မြ၀တီ ကုန်သွယ်ရေးဇုန် ပိတ်

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများကို စီမံခန့်ခွဲမှုပြုလုပ်နေသော မြ၀တီ ကုန်သွယ်ရေးဇုန် အား ယနေ့ မနက်ပိုင်းမှစ၍ ကုန်သွယ်မှုခေတ္တ ပိတ်ထား လိုက်ပြီဖြစ်ကြောင်း ကုန်သွယ်ရေး ဇုန်နှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ပြောကြား သည်။

မြ၀တီကုန်သွယ်ရေးဇုန်တွင် ကုန်အ၀င်အထွက်ဆောင်ရွက်မှု လုပ်ငန်းများကို ဇူလိုင်၂၈ ရက်နေ့မှစ၍ မလုပ်ဆောင်ရဟု အထက်က ညွှန်ကြားစာ ပို့ထားကြောင်း ၎င်းက ဆိုသည်။

“ဒီနေ့မနက်ကပဲ ကုန်သွယ်ရေးဇုန်ကို လုံးဝ ပိတ်လိုက်တာပါ၊ ဘာကြောင့်ပိတ်တာ၊ ဘယ်လောက် အထိပိတ်မယ်ဆိုတာတွေ ကိုတော့ မညွှန်ကြားသေးပါဘူး”ဟု မြ၀တီမှ မြန်မာ အဏာပိုင် အဖွဲ့ဝင်တဦးကလည်း အတည်ပြုပြောကြားသည်။

ထိုင်း-မြန်မာ ၂ နိုင်ငံ ဆက်သွယ်ထားသည့် နယ်စပ်တံတားအား ဇူလိုင်လ ၁ရ ရက်နေ့မှ စ၍ပိတ်ထားခဲ့ပြီး ယခုတဖန် ကုန်သွယ်ရေးဇုန်အား ထပ်မံပိတ်ခြင်းဖြစ်သည်။

မြ၀တီ-မဲဆောက်ဆက်သွယ်ထားသည့် တံတားပိတ်ထားမှုကြောင့် ထိုင်းကုန်သည်များ နစ်နာမှုများသကဲ့သို့ မြန်မာ ကုန်သည် များ၊ အလုပ်သမားများ၊ လက်လီလက်ကား ဈေးသည် အများအပြား နစ်နာဆုံးရှုံးမှုများ ဖြစ်နေကြောင်း မြ၀တီမြို့ခံမြန်မာ ကုန်သည် တဦးက ပြောကြားသည်။

“တံတားပိတ်ရုံမက ကုန်သွယ်ရေးဇုန်ပါ ပိတ်တော့ ရန်ကုန်က ပုစွန်တွေ၊ ငါးတွေ၊ ကဏန်းတွေ ဇုန်မ၀င်ရတော့ ကုန်သည်တွေ အတော် ဒုက္ခရောက်ကုန်တယ်၊ ဈေးတွေလည်း ထပ်တက်ဦးမှာ သေချာတယ်၊ ဘယ်လောက်အထိ ပိတ်မယ် ဆိုတာ မသိ တော့ ပိုဆိုးတယ်”ဟု ၎င်းက ဆိုသည်။

နယ်စပ် ကုန်သွယ်ရေးကို ဖြတ်တောက်လိုက်ခြင်းကြောင့် ထိုင်းနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများမှာ ဈေးနှုန်း ဆက်တိုက် တက်နေပြီး အချိုမှုန့် ၊ ကြက်သားမုန့် နှင့် စားသုံးဆီ တချို့ကို ဈေးများတွင် ရောင်းချမှု မပြုလုပ်ရကြောင်း၊ မရောင်းရသည့် အကြောင်းပြချက်မှာ ကျန်းမာရေးနှင့်မညီညွတ်ဟု ဆိုကြောင်း ပြည်တွင်း ဂျာနယ်တချို့တွင် ရေးသားသည်။

