ဗိုလ်ချုပ်ကြီးသိန်းစိန်က မြန်မာနိုင်ငံ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ၎င်းတို့၏ လမ်းပြမြေပုံ ၇ ဆင့် လုပ်ငန်းစဉ်နှင့်သက်ပြီး ရှင်းလင်းပြောကြားရာတွင် ယခုကဲ့သို့ ရွေးကောက်ပွဲ ဥပဒေထုတ်ပြန်မည်ဟု ထည့် သွင်း ပြောကြားသွားခြင်းဖြစ်ကြောင်း ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ၏ အဆိုအရ သိရှိရသည်။
“သိပ်မကြာတော့တဲ့အချိန်မှာ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ကြေညာမယ်လို့ ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောပါတယ်”ဟု ထိုင်းဝန်ကြီးချုပ်က ပြောဆိုသည်။
သို့သော် ၂၀၁၀ ရွေးကောက်ပွဲ ပြုလုပ်မည့် နေ့ရက် အချိန်နှင့် အသေးစိတ်ကို ဗိုလ်ချုပ်ကြီး သိန်းစိန်က ထုတ်ဖော် ပြောဆိုခြင်း မရှိဟုလည်း ဆိုသည်။ လေ့လာသူများကမူ ယခုကဲ့သို့ ပြောဆိုသော စကားမျိုးကို ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်ရန် ကြေညာသည့် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလကတည်းကပင် ပြောဆိုသင့်သည်ဟု ဝေဖန်ထောက်ပြကြသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကလည်း လာမည့်၂၀၁၀ ရွေးကောက်ပွဲသည် အားလုံးပါဝင်နိုင်ပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်ဆောင်ရွက်နေကြောင်း ယမန်နေ့ကပြောသည်ဟု ထိုင်း နိုင်ငံခြားရေး ၀န်ကြီး ကဆစ်ဖိရုမ်းက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
မြန်မာ့ရေးရာ အာဆီယံ အမတ်များ(AIPMC) အဖွဲ့မှ ခရိုင်ဆတ် ချွန်နာဗန်က မြန်မာအစိုးရသည် အပြောနှင့် လက်တွေ့ တခြားစီလုပ်ဆောင်တတ်သောကြောင့် ယခုပြောဆိုချက်များသည်လည်း လက်တွေ့ ဖြစ်လာနိုင် မည် မဟုတ်ကြောင်း ပြောသည်။
ယခု ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ၌ နိုင်ငံတကာအသိုင်းအ၀ိုင်း၏ မြန်မာနိုင်ငံနှင့် ပတ်သက် သည့် မူဝါဒဆိုင်ရာ သီးသန့်ဆွေးနွေးပွဲတွင် ခရိုင်ဆတ်က ဤသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အများနဲ့သက်ဆိုင်တဲ့ မူဝါဒ ရှိပါတယ်”ဟု လည်း ခရိုင်ဆတ်က အမေရိကန်၊ ဥရောပ သမဂ္ဂ(EU) ကိုယ်စားလှယ်များနှင့် အာဆီယံနိုင်ငံကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ယနေ့တွင် မြန်မာအစိုးရ ရွေးချယ်ထားသော လူထုအခြေပြု လူမှုအဖွဲ့အစည်း (civil society) ကိုယ်စားလှယ် များအဖြစ် စစ်အရာရှိဟောင်းနှင့် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ဟောင်း ဦးကျော်တင့်ဆွေ၊ ရဲ အရာရှိ ဟောင်းများဖြစ်သော ဦးဝင်းမြိုင်နှင့် ဦးစစ်အောင်တို့ ဦးဆောင်၍ အာဆီယံခေါင်းဆောင်များနှင့်တွေ့ဆုံရန် တက်ရောက် လာခဲ့သည်။
ယမန်နေ့က အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးတွင် မြန်မာအပါအ၀င် ၅ နိုင်ငံမှ လူထု အခြေပြု လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို အစည်းအဝေးသို့ တက်ရောက်ခွင့် မပြုရန် အာဆီယံက ဆုံးဖြတ်ခဲ့သည်။
ယင်းဆုံးဖြတ်ချက်တွင် မြန်မာ့အရေးလှုပ်ရှားသူ ပြည်ပ အခြေစိုက် မခင်ဥမ္မာ အပါအ၀င်၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင် နှင့် စင်ကာပူနိုင်ငံ ကိုယ်စားလှယ်များ ပါဝင်သည်။
ယမန်နေ့က စတင်၍ အောက်တိုဘာ ၂၅ ရက်နေ့အထိ ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကို ထိုင်းနိုင်ငံ ချာ့အမ်းမြို့တွင် ကျင်းပနေခြင်းဖြစ်သည်။
ယင်း ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲသို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်လျက်ရှိသည်။
ဤသတင်းအား ဧရာဝတီ သတင်းထောက် ဝေမိုးက အာဆီယံထိပ်သီး ညီလာခံကျင်းပနေသော ထိုင်းနိုင်ငံ ချာ့အမ်းမြို့မှ ပေးပို့သည်။
Set as favorite
Bookmark
Email this
Hits: 8995
Comments (7)

written by Khin Zaw, October 28, 2009
Actually, Asean benefits more from Myanmar than it costs for Asean reputation. They will endorse whichever junta says as long as they can exploit from us e.g. electricity for Thai, raw gems for their famous gem market, broker fees for Singapore.
