ဘုရားသုံးဆူမြို့ အပြင်ဘက် ၁ ကီလိုမီတာ အကွာခန့်တွင်ရှိသော DKBA ဂိတ်တွင် နံနက် ၃ နာရီဝန်းကျင်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုနေ့၌ပင် ဘုရားသုံးဆူမြို့ရှိ အစိုးရ မြေစာရင်းရုံးတွင်လည်း မပေါက်ကွဲသေးသော လက်ပစ်ဗုံး တလုံး ထပ်မံတွေ့ရှိခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း၊ ပေါက်ကွဲမှုနှင့် ပတ်သက်၍ လက်သည်တရားခံကို မသိရှိရသေးကြောင်း သိရသည်။
ဘုရားသုံးဆူရှိ DKBAအရာရှိ တဦးကလည်း ထိုဒေသတွင် လက်နက်ကိုင် အဖွဲ့များ များစွာရှိနေသဖြင့် မည်သူ့ လက်ချက် ဖြစ် သည်ကို မသိရှိနိုင်ကြောင်း ပြောသည်။
“သူတို့ ဗုံးတွေတွေ့တဲ့ နေရာကို ကျနော်တို့ သွားတောင် မကြည့်ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ဆီကပါ ဆိုပြီး စွပ်စွဲမှာကို စိုး ရိမ်လို့ပါ” ဟု အဆိုပါ အရာရှိက ဆိုသည်။
ယင်း ဒေသတွင် စစ်အစိုးရတပ် အပါအ၀င် DKBA ၊ အပစ်အခတ်ရပ်စဲထားသော ဟောင်သရောအဖွဲ့၊ ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သော ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA) အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ အဖွဲ့များလည် အခြေချ လှုပ်ရှားနေကြသည်။
ယင်း ပေါက်ကွဲမှုသည် လက်တလောတွင် DKBA တပ်ဖွဲ့ဝင်များကို နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးနှင့် ပတ်သက်၍ စစ်အစိုးရက ဖိအားပေးချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ပြီးခဲ့သည့် မေလ ၉ ရက်နေ့ကလည်း ကရင်ပြည်နယ် ဘုရားသုံးဆူမြို့အ၀င် ဂျပန်ရေတွင်း ကျေးရွာ၌ ပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ရာ လူ ၂ ဦးဒဏ်ရာ ရရှိခဲ့သည်။ ထိုပေါက်ကွဲမှုကို ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ လက်ချက်ဖြစ်ကြောင်း အစိုးရက ထုတ် ပြန်ကြေညာခဲ့သည်။
KNU တပ်မဟာ (၆) အကောက် တာဝန်ခံ တဦးက ဘုရားသုံးဆူမြို့တွင်း၌ မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးပေးရန် ငွေပေးစေခိုင်းခဲ့သဖြင့် ဖောက်ခွဲမည့်သူသည် အဖော်တဦးနှင့် အတူ မိုင်းအား သယ်ယူလာစဉ် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း အစိုးရသတင်းစာက ဆိုသည်။
နအဖ စစ်အစိုးရက မြန်မာပြည် အတွင်း၌ ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် အကြိမ်တိုင်း နယ်စပ် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲလေ့ရှိသကဲ့သို့ ယင်းအဖွဲ့ အစည်းများကလည်း ငြင်းဆိုလေ့ရှိကြသည်။
ယခုနှစ် ၂၀၁၀ ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ် လောက်ကိုင်မြို့မှ စတင်၍ ရန်ကုန်၊ မြစ်ကြီးနား၊ လွိုင်ကော်၊ သံဖြူ ဇရပ်၊ ကော့ကရိတ်၊ တောင်ငူ၊ မူဆယ် စသည့်နေရာ များစွာတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
Set as favorite
Bookmark
Email this
Hits: 3343
Comments (0)

Write comment
| < Prev | Next > |
|---|







