မေး။ ။ ဗိုလ်ရဲထက် အနေနဲ့ ဘာကြောင့် မြန်မာ့ တပ်မတော်ကနေ ထွက်ပြေးလာရတာလဲ။
ဖြေ။ ။ လက်ရှိနိုင်ငံတော်မှာ ဖြစ်နေတဲ့အနေအထား စီးပွားရေးအရပြည်သူလူထုတွေအရမ်းကြပ်တည်း နေ တယ်။ နောက်ပြီး လူမှုရေး၊ နိုင်ငံရေးအရလည်း နိုင်ငံမှာအများကြီးချွတ်ယွင်းနေတယ်။ ဒီလို ကဏ္ဍပေါင်းစုံ ချွတ်ခြုံကျနေတဲ့ အနေအထားမှာ စစ်အစိုးရက ကာကွယ်ရေး၊ လက်နက်ပစ္စည်းအတွက်ပဲ ဦးစားပေးပြီး လုပ်နေတဲ့ အနေအထားမျိုးတွေဖြစ်နေတယ်။ ဒီအပေါ်မှာ တပ်မတော်သားတယောက်အနေနဲ့ကတော့ သုံးမယ့်လက်နက်ပစ္စည်းခေတ်မီလာတယ်၊ ကမ္ဘာနဲ့ ရင်ပေါင်တန်းလာနိုင်လာတဲ့အပေါ်မှာ၊ ကာကွယ်ရေး ကဏ္ဍတွေတိုးတက်လာတဲ့အပေါ်မှာ ဂုဏ်ယူသဘောကျတယ်။ ဒါပေမယ့်စစ်ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ တခု တည်း တိုးတက်လာရုံနဲ့ တိုင်းပြည်တိုးတက်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ ကဏ္ဍပေါင်းစုံတိုးတက်ရမယ် ပြည်သူလူထု ရဲ့ လူနေမှုအဆင့်အတန်း၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးတိုးတက်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ တနိုင်ငံအဖြစ်ရပ်တည်နိုင်မှာဖြစ်တယ်။ ဒါကြောင့် မိမိအဖွဲ့အစည်းတိုးတက်မှုတခုတည်းအတွက် မကြည့်ဘဲနဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ အားလုံးကိုဖြစ်စေချင်တဲ့ရည်ရွယ်ချက်နဲ့ အဲ့ဒီအပေါ်မှာအမြင်မတူတဲ့ အနေ အထားနဲ့ အဓိကထွက်လာရတယ်။
နောက်ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ တပ်မတော်ဟာဒီနိုင်ငံ၊ ဒီလူမျိုးတွေရဲ့ကိုးကွယ်ရာ၊ အားထားရာဖြစ် တယ်။ ဒီလိုမှမဟုတ်ဘဲနိုင်ငံသူ နိုင်ငံသားတွေရဲ့ရွံစရာ၊ မုန်းတီးစရာတွေဖြစ်လာတယ်ဆိုရင် တပ်မတော် ဖွဲ့စည်းထားတာဟာအလကားပဲလို့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးခင်မှာခဲ့တဲ့စကားလည်း ရှိတယ်။ ဒီဘက်ခေတ်နောက်ပိုင်း တပ်မတော်ရဲ့ကဏ္ဍတွေမှာ စစ်သားဆိုတာ အမိန့်အရလုပ်ဆောင်ရတာ တွေရှိတယ်။ ဒီအပေါ်မှာ စစ်အစိုးရရဲ့မူဝါဒကို လိုက်လံအကောင်အထည်ဖော်ပြီး အမိန့်ကိုနာခံရတဲ့စစ်သားနဲ့၊ အောက်ခြေစစ်သည်တွေနဲ့ ပြည်သူ့အကြား ဖြစ်လာတဲ့အနေအထားမှာ ပြည်သူက အစိုးရရဲ့ လုပ်ရပ်လို့မမြင် ဘဲ တပ်မတော်ရဲ့လုပ်ရပ်လို့မြင်လာတယ်။ ပြည်သူနဲ့တပ်မတော်ဟာ တသားတည်း မဖြစ်တော့ဘူး။ ပြည်သူ ကမွေးထုတ်ပေးလိုက်တဲ့ တပ်မတော်သားတွေဟာ ပြည်သူ့အတွက်မဟုတ်တော့ဘဲ စစ်အစိုးရ အတွက်ပဲ လို့ ကျနော့်အနေနဲ့မြင်တယ်။ ဒီတော့ပြည်သူရဲ့ အော့နှလုံးနာစရာဖြစ်နေတဲ့ တပ်မတော်မှာ ကိုယ့်ကိုယ်ကိုယ်
တပ်မတော်သားတယောက်လို့ ဂုဏ်ယူပြီး မနေချင်တော့ဘူး။ ဒါကြောင့် ထွက်လာရတာပါ။
