နယ်မပြောင်းလိုသော ဆရာဝန်များ လာဘ်ပေးရန်လို

ကျန်းမာရေး ၀န်ကြီးဌာန လက်အောက် ဆေးရုံများတွင် တာဝန်ကျ ဆရာဝန်များသည် ဝေးလံသော နယ်ဒေသ များသို့ ပြောင်းရွှေ့ရခြင်း မရှိရန် လာဘ်ငွေ ပေးမှုများ ပိုမိုပြုလုပ် လာသည်ဟု ကျန်းမာရေး အသိုင်းအ၀ိုင်းမှ သိရသည်။

ရန်ကုန် မန္တလေး ကဲ့သို့သော မြို့ကြီးများတွင် တာဝန်ကျ ဆရာဝန် အများစုမှာ ပုဂ္ဂလိကဆေးခန်းထိုင်ရာမှ ရရှိသော ၀င်ငွေ ကောင်းမွန်မှုကြောင့် နယ်ဝေးဒေသများသို့ မသွားလို၍ ထိုသို့ လာဘ်ငွေများ ပေးနေကြခြင်းဖြစ်သည်။

“GP (အထွေထွေရောဂါကု)ကောင်းတဲ့နေရာ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ တောင်ကြီးက  လူတွေဆိုရင် မပြောင်းချင်ကြ တော့ လူကြီးကို သွားကန်တော့ပြီး မပြောင်းရအောင်လုပ်တာပေါ့။ တချို့ကျတော့လည်း နေရာကောင်းရောက်အောင် ပေးကြတာပေါ့။ မပေးနိုင်တဲ့သူတွေကျတော့ GP မကောင်းတဲ့ နယ်တွေရောက်လည်း သွားရတာပဲ။ မိသားစုနဲ့ ဝေးလည်း သွားရတာပဲ”ဟု ကျန်းမာရေး ၀န်ကြီးဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

ကျန်းမာရေးဝန်ထမ်းများဖြစ်သည့် အထူးကု ဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများသည် မိမိ တာဝန်ကျရာ မြို့နယ်တခုတွင် အနည်းဆုံး ၂ နှစ်မှ ၃ နှစ် အထိသာ နေကြရပြီး သတ်မှတ်ကာလပြည့်လွန်ပါက အခြားသော နေရာဒေသများသို့ ရွှေ့ပြောင်းကြရသည်။

ထိုသို့ ပြောင်းရွှေ့ကြရာတွင် ပုဂ္ဂလိက ဆေးခန်းများ များပြား၍ ၀င်ငွေကောင်းမွန်သည့် မြို့ကြီးများတွင်သာ နေလို၍သော်လည်းကောင်း၊ မိသားစုရှိရာ အရပ်တွင်သာ နေလို၍သော်လည်းကောင်း၊ သက်ဆိုင်ရာ ဌာနမှ အထက်အရာရှိများကို လာဘ်ထိုးခြင်းများရှိနေပြီး ကျန်းမာရေး ၀န်ကြီး အထိ လာဘ်ပေးခြင်းများ ပြုနေသည်ဟု ကျန်းမာရေး အသိုင်းအ၀ိုင်းက ဆိုသည်။

သူကဆက်၍ “Transfer ကိုင်တဲ့သူကိုပေးရတာရှိတယ်၊ တချို့က ၀န်ကြီးကိုပေးတယ်။ တချို့ကလည်း ညွှန်ချုပ်ကို ပေးတယ်။ တယောက်နဲ့ တယောက်က ပေးကြတာ မတူကြဘူး။တချို့က တလကို ကျပ် ၁၀ သိန်းမျိုး ငွေဖြစ်ဖြစ်၊  ရာထူးအလိုက် နိုင်သလောက်ပေါ့။ ပစ္စည်းဖြစ်ဖြစ်ပေးကြတာ။ ၃ လ တခါလောက်ပေးတာတွေ ရှိတယ်။ တချို့ကျတော့လည်း transfer အချိန်တွေ နီးပြီဆိုရင် သိန်းသုံးလေးဆယ်မျိုး ပေးကြတယ်” ဟု ပြောသည်။

ယခင်က အစိုးရ၀န်ထမ်းမိသားစုများကို တနယ်တည်း အတူတာဝန်ချထားပေးလေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင်မူ ထိုစနစ်ကို ကျင့်သုံးခြင်း မရှိတော့၍ လာဘ်ပေးမှုများ ပိုမိုများလာခြင်း ဖြစ်နိုင်သည်ဟု ဆရာဝန်ကြီးများက သုံးသပ်သည်။

