ဒေါ်အောင်ဆန်းစုကြည်၏ စစ်အစိုးရအပေါ်သဘောထား၊ ၎င်း ဆက်လက်ဆောင်ရွက်မည့် နိုင်ငံရေး ရှေ့လုပ်ငန်းစဉ် များနှင့် ရွေးကောက်ပွဲအပြီး နိုင်ငံရေး အခင်းအကျင်းအပေါ် အမြင် စတာတွေကို ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ အောင်ဇော်က ဆက်သွယ်မေးမြန်းထားသည်။
![]() |
| {wd file=images/stories/podcasts/interview.with.assk.2010.nov.mp3 name='အသံဖိုင်ရယူရန်'} |
ဖြေ။ ။ ပထမ ဦးဆုံးကတော့ အန်တီ့ကို လာပြီး ကြိုတဲ့ လူအုပ်စုထဲမှာ လူငယ်တွေ ပိုများလာတာတော့ သတိ ထားမိတယ်။ နောက်ပြီးတော့ cell phone လေးတွေ သုံးတာပေါ့နော်။ cell phone လေးတွေနဲ့၊ hand phone လေးတွေနဲ့ ဓာတ်ပုံရိုက်တာတွေ ဘာတွေပေါ့။ အဲဒါတွေက အရင်တုန်းက မကြုံဖူးဘူးလေ။ ၁၀ နှစ် လောက်က မရှိဘူး။ အဲဒါတွေက တော်တော်များများ ပျံ့နေတာဟာ၊ ဘာပဲပြောပြော ဆက်သွယ်ရေး လမ်းကြောင်းကတော့ အရင်ထက်စာလို့ရှိရင် လမ်းကြောင်းတွေ ပိုများလာတယ်လို့ မြင်တာပေါ့နော်။ အဲဒါကတော့ အရေးကြီးတဲ့ ကိစ္စပေါ့နော်။ နောက်ပြီးတော့ မြို့ထဲမှာတော့လေ သိပ်ထူးထူးခြားခြား အပြောင်းအလဲကြီးတော့ မမြင်ဘူး။ တကယ်တော့ အန်တီလည်း လျှောက်ပြီး သွားတဲ့လူမဟုတ်တော့ နေရာမနှံ့လို့လားတော့မသိဘူး။ သိပ်ပြီး ထူးထူးခြားခြား ဘာမှပြောင်းလဲမှုမရှိဘူး။
မေး။ ။ မြန်မာလူမျိုးတွေက အရမ်း နွမ်းသွားလား။
ဖြေ။ ။ အဲဒီဟာ ကြည့်ရတာတော့နော် နွမ်းပါးနေပေမယ့်။ အန်တီ့ကိုလာကြိုတဲ့ လူတွေကတော့ အရမ်းကို ပြုံးပြုံးရွှင်ရွှင်နဲ့ အားပေးတာ၊ အဲဒါကိုတော့ တော်တော်လေး ကျေးဇူးလည်း တင်တယ်။ ဒီလို သူတို့ သဘောထား သိပ်ကြီးတယ်ပေါ့နော်။ နွေးထွေးတယ်။ အဲဒီလိုပဲ ခံစားရတယ်။
မေး။ ။ အန်တီ အခုလွတ်လာတာကို ထောင်သေးသေးထဲကနေ ထောင်ကြီးကြီးထဲကို လွတ်လာတာလို့ တချို့က ရေးကြ သုံးသပ်ကြတာတွေ တွေ့ရတယ်။ အဲဒီလိုမျိုး အန်တီ ခံစားရလား။
ဖြေ။ ။ အန်တီက အဲဒီလိုမမြင်ဘူး။ ပြောင်းပြန်မြင်တယ်။ အစတုန်းကလည်း အန်တီက လွတ်လပ်နေတယ်လို့ အန်တီ့ကိုယ် အန်တီ သတ်မှတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီ့ စိတ်လွတ်လပ်တယ်။ အန်တီ့ အတွေးအခေါ်နဲ့၊ အန်တီ့ ယုံကြည်ချက်နဲ့ အန်တီရွေးတဲ့လမ်း အန်တီလျှောက်နေတာ။ ပြီးတော့ စိတ်ထဲမှာ မလွတ်လပ်ဘူးလို့ မခံစားရဘူး။ အခု ဒီလို ထွက်လာတော့လည်း အန်တီ မလွတ်လပ်ဘူးလို့ မခံစားရဘူး။ အခုကတော့ ပိုပြီး အလုပ်များတာပေါ့နော်။ လက်တွေ့ကျကျ အပြောင်းအလဲတွေပဲ မြင်ရတယ်၊ တွေ့ရတယ်၊ ခံစားရတယ်။ တကယ်တော့ ကိုယ့် အတွင်းစိတ်ကတော့ ဒီ အတိုင်းပဲ။
မေး။ ။ ဟုတ်ကဲ့။ တချို့ နိုင်ငံရေး သုံးသပ်သူတွေပေါ့။ ကျနော်တို့အပါအဝင် အပြင်မှာရော၊ အထဲမှာရော ပြောကြတာ၊ ရေးကြတာ ဘာတွေလဲ ဆိုတော့ မြန်မာ နအဖ စစ်အစိုးရအနေနဲ့ အန်တီ့ကို ရွေးကောက်ပွဲပြီး တပတ် မှာလွှတ်တာက ရွေးကောက်ပွဲကို အာရုံလွှဲတယ်လို့ပဲ မြင်ကြတယ်။ အန်တီ ဘယ်လိုထင်သလဲ။
ဖြေ။ ။ အဲဒါကတော့ အန်တီပြောလို့မရဘူး။ ဟုတ်ရင်လည်း ဟုတ်နိုင်တယ်လေ။ ဒါပေမယ့် ရွေးကောက်ပွဲက ပြီးသွားပြီဆိုတော့လည်း ရွေးကောက်ပွဲကို အာရုံသိပ်ပြီးပြုဖို့မလိုတော့ အန်တီ့ကို ပိုပြီးတော့ အာရုံစိုက်တာပေါ့နော်။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်ခြင်းပဲ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ အန်တီက တွေ့ဆုံ စကားပြောချင်တယ်၊ အမျိုးသား ရင်ကြားစေ့ရေး ပြန်လည် ဖော်ဆောင်ချင်တယ်လို့ ပြောတယ်လေ။ အများစုက အန်တီ့ အပေါ်မှာ သံသယမရှိပေမယ့် ဟိုဘက်ကတော့ ပြောချင်ပုံ မရဘူးပေါ့လေ။ အန်တီ နိုင်ငံရေးကို စဝင်ကတည်းက၊ ၁၉၈၈ ကတည်းက၊ မြန်မာ နအဖ၊ အဲဒီတုန်းက နဝတ ပေါ့ သူတို့ဘက်က နေပြီးတော့ အန်တီ့ကို မလိုလားဘူးဆိုတဲ့ ဟာကို အကြိမ်ကြိမ် ပြောခဲ့ပြီးပြီဖြစ်တယ်။ ဘာကြောင့် အခုထိ ၂၂ နှစ်ရှိပြီ၊ အန်တီ့ ဘက်ကနေပြီးတော့ အမျိုးမျိုး ကမ်းလှမ်းခဲ့သော်လည်း ဘာလို့ သူတို့ဘက်က မပြောချင်တာလဲ၊ ဘာကြောင့်လို့ အန်တီထင်သလဲ။
