စစ်တပ် ဆိုသည်မှာ တိုင်းပြည် တပြည်၏ အရေးကြီးသော အခန်းကဏ္ဍတွင် မရှိမဖြစ် ပါဝင်နေပါသည်။ စစ်မှန်သည့် ပြည်သူ့ တပ်မတော် ဖြစ်ပေါ်လာ စေရေးအတွက် အဖြစ်မှန်များကို ရဲရဲဝံ့ဝံ့ ဖော်ထုတ် တင်ပြလိုသည့် တပ်မတော် သားကောင်း များစွာ ရှိနေသည်ဟု ယုံကြည်ပါသည်။ထို့ကြောင့် စစ်သည်များ အနေနှင့် မိမိ ဖြတ်သန်းခဲ့သော အတွေ့အကြုံများထဲမှ ခံစားတွေ့ကြုံခဲ့ရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များ အပါအဝင် တပ်မတော်တွင်း အမှန်တကယ် ဖြစ်နေသည့် လာဘ်စားမှု၊ သာတူညီမျှ မရှိမှု၊ ပျော်ရွှင်ဖွယ်၊ စိတ်လှုပ်ရှားဖွယ်၊ တုန်လှုပ်ခြောက်ခြားဖွယ်၊ ရယ်ရွှင်ဖွယ် အဖြစ်အပျက်များနှင့် လက်ရှိ မြန်မာ့တပ်မတော် အပေါ်ထင်မြင်ချက်၊ တပ်မတော်ကို မည်သည့်ပုံစံ အနေအထားဖြင့် မြင်ချင်သည် ဆိုသည့် ထင်မြင်ချက်များကို ဧရာဝတီပရိသတ်အတွက် ရေးသားပေး ပါရန် ဖိတ်ခေါ်ပါသည်။
စာမူ ပေးပို့လိုသူများ အနေနှင့် This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ ပေးပို့နိုင်ပါသည်။ စာမူပေးပို့သူသည် ကလောင်အမည်နှင့် ထမ်းဆောင်ခဲ့သည့် ရာထူး တို့ကို ဖြည့်စွက်ပေးပို့ စေလိုပါသည်။ ပေးပို့လာသည့် စာမူများကို ဧရာဝတီမဂ္ဂဇင်း စာတည်းအဖွဲ့က တည်းဖြတ်ပြီးမှ အသုံးပြုမည် ဖြစ်ပါသည်။
Set as favorite
Bookmark
Email this
Hits: 7268
Comments (6)

written by moekoung, July 18, 2010
ဒီအခန်းလေးကို လုပ်ပေးလိုက်ရင်တော့ လက်ရှိစစ်မှုထမ်းနေတဲ့ စစ်သားတွေနဲ့  စစ်မှုထမ်းေ ဟာင်းတွေရဲ့  ပင်ကိုယ်စိတ်ကို သိရကောင်း၊ သိရ လိမ့်မယ်။ သိလာနိုင်စရာ အကြောင်းတွေ ရှိလာလိမ့်မယ်။ သူတို့ တတွေဟာ တကယ် ရိုးသားသလား၊ စစ်တပ်ထဲဝ င်ရတဲ့အကြော င်းအရင်းနဲ့  စစ်တပ်ရဲ့  အထက်က လူတွေရဲ့  စိတ်အရင်းခံလေး တွေ သိရမယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ။
written by DNOW88, July 16, 2010
အင်မတန်ေ ကာင်းမွန်တဲ့ အစီအစဉ်ပါဗျာ .. ကလောင်ရှင်များကို ဝမ်မြောက်စွာ ကြိုဆိုပါတယ် ...
written by mamapone , July 15, 2010
စစ်တပ်နဲ့ပတ်သတ် တာ အများ ကြီးသိချင်ပါတယ်
အရမ်းလဲ ကောင်းတဲ့ အစီအစဉ် တစ်ခုပါ
အတွင်းရော အပြင်ေ၇ာ ဖြစ်ပျက်တာတွေပေါ့
ရင်ဖွင့်နိုင်ကြမယ်လို့ ထင်ပါတယ်
အရမ်းလဲ ကောင်းတဲ့ အစီအစဉ် တစ်ခုပါ
အတွင်းရော အပြင်ေ၇ာ ဖြစ်ပျက်တာတွေပေါ့
ရင်ဖွင့်နိုင်ကြမယ်လို့ ထင်ပါတယ်
written by Ko Lynn, July 09, 2010
Would there be censorship???? Even with comments, irrawaddy doesn't feel free. Anyway welcome for new idea. Hopefully it would work to change our lovely golden land towrd positive development.
Write comment
| < Prev | Next > |
|---|