အငြိမ်းစား ဆရာဝန်ကြီး တဦးက “လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ဆိုရင် လင်မယား ၂ ယောက်လုံးက အစိုးရ၀န်ထမ်းဆိုရင် တမြို့တည်းမှာ အတူတူ ထားပေးတယ်၊ တခြားတနယ်ပြောင်းမယ်ဆို စဉ်းစားပေးတယ်။ အရင်ကတည်းကလည်း ဒီလိုလာဘ်ပေးတာတွေ ရှိနေပေမယ့် နည်းတာပေါ့လေ။ မပေးနိုင်တဲ့သူကတော့ မိသားစုနဲ့ ဝေးသလို နယ်တွေမှာပဲ အကြာကြီး နေကြရတာလေ။ ဆိုတော့ အခုကတော့ ပိုဆိုးလာတယ်ပြောရမယ်။” ဟု ပြောသည်။

ကျန်းမာရေး ၀န်ထမ်းများ နေရာပြောင်းရွှေ့မှု ဆောင်ရွက်သည့် ကျန်းမာရေး ဦးစီးဌာန (DOH)က နယ်တာဝန်ကျနှင့်  မြို့ကြီးများတွင် တာဝန်ကျသူများကို ယခင်က အလှည့်ကျ ဆောင်ရွက်ပေးလေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် ငွေကြေး လာဘ်လာဘပေါ်မူတည် ဆောင်ရွက်မှုများရှိလာသည်ဟု သူကဆိုသည်။

သူကဆက်၍ “အထူးသဖြင့် နယ်ဝေးတွေကို specialist တွေ၊ ဆရာဝန်တွေက မသွားချင်ကြတော့ မြို့ကြီးပြကြီးမှာပဲ ဆရာဝန်တွေ ပုံနေပြီး တကယ်ဆရာဝန်လိုအပ်တဲ့နေရာတွေကျတော့ ဆရာဝန် မရှိဘူး ဖြစ်တာပေါ့။ နောက်တခုက နယ်မှာပဲ မပြောင်းရဘဲ နေနေရတဲ့ ဆရာဝန်တွေ အတွက်လည်း ပွင့်ပွင့်လင်းလင်းပြောရရင် စားဝတ်နေရေးက မပြေလည်နိုင်ဘူးပေါ့။ တနေရာတည်း နေနေရတော့ မမျှတနိုင်တော့ဘူးပေါ့” ဟုပြောသည်။

ခရိုင်အဆင့် အထူးကု ဆရာဝန်ကြီး တဦး၏ အများဆုံးလစာမှာ တလလျှင် ကျပ် တသိန်းလေးသောင်း ရရှိပြီး ဆရာဝန် အများစုမှာ ပုဂ္ဂလိကဆေးခန်းများမှ ၀င်ငွေကိုသာ အားထားနေကြရကြောင်း သိရသည်။

လတ်တလောတွင် ဆရာဝန်များ ပုဂ္ဂလိက ဆေးခန်းများမှ ရသည့် ၀င်ငွေများအပေါ် မူတည်၍ ၀င်ငွေခွန်များ စည်းကြပ်မည်ဆိုသော ကောလဟလ သတင်းကလည်း ကျန်းမာရေး အသိုင်းအ၀ိုင်းအတွင်း ပျံ့နှံ့နေ၍ ၀င်ငွေနည်းပါးသော ဆရာဝန်များက စိုးရိမ်နေကြသည်ဟု ဆိုသည်။

“ဆရာဝန် တယောက်၊ specialist တယောက် အထူးကု တယောက်ဆိုရင် တနှစ်ကို ၀င်ငွေခွန် ကျပ် ၁၀ သိန်း ဆောင်ခိုင်းမယ်ပေါ့၊ သူတို့ကို လာကန်တော့နိုင်တဲ့ဟာကို ကြည့်ပြီးတော့ ဒီလောက်တော့ ဆောင်လို့ရမှာပါ ဆိုပြီး ၀န်ကြီးက ပြောတယ် ဆိုပြီးတော့လည်း သတင်းတွေက ထွက်လာနေတော့ တကယ်သာ ဟုတ်မယ်ဆိုရင် ဟိုး နယ်စွန်နယ်ဖျားက ဆင်းရဲတဲ့ ဆရာဝန်တွေအဖို့တော့ အတော့်ကို မလွယ်မယ့် ကိစ္စပဲ” ဟု သူကဆိုသည်။

ခရိုင်ဆေးရုံကြီး တခုတွင် အထွေထွေ ရောဂါကု၊ ခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ သားဖွားမီးယပ် အထူးကု၊ အစာအိမ် အူလမ်းကြောင်း အထူးကု၊ အရိုးအကြော အထူးကု စသဖြင့် အထူးကု ဆရာဝန်နှင့် အထူးကု ဆရာဝန်ကြီး ၁၀ ဦးမှ ၁၅ ဦးအထိ တာဝန်ချထားလေ့ရှိသည်။

