မဲဆောက်က မြန်မာတို့၏ ကထိန်ပွဲ ခြိမ့်ခြိမ့်သဲကျင်းပ

E-mail Print

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ရွှေ့ ပြောင်း မြန်မာအလုပ်သမားများ စုပေါင်း၍ မဟာဘုံကထိန် သင်္ကန်း ကပ်လှူ ပွဲကို ယမန်နေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။

မဲဆောက်မြို့ တောရကျောင်းတွင် ယမန်နေ့က မြန်မာအလုပ်သမားများနှင့် ဒေသခံ ထိုင်းလူမျိုးများ စုပေါင်း ပြီး မဲဆောက်ရှိ ကျောင်းပေါင်း ၂၀ ၊ မြန်မာနိုင်ငံ မြဝတီမြို့ဘက်ရှိ ကျောင်းပေါင်း ၂၀ တို့မှ သံဃာ အပါး ၇၀ ကျော်နှင့် သီလရှင် အပါး ၅၀ ကျော်တို့ကို ဘုံကထိန်ခင်း၍ အကျွေးအမွေးဖြင့် လျှူဒါန်းကြကြောင်း တောရ ကျောင်း ဂေါပက အဖွဲ့အကျိုးဆောင် ဦးချစ်တင်က ပြောသည်။

“စက်ရုံတွေ၊ မြန်မာစာသင်ကျောင်းတွေက ပဒေသာပင်တွေကို အိုးစည် ဒိုးပတ်ဝိုင်းတွေနဲ့ လာပို့ ကြတယ်၊ အိမ်တွေမှာလည်း တနိုင်တပိုင်စုပြီး လှူကြတာတွေ၊ ကျနော်တို့ကျောင်းကို ကိုးကွယ်ကြတဲ့ ထိုင်းတွေ မြန်မာ တွေက ဒီကထိန်ပွဲကြီး အတွက် ၀ိုင်းလှူကြတယ်၊ ဒါနှစ်တိုင်းပဲ”ဟု ၎င်းက ပြောဆိုသည်။

မဲဆောက် ရောင်ခြမ်းစက်ရုံမှ မသဇင်က“ကျမတို့အရမ်းကြည်နူးရပါတယ်၊ ပျော်လည်း အရမ်းပျော်တယ်၊ ကထိန်ပွဲမှာ ကျမတို့ စက်ရုံက အစ်မတယောက်က မမိုးအကကိုကတယ်၊ ဦးရွှေရိုးအကတော့ အခြားက ငှား တာ၊ လူတွေအများကြီးပဲ ထောင်နဲ့ ချီရှိမယ်ထင်တယ်၊ အလှူလိုက်ခံတုန်းကလည်း ကမ်းနားအထိသွားပြီး ကျမတို့အလှူခံခဲ့ကြတာ၊ ရွာမှာဆို ကထိန်ခင်းချင်တောင် မလွယ်ဘူး၊ လှူချင်လည်း အဆင်မပြေလို့ မလှူရ ဘူး၊ တခါ အလှူကြီး လုပ်မယ်ဆို ဘယ်သူ ကို တိုင်ရ ခွင့်ပြုချက်ယူရနဲ့ လှူတာတောင် ပျော်ပျော် မလှူရဘူး၊ အမေတို့ကို မြင်စေချင်တယ်၊ သမီးတို့ ဒီမှာ စုပေါင်းလုပ် ကြတာကို”ဟုပြောသည်။

၎င်း အသက် (၁၉)နှစ် ဝန်းကျင်ရှိ မသဇင်သည် မြန်မာနိုင်ငံ ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်မှ လာရောက် ၍ အလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်သမား တဦးဖြစ်ပြီး ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည်မှာ ၆ လခန့်ရှိ ပြီ ဖြစ်ကြောင်း သိရသည်။

ကထိန်ပွဲသို့ လာရောက်သည့် မဲဆောက်မြို့ဘန့် စောင်ကွဲ စက်ရုံမှ မြန်မာပြည်သား ကိုမင်းမင်းက လည်း“ဒီမှာအလှူလုပ်ရတာက လွတ်လပ်တယ်၊ ဘာမှ အနှောင့်အယှက်မရှိဘူး၊ ကိုယ့်ရိုးရာကိုယ် လုပ်ကြတယ်၊ ကျနော်တို့ မြန်မာ ပြည်သားတွေက အလှူဆို အားလုံးက တက်ညီလက်ညီပဲ၊ လှူကြတယ်၊ ပျော်တယ်၊ တကယ်ပဲ ၀မ်းသာတယ်၊ တတ်နိုင်သမျှ စုပေါင်းလှူကြတာပဲ၊ စက်ရုံတွေ မှာလည်း လူငယ်တွေများတော့ လိုက်ပြီးဆော်သြရတာ မခက်ဘူး”ဟု ပြောဆိုသည်။

ယမန်နေ့က ကထိန်ပွဲတွင် ကထိန်တရားကို မြ၀တီမြို့ မှ ကိုးန၀င်းကျောင်း ဆရာတော် က ကြွရောက် ချီးမြှင့်ပြီး ကထိန်ပွဲသို့ လူပရိသတ်အနည်းဆုံး ၁၅၀၀ ခန့် လာရောက်ကြောင်း ဂေါပက အကျိုးဆောင်  ဦးချစ်တင် က ပြောဆိုသည်။

ဗုဒ္ဓဘာသာ အစဉ်အလာအရ ဝါတွင်း သုံးလပတ်လုံး ဝါမကျိုးမပျက်ဘဲ ပဝါရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်တွင် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ကထိန် ခင်းကြခြင်းဖြစ်သည်။

ယင်းသို့ ကထိန်ခင်း၍ သံဃာတော်များအား ကထိန်သင်္ကန်း ကပ်လှူခြင်းကို မြန်မာနိုင်ငံတွင် ပုဂံခေတ်က ပင် အစပြုခဲ့ကြကြောင်း ကျန်းစာများအရ သိရသည်။

Comments (2)Add Comment
0
Sa Du Sa Du Sa Du
written by Tin Htay, November 26, 2009
I am very delighted that no drama raised during the Kahtina dana ceremony.
May you all be happy, wealthy and free from oppressive regime.
0
သာဓုခေါ်ပါတယ်
written by ဗိုက်ကလေး, October 13, 2009
ဝမ်းသာစရာဗျာ.. ...ကိုယ့် နိုင်ငံက လူမျိုးတွေ အားလုံး အဲသလို ပျော်ပျော်ရွှင်ရွှင်နဲ့  အနှောက်အယှက် ကင်းကင်း အလှူ အတန်း ပေးလုပ်စေချင်တယ်. .....သာဓုခေါ်ပါတယ်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်