ဧရာဝတီမှ ရရှိသည့် ဓာတ်ပုံတပုံတွင် ရှေးဟောင်းလက်ရာ စုလစ်မွန်းချွန်များနှင့် လွှတ်တော် အဆောက်အအုံကို ငြမ်းများ တပ်ဆင်ထားပြီး အလုပ်သမား ရာပေါင်းများစွာဖြင့် တည်ဆောက်ဆဲဖြစ်ကြောင်း တွေ့ရသည်။

မကြာသေးမီက နေပြည်တော်သို့ ရောက်ရှိခဲ့သည့် Reuters သတင်းထောက် ပေးပို့သည့် သတင်းတပုဒ်တွင်လည်း “လုပ်ငန်းတွေ ပြီးဆုံးဖို့ အများကြီး လိုသေးတယ်၊ လမ်းတွေလည်း မပြီးသေးဘူး၊ ဆေးတွေလည်း သုတ်ရအုံးမယ်” ဟု ဖော်ပြထားသည်။
ယခုနှစ်တွင် ရွေးကောက်ပွဲကို စနစ်တကျ ကျင်းပပေးရေးအတွက် စီမံဆောင်ရွက်လျက် ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး၏ ၆၂နှစ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
သို့သော်လည်း ရွေးကောက်ပွဲ အချိန်ဇယား အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပေ။ မကြာသေးမီက ဂျပန်နိုင်ငံထုတ် အဆာဟိရှင်ဘွန်း သတင်းစာတွင် စစ်အစိုးရက ရွေးကောက်ပွဲကို အောက်တိုဘာလတွင် ကျင်းပမည် ဖြစ်ပြီး၊ ၎င်းရက်သည် ၁၀- ၁၀- ၁၀ ရက်နေ့တွင် ကျရောက်ကြောင်း အမည်မဖော်လိုသူ စစ်တပ် အရာရှိကြီး တဦးကို ကိုးကား၍ ရေးသားထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ် ဖိရုမ်းကလည်း ရွေးကောက်ပွဲ ဥပဒေ ရေးဆွဲမှုသည် ၇၀ ရာခိုင်နှုန်းခန့် ပြီးစီး နေပြီ ဖြစ်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကို ဒုတိယ နှစ်လယ်ပိုင်း၌ ပြုလုပ်နိုင်ဖွယ် ရှိကြောင်း မကြာသေးမီက ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။ သူက စစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ကိုးကားပြီး ပြန်လည် ဖောက်သည်ချခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံရေး အကဲခတ်များကမူ ရွေးကောက်ပွဲ ဥပဒေသည် ရေးဆွဲ ပြီးစီးနေပြီဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွေ၏ လက်ထဲတွင် အဆင်သင့် ရှိနေသည်ဟု ယူဆကြသည်။
ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကက်ဆုရာ အိုကာဒါနှင့် တွေ့ဆုံရာတွင် ယခု ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ပါတီပေါင်းစုံနှင့် ပြည်သူများ ပါဝင်နိုင်စေရန် လမ်းဖွင့်ပေးထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပါဝင်ယှဉ်ပြိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု ဂျပန် နိုင်ငံခြားရေးဌာန အရာရှိများက ဆိုသည်။
သို့ရာတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းများ မပြီးစီးသေးသည့် အတွက် စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း အနိုင်ရရှိသည့် လူထုကိုယ်စားလှယ်များထံ အာဏာလွှဲပြောင်းရေး၊ လွှတ်တော် ခေါ်ယူရေးတို့အတွက် အချိန် ကြာကောင်းကြာဦးမည် ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်များက ပြောဆိုနေကြသည်။

written by chit zaw, January 20, 2010
written by မျိုးလွင်, January 20, 2010
written by skmt91, January 19, 2010
ကောင်းပါတယ်။ များများ ဆောက်တော့ စစ် အင်ဂျင်နီယာတွေလည်း များများ ခိုးလို့ ရပြီပေါ့။
written by Eddie Naing, January 19, 2010
written by လေးဖြူ , January 19, 2010
ခေါ်ရင် ပိုသင့်တော် မလားလို့ပါ
written by mike chen, January 19, 2010
written by Ko Lynn, January 18, 2010
| < Prev | Next > |
|---|