ဖြေ။ ။ စကားပြောတယ် ဆိုတဲ့ အဓိက ရည်ရွယ်ချက်အနေနဲ့ စကားပြောတဲ့ တကယ့် အနှစ်သာရ အဓိပ္ပာယ်ကို အန်တီတို့ နားလည်တာခြင်းဟာ မတူဘူးလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီ့အမြင်မှာ ဒီလို စကား ပြောတယ် ဆိုတာဟာ စကားရည်လုပွဲ မဟုတ်ပါဘူး။ အန်တီ ခဏခဏပြောတယ်။ တဘက်က ရှုံးစေ၊ တဘက်က နိုင်စေ ပြောတာ မဟုတ်ဘူး။ တဘက်ကလည်း ကိုယ့် အမြင်ကိုပြောရမယ်၊ နောက်တဘက်ကလည်း ကိုယ့်အမြင်ကို ပြောမယ်၊ သဘောမတူတာတွေ ရှိရင်လည်း ညှိယူမယ်ပေါ့နော်။ ၂ ဘက် စလုံးအတွက် အောင်နိုင်မှု ဖြစ်ရမယ်။ အဲဒါမျိုး ကိုပြောပေမယ့်လည်းပဲ နည်းနည်းမှ သဘောမပေါက်ဘူး။ မယုံတာလား၊ သဘောမပေါက်တာလား။ ဒါမှမဟုတ် တပ်မတော် အသိုင်းအဝန်းမှာ ဒီလိုပေါ့နော် … အခြေအတင် စကားပြောပြီးတော့ ညှိနှိုင်းယူတဲ့ အလေ့ အထ မရှိလို့လား၊ အဲဒါတွေက အများကြီးကို စဉ်းစားစရာ ဖြစ်တယ်။
မေး။ ။ အဲဒီလို ဆိုရင် ၉၄၊ ၉၅ ပြီးတော့ ၂၀၀၀ ဝန်းကျင်မှာ အန်တီနဲ့ တကယ့် ထိပ်တန်း ခေါင်းဆောင်တွေ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင်၊ ဗိုလ်ချုပ်ခင်ညွန့်အပါအဝင် တွေ့ခဲ့တာတွေရှိတယ်။ အဲဒီတုန်းက ပြောခဲ့တာ တွေကကော တကယ့် အနှစ်သာရ ရှိတာတွေလား၊ တကယ့် အခြေအတင် တွေလား။
ဖြေ။ ။ တွေ့ကြတယ်ပေါ့နော်။ ဒါပေမယ့် တကယ် ဆွေးနွေးတယ်လို့ ပြောလို့မရပါဘူး။ တကယ် ဆွေးနွေး တယ်လို့ ပြောလို့ရတာက၊ ဒီပဲယင်းပြီးတော့ တွေ့ဆုံခဲ့တဲ့ ဗိုလ်မှူးကြီးတင်လှိုင်တို့၊ ဗိုလ်ချုပ်ကျော်ဝင်းတို့၊ ဗိုလ်မှူးချုပ် သန်းထွန်း တို့နဲ့ တွေ့ဆုံပြီးတော့ ပြောခဲ့တာပဲ၊ အဲဒါတွေကတော့ တကယ် ဆွေးနွေးခဲ့တာပဲ။ ဒါပေမယ့် အဲဒါတွေကလည်း တကယ်တော့ အကောင်အထည်မဖော်ခဲ့ဘူး။
မေး။ ။ သူတို့တွေလည်း မရှိတော့ဘူး။ ဗိုလ်ချုပ်ကြီးခင်ညွှန့်လည်း မရှိတော့ဘူး၊ တချို့ နှစ်ရှည်လများ ထောင်ကျ နေကြတာ ဆိုတော့ သူတို့ အပေါ်မှာရော အန်တီ ဘယ်လိုမြင်သလဲ။ တကယ်ပဲ အန်တီနဲ့ တပ်မတော်ကြားထဲမှာ တံတားထိုးပေးနိုင်မယ့် သူတွေလို့ အန်တီ နောက်ပိုင်းမှာ ယူဆမိတာ ရှိလား။
ဖြေ။ ။ အန်တီထင်တာကတော့ သူတို့တွေကတော့ သူတို့ကို တာဝန်ပေးချက်အရ လုပ်နေပေမယ့် သူတို့ တတ်နိုင်သလောက် အကောင်းဆုံးလုပ်တယ် လို့တော့ အန်တီက မြင်တာပဲ။ ဒါပေမယ့် သူတို့ကလည်း ခိုင်းတဲ့ အတိုင်းပဲ လုပ်ရတာပေါ့။ အန်တီက ဒီလိုလူတွေနဲ့ ဆွေးနွေး ပြောဆိုတဲ့ အခါမှာ သူတို့ရဲ့ ကောင်းတဲ့ အချက် ရှိတယ်ဆိုတာ အမြဲ မြင်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ဘက်ကချည်းပဲ မှန်တယ်လို့လည်း ထင်တာ မဟုတ်ပါဘူး။သူတို့နဲ့က သူပြောကိုယ်ပြော ပေါ့နော်။ နောက်ပြီးတော့လည်း နည်းနည်း ခင်သွားတာပေါ့နော်၊ နည်းနည်း ပြောဟယ် ဆိုဟယ် ဆိုတော့လည်း ခင်သွားတဲ့ ကိစ္စလေးတော့ ရှိတာပေါ့နော်။ အဲဒါလည်း အန်တီ့ဘက်က ရှိတာပေါ့နော်။ သူတို့ဘက်ကတော့ ရှိလား မရှိလားတော့ မသိဘူး။
မေး။ ။ အန်တီ့အပေါ်မှာတောင် အရမ်း လေးစားသွားတာတွေ ရှိတယ်လို့ကျနော် ကြားတယ်။ အဲဒီလိုမျိုး ရှိလား။
