ကမ္ဘာကြီးအတွက် ကိုဆန်းတင့်

မြန်မာပြည် အာဏာကို လက်မလွှတ်ရေး အတွက် နည်းမျိုးစုံနှင့် လက်မလည်အောင် ကလိန်ကျနေ ရသည့်ကြားမှ ကမ္ဘာ အရပ်ရပ်ရှိ သဘာဝ ဘေးဒဏ် ခံနေရသည့် နိုင်ငံများ၊ အငတ်ဘေး ဆိုက်နေသည့် နိုင်ငံများ၊ ထကြွ ဆူပူမှုကို ရင်ဆိုင်နေရသည့် နိုင်ငံများက ချိုကုပ်ဒူးကြီးကို ကိုဆန်းတင့် (Consultant) အဖြစ် ခေါ်ယူ အကူအညီတောင်း နေလေသည်။

ဆိုမာလီမှ အီရန် … ထိုမှတဆင့် ဇင်ဘာဘွေ၊ အချိန်ရလျှင် မြောက်ကိုရီးယားသို့ ဝင်ပြီး နောက်ဆုံးတွင် ငလျင်ဒဏ်ကြောင့် ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ရင်ဆိုင်နေရသော ဟေတီသမ္မတ၏ ဖိတ်ကြားချက်အရ သွားရောက်ရမည် ဖြစ်သည်။

မြန်မာပြည်ကလွဲ၍ ဘယ်မှမရောက်ဘူးသော ချိုကုပ်ဒူးကြီး၏ ခရီးစဉ်များမှာ တောင်နှင့်မြောက် ဖြစ်ကောင်း ဖြစ်နေပေလိမ့်မည်။ သို့ရာတွင် ပြဿနာမရှိ၊ သားမက်ကဲ့သို့ ချစ်ခင်အားကိုး ယုံကြည်ရသော တေဂွပိုင် အဲဇလုံ လေယာဉ်က သူသွားလိုရာ ပို့ဆောင်ပေးလိမ့်မည်။ ပြဿနာရှိနေသူက ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဖြစ်သည်။

ရုက္ခစိုး။     ။ ဒါ အခွင့်အရေးပဲ ဖိုးရှုပ်ရဲ့။ ပြည်တွင်းက အသံတိတ်ဂျာနယ်တို့ တွမ်တီတူး ဂျာနယ်တို့တောင် လိုက်လို့ရတာ မဟုတ်ဘူး။ ငါလည်း လိုက်လာမှာပဲဟာ၊ လိုက်သာသွား။

ဖိုးရှုပ်။     ။ လိုက်သွားတာက ဟုတ်တယ် ဦးရုက္ခစိုးရဲ့။ သွားမှာက အဲဇလုံနဲ့။ တော်ကြာ တခုခုဖြစ်မှဖြင့် … ကြောက်တယ်ဗျ။

ကြွက်စုတ်။     ။ မင်းတောင် သတင်းသမားဖြစ်ရဲ့သားနဲ့ ဒီလောက် သတ္တိရှိနေရင် ငါက ပိုဆိုးတာပေါ့ဟ။ မလိုက်ရဲဘူး။

ရုက္ခစိုး။     ။ မင်းတို့တော့ ခက်တာပဲ။ သတင်းသမားဆိုတာ တိုက်မှာထိုင်ပြီး ဖုန်းလေးဆက်ရုံနဲ့ ရမလား။ သူများ ရေးထားတာလေး ကော်ပီပေ့စ်လုပ်ပြီး ကိုယ်ရေးသလို လုပ်ရုံနဲ့တော့ သတင်းသမား လာမပြောနဲ့ကွာ။ ကိုယ်တိုင် ကွင်းထဲဆင်း ဖီးလ် ရပို့တင်း မလုပ်သရွေ့ အထင်မကြီးဘူး။

ကြွက်စုတ်။     ။ ဦးရုက္ခစိုးက တန်ခိုးနဲ့ ကြွရမှာလေ၊ ကျနော်တို့က အဲဇလုံနဲ့ရွေ့ရမှာ။ ပြီးတော့ ချိုကုပ်ဒူးကြီးနဲ့ အတူသွားရမှာ။ သူကလည်း စိတ်ရောဂါကု ဆေးရုံက ဆင်းလာတာမကြာသေးဘူး။ အောင်မလေး ကျောချမ်းလိုက်တာ။

ဖိုးရှုပ်က ကြွက်စုတ်ကို မျက်စောင်းထိုးလိုက်သည်။ ဦးရုက္ခစိုးက သူ့ကို ကော်ပီပေ့စ်လုပ်သည်ဟု ဆိုသောကြောင့်လည်း နည်းနည်းနှာတင်းသွားသည်။ ထို့ကြောင့် “ဒီလောက်တောင် ဖြစ်လှတာ သွားမယ်ဗျာ။ အဲဇလုံမကလို့၊ ချိုကုပ်ဒူးကြီးနဲ့ အတူတူ မကလို့ ယမမင်းကြီးနဲ့လည်း သွားမယ်၊ ကြွက်စုတ်၊ မင်းတော့လိုက်ခဲ့ရမယ်” ဟု ပြောလိုက်သည်။ ကြွက်စုတ် မျက်နှာ ရှုံ့မဲ့ သွားသည်။

စာမျက်နှာအခက်အခဲကြောင့် လေယာဉ်ပေါ်က အဖြစ်အပျက်များနှင့် တခြား နိုင်ငံများတွင် ချိုကုပ်ဒူးကြီး စီစဉ်ညွှန်ကြား အကြံပေးခဲ့သည်များကို မဖော်ပြတော့ပါ။ မြန်မာအငြိမ့်ခွေများတွင် မင်းသမီး ကသည်ကို ကျော်ကြည့်သလို ကျော်လိုက်စေချင် ပါသည်။

ဟေတီနိုင်ငံတွင် ချိုကုပ်ဒူးကြီးက သမ္မတ ရီနီဘလာဘလာ ကို အကြံဉာဏ်ကောင်းများ ပေးနေသည်။ ဖိုးရှုပ်က သတင်းယူကာ ကြွက်စုတ်က ပညာယူနေသည်။ ဦးရုက္ခစိုးကြီးလည်း ရောက်နေသည်။

သမ္မတရီနီ။     ။ ငလျင်ဒဏ်ကြောင့် သေတာက ၃ သိန်းဖြစ်နေပြီဗျာ၊ အဲဒါကို UN က ၂ သိန်းတဲ့။ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး။

ချိုကုပ်။     ။ ဘာလို့ ဒီလောက်တောင် များများသေတာလဲဗျ။

ရီနီဘလာ။     ။ များများသေတော့ များများ အကူအညီရ … အဲ … ယောင်လို့ … ဒါ အမှန်တရားပဲလေ။

ချိုကုပ်။     ။ များများသေတယ်ဆိုတော့ ခင်ဗျား အသုံးမကျရာ ရောက်တာပေါ့။ လျှော့ပြောရတယ်၊ ခက်တာပဲ။

ရီနီဘလာ။     ။ လုပ်ပါဦးဗျာ။ အခုဆို မြို့ကလည်း မြို့ပျက်ကြီးဖြစ်နေပြီ၊ လူသေတွေကလည်း တိုက်ကြို တိုက်ကြားမှာ မရှင်းနိုင်သေးဘူး၊ အိပ်ခြေရာမဲ့တွေလည်း သန်းနဲ့ချီနေတယ်၊ ဘာလုပ်လို့ လုပ်ရမှန်းကို မသိတော့ဘူး။ ခင်ဗျားဆီမှာ နာဂစ်ဖြစ်တုန်းက ဘယ်လို မြန်မြန်ဆန်ဆန် ဖြေရှင်းလိုက်တယ်ဆိုတာ ပြောပါဦး။

ချိုကုပ်ဒူးကြီးက မိန့်မိန့်ကြီး ပြုံးလိုက်သည်။

ချိုကုပ်။     ။ ခင်ဗျား မှတ်မိမလားမသိဘူး။ ကျုပ်ဆီမှာ နာဂစ်ဖြစ်တုန်းက ၁၀ ရက်လောက် ပစ်ထားလိုက်တာလေ။

ရီနီဘလာ။     ။ ကျုပ်က ပြည်သူတွေဆီ ချက်ချင်းသွားတာဗျ။ ဒါနဲ့တောင် မဖြေရှင်းနိုင်ဘူး ဖြစ်နေတယ်။

ချိုကုပ်။     ။ အဲဒါကွာတာပေါ့။ အမြန်ပဲသွားသွား၊ နောက်ကျပြီးပဲသွားသွား အနောက်က မျောက်ဖြူတွေက အပြစ်တင်တာပဲ မဟုတ်လား။ သူတို့က ကျုပ်တောင်းသလောက်လည်း ပေးတာမဟုတ်ဘူး။ အပြစ်တင်ဖို့ပဲ တတ်တာ။

ရုက္ခစိုး။     ။ ဒါကတော့ ၁၁ ဘီလျံဒေါ်လာဆိုတာ နည်းတာမှမဟုတ်ဘဲ။

ချိုကုပ်။     ။ မနည်းဘူး မလုပ်နဲ့လေ။ ကျုပ်တို့ အိတ်တွေထဲ ခွဲထည့်မှာဆို နည်းတောင် နေသေးတယ်။ အဲ ယောင်လို့ လုပ်စရာတွေက အများကြီးလေ။ နောက်ကျမှသွားတော့ အေးအေးဆေးဆေး စဉ်းစားဖြေရှင်းချိန်ရတယ်။ ပြဿနာတခု ဆိုတာ ခေါင်းအေးအေးနဲ့ ဖြေရှင်းတော့ အဖြေမှန်ရဖို့ ပိုလွယ်တယ် မဟုတ်လား။

ရုက္ခစိုး။     ။ ခေါင်းအေးအေးဖြေရှင်းတယ် ဆိုတာ လူတွေကို ငါးရှာ၊ ဖားရှာ စားလိုက်ပါလို့ ပြောတာလား။

ချိုကုပ်။     ။ (ဦးရုက္ခစိုးကို ဘုကြည့်ကြည့်ရင်း) ဒါက စိတ်ဓာတ်ကျဆင်းနေတဲ့ ပြည်သူလူထုကို နှစ်သိမ့်တာဗျ။

ရီနီဘလာ။     ။ ထားပါတော့ဗျာ၊ ပုံနေတဲ့ အလောင်းတွေကို ဘာလုပ်ရမလဲ။ ခင်ဗျားတုန်းက ဘာလုပ်လိုက်လဲ။

ချိုကုပ်။     ။ ပူစရာလားဗျ။ ငါးပူတင်းတွေ တွတ်လိုက်ရင် သူ့ဘာသာ ရှင်းသွားမှာပဲ … အဲ … ခင်ဗျားဆီမှာ ငါးပူတင်း မရှိပေမယ့် လင်းတတွေဘာတွေတော့ ရှိမှာပေါ့။ စားခိုင်းလိုက်ဗျာ။ သတ္တဝါတွေကို ကုသိုလ်လုပ်တဲ့သဘောတောင် ဖြစ်သေးတယ်။

ရီနီဘလာ။     ။ မြို့ပျက်ကြီးကျတော့ကော။

ချိုကုပ်။     ။ ကျုပ်လိုအမြော်အမြင် မရှိတော့ ခံရပြီ၊ … သနားစရာပဲ ... ကျွတ်ကျွတ်၊ ကျုပ်ဆို အစောကြီးကတည်းက နေပြည်တော် မြို့တော်သစ် တည်ထားတော့ … ရန်ကုန်က မြို့ပျက်ကြီးဖြစ်သွားလည်း အေးဆေးပဲ။ မပူနဲ့ ခင်ဗျား နောက်မကျ သေးဘူး။ မြို့တော်သစ်တခု သွားတည်လိုက်။

ရီနီဘလာ။     ။ အဲဒီလောက် လွယ်ပါ့မလားဗျာ။ ပိုက်ဆံ ...။

ချိုကုပ်။     ။ လူတွေကို ပေးတဲ့ပိုက်ဆံတွေကို တနည်းနည်းနဲ့ ဖြတ်ခုတ်ပေါ့ဗျ။ ဥပမာ ဒုက္ခသည်တွေအတွက် ယာယီတဲတွေ ဆောက်ပေးဖို့၊ စိုက်ပျိုးရေး လုပ်ငန်းတွေ ပြန်စဖို့ဆိုပြီး တောင်း။

ရီနီဘလာ။     ။ ဟာ … တောင်းပြီးရင် တကယ်လုပ်မှ ဖြစ်မှာပေါ့။ တော်ကြာ UN အကြီးအကဲက လာစစ်ရင် ...။

ချိုကုပ်။     ။ လွယ်လွယ်လေး ...။ ယာယီတဲ အသစ် သုံး၊ လေးလုံး ဆောက် …၊ စစ်သားမယားတွေ၊ စွမ်းအားရှင်တွေကို ဒုက္ခသည်ယောင်ဆောင်ပြီး နေခိုင်း။ လယ်ထွန်စက် တလုံးလောက် အသစ်ဝယ်ပြီး … လယ်ထဲမှာ ဟိုမောင်း ဒီမောင်း မောင်းခိုင်း … ဒါ ဥပမာ ပြောတာနော်။ တခြား လုပ်စရာ နည်းတွေ အများကြီး ရှိသေးတယ်။

ရီနီဘလာ။     ။ မြို့သစ်တည်ဖို့တော့ မဖြစ်ဘူးနဲ့ တူတယ်ဗျာ … ဟို … လူတွေက မကျေမနပ်နဲ့ ဆူပူ အုံကြွ … ကြွ ...။

ချိုကုပ်။     ။ ဒီမှာ ကိုဘလာ ဘလာ။ ဆူပူအုံကြွတဲ့ အကြောင်းတော့ လာပြောမနေနဲ့တော့ … ဝမ်းချုပ်နေတဲ့အချိန် အိမ်သာ တက်ရတာလောက် မခက်ဘူး။ ကျုပ်ဆီက လုံထိန်းနဲ့ စွမ်းအားရှင်တွေ လိုသလောက် အိတ်စ်ပို့ လုပ်ပေးမယ်။

ရီနီဘလာ။    ။ လေးစားပါတယ် ကိုဆန်းတင့်ရယ်။ ဒါကြောင့်လည်း ကိုဆန်းတင့်ဆိုပြီး နိုင်ငံတကာက အကူအညီ တောင်းနေ ရတာကိုး။

ဟေတီသမ္မတက အားကျသောအကြည့်နှင့် ကြည့်ရင်း ပြောလိုက်ရာ ချိုကုပ်ဒူးကြီးက “ပါးပါးလေးပါ။ ရှင်းတတ်ရင် အားလုံးအလွယ်လေးပဲ။ ကဲ ဖိုးရှုပ်ရေ … ငါတို့ရဲ့ လွန်းပျံယာဉ် အဲဇလုံကြီး အဆင်သင့် ဖြစ်ရင် မတိမ်းမစောင်း ဗိန်းဗောင်းနဲ့ ယွန်းလိုက်ကြရအောင်လား” ဟု ပြောရင်း လေယာဉ်ပေါ်သို့ ခပ်တည်တည် တက်သွားလေတော့သည်။

မှတ်ချက်။     ။ သတင်းထောက် ဖိုးရှုပ် ဟေတီမှ ဖီးလ်ရပို့တင်း လုပ်သည်ကို တာတေပြန်ကူးချသည်။

“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
Comments (5)Add Comment
0
It is really hit
written by Minn Naung, February 26, 2010
Hi,
I am fand of your post. I really like your idea of Ko San thint.

Good job. Keep it up.
0
Even
written by Ko P, February 25, 2010
တခြားဟာမပြောနဲ့ ဒါလေးတောင်ထိတယ်။
မြန်မာအငြိမ့်ခွေများတွင် မင်းသမီး ကသည်ကို ကျော်ကြည့်သလို ကျော်လိုက်စေချင် ပါသည်။
0
What do you mean?
written by Ko San Tint, February 24, 2010
Dear Irrawaddy,

I couldn't get you instantly for what you said. I really has to laugh at it. First I though because of my aggressive comments you have used my name and wrote this humorous article. Later on I found that you pronounce consultant as my name Ko San Tint. Any way this is a good job and I tell my friends that I am the new head of the SPDC. Ha..Ha..Hasmilies/cheesy.gifsmilies/cheesy.gifsmilies/cheesy.gifsmilies/cheesy.gifsmilies/cheesy.gif
0
:D
written by Zero, February 24, 2010
Hahahhahha.... It's awesome..
I really love this post!!smilies/cheesy.gifsmilies/cheesy.gifsmilies/cheesy.gifsmilies/cheesy.gifsmilies/cheesy.gifsmilies/cheesy.gifsmilies/cheesy.gif
0
...
written by Burmese, February 24, 2010
lol...funny

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်