မေး။ ။ ဒီကနေ့ တပ်မတော်ထဲမှာ ဘာတွေဖြစ်နေကြလဲ။ နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာတွေကို ရှင်းပြပေး ပါ။ တပ်မတော်မှာ အရာရှိနဲ့ အခြားအဆင့် ရဲဘော် အကြပ်တွေနဲ့ ကွာဟတာတွေရှိတယ်ကြားရတယ်။ အဲဒါ လည်းပြောပြပေးပါ။
ဖြေ။ ။ ဥပမာ တရားစီရင်ရေးအာဏာမှာ တပ်ရင်းမှူးတယောက်မှာ တပ်နဲ့ပါတ်သတ်တဲ့အာဏာသုံးရပ် ကိုင်စွဲ ပိုင်ခွင့်ရှိတယ်။ ဒီနောက်ပိုင်းမှာ မရှိတော့ဘူး။ တပ်ရင်းမှူးအဆင့်မှာ သူ့ရဲ့အာဏာနဲ့ တပ်ပိုင်းဆိုင်ရာကို အုပ် ချုပ် ပိုင်ခွင့်မရှိတော့ဘူး။ တပ်ရင်းမှူးအဆင့် တောင်ဒီလိုဖြစ်နေတယ်ဆိုရင် ကျန်တဲ့ကျနော်တို့လို အရာရှိငယ် တွေမှာလည်း မရှိတော့ဘူး။ ဒါ့အပြင်တချို့ရာခိုင်းနူန်း တော်တော်များများ တပ်ရင်းမှူးတွေက သူတို့ရဲ့လက် အောက်မှာ သူတို့အကျိုးစီးပွားကိုဖြစ်စေမယ့် စစ်သည်လူတရာမှာ ငါးယောက်လောက်ကို လက်သပ် မွေးတဲ့ ပုံစံမျိုးတွေလုပ်တယ်။ သူတို့ရဲ့ အကျိုးစီးပွားကိုပဲကြည့်ပြီး ကျန်တဲ့စစ်သည်၊ ရဲမေတွရဲ့အကျိုးစီးပွားကို မကြည့်တော့ဘူး။ သူတို့ကိုယ်ကျိုးအတွက်ပဲ ဒီစစ်သည်တွေနဲ့ အလုပ်လုပ်သွားတဲ့အနေအထားတွေရှိတယ်။ ဒီလိုအချိန်မှာ ကျနော်တို့အရာရှိငယ်တွေနဲ့ ကျန်တဲ့စစ်သည်တွေဟာ ကြားထဲမှာဘာမှသုံးလို့မရတဲ့ အနေ အထားတွေ ဖြစ်နေတယ်။ ဒီတော့အထက်လူကြီးတွေက အောက်ခြေရဲ့အခက်အခဲကို နားလည် မပေးနိုင်တော့ တဲ့ အနေအထားတွေ၊ အဲ့ဒီလိုအချိန်မှာ အောက်ခြေကလည်း မကျေနပ်ချက်တွေရှိတယ်။ ဒါပေမယ့် စစ်သား ဖြစ်နေတဲ့အတွက် အမိန့်ကို နာခံရမယ်ဆိုတဲ့ ကဏ္ဍတခုတည်းနဲ့ အောင့်အည်းသီးခံပြီး နေရတဲ့ အနေအထား မျိုးတွေရှိတယ်။
မေး။ ။ ယနေ့ မြန်မာ့ တပ်မတော်မှာ တပ်ထဲဝင်ချင်တဲ့သူနဲ့ ထွက်ချင်တဲ့သူဆို ထွက်ချင်တဲ့သူတွေက များတယ်လို့ ကြားသိရပါတယ်။ တပ်ထဲက ထွက်ချင်ရသူတွေအကြောင်းလည်းပြောပြပါဦး။
ဖြေ။ ။ ကျနော်တို့ ဒီ တပ်မတော်ကနေ အငြိမ်းစားယူချင်တယ်။ ထွက်ချင်တဲ့ အရာရှိစစ်သည်တွေအများကြီး ရှိတယ်။ အသက်ကြီးလို့ ထွက်ချင်တဲ့လူတွေ မဟုတ်ပါဘူး။ ကျနော်တို့ အရာရှိငယ်ထဲမှာပဲ တပ်ကထွက်ရရင် ပြီးရော ဆိုပြီးတော့လုပ်နေကြတဲ့ကဏ္ဍတွေ အများအပြားရှိတယ်။ ဟိုတခါတည်းနဲ့ ထွက်လို့မရရင်တောင် အရပ်ဘက်ကိုပဲ ဖြစ်ဖြစ်ပြောင်းမယ်။ အဓိကဒီတပ်ကထွက်ရရင်ပြီးရောဆိုတဲ့ ခံစားချက်တွေများတယ်။အခြား အဆင့်တွေထဲမှာဆိုပိုဆိုးပါတယ်။ ကျနော်နေခဲ့တဲ့တပ်မှာဆိုရင် ဆေးဘုတ်ရသူက အနားယူသွားရရင် ဒီ တပ်ကနေထွက်ခွင့်ရပြီ။ ထွက်မိန့်လည်းကျပြီ။ ဒါပေမယ့်တပ်မှာလိုလို့ ဆိုပြီးတော့ခေါ်သုံးထားတယ်။ အဲ့ဒီလို အနေအထားမျိုးတွေရှိတယ် အဲဒီတော့သူ့ကိုဒီလိုခေါ်သုံးတဲ့အတွက်ကော လက်ရှိ လစာပေးလားဆိုတော့ ဒါတွေကလည်းပြောမယ်ဆို သူ့ကိုအထက်က အမိန့်ချထားတဲ့အတွက် လစာမရတော့ဘူး။