ဖြေ။ ။ အဲဒီလောက်တော့ မသိဘူး။ ဒါပေမယ့် အန်တီကိုတော့ သူတို့ကောင်းကောင်း ဆက်ဆံပါတယ်။ အခုနောက်ပိုင်းမှာလည်း လုံခြုံရေးတာဝန်ယူရတဲ့ အရာရှိတွေကလည်း သူတို့နဲ့တွေ့တဲ့အခါ၊ ဆက်ဆံရတဲ့အခါ ကောင်းကောင်း မွန်မွန်ပါပဲ။ အန်တီကလည်း သူတို့အပေါ်မှာ ခင်ချင်တဲ့ စိတ်ရှိပါတယ်။ သူတို့ အတွင်းစိတ်က ဘယ်လိုရှိလဲ ဆိုတာတော့ ပြောလို့မရဘူး။ အန်တီ့ ဘက်ကပဲ အန်တီပြောနိုင်တာ သူတို့ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံတာကို အန်တီက ကျေးဇူးလည်း တင်တယ်၊ သူတို့အပေါ်မှာ ခင်မင်ရင်းနှီးချင်တဲ့ စိတ်လည်း ရှိတယ်။ နောက် တနင်္ဂနွေ နေ့တုန်းကလို ပေါ့လေ။ ရုံးအရှေ့မှာ ပြောသလိုပေါ့လေ။ ပြည်သူအားလုံးကို သူတို့ ဒီလိုပဲဆက်ဆံ စေချင်တယ်။
မေး။ ။ အန်တီ တခါတလေများ သိပ်မဝေးတော့တဲ့ ကာလတခုမှာ နေပြည်တော်ကို သွားပြီးတော့ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့လို့ရမယ့် အစီအစဉ်များ ရှိမယ်လို့ ထင်မိသလား။ ယုံကြည်သလား။
မေး။ ။ အဲဒီလိုမျိုး အန်တီနဲ့ တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေကြားမှာ အဲဒီလိုမျိုး တကယ့်ကို စေ့စပ် ဆွေးနွေးဖို့ အလားအလာ ရောက်တော့မယ်ဆိုပြီးတော့ စိတ်ကူးယဉ်ပြီးတော့ ပြောတာတွေ ရေးတာတွေ အပြင်မှာ ရော၊ အထဲမှာရော၊ ကုလသမဂ္ဂဆိုရင် ပြောခဲ့ဖူးတာ တွေလည်း ရှိခဲ့ဖူးတော့ အန်တီ ဘယ်လိုမြင်သလဲ။
ဖြေ။ ။ အဲဒီလို မျှော်မှန်းကြည့်တာတော့ မမှားပါဘူး။ အန်တီတို့လည်း မျှော်မှန်းကြည့်တာပါပဲ။ တကယ်လို့ တွေ့ခဲ့ရင် ဘယ်လို ဘာပြောချင်လဲဆိုတာ စဉ်းစားကြည့်တယ်။ တခါတခါတော့ စဉ်းစားကြည့်တာပေါ့။ ခဏခဏတော့ မဟုတ်ပါဘူး။ ကိုယ့်ဘက်ကတော့ အဆင်သင့် ရှိရမယ်လေ။ ဘာလဲဆိုတော့ ဟို တဘက်ကနေ စကားပြောပါ၊ စကားပြောပါဆိုပြီး ကဲ လာ ပြောတော့ဆိုရင် ဘာပြောရမှန်း မသိဘူးဆိုရင် နည်းနည်း မကောင်းဘူးပေါ့လေ။ အဲဒီတော့ အပြင်ကလူတွေကလည်း ဒီလို ခန့်မှန်းကြည့်တဲ့ဟာကို ဘာမှ အပြစ်မမြင်ပါဘူး။ တခါတလေတော့ နည်းနည်း ရယ်ချင်တယ်။ သူတို့ခန့်မှန်းချက်တွေက ရယ်စရာလေးတွေပဲ၊ ဟုတ်တယ် ဟာသလိုပဲ။
မေး။ ။ အန်တီမှတ်မိလား ဘယ်ဟာလဲ၊ ဘယ်အချက်ကို ရယ်ချင်တာလဲ။
ဖြေ။ ။ မပြောတော့ပါဘူး။ ဒါပေမယ့် တချို့လူတွေရဲ့ ခန့်မှန်းချက်တွေ ကတော့ နည်းနည်းလေး ဟာသ ဆန်တာပေါ့။ နည်းနည်းလေး စိတ်ကူးယဉ်လွန်းအား ကြီးလွန်းတယ်ပေါ့။ ဒါပေမယ့် အဲဒါကို အပြစ်ကြီးလို့ မမြင်ပါဘူး။ တချို့ကလည်း အကောင်း ဖြစ်စေချင်လို့ပေါ့။ တချို့ကလည်း အကောင်းမြင်ဝါဒ မဟုတ်ဘူး။ ပြောင်းပြန်ပေါ့၊ အဆိုးမြင်ဝါဒလည်း ရှိပါတယ်။ အဲဒါတွေကလည်း နည်းနည်း အစွန်းရောက်တဲ့ အဆိုးမြင်ဝါဒတွေ ရှိတယ်။ ဘယ်လိုမှ မကောင်းနိုင်ဘူးပေါ့။ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။ အဲဒါတော့ အစွန်း နှစ်ဘက်ပေါ့။ ဒါက တကယ်တော့လည်း တဘက်က လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ အခြေအနေတွေက ခန့်မှန်းတဲ့အတိုင်း ဖြစ်တာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာ စကားနဲ့ ပြောရရင် အနတ္တပေါ့နော်။ အစိုးမရခြင်းပေါ့။ ကိုယ်မှန်းသလိုလည်း ဖြစ်တာမဟုတ်ဘူး၊ သူ မှန်းသလိုလည်း အမြဲဖြစ်တာ မဟုတ်ဘူး။ အမြဲတမ်းတော့ ကိုယ်က အဆင်သင့် ရှိနေရမှာပေါ့။ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားရမှာပေါ့။
မေး။ ။ အဲဒီလို ပြင်ဆင်ထားတယ်ဆိုရင် တကယ်လို့များ နောက်တခေါက် ထပ်ပြီးတွေ့ကြပြီး ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ကြပြီဆိုရင် အန်တီ ဘာတွေ ပြောချင်လဲ။
