မေး။ ။ အာဏာပိုင်တွေက နောက်ထပ်လာပြီး ညှိနှိုင်းတာမျိုး ရှိပါသေးလား။
ဖြေ။ ။ မရှိသေးပါဘူး။ ၇ ရက်နေ့က အသုဘချတယ်။ ဒီနေ့အထိတော့ တခေါက်မှ မလာသေးဘူး။
မေး။ ။ ကျပ် ၁၀ သိန်းထပ်ပေးတယ်လို့ သတင်းတွေ ထွက်နေတယ်၊ ဟုတ်ပါသလား။
ဖြေ။ ။ ဟုတ်တယ်၊ ပေးတယ်။ ကျမတို့ဘက်က လုံးဝလက်မခံနိုင်ဘူးလေ။ ဟိုဘက်က စိုးပိုင်ဇော်တို့ မိဘတွေ ကတော့ ယူလိုက်တယ်။ အခုချိန်အထိ ဘာတပြားမှမယူဘူး။ အခေါင်းကလည်း ကျမတို့ ငွေကြေးနဲ့ပဲ ကျမတို့ ၀ယ်တယ်။ ကျမတို့ တူလေးရဲ့ နောက်ဆုံးခရီးမို့ ကျမတို့ဘာသာပဲ လုပ်ပါရစေဆိုပြီး မေတ္တာရပ်ခံလိုက်တယ်လေ။ ပထမတော့ သူတို့က အားလုံး သူတို့ပဲ စီစဉ်ချင်တယ်။ ကျမတို့ဘက်က လက်မခံနိုင်ဘူး။ ဟိုဘက်က ကလေးအဖေကလည်း ညောင်လေးပင် - ရန်ကုန် ကားမောင်းတော့ ကားဂိတ် အဖွဲ့အစည်း အားလုံးက ကူညီပါတယ်။
မေး။ ။ ဈာပနနေ့က ဘုန်းကြီး ငါး ပါးပဲ ပင့်ခွင့်ရတယ်လို့ ကြားပါတယ်။ ဘုန်းကြီးတွေကို အာဏာပိုင်တွေကပဲ ပင့်ဆောင်ပေး တာလား။
ဖြေ။ ။ ဒီလိုပါ၊ သုသာန်မှာက ဇရပ်ကလည်း ကျဉ်းတော့ နေရာထိုင်ခင်း အခက်အခဲဖြစ်မှာစိုးတဲ့အတွက် ငါး ပါးလောက်ပဲ ပင့်ပါ လို့ သူတို့က အကြံပေးပါတယ်။ အဲဒါကြောင့်မို့လို့ ဘုန်းကြီး ငါး ပါးနဲ့ပဲ သရဏဂုံ တင်တယ်။ ကလေး ဘဝကူး ကောင်းအောင်ပေါ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုမှတော့ ကျမတို့က သဘောမထားတော့ပါဘူး။
ဒီဘုန်းကြီးတွေက ငယ်စဉ်တောင်ကျေးကတည်းက ကျမတို့ ကိုးကွယ်ထားတဲ့ ဘုန်းကြီးတွေပါ။ ကျမတို့ လမ်းထိပ်က လေး၊ ငါး အိမ်ကျော်က ကျောင်းမှာရှိတဲ့ သံဃာတွေပါ။ အာဏာပိုင်တွေကတော့ ဘုန်းကြီး ဦးသုံကို ပင့်ဖို့ ပြောတယ်။ အဲဒါကို ကျမတို့ ဘက်က လက်မခံခဲ့ဘူး။ ကျမတို့ကပဲတောင်းဆိုတယ်။ သူတို့ကလည်း လက်ခံသွားပါတယ်။
မေး။ ။ ဈာပနနေ့က မောင်စိုးပိုင်ဇော်ရဲ့ အစ်ကိုဝမ်းကွဲ တယောက်နဲ့ စကားပြောကြည့်တော့ ဒီအလောင်းတွေကို ကြည့်ရှုခွင့် မရခဲ့ဘူးလို့ ပြောပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘာသိထားပါသလဲ။
ဖြေ။ ။ သူတို့ဘက်ကတော့ မပြောတတ်ဘူး။ ကျမတို့ဘက်ကတော့ သွေးချင်းတွေ၊ နှစ်ဝမ်းကွဲတွေ၊ သုံးဝမ်းကွဲတွေ အကုန် ကြည့်ခဲ့ရတယ်။ ကျမတို့ဘက်က မောင်ဝမ်းကွဲလေးတွေက အသုဘမချခင် ကြိုပြီးတော့ ရွာက ဆိုင်ကယ်နဲ့ တက်လာတယ်။ ဆိုင်ကယ်နဲ့ သွားတာ။ ပေးကြည့်တယ်၊ အကုန်ပေးကြည့်တယ်။ ဒါပေမယ့် သူတို့က စစ်ဆေးတာတော့ရှိတယ်။ ဘာတော်လဲ။ အဖေဘက်ကလား၊ အမေဘက်ကလား။ သေသွားတဲ့ အောင်သူဟိန်းနဲ့ ဘယ်လိုတော်သလဲ။ အဲဒီလိုမေးတယ်။
မေး။ ။ ဘယ်အဖွဲ့အစည်းကနေ စစ်ဆေးတာလဲ။
ဖြေ။ ။ အဲဒါကတော့ ကျမလည်း မပြောတတ်ဘူး။ အရပ်ဝတ်တွေနဲ့ဆိုတော့ ကျမတို့လည်း မသိဘူးပေါ့လေ။ ဒါပေမယ့် ဈာပနနေ့ကတော့ စစ်တပ်က လုံးဝမလာတော့ဘူး။ ကျမတို့အမေကလည်း ပြောထားတယ်လေ။ စစ်တပ်လုံးဝမပါရဘူး။ ဘာလို့လဲဆိုတော့ ကျမတို့က ဒီကိစ္စနဲ့ ခံစားထားရတာလေ။ စစ်တပ်တော့မမြင်ဘူး။ ရဲတွေတော့မြင်တယ်။
မေး။ ။ အစိုးရထိန်းချုပ်ထားတဲ့ FM တွေမှာ လူငယ်တွေက သေနတ်ကိုဝင်လုလို့ ပစ်ရပါတယ်ဆိုပြီး ပြောတာတွ ရှိတယ်။ တကယ့်တကယ် ဘယ်လိုဘယ်နည်းနဲ့ ပစ်သတ်ခံခဲ့ရသလဲ သိပါရစေ။