ဒါပေမယ့် တပ်ရင်းမှူးကနေ ခေါ်သုံးထားတဲ့ အနေအထားမျိုးတွေရှိတယ်။ အဲဒီတော့ အားလုံးလိုလိုက ဒီတပ် ကနေထွက်ချင်နေကြတဲ့ အနေအထားမျိုးမှာ ထွက်ပြီးသွားတဲ့လူတောင်မှ လိုအပ်ချက်အရဆိုပြီး ဆွဲသုံးခံနေ ရတယ်ဆိုတော့ ကျန်တဲ့မထွက်ရသေးတဲ့လူတွေကိုလည်း တော်တော်နဲ့တော့ အခုနောက်ပိုင်းမှာထွက်ခွင့် မပေးတော့ဘူး။ ဘာကြောင့်လဲဆိုရင်တော့ ကျနော့် ထင်မြင်ယူဆချက်အရဆိုရင် လက်ရှိတပ်မတော်က တပ်အင်အားတွေ အများကြီး တိုးချဲ့ဖွဲ့စည်းလိုက်ပြီးတော့ နောက်ထပ် တပ်သားသစ်စုဆောင်းရရှိမှုမှာ နည်း တယ်။ အဲ့ဒီပြင် ဒီလိုလွယ်လင့်တကူထွက်ခွင့်မရတဲ့ အခါကျတော့ကျနော်တို့ အင်အား ပြုန်းတီးမှုပေါ့။ တပ် ပြေးတွေဖြစ်တယ်။ ထောင်တွေကျတယ် အဲ့ဒီလိုမျိုးတွေဖြစ်ပြီးတော့ အင်အားပြုန်းတီးမှုနဲ့ ဒီစစ်သည် စုဆောင်း ရရှိမှုက level ကျတယ်။ တခါတလေမှာ ပြုန်းတီးမှုကပိုများတယ်။
အဲ့ဒီလို အနေအထားမျိုးတွေရှိ တော့ သူတို့ကရှိပြီးသား လူတွေကို ထပ်မထွက်စေချင်ဘူး။ တချို့တပ်တွေ ဆိုရင် ဥပမာထွက်ချင်ရင်အသစ် ၅ ယောက်ရှာပေး၊ အဲ့ဒီလိုအနေအထားမျိုးတွေနဲ့ ကြုံရတဲ့ဟာမျိုးတွေ ရှိတယ်။ အဲ့ဒီတော့သူတို့ကလည်း ရှာပေးဆိုတော့ ထွက်ရရင်ပြီးရောဆိုပြီး ဖြစ်လာကြတယ်။ အဲ့ဒီမှာပဲတွေ့ တဲ့ လူကိုခေါ်သွင်း ဘာညာ အဲ့ဒီလို မျိုးတွေပေါ့။ အဲ့ဒီတော့ ဒီတပ်ကထွက်ချင်ကြတာက အဓိကတခြားတော့ မဟုတ်ဘူး။ ကိုယ့်ရဲ့ရှိတဲ့အဆင့် အတန်းပေါ်မူတည်ပြီးမှ လုပ်ပိုင်ခွင့်တွေမရှိတော့ဘူး။ လုပ်ပိုင်ခွင့်ဆိုတာက အခုလုပ်နေတဲ့အစိုးရ ဒီဗိုလ်ချုပ် တွေလုပ်နေသလိုမျိုး သူတို့ရဲ့လုပ်ပိုင်ခွင့်ကိုပြောတာမဟုတ်ဘူး။ ကျနော်တို့ဒီတပ်ပိုင်းဆိုင်ရာ အထက် အောက်ကို အာဏာနဲ့လုပ်တာ။ ဒီတပ်တွင်း တကယ့်စည်းကမ်းပြည့်ဝတဲ့ တပ်မတော်တရပ်ရဲ့လုပ်ပိုင်ခွင့်ကို မရှိတော့တဲ့အနေအထားမျိုး ဖြစ်နေတယ်။
မေး။ ။ မေမြို့စစ်တက္ကသိုလ် တက်ခဲ့တဲ့ အတွေ့ကြုံတွေကို ပြောပြပေးပါ။
ဖြေ။ ။ ကျနော်စစ်တက္ကသိုလ် အပတ်စဉ် ၅၀ က ကျောင်းပြီးခဲ့တာပါ။ ကျောင်းတက်ခဲ့တုန်းက ကျနော်တို့ ဒီဗိုလ်လောင်းဘဝမှာ စီနီယာ၊ ဂျူနီယာအုပ်ချုပ်မှုစနစ်ရှိတယ်။ စီနီယာ၊ဂျူနီယာအုပ်ချုပ်မှုမှာ အပြစ်ပေး၊ အရေးယူတဲ့ဟာတွေကို သဘောလည်းကျပါတယ်။ သဘောကျတယ်ဆိုတာက ဘယ်လို သဘောကျလဲ ဆို ရင် ဒီအပြစ်တခုအတွက် ရုံးတင်လိုက်ရင် သူ့ဘဝထဲကနေပေးရမှာ။ ဥပမာထားပါတော့ ဆေးလိပ်မသောက်ရဆိုတဲ့ဟာကို ကျနော်ကဆေးလိပ်သောက်တယ်။ ဒီဟာကို စီနီယာနေ သူကအပြစ်မပေးဘဲနဲ့ရုံးတင်လိုက်ရင် ကျနော်အမှတ်လျော့မယ်။ အမှတ်လျော့သွားရင် သူများထက်ကျနော်နောက်ကျမယ်။ အမှတ်နည်းသွားမှာ ဖြစ်တဲ့အတွက် ဒါဘဝထဲကပေးရတယ်လို့ ကျနော်တို့သုံးနှုန်းတဲ့အသုံးအနှုန်းဖြစ်တယ်။ အဲ့လိုဘဝထဲက မပေးရအောင် မြင့်တဲ့စီနီယာကနေသူ့ကို ထိုက်သင့်တဲ့အပြစ်ပေးတယ်။ အဲ့ဒါမျိုးတွေပေါ့။