ဖြေ။ ။ အခြေအနေပေါ်မှာ တည်တယ်လေ။ ဘယ်လို အခြေအနေမျိုးမှာ တွေ့ကြမှာလဲ။ ဘာကြောင့် တွေ့ကြ မှာလဲ။ အဲဒီတော့ အဲဒါတွေအပေါ်မှာ အခြေခံပြီးတော့ ပြောရမှာပေါ့နော်။
မေး။ ။ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ နိုင်ငံရေးက ဖယ်ထုတ်လို့မရဘူးလို့ တချို့က မြင်ကြ ရေးကြ ပြောကြတယ်။ အခြေခံ ဥပဒေသစ်မှာ ဆိုလည်း တပ်မတော်က နိုင်ငံရေးအခန်း ကဏ္ဍမှာဆက်ပြီးရှိမယ်၊ သွားမယ်၊ ထိန်းချုပ် ထားမယ် ဆိုပြီးတော့ သိရပါတယ်။ စစ်တပ်နဲ့ နိုင်ငံရေး အခန်းကဏ္ဍကို အန်တီ ဘယ်လိုမြင်သလဲ။
ဖြေ။ ။ နိုင်ငံရေးဆိုတာ ဘယ်သူ့ဆီက ဘယ်အသိုင်းအဝန်းကမှ ဖယ်ထုတ်လို့မရဘူး။ နိုင်ငံရေးကို ဖယ်ထုတ်လို့ မရဘူး။ အားလုံးက နိုင်ငံရေးနဲ့ပဲ ဆက်စပ် နေတာပဲ။ ဒါပေမယ့် ဒီ ဆက်စပ်မှုဟာ မှန်ကန်တဲ့ ဆက်စပ်မှုတော့ ဖြစ်ဖို့ အရေးကြီးတာပေါ့။
မေး။ ။ တပ်မတော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ ရေးကို လိုလားတဲ့လူတွေ ရှိတယ်လို့ ကျနော်တို့ သိရပါတယ်။ တကယ်လည်း ရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အန်ကယ်လ် ဦးတင်ဦးကို ကြည့်မယ် ဆိုရင် လည်း အန်တီနဲ့ နောက်ကနေ အမြဲတမ်း ပါဝင်တဲ့၊ တိုက်ပွဲဝင်ခဲ့တဲ့ လူထဲမှာ ပါပါတယ်။ ဆိုတော့ တပ်မတော်ထဲက အရာရှိတွေရယ်၊ မိသားစုတွေရယ်၊ အပြောင်းအလဲ မြင်ချင် လိုချင်ကြတဲ့ လူတွေကို အန်တီပြောချင်တဲ့ သတင်းစကားက ဘာလဲ။
ဖြေ။ ။ အပြောင်းအလဲလိုချင်ရင်တော့ အပြောင်းအလဲ ဖြစ်အောင်လို့ လုပ်ရမှာပေါ့။ အန်တီက စောစာက ပြောသလိုပေါ့။ အန်တီက ဒီလိုပဲ မျှော်လင့်နေတဲ့ ဟာမျိုးကို အယုံအကြည် မရှိဘူး။ မျှော်လင့်တယ် ဆိုရင် မျှော်လင့်တဲ့ဟာကို ရဖို့ ကြိုးစားမှု ထုတ်ရမယ်။
မေး။ ။ ရွေးကောက်ပွဲလည်း ကျင်းပပြီးပြီ အန်တီရယ်။ Free and Fair မဖြစ်ဘူး၊ ပြည်ခိုင်ဖြိုး ပါတီကနိုင်တာကို တွေ့ရတယ်။ တရားဝင် ကြေညာတာတော့ မရှိသေးဘူး ပေါ့နော်။ ဒါပေမယ့် လောလောဆယ် လက္ခဏာတွေကြည့်မယ်ဆိုရင် သူတို့နိုင်တယ် ဆိုတာ အသေအချာပဲပေါ့လေ။ မကြာခင်မှာ ပါလီမန် လွှတ်တော် ခေါ်မယ် အစိုးရ ဖွဲ့မယ်။ ဒါကို အခင်းအကျင်း အသစ်လို့ နိုင်ငံတကာက မြင်တယ်၊ ပြောကြတယ်ပေါ့လေ။ အဲဒီတော့ ဒေါ်အောင်ဆန်း စုကြည်က ဒီအခင်းအကျင်း သစ်ကို ဘယ်လို ရင်ဆိုင်မလဲ။
ဖြေ။ ။ တကယ်ပဲ အခင်းအကျင်းအသစ်လား။ အဲဒါက အန်တီက မေးပိုင်ခွင့် ရှိတယ်လေ။
မေး။ ။ အဲဒါကြောင့် ကျနော်မေးတာ၊ အခင်းအကျင်းသစ်လား၊ အဲဒီ အခင်းအကျင်းသစ် ဆိုရင်ကော အန်တီ ဘယ်လို ရင်ဆိုင်မလဲ။ ဘယ်လို ဖြတ်ကျော်မလဲ။
ဖြေ။ ။ အခုဟာကလေ အခင်းအကျင်းသစ်ဆိုတာ ဘာကိုပြောမှန်းကို မသိဘူး။ ပါလီမန် ရှိတာကို ပြောတာလား။ ပါလီမန်ရှိတာပဲ ပြောတာဆိုလို့ရှိရင်တော့ နိုင်ငံရေးဆိုတာ ပါလီမန် အတွင်း နိုင်ငံရေး၊ ပါလီမန်အပြင် နိုင်ငံရေး ဆိုတာ အမြဲရှိတာချည်းပဲ။ အဲဒီတော့ အန်တီတို့က ပါလီမန်အပြင် နိုင်ငံရေး လုပ်တဲ့လူတွေ ဖြစ်မှာပေါ့။ အဲဒီတော့ အန်တီတို့ ပါလီမန် နိုင်ငံရေး အပြင်ဘက်မှာ လုပ်တဲ့လူတွေ ဆိုတာလည်း အန်တီတို့က သူတို့ နိုင်ငံရေး လုပ်ပုံလုပ်နည်းတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပြီ ဆိုတော့ ပုံစံအမျိုးမျိုးနဲ့ ဆက်လုပ်သွားမှာပဲ။
မေး။ ။ နိုင်ငံတကာက ဆိုရင်လည်း ရွေးကောက်ပွဲ မတိုင်ခင်မှာ အမြင် အမျိုးမျိုးရှိတယ်။ တချို့က ရွေးစရာ လမ်းမရှိတော့ဘူးလို့ ပြောကြတယ်။ ဥရောပ နိုင်ငံတချို့ ဆိုရင်လည်း ထောက်ခံတဲ့ ပုံစံမျိုးတွေ ပြောကြတာတွေ့တယ်။ အထဲနဲ့ အပြင်နဲ့ သဘောထား ကွဲတဲ့ ပုံစံတွေ ဖြစ်ကုန်တယ်။ အန်တီ ဘီဘီစီမှာလည်း ဖြေသွားတာ ကြားပါတယ်။ ဆိုတော့ အခု ရွေးကောက်ပွဲ ပြီးသွားပြီ။ တချို့လည်း မျက်စိမျက်နှာ ပျက်သွားကြတယ်။ အရှက်တွေ ကွဲကြတယ်။ သူတို့ ထင်သလို မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူး ပေါ့လေ။ အန်တီ ဘာပြောချင်လဲ သူတို့ကို။