ဖြေ။ ။ ကယ်လီဖိုးနီယား စားသောက်ဆိုင်မှာ သောက်ကြတာ၊ သူတို့လည်းသောက်၊ ကလေးတွေလည်း သောက်ကြတာ။ သောက်ပြီးအထွက်မှာ သူတို့ဆိုင်ကယ်နဲ့ ကျမတို့ကလေးနဲ့ သူငယ်ချင်းတွေ စုပြီးစီးလာတဲ့ တုတ်တုတ်လို့ခေါ်တဲ့ သုံးဘီး ဆိုင်ကယ်လေးနဲ့ အဲဒါနဲ့ ငြိကြတာ။ အဲဒီမှာ ငြိတော့ ထိုးကြကြိတ်ကြ ဆဲကြဆိုကြ အဲဒီမှာ ဖြစ်ပြီးပြန်လာမှ နာရီဝက်၊ ၄၅ မိနစ် တနာရီလောက် ကြာပြီးတော့မှ ဒီဘက်ရပ်ကွက်ထဲကို လိုက်လာတာ။ အဲဒီ ကယ်လီဖိုးနီးယားဆိုင်နဲ့ ပစ်သတ်တဲ့နေရာနဲ့ ဝေးတယ်။ တော်တော် လာရတာ။ အဲဒီမှာပဲ ပစ်သတ်သွားတာ။
မေး။ ။ အဲဒီအချိန်မှာ အပစ်ခံရတဲ့ နှစ်ယောက်ကအပြင်မှာပဲ ရှိနေတာလား၊ အိမ်ထဲကိုပြန်မရောက်ခင် တွေ့သွားတာလား။
ဖြေ။ ။ ဒီပြဿနာမဖြစ်ခင်မှာ အေးအေး ဆေးဆေးပဲ၊ သူတို့ လမ်းထိပ်မှာ သူငယ်ချင်းတွေ စုပြီး ဂစ်တာထိုင်တီးနေတာ။ သီချင်းတောင် သုံးပုဒ်ဆိုသွားတာ။ သူတို့ဟာသူတို့ ထိုင်တီးနေတာ။ နောက်ကျတော့ သူငယ်ချင်းတွေကထပြီး ကိုကြီး အောင်သူဟိန်း ရန်ကုန်ပြန်တော့မှာမို့ လက်ဖက်ရည် သောက်ကြရအောင် ဆိုပြီး သွားကြတာ။ ဒါပေမယ့် လက်ဖက်ရည် မသောက်ဖြစ်ဘဲနဲ့ အရက်သောက်တယ်လို့ ကြားတယ်။ ကျမတို့က အိပ်မလို့ လုပ်နေကြတာ။ အဲဒီမှာ သူတို့ဖြစ်ပြီးတော့မှ၊ သေနတ်တွေ ပစ်ဖောက်သံကြားတာ။ အဲဒီအချိန်မှာ ကျမရဲ့ တူလေးအသံ မကြားမိဘူး။ ယောက်ျားလေး အသံတွေတော့ ကြားမိ တယ်။ အော်ဟစ် ဆဲဆိုနေတဲ့အသံတွေကြောင့်မို့လည်း ဂရုမစိုက်လိုက်ဘူးပေါ့။ တကယ်လို့ ကျမ တူရဲ့အသံသာ ကြားမိရင် အတင်းဝင်ဆွဲမိမှာပဲ။ ကျမတို့က အမြဲတမ်း ဆင်းဆင်းပြီး ထိန်းသိမ်းတယ်။ ဘယ်သူနဲ့ဖြစ်ဖြစ် ကျမတူက လွန်လို့ သူများကို ထိုးမိရင်လည်း သူများမိဘတွေကို တောင်းပန်တာမျိုး လုပ်ပေးတာပါ။ ကျမတူကလည်း အဲဒီလောက် ဆိုးဆိုးရွားရွားကြီး မဟုတ်ပါ ဘူး။ အဲဒီတော့ ကိုယ့်တူရဲ့အသံမကြားတော့အိမ်မှာပဲ ငြိမ်နေလိုက်တာပေါ့လေ။ သေနတ်ဖောက်သံကြားတော့ ပိုကြောက်တာပေါ့။ ကျမတို့လည်းပြေးဆင်းသွားရော ကျမတို့ ရှေ့အိမ်မှာ အမေသေလို့ မုံရွာမှာ တာဝန်ကျရာကနေ ပြန်လာတဲ့ ဒု ရဲအုပ်လေး တယောက် ရောက်နေတယ်။ သူက ကျမတို့ကို မဆင်းနဲ့၊ ဒါ ဗျောက်ဖောက်နေတာ မဟုတ်ဘူး၊ သေနတ်နဲ့ ပစ်နေတာဆိုတော့ ကျမတို့လည်း လှေကားမှာပဲ ထိုင်နေလိုက်ကြရတာပေါ့နော်။ နောက် ဆက်တိုက်ပါပဲ ဒက်ဒက် ဒက်ဒက်နဲ့ ဆော်ချသွားတာ။
မေး။ ။ အဲဒါဆို မောင်အောင်သူဟိန်းတို့က ပထမ ခိုက်ရန်ဖြစ်ပွားတဲ့ နေရာကနေ အိမ်ကိုပြန်ရောက်လာ ပြီးတော့ အေးအေး ဆေးဆေး ပြီးသွားပြီလို့ ထင်နေတဲ့အတွက် ဂစ်တာတွေ ဘာတွေ တီးနေကြတာလား။
ဖြေ။ ။ ဂစ်တာတော့ မတီးတော့ဘူး။ အဲဒီ အုတ်ခုံမှာ ထိုင်နေတယ်။ ထိုင်နေလိုက်ပြီးတော့ ပြန်ပြီးတော့ မြလမ်းထဲမှာ သူတို့ အဘိုးအဘွားအိမ် ပြန်အိပ်မယ်ဆိုပြီးတော့ ကလေးတွေက ထပြီးအထွက် မြလမ်းထဲမှာ ဟိုဘက်ထိပ်က နှစ်ယောက် ဒီဘက်ထိပ် က တယောက် နှစ်ဘက်ကို ညှပ်ပြီး ဆော်ချလိုက်တာ။
မေး။ ။ အဲဒီအချိန်မှာ မျက်မြင်သက်သေတွေရော ရှိနေလား။
ဖြေ။ ။ မျက်မြင်သက်သေကတော့ တပိုင်းလုံးပဲ။ အဲဒီနားမှာ ရှိနေတဲ့ အိမ်တွေကတော့ ဒီကလေးတွေဖြစ်နေတာကို သိတာပေါ့။ ဒါပေမယ့်တဘက်က စစ်တပ်ဆိုတော့ သက်သေလိုက်မပေးရဲကြဘူး။ သူတို့ကလည်း ကျမတို့ မိသားစုကို ကူညီချင်ပေမယ့် ဘယ် အကူအညီပေးရဲမလဲ။ သူတို့လုပ်ရိုးလုပ်စဉ်တွေကို သိနေတော့ ဘယ်သူမှ ပြောပေးတဲ့ လူမရှိဘူး။ ဒါပေမယ့် အိမ်မှာ မီးမှောင် ချပြီး တော့ သူတို့အခင်းဖြစ်တာကို ကြည့်နေတဲ့ လူတွေရှိပါတယ်။ ဖြစ်စဉ်ကို အဲဒီအပိုင်းက လူတွေက အတိအကျ သိတာပေါ့။ သူတို့ တွေက ကျမတို့ထက် ပိုသိတယ်။ ဒါပေမယ့် ကျမတို့ကသွားခေါ်ပြီး အမှုလုပ်မယ်ဆိုရင်တောင် ဘယ်သူမှ လိုက်ပေးတဲ့ လူမရှိဘူး။ အမှန်အတိုင်းပြောရရင် ကျမတို့ အမေကလည်း ကျမတို့ အေးအေးဆေးဆေးနေ၊ သူတို့လူကြီးတွေ သက်ဆိုင်ရာနဲ့ လုပ်မယ်လို့ ကတိ ခံထားပြီးပြီ။ ညည်းတို့ဘာမှ လုပ်ဖို့မလိုဘူးလို့ ကျမတို့ကိုပြောထားတာ။
မေး။ ။ ဖြစ်တဲ့အချိန်တုန်းက သူတို့စစ်တပ်ဘက်က အင်အား ဘယ်လောက် ပါသလဲ။
ဖြေ။ ။ ကျမ ကြားတာကတော့ သူတို့ လွှတ်လိုက်တာက ၈ ယောက်ပေါ့။ ၅ ယောက်ကတော့ အပေါ်ထောင် ခြောက်လှန့် ပစ်တာ။ ပစ်ပြီးတော့ ပစ်သတ်ခဲ့တဲ့လမ်းနဲ့ဆို တလမ်းကျော်၊ ပုလဲလမ်းကနေ ပြန်ထွက်သွားတယ်။ နောက် ၃ ယောက်က မပြန်ဘဲနဲ့ လိုက်ပစ်တာ။ ဒါပေမယ့် အဲဒီအပိုင်းက အတိအကျ သိတဲ့လူတွေပြောတာက သေနတ်နဲ့လူကိုချိန်ပြီးတော့ကို ဆင်းလာတာတဲ့။ မြင်တဲ့လူတွေက ပြောတာနော်။
မေး။ ။ အောင်သူဟိန်းတို့၊ စိုးပိုင်ဇော်တို့ သေနတ်အပစ် ခံလိုက်ရပြီးတဲ့အချိန် နောက်ပိုင်းမှာ သူတို့ကို ဘယ်သူတွေက ဘယ် နေရာကို သယ်သွားတာလဲ။
ဖြေ။ ။ ရင်ခွဲရုံကို ရဲတွေက သယ်သွားတာ။ သယ်သွားပြီးတဲ့နောက် ကျမတို့ ကာယကံရှင်တွေ လိုက်ချင်ရင် လိုက်ခဲ့ဆိုလို့ ကျမလည်း ခပ်လှမ်းလှမ်းက လိုက်သွားတယ်ပေါ့လေ။ ကလေးတွေကို အုတ်ခုံပေါ်ကို တင်ဖို့အတွက် ကျမ တူရဲ့ သူငယ်ချင်းတွေ ၆ ယောက်၊ ၇ ယောက်လောက် လိုက်သွားတယ်။ လိုက်သွားပြီးတော့ အဲဒီ ရင်ခွဲရုံ က အုတ်ခုံပေါ်မှာ တင်ပြီးတာနဲ့ ချက်ချင်းပဲ ပြန်ထွက် လာရတယ်။ သူတို့ တံခါးပိတ်ပစ်လိုက်တယ်။
မေး။ ။ ရဲတွေက အောင်သူဟိန်းရဲ့ ခန္ဓာကိုယ်ကို လာသယ်တယ်ဆိုတော့ စစ်တပ်ကနေ ပစ်သတ်ပြီးတော့ ဘယ်အချိန် လောက်မှာ လာသယ်တာလဲ။
ဖြေ။ ။ စစ်တပ်က ပစ်သတ်လိုက်ပြီးတော့ ၄၅ မိနစ်လောက် ငြိမ်ကျသွားပြီး ဘယ်သူမှ မလာသေးဘူး။ နောက်ပိုင်း ၁၁ နာရီ ကျော်ကျော်လောက်ကျမှ ကျမ စိတ်ထင် ၁၁ နာရီ ၁၅ လောက်ရှိမယ်။ ရဲတွေအကုန် ဆိုင်ကယ်နဲ့ မီးတွေထိုးပြီး ဝင်လာတာ။ ဆိုင်ကယ်မီးတွေနဲ့ ဝင်လာပြီးတော့ ကလေးတွေကို ပစ်သတ်ခဲ့တဲ့ မြလမ်းကို မီးမှောင်ချလိုက်တယ်။ ကျန်တဲ့လမ်းကျတော့ မီးမမှောင်ဘူး။
မေး။ ။ အဲဒီ ၄၅ မိနစ်အတောအတွင်းမှာ အစ်မတို့က သူတို့ရဲ့ ခန္ဓာကိုယ်ကို ဆွဲထူတာမျိုး မလုပ်ဘူးလား။ ရပ်ကွက်က လူတွေကလည်း မလုပ်ကြဘူးလား။
ဖြေ။ ။ မလုပ်ကြဘူး။ ဘယ်သူမှ မလုပ်ကြဘူး။ ကျမက ဘယ်လိုသိလိုက်လဲ ဆိုတော့ ကလေး ၂ ယောက်၊ ၃ ယောက်က ပြေးပြီးတော့ ကြည့်လိုက်တဲ့အချိန်မှာ ဟာ ကိုအောင်သူဟိန်းပဲ။ ပွဲချင်းပြီးသွားပြီ။ ရင်ဘတ်တွေလည်း ပွင့်ထွက်သွားပြီ အော်လိုက် လို့ ကျမလည်း ပြေးဆင်းသွားတယ်။ ပြေးဆင်းသွားတဲ့အချိန်မှာ ၂ ယောက် ၃ ယောက်တော့ ရှိတယ်။ ဘယ်သူတွေလည်း မသိဘူး ပေါ့၊ ရဲတွေလား ဘာလားတော့ မသိဘူး။ အဲဒီလို ကျမက ဝင်ကြည့်တဲ့အခါကျတော့ ပေးမဝင်တော့ဘူး။ ဒီနေရာဟာ သာမန် နယ်မြေ မဟုတ်တော့ဘူး၊ သေနတ်ပစ်လို့ သေထားတဲ့အတွက် ကန့်သတ်နယ်မြေ ဖြစ်သွားပြီပေါ့။ အဲဒါနဲ့ ကျမက ကျမ အဒေါ် အရင်း ပါ၊ ကျမကိုပေးကြည့်ပါလို့ ပြောတော့၊ အစ်မရယ် ကျေးဇူးပြုပြီးမဝင်ပါနဲ့လို့ မေတ္တာရပ်ခံတယ်လေ။
မေး။ ။ ရင်ခွဲရုံကိုသယ်တော့ ဘယ်လို သယ်လဲ။
ဖြေ။ ။ ဆိုက်ကားနဲ့ပဲသယ်တာ။ ကားတွေ ငှားမရတော့ဘူးတဲ့။ ကျမတို့က ကားငှားပေးပါ၊ ကျမတို့ ကလေးတွေကို ဒီလိုမျိုး ပိုးဆိုး ပက်စက်ကြီးလည်း မတင်ချင်ဘူးပေါ့။ ကျမက အဲဒီလိုပြောတယ်။ အချိန်တော်တော်ကြာတယ်။ စစ်ဆေးရတာလေ။ ၁၁ ခွဲ မှာ ပစ်သတ်လိုက်တာ ပွဲချင်းပြီး သွားတယ်။ အဲဒီနောက် ရင်ခွဲရုံကိုတင်တာ မနက် နှစ်ချက်ခွဲကြီးမှ တင်တာ၊ ဆိုက်ကားနဲ့။
မေး။ ။ ဒီပစ်ခတ်မှုတွေ ဖြစ်ပွားပြီးတဲ့အချိန် ရပ်ကွက်က တာဝန်ရှိတဲ့လူတွေက ထွက်လာတာတို့၊ အရေးယူ ဆောင်ရွက်တာတို့ မရှိဘူးလား ခင်ဗျ။
ဖြေ။ ။ အဲဒါတော့ မရှိဘူး။ ရဲတွေလာတဲ့ အချိန်မှာတော့ ရပ်ကွက်က ရယက အဖွဲ့တွေပါလာတယ်လေ။ ကျမတို့ အိမ်ကပဲ ဖုန်းဆက်ခွင့် ပေးပါဆိုပြီး ဖုန်းဆက်သွားသေးတယ်။ ရပ်ကွက် ဥက္ကဋ္ဌကို ကျမက ပြောတယ်၊ ကျမ တူလေးကို အပြင်ကို ထုတ်ပြီးတော့ စစ်ဆေး ခွင့် ပေးပါ။ အပြင်ဆေးရုံကို တင်ခွင့်ပေးပါလို့ပြောတော့ သူက စိတ်လျှော့လိုက်တော့တဲ့၊ တူလေးက လောလောဆယ် ဒဏ်ရာ အကြီး ၄ ချက်လောက် တွေ့ထားတယ်၊ သေသေချာချာတော့ မစစ်ဆေးရသေးဘူးပေါ့။ တူလေးတော့ ပွဲချင်းပြီးသွားပြီ၊ နောက် တယောက် ကတော့ ဘယ်သူ့သားလဲ မသိဘူး။ အဲဒီ ကလေးလည်း ပွဲချင်းပြီးသွားပြီလို့ပြောပါတယ်။
မေး။ ။ အောင်သူဟိန်းက ဒီ ပစ်ခတ်မှုတွေ မဖြစ်သေးခင်အချိန်မှာ၊ ကျနော်တို့က အစ်ကိုတို့ ဘယ်သူမှန်း မသိလို့ ဖြစ်သွား တာပါ၊ ကျနော်တို့မှာ အပြစ်ရှိပါတယ်၊ ကျနော်တို့ကို ဖမ်းခေါ်သွားပါလို့ ပြောသေးတယ်လို့ ကြားတယ်။ ဟုတ်ပါသလား။
ဖြေ။ ။ ဟုတ်တယ်၊ ဒူးထောက်ပြီးတော့ တောင်းပန်တယ်။ အဲဒါ မနက်ဖြန်လို ဈာပန ချမယ်ဆို ဒီနေ့ညလို အဲဒီအပိုင်းထဲက မျက်မြင်တွေ့လိုက်ရတဲ့ ကလေးက လာပြောပြတာ။ အသေအချာကို ဒူးထောက်ပြီးတောင်းပန်တယ်။ အစ်ကိုတို့က စစ်တပ်လား၊ ရဲလား ကျနော်တို့ မသိလို့ပါ၊ အရာရှိတွေမှန်း မသိလို့ပါ။ ကျနော်တို့ ညီအစ်ကို နှစ်ယောက် မှားပါတယ်၊ ကြိုက်တဲ့အပြစ်ပေးပါ၊ စစ်တပ်ဆိုလည်း စစ်တပ်ထဲကို ခေါ်သွားပါ။ ရဲဆိုလည်း ကြိုက်တဲ့နေရာကို ခေါ်သွားပါ။ ကျနော်တို့ကို အပြစ်ပေးပါ၊ ကျနော်တို့ မှားသွားပါတယ် ဆိုပြီးတော့ ဒူးထောက်ပြီး တောင်းပန်တာ။ အဲဒါကိုမှ တည့်တည့်ကိုချိန်ပြီး ပစ်ချလိုက်တာတဲ့။ ကျမ တူလေးက ထိသွားပြီ၊ ထိသွားပြီ ညီလေး မင်းပြေးတော့၊ ပြေးတော့ ဆိုပြီးပြောတော့ ဟိုကလေးက မပြေးဘဲနဲ့ ထပြီးနပန်းလုံးတာတဲ့။ အဲဒီ မျက်မြင်ကလေးရဲ့ ပြောပြချက်ပါ။ ဒါပေမယ့် ဒီကလေးကလည်း တရားဝင်ပြော ဆိုရင် ပြောရဲမှာ မဟုတ်ဘူး။ ဒါကြီးတွေကို ပြောမယ်ဆိုရင် ကလေး မိဘတွေကလည်း ပြဿနာဖြစ်မှာကြောက်လို့ သဘောတူပြီးတော့ ပြောခွင့်ပေးမှာ မဟုတ်ဘူး။ နောက်ပြီး တခြား အဖွဲ့စည်းနဲ့ဆိုရင် သူတို့ လိုက်ရဲတယ်။ ဥပမာ ရဲနဲ့ဖြစ်ရင်ကို လိုက်ရဲဦးမယ်။ စစ်တပ်ဆိုတော့ စဉ်းစားကြည့်လေ။ ဒီအဖွဲ့ အစည်း က လက်ရှိအုပ်ချုပ်နေတာဆိုတော့ ဘယ်လိုမှကို သူတို့ လိုက်နိုင်မယ့် အနေအထား မရှိကြဘူး။ ကလေးတွေကတော့ မခံမရပ်နိုင်တာတော့ မခံရပ်နိုင်တာပေါ့နော်။ ကျမတို့ကိုလည်း သွေးမအေးဖို့ သူတို့ ပြောကြတယ်။ ဒါပေမယ့် ကျမတို့ အနေ အထား ကလည်း ဘယ်လိုမှကို မတတ်နိုင်တဲ့အနေအထားတွေ ရှိနေတယ်။ သူတို့ကလည်း မခြိမ်းခြောက်ပါဘူး ။ကျမတို့ကလည်း သူတို့လုပ်ပေးတာကို မခံဘူး။ သူတို့ကလည်း အခုအချိန် သူတို့မှားသွားတော့ အကုန်လုပ်ပေးချင်နေတယ်။
မေး။ ။ ဘယ်သူက ပစ်ခတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ ကြားထားမိလဲဗျ။
ဖြေ။ ။ အစ်မရဲ့တူလေးတွေနဲ့ ဖြစ်တဲ့ ဗိုလ်ကြီးရဲ့ သူငယ်ချင်းလို့ပြောတယ်။ ဟိုဟာလေ၊ ဘုရားသုံးဆူ သားလို့လည်းပြောတယ်။ ကျန်တာတော့ မသိဘူး။ ဒါပေမယ့် မနေ့က အသုဘ နာရေးလာတဲ့ သူတွေက ပြောတယ်၊ သတင်းဌာနတွေမှာ ပါသွားတာတော့ ဗိုလ်ကြီး သိဒ္ဓိစိုး၊ သတ်လိုက်တာက တပ်သား မောင်ထွန်းတဲ့။ မောင်ထွန်းတဦးတည်း ပစ်တာတော့ မဖြစ်နိုင်ဘူး။ ပစ်တာတော့ ၃ ဦး ပဲ။ အတိအကျပဲ။ ဒါပေမယ့် သူတို့က တဦးတည်းပဲ နာမည် ထည့်ထားတယ်။
မေး။ ။ ပစ်ခတ်မှုတွေ အပြီးမှာ ရပ်ကွက်လူထုက ကျည်ခွံတွေ ဘာတွေ ကောက်ယူထားလိုက်တာ၊ သိမ်းဆည်းထားလိုက်တာ ရှိလား။
ဖြေ။ ။ အဲဒါလည်း ကောက်ရတယ်လို့ပြောတယ်။ ကျည်ဆန်ခွံပေါ့။ ရဲအချင်းချင်း ပြောနေသံ ကြားတာတော့ ကျည်ဆန်ခွံ ၉ ခု လောက် ရတယ်လို့ ကြားလိုက်တယ်။
မေး။ ။ အပစ်ခံရသူတွေနဲ့ အတူတူပါတဲ့ လူငယ်လေး နှစ်ယောက်ကိုလည်း ဖမ်းထားတယ်ကြားတယ်။ သူတို့ကိုကော ပြန်လွှတ် ပေးလိုက်ပြီ လား။
ဖြေ။ ။ ကျမတို့ အမေနဲ့ ကျမတို့ ဦးလေးက တောင်းဆိုခဲ့တယ်လေ။ ကျမတို့ ကလေးတွေကတော့ သေသွားပြီ။ ဒီ ကျန်တဲ့ ကလေးတွေကို ကြီးကြီးကျယ်ကျယ် မဖြစ်ဖို့ ထုတ်ပေးဖို့ဘာညာ လူကြီးတွေကို တောင်းဆိုခဲ့လို့ ရဲချုပ် ခင်ရီ ကိုယ်တိုင် ညဘက် ၁၁ နာရီထိုးမှာ ခေါ်တွေ့ပြီးတော့ လွှတ်ပေးလိုက်တယ်။ အခု ပြန်ရောက်နေတယ်။ အေးအေးဆေးဆေးပါပဲ။
မေး။ ။ အခု အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှုတွေ ဘာတွေရော ရှိနေသေးလား။
ဖြေ။ ။ ဘာမှ မရှိတော့ဘူး။ ရုပ်သိမ်းသွားပြီ။ အဲဒီဖြစ်တဲ့နေ့ကစပြီး အသုဘမချခင်နေ့ အထိကတော့ အဖွဲ့လိုက် အဖွဲ့လိုက်တွေ ချည်းပဲ။ လမ်းထဲက တဲတွေထဲမှာရော ဘာရော အကုန်လုံးပဲ။ ဒါပေမယ့် ကျမတို့ အိမ်ရှေ့တည့်တည့်မှာတော့ မရှိဘူး။ ကျမတို့အိမ် ရဲ့ ၃၊ ၄ အိမ်ကျော်မှာတို့၊ မျက်စောင်းထိုးတို့ လောက်မှာနေပြီး အရပ်ဝတ်အရပ်စားတွေနဲ့ ချပြီးတော့ အဝင်အထွက် ဧည့်သည် ဘယ်လောက် လာသလဲ၊ အမြဲတမ်း သူတို့က စောင့်ကြည့်ပြီး သတင်းပို့နေကြတာ။
Comments (12)

written by ပုည, September 12, 2010
ဗိုလ်ချုပ်ေ ထာင်ခဲ့တဲ့ တပ်မတော် ဆိုတာ ပြည်သူကို ကာကွယ် ဖို့ပါ ပြည်သူကို သတ်ဖို့ မဟုတ်ပါဘူး ခုတော့ ပြည်သူ့ ဘဏ္ဍာကို ယူပြီး ပြည်သူကိုပြ န်သတ်တာ ရင်နာတယ် အရင်တုန်းက တပ်မတော်ထဲ ဝင်တယ် ဆိုတာ တိုင်းပြည်နဲ့ လူမျိုးကို ချစ်လို့ ကာကွယ်ဖို့ ဝင်တာ ခုခေတ် စစ်တပ်ထဲ ဝင်တာ ဘာကောင်လဲ လူတိုင်း သိတယ် အခွင့် အရေး လိုချင်လို့ လက်နက် ကိုင်ပြီး ရမ်းကားချင်လို့
စစ်တပ် အရည်ခွံ လဲထားတဲ့ ဒီကောင်တွေ တိုင်းပြည်ကို တရားဝင် စစ်ကျွန်ပြုမဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အားလုံး တော်လှန်ကြပါ
စစ်တပ် အရည်ခွံ လဲထားတဲ့ ဒီကောင်တွေ တိုင်းပြည်ကို တရားဝင် စစ်ကျွန်ပြုမဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အားလုံး တော်လှန်ကြပါ
written by ဂျူးဂျူး, September 12, 2010
လူငယ် တစ်ယောက် အနေ နဲ့ ရင် ထဲက စူးနေအောင် နာပါတယ်. ..ဘာမှ လုပ်လို့ မရတဲ့ မိသားစုတွေ ကိုလဲ အရမ်းကို စာနာ မိပါတယ်... အလှည့် ဆိုတာ ရှိလာ ပါစေလို့..... ဘယ်သူမှ အရေး မယူလဲ ကံတရားက အရေး ယူသွားပါ လိမ့်မယ်.. ဝဋ်ဆိုတာ လည်တဲ့ အမျိုး ပါလေ..
written by blue , September 11, 2010
ဖြေတဲ့သူရဲ့ စကား အသုံး အနှုံးတွေဟာ ကြောက်နေတဲ့ ပုံပဲနော်...
ဖြစ်ခါစကေ တာ့ တီဗီတွေမှာ ငိုယိုပြီး ပြောခဲ့တဲ့ လေသံနဲ့ မတူေ တာ့ဘူး။ သွေးအေး သွားတာနဲ့ သူလည်း တော်တော် ထိန်းထိန်း သိမ်းသိမ်း ပြောနေ ရတဲ့ သဘောတွေ တွေ့နေ ရတယ်။
ဖြစ်ခါစကေ တာ့ တီဗီတွေမှာ ငိုယိုပြီး ပြောခဲ့တဲ့ လေသံနဲ့ မတူေ တာ့ဘူး။ သွေးအေး သွားတာနဲ့ သူလည်း တော်တော် ထိန်းထိန်း သိမ်းသိမ်း ပြောနေ ရတဲ့ သဘောတွေ တွေ့နေ ရတယ်။
written by ချို, September 11, 2010
ရခဲလှတဲ့ လူ့ ဘ၀ကြီးနော်...အနာဂ တ်တွေ..အညွန့်တွေနဲ့ လူငယ်တွေ ဘာမဟု တ်တဲ့ ကိစ္စ တစ်ခု အတွက်နဲ့ေ သရတာ. .နှမျှောစရာ ကောင်းလို က်တာ... တရားခံ ဘာဖြစ်သွာြး ပီလဲရှင်... . တရားလိုကော ရှိရဲ့လား မသိပါဘူး...
written by လင်းအောင်, September 11, 2010
အရမ်းကော င်းတဲ့ အင်တာဗျုး လေးပါ. ..။မေးထားတာ လေးတွေ ကောင်းပါ တယ်...။
written by ကိုကြီးသာ, September 10, 2010
ဒါလူသတ်မှု့..ြ ပန်သွား တယ်..ရဲေ ဘ်ာတွေ ခေါ်လာတယ်..လမ်းပိ တ်ပြီးမှပစ်တယ်..
သေသေချာချာကြံစည်ပြီးမှလုပ်တဲ့အ တွက်..ရိုးရိုးလူသတ်မှု့..ဒေါ သေ ကြာင့်လူသတ်မှု့ တွေ ထက်ကြီးပါတယ်..
တခုပဲေ ပြာချင်ပါတယ်..အ ခုချိန်မ တတ်သာ လွန်းလို့ ကာယကံရှ င်တွေ ငြိမ်နေရပေမဲ့..အဲ ဒီအမိန့်ပေးသူ..ပ စ်သူတွေကို လူသတ်မှု့နဲ့အ ရေးမ ယူခဲ့ရင်ေ တာင်မှ.. အခုေ ခတ်မှာ မှတ် တမ်းေ တွကျန်ခဲ့မှာပါ ..
အရိုးတွန်သံကြား ရဦးမှာပါ..
သေသေချာချာကြံစည်ပြီးမှလုပ်တဲ့အ တွက်..ရိုးရိုးလူသတ်မှု့..ဒေါ သေ ကြာင့်လူသတ်မှု့ တွေ ထက်ကြီးပါတယ်..
တခုပဲေ ပြာချင်ပါတယ်..အ ခုချိန်မ တတ်သာ လွန်းလို့ ကာယကံရှ င်တွေ ငြိမ်နေရပေမဲ့..အဲ ဒီအမိန့်ပေးသူ..ပ စ်သူတွေကို လူသတ်မှု့နဲ့အ ရေးမ ယူခဲ့ရင်ေ တာင်မှ.. အခုေ ခတ်မှာ မှတ် တမ်းေ တွကျန်ခဲ့မှာပါ ..
အရိုးတွန်သံကြား ရဦးမှာပါ..
written by မြတ်မင်း, September 10, 2010
တပ်နဲ့ပြည်သူ လက်တွဲကူ ဆိုတာ ဒါကိုေ ပြာတာလေ။ တပ်က လူသတ်။ ရဲနဲ့ အရ ပ်ဖက်က ကြံ့ဖွံ့တို့၊ ရယက တို့၊ စွမ်းအားရှင် တို့က ၀ိုင်းပြီး လူထုကို နှိပ်စက်၊ ကုန်ကုန် ပြောရရင် မြန်မာ့ကြ က်ခြေနီနဲ့ အရံမီးသ တ်တို့ ကတောင် တပ်ခိုင်းတာအ ကုန်လု ပ်နေရတာ။ လူသတ် သွားတာ စစ်သားတွေ ဆိုပေမဲ့ ဒါကို ၀ိုင်းပြီး ဖုံးဖိနေတဲ့ အရပ်ဝတ်တွေက ပိုတောင် ရွံရှာ စရာ စက်ဆုပ်စရာ ကောင်းပါေ သးတယ်။ တချိန်ချိန် ဒီလိုဖြစ်ရ ပ်တွေကို အရေးယူကြရင် စစ်သားတွေသာမက သူတို့ခိုင်းတာ လုပ်ခဲ့တဲ့ အရပ်သား လူယုတ်မာ တွေကိုပါ အရေး ယူရမှာပါ။
written by ကျော်စွာ, September 10, 2010
တိုင်းသိပြ ည်သိ နောက်က ရှိနေတာတောင် ငြိမ်ခံနေ လောက်အောင် ကြောက်နြေ ကတာကိုး။ အစိုးရကို ဆန်.ကျင်တာ မဟုတ်ဘူးလေ။ လူသတ်မြှု ဖစ်တာကို တရားမစွဲရဲတာတော့ အံ့သြ တယ်။ ဒီလိုငြိမ်ခံနေလို. အခုလောက်ဖြစ်လာတာ နောက်ဆို အိမ်ပေါ် တက်ပစ်လိမ့်မယ်။
written by Moe Naung, September 10, 2010
စစ်သည်တော် ကျင့်ဝတ် ထဲမှာ...
ပြည်သူကို ရေလို လလို ကျင့်ပါ ၊
ရန်သူကို နေလို မီးလိုကျင့်ပါ ၊
ရန်သူက အညံ့ ခံလျှင် ခွင့်လွှတ်သည့်စိတ်ဖြင့် ပြုမူဆ က်ဆံပါ xxxxxx
ဒူးထောက်ပြီး တောင်းပန်တဲ့ အရပ်သားကို တေ့ပြီး ရင်ဝကို ပစ်တတ်တဲ့ စစ်တပ် ၊ ပြည်သူကို နေလို မီးလို ကျင့်တဲ့ စစ်တပ် ၊ ရက်စက် ယုတ်မာလွန်းတယ်ကွာ...
ပြည်သူကို ရေလို လလို ကျင့်ပါ ၊
ရန်သူကို နေလို မီးလိုကျင့်ပါ ၊
ရန်သူက အညံ့ ခံလျှင် ခွင့်လွှတ်သည့်စိတ်ဖြင့် ပြုမူဆ က်ဆံပါ xxxxxx
ဒူးထောက်ပြီး တောင်းပန်တဲ့ အရပ်သားကို တေ့ပြီး ရင်ဝကို ပစ်တတ်တဲ့ စစ်တပ် ၊ ပြည်သူကို နေလို မီးလို ကျင့်တဲ့ စစ်တပ် ၊ ရက်စက် ယုတ်မာလွန်းတယ်ကွာ...
Write comment
| < Prev | Next > |
|---|












ဒီဇင်ဘာနဲ့ မောင်လေးတို့က ဆိုင်ကယ် စီးလာရင်း အရ က်မူးပြီး မောင်းလာတဲ့ ဗိုလ်မှူး တယောက် ဆိုင်ကယ်နဲ့ တိုက်မိမလိုဖြစ်တာပါ။
ဒီဇင်ဘာတို့က ကိုယ့်လမ်း ကိုယ်မောင်းလာတာပါ။ အဲဒီ အရက်သမား စစ်သား ဆိုင်ကယ်က ဟိုဘက် လမ်းကနေ ဒီဘက်လ မ်းရောက်လိုက် ဒီဘက်လ မ်းကနေ ဟိုဘက်လမ်း ရောက်လိုက် ဆိုတော့ ဒီဇင်ဘာတို့ဆိုင်ကယ်နဲ့ ပွတ်သွားတာပေါ့လေ ....
. အဲဒီ အရက်သမား စစ်သား ဗိုလ်မှူးက ဒီဇင်ဘာတို့ ဆိုင်ကယ်ကို ရပ်ခိုင်းပါတယ်. ...
ဒီဇင်ဘာက အခြေနေ မကောင်းမှန်း ရိပ်မိပြီး မောင်လေးကို ဆိုင်ကယ် မရပ်နဲ့ ဆက်ပြီး မောင်းလို့ ပြောလိုက်တာကို
..ဖြစ်ချင်တော့ မောင်လေးက လေသံနဲ့မကြားပဲ ရပ်ခိုင်းတယ် ထင်ပြီး လမ်းဘေး ထိုးရပ် လိုက်ပါတယ် ..အဲဒီ အချိန်မှာ အရက်သမား စစ်သား
ဗိုလ်မှူး ဆိုင်ကယ်ကလဲ
မှီလာပြီး တော့ သူ့ဆိုင်ကယ် ရပ်ပြီး ဒီဇင်ဘာတို့ ဆီကို ပြေးချ လာပါတယ် လက်ထဲမှာလဲ လျှပ်စစ် ကျင်စက်ြ ကီးကို ဖွင့်ကိုင်ထားတာပါ .. အဲဒီ လျှပ်စစ် ကျင်စက်ကို မောင်လေးက
မြင်တော့ ကြောက်ပြီး ထွက်ပြေးပါတော့တယ် ... ဒီဇင်ဘာကတော့ ဆိုင်ကယ်ေ ပ်ါမှာ ခွထိုင် ရက်သားလေး ကျန်ခဲ့တာပါ။
အရက်သမား ဗိုလ်မှူးက မောင်လေးကို မမိတော့ ကျန်ခဲ့တဲ့ ဒီဇင်ဘာကို မဲတာပါပဲ ... ဒီဇင်ဘာ ခေါင်းကို မလှုပ်နိုင်အောင်အုပ်ကိုင် ထားပြီးတော့ သူ့လက်ထဲ
