စာရေးဆရာ နီကိုရဲ ကွယ်လွန်

E-mail Print

ထင်ရှားသော စာရေးဆရာ တဦးဖြစ်သည့် နီကိုရဲ (ခ) ကိုရဲဝင်း သည် သောကြာနေ့ည ၁၂ နာရီခန့်က နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။


ကွယ်လွန်ချိန်တွင် အသက် ၄၃ နှစ်ရှိပြီဖြစ်ပြီး သူ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို လာမည့် ၂၇ ရက်နေ့ တွင် သင်္ဂြိုဟ်ရန် စီစဉ်ထားသည်ဟု စာပေအသိုင်းအ၀ိုင်းက ဆိုသည်။

“သူက နှလုံးရောဂါလည်းရှိတယ်၊ တခြားရောဂါလေးတွေလည်းရှိတယ်၊ ၂၇ ရက်နေ့ သင်္ဂြိုဟ်ဖို့ စီစဉ်ထား တယ်တဲ့၊ သူ့ရေးဟန်တွေက ထူးခြားတယ်၊ သူ့လိုနေရာကို အစားထိုးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ သူဆုံးသွား တယ် ဆိုတာ လုံးဝကို မယုံနိုင်ဘူး၊ ဘာပြောရမှန်းကို မသိအောင်ပါဘဲ”ဟု စာရေးဆရာ မင်းလူက ဧရာဝတီ သို့ ပြောသည်။

မိတ်ဆွေအပေါင်းအသင်းများကို ရိုင်းပင်းကူညီတတ်ပြီး ပျော်ပျော်ပါးပါးနေတတ်သူဖြစ်သောကြောင့် ယခုလို ဆုံးပါးသွားသည်ကို နှမြောတသဖြစ်မိသည်ဟုလည်း အနုပညာရှင်များက ဆိုကြသည်။

နီကိုရဲနှင့်အတူ အနုပညာလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးသော ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က လည်း “သူနဲ့ကျနော့်မှာ အမှတ်တရတွေ အများကြီးပဲခင်ဗျ၊ သူနဲ့ကျနော် တခောတ်ဖြစ်ခဲ့တယ်ဆို မမှား ဘူး ဗျ၊ ကားတွေလည်း အများကြီးရိုက်ခဲ့ဖူးတယ်၊ သူလိုလူတော် တယောက်ဆုံးရှုံးသွားတာ စာပေလောက အတွက်ရော ရုပ်ရှင်လောကအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ” ဟု ပြောသည်။

သူရေးသားခဲ့သည့် ဟာသနှောသော လူ့ဘ၀ ဇာတ်စုံဇာတ်လမ်းများအနက် ဇွတ်၊ ရည်စားစာ (၀တ္ထုတိုစု) ကျနော်နှင့် လက်တွဲဖော်များ၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ အစရှိသည့် ၀တ္တုများမှာ လူငယ်ထုကြား ရေပန်းစားသော ၀တ္ထုများဖြစ်သည်။

သူ၏ ၀တ္ထုများနှင့် သူရေးသားသည့် ရုပ်ရှင် ဗီဒီယို ဇာတ်ညွန်းတို့ကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က အရုပ် အသံများဖြင့် ဖော်ပြရိုက်ကူးရာ ပရိသတ်၏ အားပေးမှုကို အထူးရရှိ အောင်မြင်ခဲ့သည်။

စာရေးဆရာ နီကိုရဲသည် ဒါရိုက်တာ မောင်မျိုးမင်းနှင့် ကားကြီး ၄ ကားခန့် ဗီဒီယို ၄၀ နီးပါး ရိုက်ကူးခဲ့ဖူးပြီး ကွယ်လွန်ချိန်တွင် ဇနီးနှင့် သားငယ် တဦး ကျန်ရစ်ခဲ့သည်။

 