ရန်ကုန်နှင့် မန္တလေးတွင် ကျန်းမာရေး ၀န်ကြီးဌာနလက်အောက်ရှိ ဆေးရုံ ၃၀ နီးပါးနှင့် တခြားပြည်နယ်နှင့်တိုင်း တို့တွင် လူဦးရေအလိုက် ကုတင် ၅၀ ဆန့်ဆေးရုံမှ ကုတင် ၂၀၀ ဆန့်ဆေးရုံ၊ ကုတင် ၅၀၀ ဆန့်ဆေးရုံ များအဖြစ် ခရိုင်နှင့်၊ မြို့နယ် အသီးသီးတွင် ရှိကြသည်။
Comments (5)Add Comment
0
ဆေးကျောင်း တက်ခွင့်ရရင် ဘယ်ကျောင်း တက်ချင်လဲ။
written by Myint, February 24, 2010
ဆေးကျောင်းသား လောကမှာတောင် ကြိုက်တဲ့ ကျောင်းကို တက်လို့ ရသဗျား။
ကြယ်ပွင့်တွေ အများကြီးဆီက လက်မှတ် ထိုးထားတဲ့ စာလေး တစ်စောင် (သိန်း ၂၀ လောက်) နဲ့ ပေးဝယ်ပြီး လာရင် ရပါ့မလား လို့တောင် မေးစရာ မလိုဗျား။ ဆရာဝန် နယ် အပြောင်း အရွှေ့တောင် မဟုတ်ဘူး။ ကျောင်းတောင် အဲဒီလို (ကြယ်တွေ ရှိရင်) ရသဗျား။
ကဲ ဘာလို သေးလဲ။

Health status of myanmar people ?
0
ဟုတ်ရဲ့လား မောင်ကာဠုရဲ့
written by Myint, February 23, 2010
တစ်နိုင်ငံလုံး ဖြစ်ချင်ရာဖြစ်နေသော နေရာမျိုးတွင် ဘာကြောင့် ကျန်းမာရေးဌာန တစ်ခုတည်းကိုမှ ရွေးပြီး ပြောရသနည်း။

ကျန်းမာရေး ၀န်ကြီးက ကြောက်ဒူး တုန်ရသူများ အတွက်မူ ကြိုက်သည့် နေရာတွင် ကြိုက်သလောက် နေနိုင်ပါသည်။ သူလဲ လူကိုး။ ကြောက်တတ် တာပေါ့။ ဒုဝန်ကြီးများ၊ ညွှန်ချုပ်၊ ညွှန်မှူးများ (အထူးအားဖြင့်) ညွှန်မှူး( )ကို ကန်တော့သည်မှာ လာဘ်ပေးခြင်း မဟုတ်ပါ။ ကြွေကျသော အသီးကို စားခြင်း ဖြစ်ပါသည်။ ငါ့ကို ဘယ်လောက် ပေးရင် လုပ်ပေးမယ်ဟု မည်သူကမှ မပြောပါ။ အသီးကို ချိုင် မစားပါနှင့်၊ ကြွေကျမှ စားပါတဲ့။ ကောင်းရောဗျား။

ဥပမာ ပေးရလျှင် အများကြီးပါ။ အော်ဒါ ထွက်ပြီးမှ နောက်အော်ဒါနဲ့ ပယ်ဖျက်ပြီး ထပ်ပြောင်း ပေးရတာတွေ ပေါ့ဗျာ။ လူသားချင်း စာနာကြပါ။ သူတို့လဲ လူတွေပါ။ နေပြည်တော်မှ တစ်နေ့နေ့ ကြောက်လန့်ပြီး နေရပါတယ်။ မနက်တိုင်း စာမေးပွဲ အစစ် ခံရတာပါဗျာ။
0
...
written by မောင်နေမင်း, February 23, 2010
ဒီလိုဆိုရင် ချမ်းသာတဲ့ ဆရာဝန်လောင်း တွေကတော့ နယ်မရောက်
မချမ်းသာတဲ့ ဆရာဝန် လောင်း တွေကတော့ နယ်ကိုရောက်
တော်တော်လည်း တတ်နိုင်ကြတဲ့သူတွေ
အားလုံးသာ ချမ်းသာေ နရင်တော့ ... နယ်မြို့တွေ အဖြစ်ကတော့ မတွေးရဲစရာ
0
အောင်မယ်လေး
written by Burmese, February 22, 2010
ဒါမျိုးက ရိုးရာတောင် ဖြစ်နေပြီ။ ဒေ၀ါလီရေ ခောတ် နောက်ကျပြီနော်။ ဆရာဝန်လောင်း လောကမှာ ဒါတွေက ရိုးဟိုးဟိုး နေပြီ...။
0
Doctors to Pay Bribes for Good Posting!
written by Chit Thein Than, February 22, 2010
The ministry of health in Burma is staffed with people who are Burmans and human, so they will also take bribes for their services hired by the State. However, it is tragic that the Government is spending only a minimal amount of money for people's health. There is no longer State-supported health services:; all are patient and government share. The truth is that patients have to pay for basic health needs like for emergencies. What is the use of the ministry of health?

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်