ဖြေ။ ။ အဲဒါကို ကောင်းကောင်းလေး သင်ခန်းစာ ယူပါလို့ ပြောချင်တယ်။
မေး။ ။ နိုင်ငံတကာက ဒေါ်စု လွတ်လာတာ ကြိုဆိုတယ်၊ ဝမ်းသာတယ်ပေါ့လေ။ စီးပွားရေး ပိတ်ဆို့မှုတွေ ဆက်လုပ်မယ်လို့ ပြောတယ်။ အမေရိကန်ကလည်း တိုက်ရိုက် သဘော ဆက်ဆံမယ် ပြောတယ်၊ ပေါ်လစီ ဆက်ထားမယ်လို့ပြောတယ်။ မကြာခင်မှာ Meeting တွေလုပ်ဦးမယ်လို့ ပြောတယ်။ အဲဒီတော့ နိုင်ငံတကာက ဘယ်လို ဖိအားပေးမှုတွေ၊ လက်တွေ့ကျကျ ဆက်ဆံမှုတွေ၊ အပြုသဘောဆောင်တာတွေ လုပ်စေချင်သလဲ။ နောက်တခုက အာဆီယံနဲ့ တရုတ် အပေါ်မှာရော အန်တီဘာပြောချင်လဲ။
ဖြေ။ ။ အာဆီယံနဲ့ တရုတ်တို့ကို နီးနီးကပ်ကပ် ဆက်ဆံစေချင်တယ်။ အန်တီတို့နဲ့ ဆက်ဆံစေချင်တယ်။ အန်တီတို့က မဆက်ဆံသင့်တဲ့ လူမျိုးများမဟုတ်ပါဘူးဆိုတာကို သေသေချာချာ သိစေချင်တယ်။ ပြီးတော့ ခုနက ပြောသလို ပိတ်ဆို့မှုတွေ ဘာတွေ အဲဒါတွေလည်း မဖြုတ်သေးဘူး ဘာဘူးလို့ပြောတာဟာလည်း ခုနက ကိုအောင်ဇော် ပြောတာနဲ့ ဆက်စပ် နေတာပေါ့လေ။ တကယ်ပဲ အခင်းအကျင်းသစ် ဟုတ်လို့လား။ ဒါလည်း သူတို့က ကြည့်နေတယ်လို့ ထင်တယ်။
မေး။ ။ အပြင်မှာ ဆိုရင်လည်း Exile Community အကြီးကြီးဖြစ်နေပြီး Illegal ရွှေ့ပြောင်း ထွက်လာကြတာ တွေလည်း အများကြီးပဲ၊ သိန်းနဲ့ သန်းနဲ့ချီပြီး ထွက်လာကြတာ လူငယ်တွေက အများကြီးပဲ။ အန်တီကလည်း လူငယ်နဲ့ ပညာရေးကို အရမ်းကို ဦးစားပေး ပြောလေ့ရှိတယ်။ အပြင်က လူငယ်တွေ၊ အထဲက လူငယ်တွေ။ ပညာရေး ကိစ္စတွေ အန်တီ ဘာတွေ လုပ်မလဲ၊ ဘာတွေစီစဉ်ထားလဲ။ အန်တီ ဘာတွေပြောချင်သလဲ၊ ဘာမက်ဆေ့ခ်ျတွေ ပေးချင်လဲ။
ဖြေ။ ။ အန်တီက အပြင်က လူငယ်တွေနဲ့ အဆက်အသွယ်ရှိချင်တယ် ဆိုတာ အဲဒါတွေကြောင့်။ အထူးသဖြင့် အနောက် နိုင်ငံတွေမှာ ရောက်သွားတဲ့ လူငယ်တွေ ဆိုရင် ပညာရေးနဲ့ ပတ်သက်လို့ အများကြီး အခွင့်အရေး ရတယ်။ အန်တီတို့ ပြည်တွင်းထဲက လူငယ်တွေထက်ပေါ့။ ဒါကြောင့်မို့လို့ အန်တီက ပြည်တွင်းက လူငယ်တွေနဲ့ ပြည်ပက လူငယ်တွေကို ဆက်စပ်မှု ရှိစေချင်တယ်။ ပြည်ပ ရောက်သွားတဲ့ လူငယ်တွေက ပြည်တွင်းမှာ ကျန်ခဲ့တဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ့်ရဲ့သက်တူ ရွယ်တူတွေကို မမေ့စေချင်ဘူး။ မေ့လည်းမမေ့ဘူးလို့ အန်တီထင်တယ်။ အခု တော်တော်များများက ဘလောဂ့်ဆိုက်တွေ လုပ်တာတို့၊ အင်တာနက်မှာ ဆက်နွှယ်တာတို့ ဘာတို့ လုပ်နေတယ် ဆိုတော့ ပြည်တွင်းကို မမေ့ဘူးလို့ ထင်တယ်။ အဲဒါကို အင်အား တခုအနေနဲ့ ယုံယုံကြည်ကြည်နဲ့ ဆက်ပြီးတော့ ရပ်တည်ပေးမယ်လို့ ထင်တယ်။
မေး။ ။ အရင်ကနဲ့မတူဘူး အန်တီ၊ အရင်တုန်းက လွတ်တုန်းက ဆိုရင် တိုင်းရင်းသားတွေက ငြိမ်နေတယ်။ အခု အန်တီ့ကို အရမ်းကို ထောက်ခံတာတွေ တွေ့ရတယ်။ အန်တီကလည်း ဒုတိယ ပင်လုံညီလာခံ လုပ်မယ်ဆိုတော့ အန်တီ ဘယ်လောက်အားရလဲ။
ဖြေ။ ။ အားရပါတယ်။ အားရတယ် ဆိုတာလေ။ အန်တီ ညီညွတ်မှုကို အားရတာပါ။ အန်တီ့ကို ထောက်ခံလို့ရယ် မဟုတ်ဘူး။ ဒီလို ညီညွတ်မှုကို ဦးတည်လာတဲ့ လက္ခဏဖြစ်လို့ အားရတာပါ။ ။
Comments (22)

written byိဝိဥဉ်, December 08, 2010
အော် မြန်မာပြည်ကို မင်းတို့ အမေစု တယောက်ပဲ ခေါင်းဆောင်နို င်တာလား မသိပါဝူးးး
ကျန်တဲ့သူတွေ မခေါင်းေ ဆာင်နိုင်တော့ဘူးလား....အရမ်းတော် တဲ့လူတွေပဲ နော်....