အဲ့ဒီထဲမှာမှ တချို့က ဘယ်လိုမျိုးတွေလုပ်လာသလဲဆိုတော့ ဥပမာ ကျနော်တို့တပ်စုရဲ့ အပတ်စဉ် အထက် စီနီယာတွေက ကျနော်တို့ကို စာမေးပွဲနီးတာကို စာမကျက်ဘူးပြီးတော့ Position ဒီတပ်စုရဲ့ Transition ကို မထိန်းဘူးဆိုတဲ့အနေအထားမျိုးနဲ့ ကျနော်တို့စာမေးပွဲပြီးတော့ တပ်စုတစုလုံးကို စီနီယာ အစ်ကိုကြီးတွေ က အပြစ်ပေးတာပေါ့။ အပြစ်ပေးတယ်ဆိုတာလည်း သူတို့က စေတနာနဲ့အပြစ်ပေးတာပါ။ အဲ့ဒီမှာ တခြားတပ်စု က စီနီယာတွေက မဆီမဆိုင်ဝင်ပြီးအပြစ်ပေးတာတွေ ရှိတယ်။ အပြစ်ပေးတဲ့အချိန်မှာ ကျနော်ဆိုရင်ပဲ တောလျှောက်နေတဲ့အချိန်မှာ နောက်ကနေ စတီးရိုးနဲ့ အရိုက်ခံရတယ်။ ဒါမျိုးတွေပေါ့။ ဆိုလိုတာက သူ့ အနေနဲ့ ကျနော့်ကိုအမြင်မတော်ဘူးထင်ရင်တောင် စီနီယာကောင်းစိတ်ဓာတ်အနေနဲ့ ကျနော်တို့တပ်စုကို
အပြစ်ပေးပြီးတဲ့အချိန်မှ ကျနော့်ကိုသီးခြားခေါ်ပြီးအပြစ်ပေးရင် ကျနော်လက်ခံနိုင်တယ်။ တပ်စုကအပြစ်ပေး
တဲ့အချိန်မှာဝင်ပြီးတော့ အပြစ်ပေးတာလည်းမဟုတ်ဘူး။ သူများပေးတဲ့ဟာကို ကောင်းကောင်းလိုက် မလုပ် ဘူးလားမင်းက Fighter လားတို့ ဘာတို့ ဆိုတဲ့အနေအထားမျိုးနဲ့ ရိုက်နှက်တာကြတော့ မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်။
မေး။ ။ တာဝန်ထမ်းဆောင်စဉ် အခက်အခဲ ကြုံတွေ့ခဲ့တာတွေကိုလည်းပြောပြပါဦး။
ဖြေ။ ။ စစ်တပ်ထဲမှာ တာဝန်ထမ်းခဲ့တာ မနိုင်ဝန် ထမ်းနေရသလိုပဲ။ လက်ရှိတပ်မတော်မှာက တပ်ခွဲမှူးဆိုတဲ့ ရာထူးက တကယ်တော့ ဗိုလ်မှူးအဆင့်။ စီနီယာကျတဲ့ ဗိုလ်မှူးကမှ ဌာနချုပ်တပ်ခွဲမှူး။ အဲဒီ ဌာနချုပ်တပ်ခွဲမှူး ကမှ တပ်ရင်းမှူးသင်တန်းတွေတက်ပြီးမှ တပ်ရင်းမှာ 2 IC ခေါ်တဲ့ ဒုတပ်ရင်းမှူးဖြစ်တာ။ တကယ်မှာတော့ နှစ်ပွင့် ဗိုလ်လောက်နဲ့ တပ်ခွဲမှူးရာထူးတွေ ကိုင်ထားရတယ်။ လူအင်းအားမပြည့်ဘူးပေါ့။ လူအင်းအား အရတော့ ဘာမှမဖြစ်ပေမယ့် ကိုင်လိုက်တဲ့ ရာထူးကတော့ မမျှဘူးပေါ့။ အခုနောက်ပိုင်းမှာ လေ့ကျင့်ရေး ကျောင်းတွေက စာထုတ်ထားတာရှိတယ်။ ဒါကတော့ လက်ရှိ မိမိအဆင့်ရဲ့ တဆင့်မြင့်တာဝန်ကို ထမ်း ဆောင်နိုင်ရမယ် မိမိရဲ့ အထက်နှစ်ဆင့်မြင့်တာဝန်ကို နားလည်နိုင်ရမယ် လိုအပ်ရင်ထမ်းဆောင်ရမယ်လို့ ညွှန်ကြားထားတယ်။ ကျနော်ဆိုရင် တပ်စုမှုး နှစ်ပွင့်ဗိုလ် ကျနော့်ရဲ့ တဆင့်မြင့်တာဝန်က တပ်ခွဲမှူး တာဝန်ကို ထမ်းဆောင်နိုင်ရမှာဖြစ်တယ်။ ဒါ့အပြင် နှစ်ဆင့်မြင့် တာဝန်က ဒု တပ်ရင်းမှူး။ တကယ်လို လိုအပ်လာရင် လည်း ကျနော် နှစ်ပွင့် တပ်စုမှူးက ဒုတပ်ရင်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်နိုင်ရမယ်လို့ ဆိုလိုထားတာ။ တချိန်တည်းမှာပဲ လူအင်းအားမပြည့်တော့ ဘာမှ မလုပ်နိုင်ဘူး။ တပ်ခွဲတခွဲမှ လူအင်အား ၃၀ ဆိုတာ အများ ဆုံးပဲ။ တပ်ရင်းတရင်းမှာ လူ ၁၅၀ ဟာအများဆုံးပဲ။
မေး။ ။ စစ်ပညာတော်သင်တွေ နိုင်ငံခြားကိုလွှတ်တယ်လို့ ကြားတယ်။ ဘယ်နိုင်ငံတွေကိုများ လွှတ်ထားတာ ရှိလဲ။
ဖြေ။ ။ စာပေပညာနဲ့တော့ ရုရှားကို လွှတ်တယ်။ စစ်ဘက်ဆိုင်ရာနဲ့တော့ အစ္စရေး၊ ယူကရိန်း၊ တရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန် တို့ကို လွှတ်ပါတယ်။ အရာရှိရော အခြားအဆင့် အကြပ်ကြီးတွေလည်း ပါတယ်။ ယူကရိန်းကို သံချပ်ကားတပ်က လူတွေကိုလွှတ်တယ်။ အမြောက်နဲ့ပတ်သတ်တဲ့ စစ်ပညာကို
တရုတ်၊ မြောက်ကိုရီးယား၊ ပါကစ္စတန်တို့ကိုလွှတ်ပါတယ်။
မေး။ ။ တပ်မတော်က အရာရှိငယ်တယောက်ရဲ့ ခံစားချက်ကို ပြောပြပါ။
ဖြေ။ ။ ကျနော်တို့က ပင်ပန်းဆင်းရဲတာကို ခံနိုင်တယ်။ အရင်တုန်းက လွတ်လပ်ရေး စယူတုန်းက ကျနော် တို့ ရှေ့က တပ်မတော်သားတွေဟာ လွတ်လပ်ရေးအတွက် တိုက်တယ်။ ဘယ်လိုပဲ ပင်ပန်း ပင်ပန်းခံနိုင် တယ်။ ကျနော်တို့ ဗိုလ်ချုပ်တွေက ပြောတယ်။ မင်းတို့တွေကံကောင်းပါတယ်။ ကံကောင်းလားဆိုတော့ အဲဒါ မှန်ပါတယ်။ သူတို့လိုမျိုး အသက်နဲ့ရင်းပြီး လုပ်ခဲ့တာ တိုက်ခဲ့တာ တခါမှမရှိခဲ့ဘူး။ ကံဆိုးတယ်လို့ လည်း ပြောလို့ရတယ်။ ကျနော်တို့ တပ်မတော်ကိုရောက်တဲ့အချိန်မှာ စစ်တပ်ထဲမှာ အရာရှိဖြစ်တဲ့အချိန် ပြည်သူက တပ်မတော်ကို မုန်းနေပြီ။ ဘာကြောင့်မုန်းတယ်ဆိုတော့ တပ်မတော်ကို မုန်းတာမဟုတ်ဘူး လက်ရှိ တပ် မတော်ရဲ့ လုပ်ရပ်ကိုမုန်းတာ။ ဒါက ဘာကိုသက်ရောက်လည်းဆိုတော့ စစ်တပ်က အစိုးရခိုင်းတော့ လုပ်ရ တယ်။
ကျနော်တို့နိုင်ငံကို ကြည့်တော့ အစိုးရက စစ်ယူနီဖောင်း ၀တ်ထားကြတယ်။ ကျနော်တို့နိုင်ငံက ပြည်သူက အစိုးရနဲ့စစ်တပ်ကို မခွဲတတ်အောင်လုပ်ထားတယ်။ စစ်တပ်က တိုင်းပြည်ကို အနှစ် ၄၀ လောက်အုပ်ချုပ်နေ တယ်။ သူတို့ မျက်စိထဲမှာ စစ်တပ်ကလည်း ယူနီဖောင်းဝတ်ထားတယ်။ အုပ်ချုပ်သူလည်း ယူနီဖောင်းဝတ် ထားတယ်။ လုပ်တဲ့လူကလည်း ယူနီဖောင်းဝတ်ထားတယ်။ အတူတူလို့ထင်တယ်။ စစ်တပ်ထဲကြည့်ပြန်တော့ လည်း အခြားအဆင့် အကြပ်စစ်သည်တွေ စီးပွားရေးကြပ်တည်းနေကြတယ်။ စစ်သည်တော်တော်များလည်း လစာထုပ်ရင် လစာကို အကုန် မကိုင်ကြရတော့ဘူး။ အရင်လက အကြွေးတွေကို ဆပ်လိုက်ရလို့။ ။
Comments (18)

written by uobarsa /colombo, March 09, 2010
မှန်တယ်ထင်ရင် ဆက်လုပ်ပါ ဘယ်တော့မှအရှုံးမပေးပါနဲ့
အကောင်းဆုံးဖြစ်အောင် လုပ်ပါ
သံသယ ကင်းပါစေ။
အကောင်းဆုံးဖြစ်အောင် လုပ်ပါ
သံသယ ကင်းပါစေ။
written by soe tint, March 04, 2010