written by Chit Zaw Everest, October 26, 2009
မြန်မာနိုင်ငံ ရွေးကောက်ပွဲ အတွက် တရားမျှတစွာ ရွေးကောက် နိုင်မယ်လို့ ထင်သလား လွန်ခဲ့တဲ့ နှစ်တုန်းက ပြည်သူ့ ဆန္ဒ ခံယူပွဲမှာ မြန်မာ စစ်အစိုးရ ဘက်မှ ဘယ်လို စီရင်သွားခဲ့သလဲ ပြည်သူတွေ မမေ့နိုင်သေးဘူးနော်
လက်ကို ကြိုးတုတ်၍ လက်ဝှေ့
ထိုး သဘောပါပဲ။ ဒီတစ်ခါလာမည့် ရွေးကောက်ပွဲလည်း ဒီပုံစံ အတိုင်းပဲ လာမယ်။ သေဘူးလျင်ပျဉ်ဘိုး နားလည်ကြပါ။
လက်ကို ကြိုးတုတ်၍ လက်ဝှေ့
ထိုး သဘောပါပဲ။ ဒီတစ်ခါလာမည့် ရွေးကောက်ပွဲလည်း ဒီပုံစံ အတိုင်းပဲ လာမယ်။ သေဘူးလျင်ပျဉ်ဘိုး နားလည်ကြပါ။
written by JP, October 25, 2009
နှစ်ယောက်စလုံး မျက်နှာတွေက ဘယ်လိုဖြ စ်နေကြတာလဲ... အဘီးဆစ်ကလည်း မချစ်သော်လည်း အောင့်ကာ နမ်းနေတဲ့ပုံကြီး.. ဗိုလ်သိန်းစိန်ကလည်း လိမ်ပြောရ လွန်းလို့  မချိမဆန့်  အားတင်းပြီး ပြုံးထားရတဲ့ ပုံကြီး...
written by vote, October 25, 2009
do ont think..all are same as last..1997..
now..waite and see..what will come in Asean.
now..waite and see..what will come in Asean.
written by ရန်ကင်း, October 24, 2009
၂၀၁၀ က နောက်ထပ် ရက်ပေါင်း ၆၅ ရက် ကျော်ရင် ရောက်ပါပြီ။
ခုထက်ထိ မပြောနိုင် မကြေငြာရဲတာ စဉ်းစား ကြည့်ရင် သိနိုင်ပါတယ်။
ခုထက်ထိ မပြောနိုင် မကြေငြာရဲတာ စဉ်းစား ကြည့်ရင် သိနိုင်ပါတယ်။
written by မောင်သန်., October 24, 2009
လောဘ ရှိတဲ့လူ တွေ ကို လိမ်ရတာ အလွယ်ဆုံးပါဘဲ။
လောဘ ကြီးလေ လိမ်ရ လွယ်လေပါဘဲ။
နောက်ဖေးပေါက် ဆက်ဆန်ရေး မအောင်မြင်တာ အာဆီယံ သိတယ်။
၂၀၀၈ နာဂစ် ဖွဲ.စည်းပုံ အခြေခံ ဘာမှ သုံးမရဘူး ဆိုတာလဲ သိတယ်။(မသိဘူး မထင်ပါနဲ.)
၂၀၁၀ ပီးရင် တက်လာမဲ့ အစိုးရ ဟာ အရပ်သားတမူးသား နဲ့ စစ်အုပ်စု မူတင်း ပေါင်း ကျပ်ပြည်.မယ် ဆိုတာလဲ
အာဆီယံ သိတယ်။ ရွေးကောက်ခံ အစိုးရ(elected & de jure) လို. သိမှတ်ဖို. အာဆီယံ က အသင့်ဘဲ။
ပီး ကမ္ဘာ အလည်မှာ အာဏာသိမ်း စစ်အစိုးရနဲ.ပေါင်းတာ မဟုတ်။ တရားဝင် အစိုးရ နဲ. ပေါင်းနေတာပါလို. လုပ်မယ်။
ဒါလောက်အကွက် ကို မြန်မာပြည်သူတွေ ကလဲ သိနေပါတယ်။
inclusive, fair & free election မဖြစ်နိုင်ဘူး ဆိုတာလဲ(လေထိုး လေ လျော်)အာဆီယံ က သိတယ်။
ခုတောင်မှ ဧည်.၀င်စာရင်းတွေ က စီးပွားရေးအခွင့်အလမ်း လာလေ့လာသူတွေ များနေပီ လို. ညွှန်းပါတယ်။
နအဖ က ရွေးကောက်ပွဲ ဥပဒေ ထုတ်မယ်ဆိုတာနဲ. လဒ၊ ခွေးအ တွေ သဲသဲလှုပ် ဖြစ်နေကြပီ။
အသားကပ်လေး ကျန်မလား လို. ပြည်တွင်းက လူတချို. ကလဲ သရေ တမြားမြား ဖြစ်နေကြပါပီ။
တခါ အလိမ်မိရင် လိမ်တဲ့လူ အပစ်ပါ။
နောက်တခါ ဆို ယုံတဲ.လူ အပစ်ပါ။
၉၇ က စ အလိမ်ခံခဲ့ရတာကို အာဆီယံ မသိတာ ဟာ လောဘ ကြောင့်ပါဘဲ။
ဘာဥပဒေ မှ မရှိတဲ. တိုင်းပြည်မှာ ဥပဒေစကား များများပြောလေ၊ ပိုလိမ်လေဘဲ ဆိုတာ မြန်မာပြည်သူတွေ
ဘ၀ နဲ. ၊မျက်ရေနဲ.၊ သွေးနဲ. ရင်းထားရလို. သိနေပါတယ်။
၂ ခါ၊၃ ခါ အခါပေါင်းများစွာ---- အနှစ်၂၀ကျော်(အာဆီယံထဲ ၀င်တဲ့ အသက် ၁၂ ကျော်) အလိမ်မိတာ အာဆီယံ ရေ လောဘ ကိုဘဲ အပစ်တင်ကြပါစို.။

Write comment
| < Prev | Next > |
|---|