မြန်မာ အလုပ်သမားများ အတွက် တရားဝင် စာသင်ကျောင်းများ ဖွင့်ခွင့်ပြုမည်

E-mail Print
ထိုင်းနိုင်ငံရှိ မြန်မာရွှ့ပြောင်း အလုပ်သမားများ ပညာသင်ကြားရန် ပုဂ္ဂလိက စာသင်ကျောင်းများကို အာဏာပိုင်များက တရားဝင် ဖွင့်ခွင့်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စာသင်ကျောင်းများသည် ထိုင်း ပညာရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်၍ဖွင့်လှစ်ရန် လွန်ခဲ့သည့်အပတ်က ပြုလုပ်သည့် အစိုးရ၀န်ကြီးများအစည်းအဝေးမှ အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုင်း အာဏာပိုင်များ၏ ယခုအစီအစဉ်အသစ်ကို အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက ကြိုဆိုလိုက်သော် လည်း ကျောင်းဆရာ၊ ဆရာမများအတွက် အခက်အခဲရှိသည်ဟု ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် အခြေစိုက် အခြေခံ လူ့အခွင့်အရေး ပညာပေးရေးကော်မတီ (GHRE) မှ ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ပြောသည်။

“တရားဝင် ဖွင့်ခွင့်ရတာကတော့ ကောင်းတဲ့ လက္ခဏာဆောင်တယ်၊ ဒါပေမယ့် ကိုယ်တွေအတွက် နည်းနည်း အခက်အခဲရှိ တာက ဆရာ၊ ဆရာမတွေကို ရွေးတဲ့အခါမှာ အခက်အခဲရှိနိုင်တယ်လို့ထင်တယ်၊ ကိုယ်တွေကတော့ အဲဒါကိုပြန်ပြီးတော့ ထိုင်း ဥပဒေနဲ့ ကိုက်ညီအောင် ပြင်ဆင်ထားပြီးတော့ ဆရာ၊ ဆရာမတွေကိုခန့်ဖို့ရှိတယ်”ဟု ကိုထူးချစ်က ပြောဆိုသည်။

GHRE အဖွဲ့သည် ထိုင်းနိုင်ငံရှိ  မြန်မာရွှေ့ပြောင်းအလုပ်သမားများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ်ကိုင်ရသည့် အခြေအနေများ ဖွံ့ဖြိုးမြင့်မားရေးအတွက် လုပ်ကိုင်နေသော အဖွဲ့ဖြစ်သည်။

ကျောင်းတရားဝင် ဖွင့်လှစ်ရေးအတွက် ကျောင်းအဆောက်အဦးအား သီးသန့်ဆောက်ရေး၊ ထိုင်းအစိုးရက ပြဌာန်းထားသည့် သင်ရိုးညွန်တမ်းအရ သင်ကြာရေး၊ ပညာအရည်အချင်း ရှိသော ကျောင်းဆရာ၊ ဆရာမများဖြစ်ရေး စသည့်အချက်များ ပါဝင်နေခြင်း ကြောင့် အခက်အခဲရှိကြောင်း သိရှိရသည်။

ထိုင်း -မြန်မာ နယ်စပ် မဲဆောက်မြို့ အခြေစိုက် Kwe Ka Baung စာသင်ကျောင်းမှ ဒါရိုက်တာ မန်းဗလစိန်ကလည်း ထိုင်းအစိုးရက ချမှတ်သည့် မူအရ ကျောင်းတည်ဆောက်ရန်အတွက် အခက်အခဲရှိသည်ဟု ဆိုသည်။

“ကျောင်းဟာ ကျောင်းနဲ့တူရမယ် ဆိုတဲ့အချက်က မြေကလည်း ဈေးကြီးတယ်၊ အခုပဲ မြေကြီးသွားကြည့်ပြီးတော့ ပြန်လာတယ်၊  မြေက တဧကကို ဘတ်ငွေ ၁၈ သိန်း ပေါက်ဈေးရှိတယ်”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကပ်လျက်တည်ရှိသော မဲဆောက်၊ မယ်လမ၊ ဖုတ်ဖရ စသည့် ထိုင်းနိုင်ငံ အတွင်းရှိမြို့ ၃ မြို့တွင်မြန်မာ ပြည်သား အလုပ်သမားများ၏ သားသမီးများ အတွက် ဖွင့်ထားသော စာသင်ကျောင်း အများအပြား ရှိကြောင်းသိရသည်။

“ဒီမဲဆောက်ဒေသမှာတင် ကျောင်းပေါင်း ၅၀ မှာ တက်နေတဲ့ ကျောင်းသားပေါင်းက ၁၂၀၀၀ လောက်ရှိတယ်”ဟု မန်းဗလစိန်က ပြောသည်။

မြန်မာ ရွှေ့ပြောင်းနေထိုင်သူများအတွက် ပညာရေးဌာန(BMWEC)၏ စာရင်းများအရ ကျောင်းပေါင်း ၆၂ ကျောင်းရှိသည် ဟု ဆိုသည်။ BMWEC နှင့် တရားဝင် အဆက်အသွယ် မပြုရသေးသည့် ကျောင်းတချို့လည်း ရှိသည်ဟု သိရသည်။

ချင်းမိုင်အခြေစိုက် Migrant Learning Center မှ ဒါရိုက်တာ ဒေါက်တာ သိန်းလွင်ကမူ ထိုင်းအစိုးရ၏ ယခုအစီအစဉ် ကို ကြိုဆိုလိုက်သည်။

“ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံက ကလေးတွေအတွက် တရားဝင် ခွင့်ပြုမယ်ဆိုတာ ဒါ ကောင်းတယ်၊ ဘာကြောင့် လဲဆိုတော့ ကလေးတွေက ထိုင်းကျောင်းလည်း မတက်နိုင်ကြဘူး၊ ဘာသာစကားမှာ အခက်အခဲရှိတယ်၊ မိဘတွေ ကိုယ်တိုင်က ထိုင်း ကျောင်းကို မသွားရဲဘူး၊ မိဘတချို့က လက်မှတ်မရှိလို့ လမ်းမှာ ရဲဖမ်းမှာစိုးလို့ စာသင် ကျောင်းတွေကို မသွားရဲဘူး အဲဒီအခက်အခဲ တွေရှိတယ်၊ ဒါကောင်းတဲ့အချက်ဖြစ်တယ်”ဟု ဒေါက်တာ သိန်းလွင်ကဆိုသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးငယ် စုစုပေါင်း ၁ သန်းကျော် ရှိသည့်အနက် သုံးပုံ နှစ်ပုံမှာ မြန်မာ ကလေးငယ်များဖြစ်ကြောင်း သိရသည်။
Comments (1)Add Comment
0
....
written by Burmese, November 27, 2009
ကောင်းပါတယ်ဗျာ၊ သာဓု လည်း ခေါ်ပါတယ်။ သို့ သော် စေတနာ ပါပါစေ၊ လုပ်စားတာမျိုး မဖြစ်ပါစေနဲ့ ဗျာ။ စေတနာပါရင် ဒါမျိုးဟာ အရမ်း မွန်မြတ်ပါတယ်။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်