ဗိုလ်ရဲထက်ရေ နယ်စပ်ကို ရောက်လာရင် ရောင်စုံ အတွေး အခေါ်တွေနဲ့ ကြုံရမယ် အဲဒိအထဲမှာ ခင်ဗျား ဘာလုပ်လုပ် အကောင်း မမြင်တဲ့လူလည်း တွေ့ လိမ့်မယ် တပ်က ထွက်လာတာကို ကျနော် ကတော့ သဘောတူတယ် ကျနော်လည်း နယ်စပ်ကို မရောက်ဖြစ်ရင် စစ်တပ်ထဲလည်း ရောက်သွား နိုင်တာပဲ တိုင်းပြည်ရဲ့ လက်ရှိ စနစ်ကြောင့် ဘယ်သူမဆို သားကောင် ဖြစ်နိုင်တယ်လေ နိုင်ငံခြား ထွက်ချင်လို့ ပဲ ဖြစ်ဖြစ် ဘာကြောင့်ပဲ ဖြစ်ဖြစ် တပ်က ထွက်လာ နိုင်တာကိုက လုပ်ရပ်ကောင်းတခုကို ကိုယ်နိုင် သလောက် လုပ်ခဲ့တာပဲလေ ခင်ဗျားလိုစစ်သားမျိုး များများ ရှိပါစေဗျာ
written by ကိုနေ, March 03, 2010
ပိုပြီး တိကျတဲ့ အကြောင်းအရာတွေ (လာဘ်စားမှု၊ အာဏာ အလွဲ သုံးစားမှု၊ စိတ်ခံစားမှု ... ) တို့ကို မကွယ် မဝှက်ဘဲ ပြောပြမယ်ဆိုရင် ပိုကောင်းမယ် လို့ ထင်ပါတယ်။ ဥပမာ- ကျွန်တော် ဘယ်မှာ တာဝန်ကျတုန်းက ဘယ်သူကခိုင်းလို့ (သို့) ကိုယ်တိုင်က လုပ်ချင်လို့ လုပ်ခဲ့ မိတာတွေ၊ အဲဒီ အချိန်တုန်းက စိတ်ခံစား ချက်တွေကို ပြောပြစေ ချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျောင်းသား ဘဝတုန်းက စစ်တပ်ကို ပက်ပက် စက်စက် ဝေဖန်တဲ့ သူငယ်ချင်း တစ်ယောက် OTS လည်း ဆင်းပြီးရော ခံယူချက်တွေက ဗြောင်းပြန်ြ ဖစ်ကုန်တယ်။ ဘွဲ့ရပြီးသား လူတစ်ယောက် ကိုတောင် တပ်က ရိုက်သွင်း နိုင်တယ်။ နုသေးတဲ့ အချိန်မှာ ရိုက် သွင်းခံရရင် အရိုးစွဲေ နမယ်လို့ ကျွန်တော်ယုံကြည်တယ်ဗျာ။
written by tintin, March 01, 2010
ကြိုဆိုပါတယ်ဗျာ။ အာဏာကို ခင်တွယ်ပြီး လုပ်ပိုင်ခွင့်ကို အသုံးချ စီးပွားရေး ဆန်ဆန် လုပ်ရပ်တွေကြောင့် တပ်မတော် ဆိုတဲ့ အဖွဲ့ ကို လူတွေ မုန်းနြေ ကတာပါ။
written by ပေါက်ပေါက်, February 28, 2010
ရန်သူ များတာ မကောင်းဘူးဗျာ
သတိ ထားတာ တော့ ကောင်း ပါတယ်
မှားရင် တကယ်ြ ပင်ရင် အကောင်းဆုံး ဘဲဗျာ
သတိနဲ့ ကြိုဆိုပါတယ်။ ။
သတိ ထားတာ တော့ ကောင်း ပါတယ်
မှားရင် တကယ်ြ ပင်ရင် အကောင်းဆုံး ဘဲဗျာ
သတိနဲ့ ကြိုဆိုပါတယ်။ ။
written by myint moe, February 22, 2010
Ye Htet
don't depress. Carry on and Walk with your own decision. Everyone will not agree with you, but the most important is only you for yourself. No one can go back and change a bad beginning. But anyone can start now and create a successful ending.
nobody can see but we see.
goodluck
don't depress. Carry on and Walk with your own decision. Everyone will not agree with you, but the most important is only you for yourself. No one can go back and change a bad beginning. But anyone can start now and create a successful ending.
nobody can see but we see.
goodluck
written by Toppi, February 22, 2010
လူပျိုကြီး စောတင်မောင် ပြောတာကို ထောက်ခံပါတယ်
အမြင်မှန် တကယ်ရတယ် ဆိုရင် ပြည်သူ့ အတွက် ဘယ်လို ပေးဆပ်မလဲ ဆိုတာ ကြည့်ရမှာပါ။
အမြင်မှန် တကယ်ရတယ် ဆိုရင် ပြည်သူ့ အတွက် ဘယ်လို ပေးဆပ်မလဲ ဆိုတာ ကြည့်ရမှာပါ။
written by whitepeacok, February 22, 2010
အရမ်း ကောင်းတဲ့ အင်တာဗျူးပါ။ နောက်ဆုံး အဖြေကို ကြိုက်တယ်။
written by Hein Hein, February 22, 2010
ကြိုဆိုပါတယ်။ အမြင်မှန် ရပြီး ပြည်သူ့ ရင်ခွင်ကို ပြန်ဝင်လာတဲ တပ်မတော်သား တစ်ဦး ကို ပြည်သူ့ တပ်မတော်သား
အဖြစ် ကြိုဆိုရမှာပါ။ တပ်မတော် တစ်ရပ်လုံး ဗိုလ်ရဲထက်လို အမြင်မှန် ရရင်တော့ နိုင်ငံအတွက် အကောင်းဆုံး ဖြစ်မှာပါ။
အဖြစ် ကြိုဆိုရမှာပါ။ တပ်မတော် တစ်ရပ်လုံး ဗိုလ်ရဲထက်လို အမြင်မှန် ရရင်တော့ နိုင်ငံအတွက် အကောင်းဆုံး ဖြစ်မှာပါ။
written by မျိုးလွင်, February 21, 2010
စစ်တပ်မှာ ဒီလိုမျိုး အသိစိတ်နဲ့ တွေးတတ် မြင်တတ် သူတွေ အများကြီး ရှိအုံးမှာပါ။ ဒီအရာရှိ ပြောတဲ့ အုပ်ချုပ်သူ အစိုးရ ကလည်း ဒီစစ်ဝတ်စုံ ဝတ်ထားတယ်၊ ဆိုတဲ့ စကားဟာ အရမ်း ထိရောက်တယ်။ မှန်တယ် စစ်အာဏာရှင် ထိပ်သီး ဗိုလ်ချုပ်ကြီ်း တွေဟာ နိုင်ငံရေးဘက်မှာ နေရာတွေ ယူ အာဏာတွေ ယူထားပြီး၊ စစ်ယူနီဖောင်း တကားကားနဲ့ ဟိုညွှန်ကြား ဒီညွှန်ကြား။
တပ်ကို ပြားပြား ဝပ် မီးသေအောင် ထိန်းထားမယ်၊ တဖက်ကလည်း သူ့လုပ်ချင်တာတွေ လုပ်လို့ တိုင်းပြည်ကြီး အဘက်ဘက်မှာ နိမ့်ကျလို့ လူထုတွေ ဆင်းရဲ၊ ကြပ်တည်းလို့ အပြစ် မြင်ရင် အနီးဆုံး အရောင်တူ ဝတ်ထားတဲ့ စစ်သားတွေကို မုန်းအောင် တမင်တကာ အကွက်ဝင်ပြီးသား ဖြစ်သွားတယ်။
ဒီတော့ အချိန်တန်ပြီလေ ဒီထက် ကြီးတဲ့ အရာရှိကြီး တွေလည်း အမြင်မှန် ရပြီး ကိုယ်ကျိုး စီးပွား တခုတည်း မမြင်ပဲ၊ တတိုင်းပြည်လုံး အကျိုးစီးပွား အတွက် ဒီအခွင့် ထူးခံ အာဏာရှင် လူနည်းစု လေးကို ဖယ်ရှားပြီး ဂုဏ်ယူစရာ ပြည်သူ ချစ်သော တပ်မတော် အဖြစ် အသွင် ပြောင်းကြဖို့။
တပ်ကို ပြားပြား ဝပ် မီးသေအောင် ထိန်းထားမယ်၊ တဖက်ကလည်း သူ့လုပ်ချင်တာတွေ လုပ်လို့ တိုင်းပြည်ကြီး အဘက်ဘက်မှာ နိမ့်ကျလို့ လူထုတွေ ဆင်းရဲ၊ ကြပ်တည်းလို့ အပြစ် မြင်ရင် အနီးဆုံး အရောင်တူ ဝတ်ထားတဲ့ စစ်သားတွေကို မုန်းအောင် တမင်တကာ အကွက်ဝင်ပြီးသား ဖြစ်သွားတယ်။
ဒီတော့ အချိန်တန်ပြီလေ ဒီထက် ကြီးတဲ့ အရာရှိကြီး တွေလည်း အမြင်မှန် ရပြီး ကိုယ်ကျိုး စီးပွား တခုတည်း မမြင်ပဲ၊ တတိုင်းပြည်လုံး အကျိုးစီးပွား အတွက် ဒီအခွင့် ထူးခံ အာဏာရှင် လူနည်းစု လေးကို ဖယ်ရှားပြီး ဂုဏ်ယူစရာ ပြည်သူ ချစ်သော တပ်မတော် အဖြစ် အသွင် ပြောင်းကြဖို့။
written by စစ်သည်တော်ဟောင်းတစ်ဦး, February 21, 2010
လေးစားပါတယ် ရဲဘော်
အခုလို သိရတဲ့ အတွက် ရဲဘော်ရဲ့ စိတ်ဓာတ်ကို လေးစားပါတယ်။ ဒါပေမဲ့ နယ်စပ်ကို ရာဇ၀တ် မှုတွေ ကျူးလွန် ပီးတော့ အရေးယူ ခံရမှာ ကြောက်ပြီး ရောက်လာတာ မဟုတ်ဘူး ဆိုရင်တော့ ပိုပြီး လေးစား ရမှာပါ။
အခုလို သိရတဲ့ အတွက် ရဲဘော်ရဲ့ စိတ်ဓာတ်ကို လေးစားပါတယ်။ ဒါပေမဲ့ နယ်စပ်ကို ရာဇ၀တ် မှုတွေ ကျူးလွန် ပီးတော့ အရေးယူ ခံရမှာ ကြောက်ပြီး ရောက်လာတာ မဟုတ်ဘူး ဆိုရင်တော့ ပိုပြီး လေးစား ရမှာပါ။
written by စောတင်မောင် (ကြုံတိုင်းရွာသား လူပျိုသိုးကြီး), February 20, 2010
ဗိုလ်ရဲထက် ဗိုလ်သင်တန်း တက်တဲ့အချိန်မှာ ၈၈ အရေးအခင်း ဖြစ်ပြီး နေပါပြီ။ အခု သင် စစ်တပ်က ပြေးလာတဲ့အချိန်မှာလည်း ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်ပင် ရှိခဲ့ပါပြီ။ ထို့အတွက် သင့်ကို သနားခြင်း အလျှင်း မရှိပါ။ အကယ်လို့ သင်သည် ရွှေဝါရောင်တော်လှန်ရေးတွင် သံယာများအား ဖြိုခွဲ နှိပ်စက်ခဲ့ပါလျှင်၊ ယခုကဲ့သို့ တပ်ပြေး ဖြစ်ရုံဖြင့် ကျူးလွ န်ခဲ့သော အပြစ်များ လုံးဝ ကြေမည် မဟုတ်ပါ။
သင် စစ်တပ်မှ ထွက်ပြေြး ခင်းကို ကျွန်ုပ် သံသယ များစွာ ရှိပေသည်။ ၄င်းတို့မှာကား........
