ထိုင်ဝမ် ငါးဖမ်း စက်လှေ ၄ စီးကို မြန်မာတို့ ထိန်းသိမ်း

E-mail Print
မြန်မာ ရေပိုင်နက် အတွင်းသို့ ခွင့်ပြုချက် မရဘဲ ကျူးကျော် ၀င်ရောက်ခဲ့သော ထိုင်ဝမ် ငါးဖမ်းစက်လှေ ၄ စီးကို  မြန်မာတို့က ဖမ်းဆီးထားကြောင်း ထိုင်ဝမ် အဆင့်မြင့် အရာရှိတဦး၏ ပြောဆို ချက်ကို ကိုးကား၍ AFP သတင်းတွင် ရေးသားထားသည်။

အဆိုပါစက်လှေ ၄ စီးပေါ်တွင် ငါးဖမ်းလုပ်သားနှင့် သင်္ဘောသား စုစုပေါင်း ၄၀ ခန့် ပါဝင်ပြီး မည်သည့် အကြောင်းပြချက်ကြောင့် ဖမ်းဆီးသည်ကို ယခုအချိန်ထိ မသိရှိရကြောင်း ယင်း သတင်းတွင် ပါရှိသည်။

ထိုင်ဝမ် ငါးလုပ်ငန်းမှ လက်ထောက် ဒါရိုက်တာ Tsay Tzu-yawက “ထိုင်ဝမ်နိုင်ငံတောင်ပိုင်း Pingtung တရားရုံးမှာ မှတ်ပုံတင်ထားတဲ့ ငါးဖမ်း စက်လှေ ၄ စီးကို ရန်ကုန်မှာ အရင်တပတ်ကတည်းက ထိန်းသိမ်းထားတာကို ကျနော်တို့ အတည်ပြုနိုင်ပါပြီ” ဟူ၍ ပြောသည်။

ဆက်လက်၍ ၎င်းက ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာ အစိုးရနှင့် ဆွေးနွေး ညှိနှိုင်းဖြေရှင်းရန် ငါးဖမ်းလုပ်ငန်း တာဝန် ရှိသူများက ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးကို အကူအညီတောင်းခံထားကြောင်း၊ ငါးဖမ်း လုပ်သားများနှင့် သင်္ဘောသားများကို ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ထိုင်ဝမ် အစိုးရက ကြိုးပမ်းနေကြောင်း ပြောသည်။  

ထိုင်းနိုင်ငံ ဖူးကတ်ကမ်းခြေမှ နိုဝင်ဘာ ၁၈ ရက်နေ့က ထွက်ခွာခဲ့သည့် အဆိုပါ စက်လှေများကို ရေဒီယို အဆက်အသွယ် မပြတ်မီ အချိန်အထိ မြန်မာစစ်တပ်က လိုက်လံ ဖမ်းဆီးခဲ့ကြောင်းလည်း သိရသည်။

ထိုင်ဝမ် အခြေစိုက် သတင်းမီဒီယာများ၏ အဆိုအရ စက်လှေ ၂ စင်း၏ အမည်များမှာ “Ho Yi Fa” နှင့် “Min Cheng Yi” တို့ဖြစ်ပြီး စက်လှေများပေါ်တွင် ထိုင်ဝမ်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား နိုင်ငံများမှ သင်္ဘောသားများ ပါဝင်ကြောင်း သိရသည်။

ရေပိုင်နက်ဆိုင်ရာ ဥပဒေများအရ နိုင်ငံတနိုင်ငံ အနေဖြင့် ကမ်းခြေမှ ရေမိုင် ၂၀၀ အထိ သဘာဝ သံယံဇာတများ ရှာဖွေတူးဖော် ခွင့်နှင့် စီးပွားရေး လုပ်ငန်းများ ချဲ့ထွင်ပိုင်ခွင့်ရှိကြောင်း သိရသည်။
Comments (1)Add Comment
0
ပစ္စည်းကိုယူပါ... လူကိုချမ်းသာပေးနိုပါစေ...
written by Ko J J, November 24, 2009
မြန်မာရေပိုင်နက်ထဲ တရားမဝင် ကျုးကျော်ဝင်ရောက် လာလို့ဖမ်းပြီးရင် ဒဏ်ရိုက်ပေါ့ဗျာ... သင်္ဘောသားတွေ
ကိုတော့ အမြန်ဆုံး ပြန်လွှတ်ပေးပေါ့လေ.. .သမုဒ္ဒရာ ဝမ်းတထွာ ရှာစားနေရတာကြောင့် လူတွေကိုတော့ ထောင်ထဲ
မချုပ်နှောင် ထားစေချင်ဘူး... သူတို့မိသားစုတွေပါ ဒုက္ခမခံစားချင်ပါဘူး.....

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်