“ရွှေပြည်နန်း သနပ်ခါး”ကို ဖိလစ်ပိုင်က ဆုချီးမြှင့်

E-mail Print
ဖိလစ်ပိုင်နိုင်ငံမှ ပေးသော ၂၀၀၈ ခုနှစ် အရည်အသွေးဆိုင်ရာ 2008 Global Excellence Awards (GEA)နှင့် ၂၀၀၉ ခုနှစ် သုံးစွဲသူ အကြိုက် 2009 People's Choice Awards ဆု တို့ကို မြန်မာနိုင်ငံရှိ “ရွှေပြည်နန်း” သနပ်ခါး ကုမ္ပဏီအား ချီးမြှင့် လိုက်သည်။

အဆိုပါ ဆုများအား လက်ခံရရှိသည့် အခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်တွင် ယမန်နေ့က ကျင်းပခဲ့ပြီး၊ ဖိလစ်ပိုင် နိုင်ငံ မှ ၎င်းတို့၏ ကိုယ်စားလှယ်ကိုယ်တိုင် လာရောက်ပေးအပ်ကြောင်း ရန်ကုန်မြို့ ရွှေပြည်နန်း ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။ 

“ကျနော်တို့ ဖိလစ်ပိုင်မှာ သနပ်ခါးကို ဖြန့်ချီဖို့အတွက် ကိုယ်စားလှယ်ထားတယ်၊ သူ့နည်း သူ့ဟန်နဲ့ ရောင်းတယ်၊ ရောင်းရင်းနဲ့ သူတို့ ဖိလစ်ပိုင်မှာရှိတဲ့ ