက်ရင် အဆင့်ရှိတဲ့ ကားတွေက နစ်နာစရာ ဖြစ်နေမယ်လေ။
မေး။ ။ ကိုမျိုးမင်း ရိုက်တဲ့ကားတွေ တော်တော်များများမှာ ပဟေဠိဆန်ဆန် ဟာသလေးတွေ ရိုက်တာ ဘာကြောင့် လဲ။
ဖြေ။ ။ လူငယ်တွေက စဉ်းစားတဲ့အလုပ်ကို သိပ်မလုပ်ချင်ကြတော့ဘူး။ အဲဒီတော့ စဉ်းစားတဲ့ အလုပ်ကို သူတို့ ပျော်သွားအောင်လို့ ရယ်စရာလေးတွေနဲ့ စဉ်းစားဖြစ်အောင်လို့ ကျနော်တို့က ကြံဖန် ဖြားယောင်းပြီး ရိုက်သွားရတာ ပေါ့နော်။ အဲဒီအတွက်ကြောင့် သူတို့ရယ်လည်း ရယ်ရတယ်၊ ပျော်စရာလည်း ကောင်းတယ် ဆိုတာမျိုးပေါ့။ အဲဒီတော့ ပဟေဠိ ဆန်ဆန်လေးတွေကို သူတို့ စဉ်းစားရတာ ပျော်လာအောင် ကျနော်တို့က ရိုက်သွားတဲ့ သဘောပါ။
မေး။ ။ ရုပ်ရှင်ဆိုတာ ပရိသတ်ကို ငိုအောင်၊ ရယ်အောင်၊ ချစ်အောင်၊ မုန်းအောင် လုပ်နိုင်စွမ်းတယ်ဆိုတဲ့ အပေါ် ကိုမျိုးမင်းရဲ့ အမြင်က ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အဲဒီလို လုပ်နိုင်စွမ်းတယ် ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် လုပ်နိုင်ခွင့်ရဖို့တော့ ခက်ပါတယ်။ လုပ်နိုင်ခွင့်ရမှ လုပ်နိုင်စွမ်းတာပါ။ လုပ်နိုင်ခွင့်မရဘဲနဲ့တော့ မလုပ်နိုင်ပါဘူး။ အနုပညာဆိုတာကလည်း လွတ်လပ်မှုရှိတဲ့ နေရာမှာသာ ပိုပြီး ဖွံ့ဖြိုးတယ်လေ။
မေး။ ။ မြန်မာ ရုပ်ရှင်လောကကိုရော ဘယ်လိုဝေဖန်ချင်ပါသလဲ။
ဖြေ။ ။ နိုင်ငံတော်က ချထားတဲ့ ဦးတည်ချက်တွေ ရှိတယ်လေ။ အဲဒါတွေကို မထိခိုက်ဘူး၊ ထိခိုက်ဖို့လည်း စိတ်ကူး မရှိဘူး။ အိပ်မက်တောင် မမက်ခဲ့ဘူး။ အဲဒီတော့ အနုပညာကို လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ရချင်တယ်။ အဲဒီလို ဖန်တီးခွင့် ရမှလည်း ကျနော်တို့က ကမ္ဘာကို သေသေချာချာ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ချပြနိုင်မယ်လို့ ထင်တယ်။ ဥပမာ - အိန္ဒိယ ကားတွေမှာဆိုရင် သူတို့ ရိုးရာအတိုင်း မင်္ဂလာဆောင်တယ်၊ ကတယ်၊ ဆိုတယ်။ ဒါ သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့စရိုက် သူ့ဘာသာ သူ ပါပြီးသား၊ ထိန်းသိမ်းပြီးသား။
ကျနော်တို့ကလည်း မြန်မာရဲ့ဓလေ့စရို်က် မြန်မာမှု၊ မြန်မာ့ ဟန်တွေကို ထိန်းသိမ်းရမယ်။ အဲဒီလို ထိန်းသိမ်းတယ် ဆိုတဲ့ နေရာမှာ ထိန်းသိမ်းတာနဲ့ တင်းကျပ်တာ မတူဘူး။ မလိုလားအပ်ဘဲနဲ့ အတင်းကြီး တင်းကျပ်ပြီး ထိန်းသိမ်း နေတယ်ဆိုရင်တော့ ဘယ်လိုမှ ရှင်သန်နိုင်မှာ မဟုတ်ဘူး။ ကျနော်တို့ ရိုက်တဲ့သူတွေ ကိုယ်နှိုက်ရဲ့အသိကလည်း ငါတို့ဟာ မြန်မာ၊ မြန်မာ လူမျိုးရဲ့ ဂုဏ်သိက္ခာကို မထိခိုက်ရဘူး ဆိုတဲ့ အသိလည်းရှိရမယ်။ ဒါပေမယ့် စီးပွားရေး ဦးတည်ချက်၊ နိုင်ငံရေး ဦးတည်ချက်တွေကို မထိခိုက်ဘူးဆိုရင်တော့ လွတ် လွတ်လပ်လပ် စဉ်းစားတွေးခေါ်ပြီး ကျနော်တို့ လုပ်လို့ရမှ နိုင်ငံတကာကို ထိုးဖောက်နိုင်လိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ ရှိသလောက်ကို တင်ပြလို့ မရဘူးဖြစ်နေတယ်။
ဥပမာ - စိတ်ကူးအိပ်မက် ဆိုတာ မက်ချင်ရာ မက်မှာပဲလေ။ အဲဒါကိုတောင် ဆင်ဆာဖြတ်ခံရတယ်။ အံ့သြလို့ မဆုံးဘူး။ အဲဒီတော့ စိတ်ကူးထဲအထိ ဆင်ဆာလိုက်ဖြတ်တယ် ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားရော။
Set as favorite
Bookmark
Email this
Hits: 15127
Comments (15)

written by moe kyaw lay, October 25, 2009
လူငယ်တွေရ့ဲ အတွေးဟာ ခေတ် အဆက်ဆက်က ရှင်သန်ခဲ့တာပါ ။ ဘာမှ မသိအောင် အမှောင်ချ ခံထားရလို့ပါ။ လူငယ်တွေကို စဉ်းစားတ တ်အောင်ထက် စဉ်းစားရဲေ အာင်လည်း အတွေးလေ တွေနဲ့
( ကိုဇာဂနာ လုပ်သလိုမျိုး) ခပ်ရဲရဲ ရိုက်ပြပါ။ အမြဲ အားပေးနေမှာပါ။
( ကိုဇာဂနာ လုပ်သလိုမျိုး) ခပ်ရဲရဲ ရိုက်ပြပါ။ အမြဲ အားပေးနေမှာပါ။
written by Danone, October 23, 2009
စစ်အစိုးရဟာ ရုပ်ရှင်ကို ချောင်းသာနဲ့ ကန်ဘောင်မှာပဲ ပေးရိုက်ပါသလားခ င်ဗျာ။ အဲ့ဒီကားတွေပဲ တွေ့တာ များလို့ပါ။ မြန်မာ အွန်စောတို့ မြန်မာ ဂျွန်စောတို့ ဆိုပြီး နိုင်ငံတစ်ကာ ထိုးဖောက်ဖို့ လုပ်တာလဲ မဆိုးဘူးပဲ ပြောရမယ်
written by Rose, October 14, 2009
အိပ်မက်ထဲက ဆင်ဆာ ခေါင်းစဉ်နဲ့ ဇတ်လမ်း ရိုက်ရင်ေ တ်ာတော်ကြည့်လို့ အရမ်းကောင်းမှာ သေချာတယ်..