ဒီတိုင်းဆိုရင်တော့ အမေစု တခုခုဖြစ် သွားရင် ဘယ်သူမှ ခေါင်းဆော င်နိုင်မှာ မဟုတ်တော့ဘူးေ ပါ့နော်.
မြန်မာနိုင်ငံကြီးတော့ ပျက်ပြီထင်တယ်.......

written by lusoe, December 03, 2010
ကျေးဇူး အရမ်း တင် တယ် ဗိုလ်ချုပ်
written by သူရ, November 25, 2010
ဗိုလ် ချုပ် ဟာ လုပ် ကြံ ခံ သွား ရ ပေ မဲ့  လည်း အောင် ဆန်း စု ကြည် ဆို တဲ့  သမီး တစ် ယောက် ကို မြန် မာ ပြည် သူ တွေ ရဲ့  အ တွက် ဗိုလိ ချုပ် ကိုယ် စား အား ကိုး ရာ အ ဖြစ် ထား သွား ပေး ခဲ့  တယ်....
သူရ မင်းအမေေ လးက နိုင်ငံအတွက် ဘာများ ကောင်းတာ တစ်ခုလုပ်ပေးဖူးပီလဲ အဲလောက် ထောက်ခံနေတာ နိုင်ငံကိုတောင် စီးပွား ပိတ်ဆို့ ခိုင်းနေသေးတယ် သူတို့အာဏာ လိုချင်တာနဲ့ပဲ

written by မစံပါယ်, December 03, 2010
seminor တွေ မှာတော.ပြီးတဲ.အ ခါဘယ် လိုမြင်သ လဲဆိုတဲ.မ တူညီတဲ.အမြင်တွေ
ဖလှယ်ကြ ပါတယ်၊၊ Comment ပေးတဲ.အ ခါကိုယ်.ခံ စားချက် ကိုပေး ပို.သလိုပဲ
ကိုယ်.အ မြင်လေး ကိုလည်းဖ လှယ်ကြဖို.ထည်. စဥ်းစားသင်.ပါ တယ်၊၊ဒါမှ သာ
ခေတ် မှီဆက်သွယ် ရေးစ နစ်က နေလူငယ်ကွန် ယက်ကိုဖန် တီး နိုင်မှာဖြစ်ပါတယ်၊၊
အမြင်ဖ လှယ်ကြဖို.အ တွက်လည်းအ ချိန်နဲ.တပြေးညီပြည် တွင်းပြည် ပဗ ဟုသုတ
သတင်းအ ချက်အ လက်စတာ တွေကိုမျက် ခြေမပြတ် လေ.လာနေ ဖို.လို ပါတယ်၊၊
ခံစား ချက်ဟာယုံ ကြည်မှု ကိုဖြစ်စေ သလို ပညာအ မြင်ပါတဲ.ခံ စားချက် ဟာအင် အား
အ ဖြစ်ပြောင်း လဲနိုင်ပါ တယ်၊၊

written by မစံပါယ်, December 02, 2010
အပြောင်းအ လဲို.ဆိုရာမှာ ကဏ္ဒအ သီးးအတွက်ြ ပည်သူတွေရ ပညာဆန ဆန်အမ်ြတွေပေါ်ထွန်း လာဖို.လိုအပ်ပါ
တယ်၊၊ကျောင်း ဆရာ/ဆရာမတွေဟာသူ လုပ်နေတဲ.အလုပ်ကိုဘာကြောင်. လုပ်တယ ဘာေ တွလိုအပ်တယ် ဘယ်လိုလုပ်သ င်.တယ် ပြည်တွင်း ကအခြေ အ နေ ပ်ြပဖြစ်ပျ က်နေမှု ဒါတွေကိုဘယ်လိုေ ပါင်းစပ်မလဲ( Inno va tion )စတဲ .အ ချက်
တွေကို လူမှုစိတ်အြ ပည်. နဲ. လုပ်ကိုင်လာဖို. အပြောင်း အလဲလုပ်ဖို.လိုအပ်ပါတယ်၊၊ဒါက ဥပမာ ပါ၊၊ ကျန် တဲ.Sec tor အသီးသီးမှာ လဲဒီလို ပါပဲ၊၊ ခံယူချက်သဘော ထားနဲ လုပ်န ည်းကိုင်န ည်းတွေ၊၊ဒါကြောင်.ဆိုင်ရာပညာရှင်များကို
စုစ ည်းညှိနှိုင်းသင်.တ ယ်လို.အကြံပြု လိုပါတယ်၊၊

written by Patriotic Citizen, December 01, 2010
We want Myanmar peaceful and prosperous.
We really don't want someone who create conflicts under the name of DEMOCRACY.
If Suu Kyi still following instructions from foreign countries to make Myanmar weak.we wish her disappear from Myanmar for the good sake of citizens.

