အဆိုပါ ဆင်လေနှာမောင်းသည် ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ဖျာပုံမြို့နယ်အတွင်းရှိ ခါးဖြတ်ကျေးရွာနှင့်ကျောက် ကြီးကျေးရွာအတွင်း တိုက်ခတ်သွားခဲ့သည်ဟု မိုးလေ၀သဌာနမှ အမည်မဖော်လိုသူ ရုံးဝန်ထမ်းတဦးက ပြောသည်။
“မနေ့က ညနေ ၄ နာရီမှာ လပွတ္တာမြို့နယ်နဲ့ ဘိုကလေးမြို့နယ်ကနေ အစပြုပြီးတော့၊ ဖျာပုံမြို့နယ် ခါးဖြတ်ကျေးရွာကို ဖြတ်သန်း ပြီးတော့ လေဆင်နှာမောင်းတိုက်ခတ်သွားတယ်။ လူတွေ ဒဏ်ရာရမှုရှိတယ်၊ သေဆုံးတယ်လို့တော့မပါဘူး၊ အိမ်ခြေ ၃၀ခန့် ပျက်စီးသွားတယ်ဆိုပြီးတော့ အစီရင်ခံစာ လာပါတယ်”ဟု ၎င်းကပြောပြသည်။
ဘိုကလေးမြို့ဒေသခံတဦး၏ အဆိုရ ယင်း ဆင်လေနှာမောင်းတိုက်ခတ်ခဲ့သည့် ကျေးရွာများတွင် အိမ်ခြေ ပျက်စီးမှု များ ရှိပြီး၊ အသေအပျောက် ရှိမရှိကိုမှု မသိရသေးကြောင်း၊ သို့သော် ဒဏ်ရာရရှိသူ ၆ ဦးခန့် ရှိကြောင်း သိရသည်။
လွန်ခဲ့သည် ၂၀၀၈ ခုနှစ် မေလဆန်းပိုင်းတွင် ရန်ကုန်တိုင်း အပါအဝင် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသများကို ပြင်းထန် စွာ ဖြတ်သန်းတိုက်ခိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် လူဦးရေ ၁ သိန်းလေး သောင်းခန့် သေကြေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့သည်။
Set as favorite
Bookmark
Email this
Hits: 5291
Comments (0)

Write comment
| < Prev | Next > |
|---|







