မြို့တော်ရဲ့ ည

ရန်ကုန်မြို့သည် နောက်ဆုံးအကြိမ် ကျနော်ရောက်ခဲ့သော လွန်ခဲ့သည့် (၅) နှစ်က မြို့နှင့်မတူတော့။ လူအများက ယခင်ကလို ဓာတ်ပုံရိုက်ခံရမှာကို စိုးရိမ်ရှက်ရွံ့နေခြင်း မရှိတော့။ သူတို့ကို ကြည့်ရသည်မှာ လူအများနှင့် ပိုမိုပေါင်းသင်း တတ်လာ၊ ပိုယုံကြည်မှုရှိလာပြီး လွတ်လပ်လာပုံရသည်။

လက်ကိုင်ဖုန်းများနှင့် ဗိုလ်ကျနေတတ်သော စစ်ထောက်လှမ်းရေး များလည်း လမ်းထောင့်တိုင်းရှိ သူတို့၏စားကျက်များကို စွန့်ခွာခဲ့ရပြီ ထင်သည်။ အမှောင်များထဲ၌ ထိုသူများ ရှိကောင်းရှိနေ နိုင်ပါသေးသည်။ သို့သော်လည်း သူတို့ဖန်တီးထားခဲ့သည့် စိုးရိမ်တင်းကျပ်နေမှုများက ပြေလျော့သွားခဲ့ပြီ။


ရန်ကုန်မြို့၏ ညခင်း မှောင်ချိန်ဖြစ်သည်။ မျက်နှာများက အမှောင်ထုကြားတွင် ရွေ့လျားသွားလာနေကြသည်။ ဤမြင်ကွင်း က မိမိအဖို့ အထူးစိတ်လှုပ်ရှားစရာ။ ည၏မီးရောင်များက ၎င်း၏ပင်ကိုရုပ်သွင်ထက် မြို့တော်၏ ခံစားမှုပိုင်းဆိုင်ရာသရုပ်ကို ပို၍ထင်ဟပ်ပြနေသည်။ အပြင်ပန်းတွင်တော့ အရာဝတ္ထုများက မိမိအမှတ်ရခဲ့သည့် အနေအထားထက် ပို၍တည်ငြိမ် သယောင်။ သို့သော် အပြင်ပန်းမြင်ကွင်းများသည်လည်း လှည့်ဖြားတတ်သည့် သဘောရှိပါသည်။ ရန်ကုန်မြို့၏ မှောင်မည်း နေသော လမ်းမများထက်၌ အပျော်ရှာသူတို့၏ မျက်နှာများပေါ်တွင် သတိကြီးစွာထားနေသော မျက်လုံးများထဲ၌ လွန်ခဲ့သောနှစ်များကအတိုင်း စိုးရိမ်ပူပန်မှုများ ရှိနေသေးသည်ကို မိမိခံစားရသည်။ မီးပျက်ခြင်း၊ ကြီးမားကျပ်တည်း လာသော ဆင်းရဲမွဲတေမှု၊ သတင်း အဆက်ပြတ်မှုတို့ကြောင့် သူတို့၏ အနာဂတ်အတွက် ဆက်လက် မမျှော်လင့်ရဲစရာ ဖြစ်နေရသည်။

ယခင်မြို့တော်ဟောင်း၏ နွမ်းလျနေကြသော မြို့တော်သားများက တကယ်ပဲ ပို၍ပွင့်လင်းစွာ ဆက်ဆံတတ်လာကြ ပါပြီလား။ လွန်ခဲ့သော (၅) နှစ်ကထက် ပိုမိုပျော်ရွှင်နိုင်ကြပါပြီလား။ ပြင်ပဧည့်သည်တဦးအတွက် ဖြေဆိုရန်မလွယ်ကူလှပါ။ မြန်မာပြည်သူများကသာ ဖြေနိုင်စွမ်းကြပါလိမ့်မည်။ ကင်မရာ၏ မြင်ကွင်းများမှတဆင့် မြင်သမျှ တင်ပြလိုက်ရပါသည်။

၂၀၀၇ ခုနှစ် မေလထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Pat Brown ၏ City at Night ကို ဆီလျော်အောင် ပြန်ဆိုပါသည်။

Comments (1)Add Comment
0
What are you trying to say PatBrown?
written by Mr.Thaton, January 27, 2010
Mr.Brown, what do you expect from Rangoon, Burma? It is one of the poorest countries in Asia. Have you been Chinatown in America? There are homeless people everywhere in Chinatown, America.
My whole point for above article is day to day life and poverty are everywhere, in every corner of the cities. It is not an avoidable. As for you, it is just an day to day expressions in one of the paper, but I don't see any taste in your article. Burmese people are strong and brave, and in a way, we can live in harmony of human suffering.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်