written by အညာသား, October 12, 2009
မြန်မာပြည်က ရုပ်ရှင်ပြဲ ဖစ်ဖြစ် ဗွီဒီယိုပဲဖြ စ်ဖြစ် ဖြစ်ကတတ်ဆန်း ရိုက်တာတွေ များတယ် လို့တော့ ထင်မိတယ်ဗျ။ အသံစနစ်၊ ဇာတ်လမ်း တည်ဆောက်ပုံနဲ့ သရုပ်ဆောင် အိုဗာဖြစ်တာတွေ များတယ်လို့ ထင်မိတယ်ဗျ။
ဇာတ်လမ်းကြည့်နေရင် အသံက မရှင်းလိုက် ကျယ်လာလိုက် တိုးသွားလိုက် ၀ိုးလိုက် ၀ါးလိုက်နဲ့ နားပသာ ဒမရှိဘူး။ နောက် သရုပ်ဆောင်တွေကလည်း သဘာဝနဲ့ ဆန့်ကျင်တဲ့ မငိုသင့် သလောက် ပိုငိုပြတာတို့ တွေက တော်တော်ဆိုးတယ်။
နောက် ဇာတ်လမ်းတွေကလည်း မင်းသမီး မင်းသား ပြန်ပေါင်း ဆုံရေး အတွက်ပဲ တွေ့နေရတယ်။ မဆုံ ဆုံအောင်ကို လုပ်ပေးနေလိုမျိုး..။
ကြာတော့လည်း မြန်မာ ရုပ်ရှင်ဗီဒီယိုတွေက စိတ်အဆာပြေတွေ လောက်ပဲ ဖြစ်လာတော့တယ်။ ကြာတော့လည်း ရိုးအီလာတော့တာပဲ။ ဒါတွေက ဒါရိုက်တာတွေမှာ တာဝန်ရှိသလား။ တာဝန်ရှိတယ် ဆိုရင် ကို ပိုကောင်းေ စချင်ပါတယ်ဗျာ ...။
နည်းပညာပိုင်း မပြည့်စုံတာ စက် မစုံတာတွေ ဆိုတဲ့အခက်အခဲတွေကြားမှာ နားလည်မိပေမယ့် ရှိသလောက်နဲ့တော့ အကောင်းဆုံးဖြစ်ေ အာင်လုပ်လို့ ရနိုင်ပါသေးတယ်။
အနုပညာလောကသား မိတ်ဆွေ တစ်ယောက်တော့ ပြောတာကြားဖူးတယ်။ ဆင်ဆာ ဖြတ်လွန်းလို့ ဆင်ဆာ လွတ်ရင်ပြီးရော ဆိုပြီး ဖြစ်သလိုရိုက်တာတွေလည်း ရှိသတဲ့။ ဒါဆိုရင်တော့ အစိုးရကြောင့် အားလုံး နိမ့်ကျနေတယ် လို့ ပြောရတော့မလား။
ဘာပဲဖြစ်ဖြစ်ဗျာ ပြည်သူအတွက် ဘာမှ မကျန်ခဲ့တဲ့ ဇာတ်ကားတွေကတော့ မကောင်းပါဘူး။ အနည်းဆုံးတော့ ရီလိုက်ရ ရင် မဆိုးဘူး။ အပေါစား အချစ်ကားတွေ မင်းသမီး မင်းသား အ၀တ်အစား အမျိုးမျိုးဝတ်ပြ ၊ အလှပြရုံ ဇာတ်ကားတွေ ကိုတော့ ဆင်ခြင်သင့်တယ် လို့ ထင်တယ်ဗျာ။
အခုလို ပြောတာတွေ အပေါ်မှာ ဘယ်လိုများ ထင်မိမလဲ။

written by JP, October 11, 2009
သိပ်ကောင်းတဲ့ အင်တာဗျူးပဲ.. စိတ်ကူးထဲထိ ဆင်ဆာ လိုက်ဖြတ်တယ်.. ဆိုတဲ့ စကားကိုတော့ ကြိုက်သွားပြီ..အဲဒီ နှင်းဆီရင်ခွင် အငြိမ့် ရဲ့  ဖြတ်လိုက်ရတဲ့ အပိုင်းတွေကို youtube မှာ တင်ထားပေးပါလား။ ပင်ပင်ပန်းပန်း ရိုက်ထားပြီး ဘယ်သူမှ မကြည့်ရရင် နှမြောစရာကြီး. ...
written by Burmese, October 11, 2009
မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရဲ့ဖျတ်ကနဲ နေအောင်ရိုက်ချက်ပဲ... ဆင်ဆာအဖွဲ့ ရေ မြင်တယ်နော်။ ရှက်တတ်ရင် ကို့ ပါးကိုချပြီး သတ်သေလိုက်ကြကွာ.။ ကိုမျိုးမင်းကို တော်တာ မတော်တာ အပထားကွ၊ စကားလုံးတွေနဲ့တင လေးစားဖို့ ကောင်းနေတာ သေချာတယ်ဟ။ ကိုမျိုးမင်း ရိုက်သမျှ နောက်အခါဆို မလွတ်တမ်းပဲဟေ့..။ အနုပညာသမားထဲမှာ ဒီလို ပြောရဲတာ.သူရဲကောင်းပဲ..။
written by မြန်မာ, October 11, 2009
မောင်မျိုးမင်း ၃ နှစ် အပိတ်ခံရတယ် ဆိုတာမျိုးတော့ လုံးဝ မကြားချင်ဘူးဗျာ။
အစစ အရာရာ အောင်မြင်ပါစေ။
အစစ အရာရာ အောင်မြင်ပါစေ။
written by YY, October 11, 2009
ဟာသကို လူတွေက ပိုကြိုက်ကြတယ်လေ။ ဘာကြောင့်လဲ ဆိုတော့ လူတွေက အပြင်မှာ မရယ်နိုင်ကြဘူး လေ။ အဲဒီလို မရယ်နိုင်တော့ ရုပ်ရှင်ရုံထဲမှာ ရယ်ကြရတာပေါ့။ အပြင်မှာ ပွင့်ပွင့် လင်းလင်း ရယ်နိုင်ပြီဆိုတဲ့ အခါ ကျရင်တော့ သူတို့ ကြိုက်ချင်မှ ကြိုက်ကြ ပါလိမ့်မယ်။
(ကောင်းလိုက်တဲ့ စကားလေး)
(ကောင်းလိုက်တဲ့ စကားလေး)
written by ကိုဇ, October 11, 2009
ကိုမျိုးမင်းကို လေးစားပါတယ်.. ဒီလို တီထွင်နိုင်တဲ့ အတွေးအခေါ်၊ပြောဆိုရဲတဲ့ သတ္တိ ရှိမှ လဲ မြန်မာ အနုပညာ(ရုပ်ရှင်)ကို အဖက်ဆယ်ရာ ရောက်မှာပါ။ ဒါပေမဲ့ အခု လက်သစ် သရုပ်ဆောင်၊ ဒါရိုက်တာတွေက လေ့လာမှု မရှိကြဘူး ဖြစ်နေတော့ သူတို့အတွက် စိတ်မကောင်း ဖြစ်မိတယ်. .. အရင်က စိတ်ဓါတ်ရှိတဲ့ သူတွေလဲ စိတ်တွေပျက်ပြားကုန်တယ်.. ၀မ်းနည်းစရာပါ။ ကိုဇဂနာ၊ ကိုကျော်သူ တို့ရဲ့ ပြည့်သူအကျိုးပြု လုပ်ရပ်တွေကို နမူနာ ယူစေချင်ပါတယ်.. ဘာလို့ဆိုတော့ ပြည်သူကို အကျိုးပြု မှ ပြည်သူက ပြန် အကျိုးပြုမှာပါ.. အရေြး ကီးတာက ဗဟုသုတ ရှာမှီ ဖို့ ခက်ခဲနေတဲ အခြေခံပြည်သူတွေကိုတော့ စစ်အစိုး၇ ပြောတဲ့ လေသံတွေအတိုင်း မှိုင်းမတိုက်ပါ... ကိုယ် ဘာ သာ ကိုယ် စဉ်းစားကြပါ... အသုံးချ မခံကြပါနဲ့လို့။။ တကယ်တမ်ြး ပည်သူနဲ့ ထိတွေ့ရတာ ကိုယ်ပါ...မကြာခင် ပရမ်းပတာနဲ့ ပြိုလဲေ တာ့မဲ့ စစ်အစိုးရ ကြားထဲ ကြားဝင် လက် မလျှိုပါနဲ့....သူတို့က ယုတ်မာစွာနဲ့ အားလုံးကို ဆွဲထည့်နေတာ သိကြပါ..
ခုလိုပြောရဲမှု၊ သတ္တိရှိမှု အတွက် လေးစားပါတယ်။
ခုလိုပြောရဲမှု၊ သတ္တိရှိမှု အတွက် လေးစားပါတယ်။
written by ကောင်းမြတ်မင်း, October 10, 2009
အားပေးလျက်ပါ ကိုမျိုးမင်း ..တာရာမင်းဝေ၊ အကြည်တော်၊ မင်းခိုက်စိုးစံ ၊နီကိုရဲ ဝထ္တုတွေကို ပိုပီး ရိုက်ပေးစေချင်ပါတယ်..
