ကြံ့ဖွံ့နှင့် တစည ကို အဓိကထား ပြိုင်မည်ဟု ဦးသုဝေပြော

၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ အဓိက ပြိုင်ဘက်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ဖြစ်ကြောင်း ဦးသုဝေက ယနေ့နံနက်တွင် ပြောဆို လိုက်သည်။

ယနေ့နံနက်တွင် ကျင်းပသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားတွင် ယင်းကဲ့သို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

“စစ်အစိုးရရဲ့ ကြံ့ဖွံ့ပါတီနဲ့ တစည ပါတီက ကျနော်တို့ရဲ့ အဓိက ပြိုင်ဘက်တွေ ဖြစ်လာပါ လိမ့်မယ်”ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌဖြစ်သူ ဦးသုဝေက ဧရာဝတီသို့ ပြောသည်။

ပါတီ ဆိုင်းဘုတ်တင်ပွဲကို ဦးသုဝေ ကိုယ်တိုင်က ဖွင့်လှစ်ပေးခဲ့သည်ဟုလည်း ဆိုသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို တခြားပါတီမှ ပုဂ္ဂိုလ်များ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ဝင်များ၊ မွန်နှင့် ချင်း တိုင်းရင်းသားတချို့ နှင့် ပြည်တွင်း စာနယ်ဇင်းသမားများ တက်ရောက်ကြကြောင်း  သိရှိရသည်။

အခမ်းအနားကို ဒေသခံ အာဏာပိုင်များ၊ ရဲအထူးသတင်းတပ်ဖွဲ့ (SB)၊ စစ်ဖက်ရေးရာ လုံခြုံရေး (စရဖ) စသည်တို့မှ လာရောက် ဓာတ်ပုံရိုက်ယူခြင်းများ ပြုလုပ်ကြောင်း အနှောင့်အယှက် တစ်စုံတစ်ရာ ပေးခြင်းမျိုးများ မရှိကြောင်းလည်း ဦးသုဝေ က ပြောသည်။

ပါတီအနေဖြင့် လတ်တလောတွင် ပါတီဝင် စည်းရုံးရေးလုပ်ငန်းများ၊ နယ်မြို့များတွင် အဖွဲ့ဝင်များ စည်းရုံးခြင်းနှင့် အမှုဆောင် အဖွဲ့များဖွဲ့စည်းရန်၊ လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ထားရန် ညွှန်ကြားထားကြောင်းလည်း သိရှိရသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပါတီဝင်အင်အား စာရင်း တင်ပြတော့ မည် ဖြစ်ကြောင်း၊ ပါတီဝင် အရေအတွက် ၁၅၀၀ ဖြင့် တင်ပြမည်ဖြစ်ကြောင်း၊ အပို ပါတီဝင်အင်အားအနေဖြင့် ၁၀၀၀၊ ၂၀၀၀ ခန့်လည်း ကျန်ရှိနေသေးကြောင်း သိရှိရသည်။

နိုင်ငံရေးပါတီများ လတ်တလော ကြုံတွေ့နေရသည့် ရန်ပုံငွေအခက်အခဲနှင့် ပတ်သက်၍“ကျနော်တို့ပါတီတွေရဲ့ အကြီးဆုံး အခက်အခဲကတော့ ရန်ပုံငွေပဲလေ၊ အဲဒါကြောင့် ပါတီဝင်တွေကိုယ်တိုင်က ပိုက်ဆံတွေထည့်၊ ပါတီ အတွင်းရေးမှူးချုပ် ဖြစ်တဲ့ ဒေါ်သန်းသန်းနုဆိုရင် လက်ဝတ်လက်စားတွေ ရောင်းပြီးတော့ သိန်းငါးဆယ် ထည့်ထားပါတယ်၊ ဒီလိုမျိုးကနေပဲ စပြီး လှုပ်ရှား ရတာပေါ့”ဟု ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။

ရှေ့ကာလတွင်လည်း လက်ကမ်းစာစောင်များ၊ ရင်ထိုး တံဆိပ်များ ဝေငှ၍ ပါတီ ရန်ပုံငွေ အတွက် အလှူခံမည် ဖြစ်ကြောင်း၊ အပတ်စဉ် ဂျာနယ်များ ထုတ်ဝေ၍လည်းကောင်း ပါတီရန်ပုံငွေရရှိရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)ကို ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီ ထောင်ခွင့် ချမှတ်ပေးခဲ့သည်။

ဦးသုဝေသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ ပါတီ အမည်ဖြင့် ဝင်ရောက် အရွေးခံခဲ့ပြီး လွှတ်တော် အမတ် တနေရာ အနိုင်ရဖူးသည်။ ယင်းပါတီသည် ၁၉၉၂ ခုနှစ်တွင် ဖျက်သိမ်းခံရသည်။

ယနေ့အထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၄၃ ပါတီရှိပြီး မှတ်ပုံ တင်ခွင့် လျှောက်ထားသည့်ပါတီ ၃၉ ပါတီအနက် ၃၆ ပါတီကို ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် ချပေးပြီး ဖြစ် သည်။
Comments (4)Add Comment
0
ဦးသုဝေရေ လူမိုက်နဲ့ ပြိုင် မမိုက်နဲ့ဗျ။
written by ဒီပ, July 21, 2010
ဦးသုေ၀ေရ အၾကံေ ပးခ်င္တာပါ။ သူတို့ လုပ်တိုင်း လိုက် မလုပ်နဲ့ အဘရေ။ အခြေအနေကို သိ။
0
ပါတီ ရန်ပုံငွေ အတွက် အလှူခံမည် ဖြစ်ကြောင်း၊
written by mtn, July 14, 2010
“ပါတီ ရန်ပုံငွေ အတွက် အလှူ ခံမည် ဖြစ်ကြောင်း၊ ” သတိလဲ ထားအုံး စည်ပင် သာယာက ဖမ်း တရား စွဲနေအုံးမယ်..
0
You should go to Meditation centre!
written by QQ, July 11, 2010
You should go to Meditation center.
Nothing found from your effort. Don't waste of your time.
0
...
written by DNOW88, July 10, 2010
ကျွတ်ကျွတ်ကျွတ် ... လက်ဝတ် လက်စားတွေ ရောင်ြး ပီးတော့ ပါတီရန်ပုံငွေ ထည့်ထားရတယ် တဲ့လား .. ကြည့်လဲ လုပ်ဦး တော်တော်ကြာ အကျိုးအမြတ် မရဘဲ စိုက်ထားတဲ့ အရင်းေ လးပါ ဆုံး သွားဦးမယ် .. smilies/cheesy.gifsmilies/cheesy.gifsmilies/cheesy.gif

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်