ကိုင်ထားတဲ့ လျှပ်စစ်ကျင်စက်ကြီးနဲ့ တို့မယ် တကဲကဲ လုပ်ပါတယ်။ ဒီဇင်ဘာက လျှပ်စစ်ကျင်စက် အကြောင်း မောင်လေး လောက် မသိ ပေမယ့် အတို့
ခံရရင်တော့ မသက်သာဘူး လို့တော့ သဘောေ ပါက် လိုက်ပါတယ် .. ဘာလို့ ဆိုတော့ မောင်လေး မျက်နှာပေါ်က အကြောက် တရားကို တွေ့လိုက်ရလို့ပါ။
အဲဒီ အရက်သမား ဗိုလ်မှူးက ဒီဇင်ဘာကို နာမည် မေးလိုက် ဘယ်မှာနေလဲ မေးလိုက် သူ့လျှပ်စစ် ကျင်စက်နဲ့ တို့မယ် ရွယ်လိုက်နြဲ့ ဖစ်နေတာပါ။
ဒီဇင်ဘာကတော့ မျက်နှာ တချက်မပျက်ပဲ ခပ်တင်းတ င်းပဲ ပြန်ဖြေ ခဲ့တာပါပဲ။
မောင်လေးကလဲ ဒီဇင်ဘာ ကျန်ခဲ့မှန်း သိတော့ အနာြး ပန်လာပြီး ခပ်ဝေးဝေးကနေ ဒီဇင်ဘာ့လ က်ကို ပြန်ဆွဲ ထားပါတယ်။
အဲဒီ အချိန်မှာ ဒီဇင်ဘာ့မှာ သတ္တိတွေ ရှိနေတယ် .. . သူ့ လျှပ်စစ် ကျင်စက်နဲ့
တကယ် တို့တော့မယ် ဆိုရင် ဒီဇင်ဘာက အရင် ဦးအောင် ပေါင်ခွကြားကို ဆောင့်ကန် ပစ်မယ်လို့ေ တွးပြီး လျှပ်စစ် ကျင်စက်နဲ့ ဆောင့်ကန်မယ့် ပေါင်ခွကြား နေရာကို
မလွတ်တန်း အာရုံ စိုက်ထားရတာပါ။ အဲဒါကြောင့် မောင်လေး ဆွဲထားတဲ့ လက်တဖက်ကိုလဲ ဆောင့်ရုန်းပြီး ထွက်ထားလိုက်ပါတယ်။ အဲဒီ အချိန်မှာ ဒီဇင်ဘာရဲ့ မျက်နှာကိုလဲ
တင်းထားပါတယ်။ သူ့ကိုဖြေသမျှ တောင်းပန်တဲ့ လေသံ အောက်ကျို့တဲ့ လေသံ တချက် မထွက်ခဲ့ပါဘူး။ ဒါက ဒီဇင်ဘာ ရဲ့မွေးရာပါ အပြု အမူပါပဲ။ ပြီးတော့
အဲဒီ အရက်သမား ဗိုလ်မှူး မျက်နှာကို စိမ်ပြေ နပြေ စူးစူး စိုက်စိုက်ြ ကည့်ပြီး ဖြေတာပါ။ ဒါပေမယ့် စိတ်ထဲမှာတော့ လျှပ်စစ် ကျင်စက်ကိုေ ကြာက်တဲ့ အကြောက် တရား
ကတော့ မုန်းတိုင်း မွှေသလို မွှေနေတာပါပဲ။ မျက်နှာကတော့ တင်းထားနိုင်သမျှကို တင်းထားခဲ့တာပါ။
နောက်တော့ အဲဒီအရက်သမားဗိုလ်မှူးက ဒီဇင်ဘာမျက်နှာပေါ်က အကြောက်တရားကို မတွေ့တော့ လေသံကလျှော့သွားပါတယ်။ တော်တော်ကြီးကိုလျှော့သွားတာပါ။
အဲဒီအချိန်ကြမှပဲ မောင်လေးက အသံတုန်တုန်ေ လးနဲ့တောင်းပန်တော့တာပါ ပဲ။ မောင်လေး အသက်က ၁၆ နှစ်ပါ။ အရက်သမား ဗိုလ်မှူးက မောင်လေးကို နောက်တခါ
ဆိုင်ကယ် မောင်းရင် ကြည့်မောင်း ဆိုပြီး ကြိမ်းဝါးပြီး သူ့ဆိုင်ကယ် သူစီးပြီး ပြန်သွားပါတယ်။ (တကယ်တော့ မောင်လေး မတောင်းပန်လဲ ပွဲကတော့ ပြီးသွားပါပြီ ... )
ဒီဇင်ဘာ ပြောချင်တာက ဘာမှ ကြောက်စရာ မလိုဘူး ဆိုတဲ့ အကြောင်းရယ်။ ကြောက်မှန်း သိလို့ သာလျှင် ဖြဲခြောက်တယ် ဆိုတာ နားလည်ဖို့ပါပဲ။
ပြီးတော့ ကိုယ့်ကိုကိုယ် ဘယ်လို ကာကွယ်ရမယ် ဆိုတာကိုလည်း သိထားဖို့ပါ။ ဒီလိုမျိုြး ကုံပြီးတော့ ဒီဇင်ဘာလည်း ကိုယ့်အား ကိုယ်ကိုးရမယ် ဆိုတာကို ကောင်းကောင်းကြီး
နားလည် ခဲ့ပါတယ်။ အဲဒီလြို ဖစ်နေတုန်းမှာ ဒီဇင်ဘာက အရက်သမားဗိုလ်မှူးကို အုပ်ချုပ်သူ လူတန်းစားလို့ မမြင်ခဲ့ ဘူး။ လက်နက်ရှိလို့ အနိုင် ကျင့်တာလို့မြ င်လိုက်တဲ့ အတွက်
သတ္တိတွေဖြစ်ထွန်းလာတာပါ။
ဒီဇင်ဘာ ဆိုလိုချ င်တာကို အားလုံး သဘောေ ပါက်ကြမှာပါ။ လူလူချင်း လို့ပဲ မြင်လိုက်ပါ။ ကိုယ်တိုင်ကလဲ မတရား မလုပ်ပါနဲ့။
ကိုယ့်ကို မတရား လုပ်ရင်လဲ ကြောက်မေ နပါနဲ့။ လူ့အသက် တချောင်းက တန်ဖိုး ရှိပါတယ်။ လွယ်လင့်တကူ အချည်း အနှီး အဆုံးရှုံး မခံလိုက်ကြပါနဲ့။