written by ArZarNi, December 01, 2010
If u want to change others,u must change yourself first.
written by သူရ, November 25, 2010
ဗိုလ် ချုပ် ဟာ လုပ် ကြံ ခံ သွား ရ ပေ မဲ့  လည်း အောင် ဆန်း စု ကြည် ဆို တဲ့  သမီး တစ် ယောက် ကို မြန် မာ ပြည် သူ တွေ ရဲ့  အ တွက် ဗိုလိ ချုပ် ကိုယ် စား အား ကိုး ရာ အ ဖြစ် ထား သွား ပေး ခဲ့  တယ်....
written by အမေ့သား, November 25, 2010
ဒုတိယ ဒီပဲယင်း ကိစ္စမျိုး ထပ် မပေါ်ပေါ က်အောင်လို့ နယ်ခရီးတွေ၊ ရန်ကုန်မြို့တွင်း သွားလာမှုတွေကို အတတ်နိုင်ဆုံး သတိ ထားပေးပါ။ အခုအချိန် ကျွန်တော်တို့မှာ ယုံကြည် အားကိုးရာ ဆိုလို့ အမေစု တစ်ယောက် တည်းပဲ ရှိပါတယ်။ အမေစုကို နှောက်ယှက်ဖို့၊ ဟန့်တားဖို့၊ ပြန်လည် ထိန်းချုပ်ဖို့ သူတို့ (စစ်အစိုးရ)က အမြဲ ကြံစ ည်နေပါတယ်၊ အမေစု လုံခြုံရေးနဲ့ ဒီမို ကရေစီအ ဖွဲ့သားများ အသက်အန္တရာ ယ်ကင်းရှ င်းရေးကို ပထ မဦးစားပေးအနေနဲ့ ၀ိုင်းဝန်း လုပ်ဆောင်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။
ဒုတိယပ င်လုံညီလာခံမျိုးကို အမြန်ဆုံး အကောင်အထ ည်ဖော်ပြီး တိုင်းရ င်းသားပြည်သူတ စ်ရပ်လုံး ပါဝင်တဲ့ ကြေငြာချက်၊ လုပ်ဆောင်ချက်တစ်ခု အမြန်ဆုံးအကောင် အထည်ဖော်ဖို့ လိုနေပါတ ယ်လို့ အကြံပြုပါရစေ။ ဒီစစ်အ စိုးရကို ဆွေးေ နွးဖို့ ကမ်းလှမ်းနေလို့က တော့ ဒီတစ်သက်မဟုတ်ဘူး နောင်ဆ ယ်သက်တောင်မှ ဖြစ်လာမ ယ်မထ င်ပါဘူး အမေ ....

written by kogyikyaw, November 23, 2010
အ၇မ်းကို လေးစာဘာတယ် ဘယ်သူနဲ့မှာ ၇ှင်လို မ၇တဲံ့ အမေ၇ဲစိတ်
အမေက ဘယ်အချိန်ြ ကည်ကြည် ကျက်သေ၇ကို ရှိလို စိတ်ထား ကောင်းတာကို
အမေက ဘယ်အချိန်ြ ကည်ကြည် ကျက်သေ၇ကို ရှိလို စိတ်ထား ကောင်းတာကို
written by PB Publico, November 23, 2010
“If you want change, make it happen”, Daw Suu has said, after she came out of her last house arrest.
For all intent and purposes, she has not changed a tiny bit as far as the original idea of the freedom-and-democracy movement in Burma is concerned. But she has appreciably changed in the direstions of mellow carriage in speech, maturity of vision and practical approach in facing the issues and the adversary. Her tenacity and courage remains intact after all those un-called-for and unlawful punishments she has suffered at Depayin and thereafter. That is the father’s daughter.
Those of us who have loved, trusted and acepted her as our leader, not just as an icon, must come together united, and continue to walk towards, and work for, the goal we have set, by way of giving, sharing and earnestly cooperating with each other, embracing a genuine goodwill for all, and lastly but not in the least, setting aside all our petty differences.
Daw Aung San Suu Kyi is not a bodhisatta. But she bravely strives for the wellbeing of the Burmese people, her kith and kins. She has suffered enough. The people, the old and the young, the poor farmers and the hill tribes, have suffered enough. The soldiers have also suffered enough in the jungles and at their impoverished bases. More than enough fire has been burning in the bowels of the generals, taking suffering of the most severe kind.
I remember. We, Myanmars are easy to quarrel, at times quarelling alone, at other times inbetween two, and not to say the least when we are more than two together. But that is something we must not take to our hearts. We can fist-fight and put arms round each other’s shoulders after the fight, not resorting to clubs, machettes or guns. We have quarrelled long enough. Let us call it quits. Let us shake hands and come together to eat, play and talk, the way all honourable men and kindly women do. Let us breed a genuine good will (metta) for all. Let us extinguish the burning fire of anger and hatred in us.
It is time we should have a peaceful, prosperous and happy beginning. It is time we got our young people working overseas back home, and help assist building a proper economy at home. It is time we are an honourable and respectable nation among the world community. The famed authour Fielding Hall in the early 20th century had said we Burmese were the only truly happy people in the whole world. Now in the early 21st ceentury, we must not prove him to be wrong. About time we all woke up and worked for a common cause, that of peace and freedom, freedom from poverty, freedom from fear and freedom from wars.
If we want change, we make it change, as Daw Suu has said.
Those, who do not want change, must now wake up and also work for change. We all must work together for the good of all.

written by Pho Maung, November 20, 2010
Aunty Su,
You are real leader. I believe that you have sufficient courage, knowledge and ability to lead Myanmar people to get genuine united country.
Thanks Irrawaddy for interview.
You are real leader. I believe that you have sufficient courage, knowledge and ability to lead Myanmar people to get genuine united country.
Thanks Irrawaddy for interview.