၁. အမေရိကားသွားချင်ပါသဖြင့် တပ်ပြေးခြင်းလော
၂. အခြား မည်သည့် နိုင်ငံသို့ ခိုလှုံချင်ပါသဖြင့် တပ်ပြေးခြ င်းလော
၃. လစာ မလောက်သဖြင့် တပ်ပြေးခြင်းလော
၎. တပ်မှာ နေလို့မဖြစ်နိုင်တော့သည့် အမှားတစ်ခုခု ကျူးလွန် ခဲ့သဖြင့် တပ်ပြေြး ခင်းလော
သင်ပြောခဲ့သည့် အတိုင်း စစ်တပ်ကို ပြည်သူတွေ ရွံ့မုန်းနေသည်ကို သင်တစ်ကယ် သိရှိပါက သင့်အနေဖြင့် မည်ကဲ့သို့ ပြည်သူတွေကို ပြန်လည် ပေးဆပ်မည်နည်း။
နယ်စပ်သို့ ထွက်ပြေးရုံ၊ နိုင်ငံရေး ခိုလှုံခွင့်လျှောက်ရုံမျှဖြင့် ပြည်သူတွေကို ပေးဆပ်မည် ဟူသော စကားကို မသုံးသင့်။ သို့ဆိုလျှင် သင့်ကိုယ် သင်သာ ပေးဆပ်ချင် သဖြင့်သာ တပ်ပြေးခြင်းဖြစ်သွား ပေလိမ့်မည်။
သင် စစ်တပ်မှ ထွက်ပြေြး ခင်းကို ကျွန်ုပ် သံသယ များစွာ ရှိပေသည်။ ၄င်းတို့မှာကား........
၁. အမေရိကားသွားချင်ပါသဖြင့် တပ်ပြေးခြင်းလော
၂. အခြား မည်သည့် နိုင်ငံသို့ ခိုလှုံချင်ပါသဖြင့် တပ်ပြေးခြ င်းလော
၃. လစာ မလောက်သဖြင့် တပ်ပြေးခြင်းလော
၎. တပ်မှာ နေလို့မဖြစ်နိုင်တော့သည့် အမှားတစ်ခုခု ကျူးလွန် ခဲ့သဖြင့် တပ်ပြေြး ခင်းလော
သင်ပြောခဲ့သည့် အတိုင်း စစ်တပ်ကို ပြည်သူတွေ ရွံ့မုန်းနေသည်ကို သင်တစ်ကယ် သိရှိပါက သင့်အနေဖြင့် မည်ကဲ့သို့ ပြည်သူတွေကို ပြန်လည် ပေးဆပ်မည်နည်း။
နယ်စပ်သို့ ထွက်ပြေးရုံ၊ နိုင်ငံရေး ခိုလှုံခွင့်လျှောက်ရုံမျှဖြင့် ပြည်သူတွေကို ပေးဆပ်မည် ဟူသော စကားကို မသုံးသင့်။ သို့ဆိုလျှင် သင့်ကိုယ် သင်သာ ပေးဆပ်ချင် သဖြင့်သာ တပ်ပြေးခြင်းဖြစ်သွား ပေလိမ့်မည်။
written by kojj, February 20, 2010
ဖြစ်နိုင်ခြေ ရှိတာ ကတော့ အထက်ကို မကျေနပ်တဲ့ အတွက် အရာရှိငယ်တွေ စည်းလုံး ညီညွှတ်ပြီး နောက်ထပ်....
တော်လှန်ရေး အာဏာ သိမ်းပွဲ တခု ဖြစ်လာ စေချင်တယ်ဗျာ... .ပြည်သူေ တွနဲ့ တသားတည်း ကျမဲ့ အရာရှိ ငယ်များ
ကို မျှော်လင့်ေ နမိပါတယ်.......
တော်လှန်ရေး အာဏာ သိမ်းပွဲ တခု ဖြစ်လာ စေချင်တယ်ဗျာ... .ပြည်သူေ တွနဲ့ တသားတည်း ကျမဲ့ အရာရှိ ငယ်များ
ကို မျှော်လင့်ေ နမိပါတယ်.......
Write comment
| < Prev | Next > |
|---|








ပြည်သူကမွေး ထုတ်ပေးလိုက်သော စစ်သည် ရဲဘော်အပေါင်း သည်
အထက်ပါ ဗိုလ်ရဲထက် ကဲ့သို့ အမှားကို မြင်ပြီး အမှန်ဘက် သို့ ရပ်တည် ပြောင်းလည်း ရမဲ့ အချိန်ကို ကျရောက်နေ
ပြီဖြစ်သည်