“ထိုင်းကတင်သွင်းတဲ့ စားသုံးဆီတွေကို မန္တလေးဘက်မှာ ပြီးခဲ့တဲ့လက စဖမ်းခဲ့တာပါ၊ ရန်ကုန်မှာတော့ ဒီလထဲ နေရာ တချို့ မှာ ဖမ်းသံတော့ကြားတယ်၊ ဒါပေမယ့် ထိထိရောက်ရောက် ဖမ်းဆီးတာမျိုးတော့ မတွေ့ရသေးပါဘူး၊ ပြည်တွင်း စားသုံးဆီဈေး ကတော့နိုင်ငံတကာနှင့် ယှဉ်ရင်အများကြီး မြင့်နေသေးတယ်”ဟု ရန်ကုန်မှဆီကုန်သည်တဦးက ပြောကြားသည်။

နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် တရားမ၀င်ဆီ မှောင်ခိုတင်သွင်းသည့် လုပ်ငန်းများ၊ ဆိုင်ကယ်မှောင်ခိုတင်သွင်းမှုများ အားလုံး ရပ်ဆိုင်းသွားကြောင်းလည်း သိရသည်။

တရားမ၀င် လုပ်ငန်းများ ရပ်ဆိုင်းစေသည့် အပြင်တရားဝင် ကုန်သွယ်ရေးလုပ်ငန်းများရပ်ဆိုင်းနေမှုမှာ ၁၀ ရက်ကျော် လာပြီ ဖြစ်၍ ၂ နိုင်ငံ စလုံးအတွက် ဒေါ်လာ သန်းချီ၍ ဆုံးရှုံးနေပြီဖြစ်ကြောင်း ထိုင်း အာဏာပိုင်များကို ကိုးကား၍ သတင်းမီဒီယာများတွင် ရေးသားကြသည်။

ထိုင်း ကုန်သည်များအနေဖြင့် တနေ့လျှင် ဘတ်သန်း တစ်ရာ ခန့် ဆုံးရှုံးနေကြောင်းလည်း သိရသည်။

ထိုင်းနှိင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ တလလျင် ဘတ် သန်းတစ်ထောင် (ကျပ် သန်း ၃၀၀၀ ) ၀န်းကျင် ရှိပြီး မြန်မာနိုင်ငံမှ ထိုင်းသို့ပို့ကုန်တန်ဖိုးမှာ ဘတ် သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀ )၀န်းကျင်ရှိကြောင်းသိရ သည်။

မြန်မာဘက်မှ ထိုင်းနိုင်ငံသို့ တင်ပို့သည့် အဓိကပို့ကုန်ပစ္စည်းများမှာ ဆန် ၊ကြက်သွန် ၊သစ် ၊ကျွဲ ၊နွား ၊ဆိတ် စသည့် တိရစ္ဆာန် များနှင့် ကျောက်စိမ်းတို့ဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။

ဇူလိုင် ၂၈ ရက်မှ စတင်၍ ယာယီ ပိတ်လိုက်သော မြ၀တီကုန်သွယ်ရေးဇုန်သည် ထိုင်း-မြန်မာ ကုန်သွယ်ရေးလုပ်ငန်းများကို အဓိက စီမံခန့်ခွဲမှုပြုသောစီးပွားရေးဇုန်သာမက ၂၀၁၅ တွင်ပေါ်ထွက်လာမည့် အာဆီယံ Free Trade ဧရိယာ ကုန်သွယ်ရေး လမ်းကြောင်းတွင်လည်း အရေးပါလာမည့် စီးပွားရေးဇုန် တခုဖြစ်ကြောင်း သိရသည်။

မြ၀တီ စီးပွားရေး ဇုန်အား ၂၀၀၇ တွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်မှစ၍ ကုန်သွယ်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ကြောင်း မြ၀တီမှ ကုန်သည်တဦးက ပြောသည်။