written by kolin, October 10, 2009
ကိုမျိုးမင်း
၁၅ နှစ်တာ ဖြတ်သန်းမှု အတွေ့အကြုံ နဲ့ ကိုမျိုးရဲ့အဖြေ ဖတ်ရတာ ကောင်းပါတယ်
ယခုဖတ်ရတဲ့ အင်တာဗျူးမှာ မေးသူနှင့် ဖြေသူ အပေးအယူ ကောင်းကောင်း နဲ့ ဖြေထားလို့ ဖတ်ရတာ ကောင်းပါတယ်။ ၁၉၉၃ မတိုင်ခင်တွေမှာ ပန်းချီ မောင်မျိုးမင်း (၁၉၉၃)မှာ မောင်မိုး မတင့် ကိုအရိုင်း
တို့နဲ့ ပွဲဦးထွက် လှခဲ့ရတဲ့ နှင်းဆီဝိုင် ကိုမျိုးမင်း (ဒါရိုက်တာဘ၀)ရောက်ခဲ့ပြီး မြင်တာလေးတွေကို ဖြစ်စေချင်တာ
ပြန်လိုချင်တာ လေးတွေ ရေးလို့ မဖြစ်နိုင်ဘူး မပြောပါနဲ့ ၊ ပြန်ကြိုးစားပါဦး ၊ တစ်ချိန်တစ်ခါက ကိုခင်ဇော်(မီးပွား)
ရိုက်ခဲ့တဲ့ (အကြွေး) ၊ ကိုမိုက် ရိုက်ခဲ့တဲ့(မိုက်ချုက်)၊ ဦးဒေါန ရိုက်ခဲတဲ့ (အဆိပ်ပြင်းသည်)၊ ညီညီထွန်းလွင် နောင်ထွန်းလွင် တို့ရိုက်ခဲ့တဲ့ (အချစ်လူကြမ်း - ဒီကားဟာ မရှိတော့တဲ့ဒွေး မင်းသား ဖြစ်ခဲ့ပါသည်)နောက်ပြီး
ဇင်ယောင် ရိုက်တဲ့ (မောင်)
စသဖြင့် စသဖြင့်
အဲ့ဒီအချိန်က ဇာတ်ကား တစ်ကားကို အခွေငှားဆိုင်မှာတွေမှာ ( ၆ )လလောက် ငှါးရမ်းကြည့်ရှု အားပေးကြပါတယ်။
အခု ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာ တွေ ခံစားရိုက်ကူးတာ (၃ ရက်ကနေ ၅ ရက်) အတွက်ဆိုတာ စိုက်ထုတ်မှု နဲ့ ပြန်လည်ရရှိမှုတွေက ငွေက လွဲလို့ တစ်ချိန်က အောင်မြင်မှုတွေ ပြန်ရအောင် လုပ်ပါလို့ မျှော်လင့် ရင်း အကြံ
ပေးလိုပါတယ်။ ဆင်ဆာ အကြောင်းပြောရင်း သတိရ တတ်လို့ ကိုမျိုး ရိုက်ခဲ့တဲ့ (အမှိုက်)ဇာတ်ကားက လူမင်း စူပါ မဖြစ်သေးချိန်က(အမှိုက်) မှတ်မိမယ် ထင်ပါတယ် ဆင်ဆာပေးလို့ပျက်သွားတာမျိုး ၊ဒါပေမယ့် အခုအချိန်မှာ ပြန် ရိုက်ပါလား ၊ ၆ လ မကြည့်ရင်တောင် အနုပညာ မြောက်တဲ့ (၁)လလောက်ကြည့်တဲ့ ကားလေတွေပြန်ရိုက်ပါလို့
အကြံပြုလိုပါတယ် ။ အခုအချိန်မှာ ကိုမျိုး လုပ်ခွင့်တွေ ရှိနေချိန်မှာ တင်ကျန်နေ မဲ့ဇာတ်ကားတွေ (၃)လ တစ်ကား
လောက်ဖြစ်ဖြ စ်ရိုက်ပါလို့ အကြံပေးလိုပါတယ် ။ ကိုမျိုးကို အားပေးနေတဲ့သူ

written by Ko J J, October 10, 2009
စစ်အစိုးရ အုပ်ချုပ်နေသမျှ ကာလပါတ်လုံး ဖိနှိပ် ချုပ်ချယ်မှုတွေ များနေတာကြောင့် စိတ်ကူးအိမ်မက် တင်ဆင်ဆာ
ဖြတ်တာ မကပါဘူး. .ပြည်သူတွေ ဘာမှ စိတ်ကူးလို့ မရအောင်ကို လုပ်ထားတာပါ...ဒီစစ်အစိုးရ ပြုတ်ကျသွားမှ ...
သာယာ စိုပြေမဲ့ လွပ်လပ်တဲ့ ဘဝကို ပြည်သူတွေ ရကြမှာပါ...
ဖြတ်တာ မကပါဘူး. .ပြည်သူတွေ ဘာမှ စိတ်ကူးလို့ မရအောင်ကို လုပ်ထားတာပါ...ဒီစစ်အစိုးရ ပြုတ်ကျသွားမှ ...
သာယာ စိုပြေမဲ့ လွပ်လပ်တဲ့ ဘဝကို ပြည်သူတွေ ရကြမှာပါ...
Write comment
| < Prev | Next > |
|---|