Comments (9)Add Comment
0
...
written by May, November 24, 2009
့မြန်မာ စာပေ အတွက်ရော ကျွန်မတို့ လူငယ်ပရိတ်သတ် အားလုံးအတွက်ပါ အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတစ်ခုပါ. ........ မယုံကြည်နိုင်သလို အရမ်းလည်းနှမြော တသ ကြေကွဲရပါတယ်....... သူတစ်ယောက်လည်း မသိသလို နှုတ်ဆက်သွားခဲ့ပြန်ပါပြ။ီ
0
ကြယ်တစ်ပွင့်ဆုံးရှံးခြင်း
written by leanghan, October 26, 2009
နီကိုရဲ ရဲ့ဝတ္ထုတွေဟာ ကျွန်တော့်ရဲ့ ဘ၀အမြင် တစ်ချို့ကို ပြောင်းလဲပေးစေပါတယ်။
ကျေးဇူး တင်ပါတယ် ကိုနီကိုရဲ။ ကောင်းရာ သုခတိ လားပါစေဗျာ။
0
...
written by AP, October 26, 2009
ဒီသတင်းကိုတော့ နီကိုရဲ ထုံးစံ အတိုင်း လွဲပါစေလို့ (ဒီတစ်ခါ မလွဲတော့မှန်း သိလျှက်နဲ့) ဆုတောင်း မိသေးတယ် ...
0
...
written by mg thar gyi, October 25, 2009
ကျွန်တော်တို့ကို ပေးခဲ့တာတွေ အားလုံးအတွက် ကျေးဇူးပါဗျာ.. ...........
0
I was shocked!
written by shewillbeours, October 24, 2009
It was too early for him to die.I really feel sad .Ni Ko Ye always made others to laugh .....
0
နှမျောမိတယ်ဗျာ။
written by ဇော်ကြီး, October 24, 2009
ကိုရဲရေ.
လူတွေအောင် အမြဲ ပျော်အောင် လုပ်ပေးတတ်တဲ့ ခင်ဗျားအတွက် ကောင်းရာမွန်ရာ တစ်နေရာ အဆင်သင့် ရှိနေမယ်လို့ ကျနော် ယုံကြည်ပါတယ်။
ခင်ဗျားအတွက် ကျနော်တို့အားလုံး နှမျောမိတယ်ဗျာ။
လေးစားလျက်
ဇော်ကြီး ( Taipei )
0
ဝမ်းနည်းစွာဖြင့်
written by ZMT, October 24, 2009
ကျွန်တော်တို့အား ပေးကမ်းခဲ့သော ရယ်မောခြင်းများ အားလုံး အတွက် အမြဲ ကျေးဇူးတင်လျက် ...
0
ဖတ်ခဲ့ဖူးပါသည်။
written by မြန်မာ, October 24, 2009
မကြည်ပြာနဲ့ ချစ်ခြင်း၏ နဂ္ဂတစ်များ စဖတ်ခဲ့ဖူးတာပါ။ စိတ်မကောင်းပါဘူး။
ကောင်းရာ သုဂတိ လားပါစေ။
0
နောက်ထပ်ကြယ်တစ်ပွင့  ကြွေလွှင့်သွားပြန်ပ ...
written by DeeDoDee, October 24, 2009
တာယာမင်းဝေ ..ကို နှမျောလို့တောင် မပီးသေးဘူး အခု့ နီကိုရဲ ....... မြန်မာစာပေ လောကမှာ ကိုပိုင်ဟန်လေးတွေနဲ့ လိုင်းတစ်လိုင်း ဖောက်ခဲ့ကြသူတွေ ... တစ်ယောက်ပီးတစ်ယောက် ကြွေလွှင့်ကုန်ပီ..စောလွန်းတယ်ဗျာ !! ကျနော်တို့ နောက်ဆို ဘယ်သူစာအုပ်တွေကို သတိတရ စောင့်ဖတ်ကြမလဲ? သူတို့တွေ နေရာ အစားထိုးဖို့ ဘယ်သူတွေကို ကျနော်တို့ ဘယ်လောက် စောင့်ရ ဦးမလဲ ..... ???

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်