မြ၀တီကုန်သွယ်ရေးဇုန်နှင့် ပိတ်ထားသည့် တံတားပြန်ဖွင့်ရေး ကိစ္စများကို ဇူလိုင်လ ၃၀ ရက်နေ့တွင် ၂ နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးရန်ရှိပြီး ယင်းနောက်ပိုင်းတွင်မှ ပြန်ဖွင့်မည့် ရက်ကို သိရမည်ဟု မြ၀တီမှ မြန်မာအာဏာပိုင် တဦးက ပြော သည်။
Comments (6)Add Comment
0
နှိပ်စက်လို့ ၀ဘဲ မ၀နိုင်ပါလား
written by မျောက်လောင်း, July 29, 2010
ယိုးဒယားက ဆီတွေ မကောင်းဘူးဆို ဆီတွေပိတ်ပေါ့ကွာ။ နယ်စပ် ဂိတ်ပါ ပိတ်ထားတော့ ကျန်တဲ့ပ စ္စည်းတွေပါ ဈေးတက် ကုန်ဈေး နှုန်းတ က်တဲ့ဒါဏ် ကိုယ့်ပြ ည်သူတွေ ခံရတာပေါ့။ စဉ်းစား လဲလုပ်ကြပါ။
ပြည်သူကိုနှိပ်စက်လို့ မ၀ကြသေးဘူးလား။
0
To attack DKBA economic
written by Karen, July 29, 2010
Blocking also include to weak DKBA economic and may be some arrangement for attacking on some DKBA and karen groups who didn't agree on BG. If it is, there will be long term of blocking will happen.
0
အလကား
written by မြန်မာ, July 29, 2010
ဟုတ်ကဲ့ ..ပြဿနာဖြစ်မှ ခွင့် မပြုတာပါ. .အရင်က ခွင့်ပြုလို့ ပြည်သူတွေ စားသုံးနေတာကြာပေါ့..ကိုယ့်လူရယ်

အဲလောက်ပြ ည်သူပေါ်ေ စတနာရှိရင် ....ဟင်းဟ င်းဟင်း လို့ပဲ ရီပါ၇စေ
0
ပါးပါးလေးပါ
written by ဘဦး, July 29, 2010
ချိုကုပ်ကြီး အိန္ဒိယက ပြန်လာပြီး နောက် မကြာခင် ပြန်ဖွင့်ပါလိမ့်မ ယ်ဗျာ ..။ စိတ်မပူပါနဲ့...။ အရက်သမား တစ်ယော က်ထဲ ထားခဲ့ ရတော့ ချောင်း မရိုက်နိုင်ေ အာင်လို့ စီစဉ် ခဲ့ရတာပါ။ ဟဲ..ဟဲsmilies/grin.gif
0
ဝင်ပြီး အာချောင်တာ မဟုတ်ပါ
written by Wild Tiger, July 29, 2010
ကျွန်တော် သိသလော က်တော့

ယိုးဒယား ဘက်က ၀င်တဲ့ ဆီတွေက ဈေး သက်သာတာ မှန်ပေမယ့်
အသုံြး ပုပြီးသား ဆီတွေကို ပြန်လည် သန့်စင်ပြီး ကျန်းမာရေး အတွက်
တော်တော် လေးကို ဆိုးဆိုး ရွားရွား ထိခိုက်ေ စနိုင်ပါတယ်။
အဲဒီ့ ဆီကို အစိုးရက ခွင့်မပြု တာကို အပြည့်အ၀ ထောက်ခံပါတယ်။
0

written by komg, July 28, 2010
ဖဲသမား အိတ်ကပ်လိုပါပဲ။ ဖောင်းတဲ့ အချိန်တုန်းက တလျှောက်လုံး ဖောင်းလာပြီးတော့ ပိန်တော့မှ လာငို မနေနဲ့  ထိုင်းရေ။ မြန်မာ့ အဆီ အနှစ်တွေ စားထားတာ များနေပြီလေ နဲနဲတော့ပြ န်ပြီး ပေးဆပ်ရမှာပေါ့။

Write comment

busy
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်