ဒိုက်ဦးတွင် ကြွက်အုပ်များ သောင်းကျန်းနေ

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ၀န်းကျင်ရှိ ကျေးရွာများတွင် ယခု တပတ်အတွင်း ကြွက်များ အုပ်လိုက် ကျရောက် မှုကြောင့် စပါးပျိုးခင်း တချို့ ပျက်စီး သွားကြောင်း သတင်း ရရှိသည်။

အဆိုပါ ဒေသရှိ မရမ်းတောဆည်၊ ကောလိယဆည်၊ ဘောနီဆည်တို့၏ ၀န်းကျင်မှ ကြွက်များ အုပ်စုလိုက် ထွက်လာနေပြီး အနီး ပတ်ဝန်းကျင်ရှိ ရွာများသို့ ဦးတည်လာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“ဗိုက်ဖြူဖြူကောင်တွေလေ။ ဆည်နေရာကနေ အုပ်လိုက်လာတာ။ လောလောဆယ်က မိုးခေါင်နေတော့ စိုက်ထားတာ မရှိသေးတော့ သူတို့ ဖျက်စရာမရှိသေးဘူးပေါ့။ ပျိုးကြဲထားတာတွေကိုပဲ သူတို့ စားပစ်ကြတယ်။ ပျိုးကြဲထားတဲ့အစေ့တွေကို စားပစ်တော့ အပင်တွေ မပေါက်နိုင်တော့ဘူးပေါ့” ဟု မရမ်းတောဆည် ၀န်းကျင်မှ လယ်သမား တဦးက ပြောသည်။

ဆည်များ၏ ၀န်းကျင် အဝေးပြေးကား လမ်းမများပေါ်တွင် ကားများ ကြိတ်မိထားသည့် ကြွက်သေများလည်း မြင်မကောင်းအောင် ရှိနေသည်ဟု သူကဆိုသည်။

လက်တလောတွင်မူ အဆိုပါ ကြွက်အုပ်များကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက တစုံတရာ အရေးယူ ညွှန်ကြားဆောင်ရွက်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောပြသည်။

ကြွက်များသည် တွင်းအောင်း သတ္တ၀ါများဖြစ်သောကြောင့် ယခုကဲ့သို့ အစုလိုက်အပြုံလိုက် ထွက်လာနေခြင်းက သဘာဝ ဘေးအန္တရာယ်များ ကျရောက်မည့် လက္ခဏာ ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုနေကြပြီး ကြွက်များမှတဆင့် ကူးစက်သည့် ပလိပ်ရောဂါကဲ့သို့ ရောဂါများ ဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်နေကြသည်။

တခြား ဒေသခံ တဦးက “ဆည်ဘက်ကနေ လာတော့ ရာသီဥတုကြောင့်လား၊ မြေတွေအက်နေလို့ ဆည်တွေကျိုးမှာလား၊ ဘာ သဘာဝဘေးများ ရှိလဲ ဆိုပြီး ရွာမှာတော့ ပြောနေကြတာ။ တခါမှလည်း ဒါမျိုး မတွေ့ဖူးဘူး။ ရောဂါတွေ ဘာတွေ ဖြစ်မှာလည်း ကြောက်နေကြတာ” ဟု ပြောသည်။
Comments (0)Add Comment

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်