written by Mr. Hello, November 20, 2010
အမေ
မြန်မာပြည်ထဲကို မည်သည့် အကန့်အသတ်မှ မရှိဘဲ ပြန်ဝင်လာလို့ရမယ် ဆိုရင် ပြည်ပကို ထွက်လို့ ရရင် ခဏလောက် ထွက်လာပြီး ပြည်ပကို အကြောင်း အမျိုးမျိုးနှင့် ရောက်နေသော လူငယ်များနှင့် တွေ့ဆုံစေ ချင်ပါသည်။ ပြီးရင် ကုလသမဂနှင့် ယူခေ၊ ယူအက်စ်၊ အာဆီယံ၊ တရုတ်၊ အိနိယမှာ သက်ဆိုင်ရာ ထိပ်တန်း ပုဂိုလ်များနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး မြန်မာပြည်အကြောင်း အသေးစိတ်ဆွေးနွေးစေ ချင်ပါသည်။ ကျနော်တို့ စစ်အစိုးရကို ရွေးကောက်ပွဲအပြီး သုံးသပ်ရ သလောက်ကတော့ လုံးဝ အာဏာကို ဆုတ်ကိုင်ထားပြီး စစ်မှန်သောဒီမိုကရေစီကိုတည်ဆောက်မှာ မဟုတ်ဘူး ဆိုတာမြင်ေ နတယ်။ ပြည်သူ လူထု ကိုလည်း အမေကဲ့သို့ နွေး ထွေးစွာ စောင့်ရှောက်ကြ ည့်ရှုခြင်း အရှည်မှာ ရှိမှာ မဟုတ်လို့မြင်ပါတယ်။ ဒါကြောင့် အမေ ပြည်ပ ရော၊ ပြည်တွင်းရော အင်အားများကိုယူပြီး အေးချမ်းပြီး သာယာဖွံ့ဖြိုး သော မြန်မာပ်ြဒီမိုကေ ရစီနိုင်ငံ သစ်ကြီးကို အမြန်ဖော်ေ ဆာင်ေ ပးပါလို့.. ..........လုံခြုံရေးကိုလည်း အထူးဂရုစ က်ပေးပါ။ မလိုအပ်ဘဲနှင့် မြန်မာပြ ည်အနှံ့ ခရီးသွားခြ င်းများ မလုပ်ပါနှင့်။ တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးလိုပါက အမေ့ဆီ သူတို့ အရောက်ာကြမှာပါ။ အမေလည်း သူတို့နှင့် လွတ်လပ်စွာ တွေ့ နိုင်သော အခွင့်အရေးရနေပါပြီ။ ဖြစ်နိုင်ရင် ဒုတိယအ ကိမ် ပင်လုံညီ လာခံကို ရန်ကုန်မှာဘဲ သေသေချာချာပြင်ဆင်ပြီး စစ်အစိုးရနှင့် ညှိနှိုင်းပြီး တရားဝင် ကျင်းပပေးပါ။ နိုင်ငံတကာကိုလည်း လွှင့် ထုတ်ပေးပါ။ ပရိုဂျက်တာ၊ ပိတ်ကားများဖြင့် သေသေချာ ချာစီစဉ်ပြီးမှ အမေ့ကို လူထုအ တွက် စကားပြော စေချင်ပါသည်။ အမေသည် ကျနော်တို့နိုင်ငံ၏ ပြည်သူများ အသိအမှတ်ပြုသော၊ ပြည်ပမှ လူများရော ချစ်ခင်လေးစားမြ တ်နိုးရသော ခေါင်းဆော င်ဖြစ်လို့ပါဘဲ။

written by war, November 19, 2010
အဲ့ဒါကို ကောင်း ကောင်းလေး သင်ခန်းစာ ယူပါလို့ ပြော ချင်တယ် ဆိုပြီး ပြောတဲ့ အမေစု အသံလေးက တကယ်ချစ်ဖို့ ကောင်းတယ်။ မေးခွန်း တွေလည်း ကောင်း သလို ဖြေပေးတဲ့ အမေစု အသံ လေးရော၊ ဥာဏ်ပညာရော ကို လေးစားရုံတင်မက အမေစုကို ပိုပြီး ချစ်သွားပြီ။
written by ပြည်သူ, November 19, 2010
မြင့်မြတ်သော
အ၇ည်အချင်း ရှိသော
ကိုယ်ကျိုး စွန့် သော
ဦးဆောင်နိုင်သော
မြန်မာပြည်တွင်တွေ့ နိုင်ခဲသော
နိုင်ငံ့ ခေါင်းဆောင်
တစ်ဦးဖြစ်ပါသည်။
အ၇ည်အချင်း ရှိသော
ကိုယ်ကျိုး စွန့် သော
ဦးဆောင်နိုင်သော
မြန်မာပြည်တွင်တွေ့ နိုင်ခဲသော
နိုင်ငံ့ ခေါင်းဆောင်
တစ်ဦးဖြစ်ပါသည်။
written by anil, November 19, 2010
She don't realized SPDC and USDP already hold firmly their position by holding constitutional referendum and election legally and they win. They will governed whether you love it or hate it for next 4 years. And they are ready to put her into jail if she move any stance like second Pin Lon which can be conducted only by government.
written by Thiha Thu( Dr.Thiha Maung ), November 19, 2010
It covers all key components & relevant points. I think Daw Su's answers are very meaningful and we have to understand very well. She answered with great wisdom & cautions. The most I liked is about "CHANGE"- If we want change, we all have to work hard,try hard with UNITY. Nothing will happen by wait & see without efforts. UNITY means not only at inside but also outside Burma.
written by Pa-lway-to, November 19, 2010
really impressive. Keep it up,dude!
written by kyaw aung, November 19, 2010
အမေ့အတွက် အမှတ်တရ။
အတ္တ၏ မဂ္ဂင်၊
ယုံကြည်ရာလမ်း ဆက၊်လှမ်းတက်ခဲ့ ဒီခရီး၊
အသိညည် တထွာလောက်၊ အဘိညည်ဝင်ကာ ထောက်ထင့်၊
လမ်းလျှေက်လျှက် ပျောက်ထင့် ........ .......... ....... ........
သို့ပေသိ.
အရာရာဟာ သင်္ခါရ၊ သေကာမှ. သေကွ.လို့
ကံဆူးပုံယုံ၊ ခုံဆင်းချ၊ ကံပြုသမျှ၊
ခံနုပြမယ့်သူ ငါမဟုတ်၊
အတ္တရဲ့ မဂ္ဂင်ကို ဖေါက်၊ လျှေက်ခဲ့တဲ့ ခြေဖဝါးတွေ
ဒူး ငါမထောက် လျှောက်မြဲ လျှောက်လျှက်။
အမြဲ ဝပ်တွားလျှက်

written by billy, November 19, 2010
အသိညဏ်ရှိကြောင်းပြသည်
ဗုဒ္ဓဘာသာ စိတ်ဓာတ် ရှိကြောင်းပြသည်
မာန်မာန မရှိ ညိညွှတ်မူ ရှိကြောင်း ပြသည်
ကျေးဇူး တင်ပါသည်။ ဦးဆောင်နိုင်ေ သာအမြင် ရှိပါသည်၊
တကယ်ကို မျိုးဆက်သစ် အားလုံးကို တာဝမ်ယူ ဦးစီးနိုင်ရန်
ဆက်ြ ကိုးစာ:ရင်း အောင်မြင် ပါစေ ဟု ဆန္ဒ ပြုပါသည်
မျှော်လင့်ရင်း မဲတခု သိမ်းထားသည်။။

Write comment
| < Prev | Next > |
|---|

It is the duty and responsibility of each and everyone of us to strive for democracy in Myanmar. We need to be proactive, we need to promote and intensify our sense of responsibility for the change of the country. Let us start to prepare ourselves right now. Let us start doing something great for the people. Be proactive. we will not get democracy just by being stationed ourselves in the comfort zone, so, be courageous enough to force yourselves in order to find yourselves in the courage zone. Don't give up. Keep hope, be proactive, set goal, start doing something great for liberation of Myanmar.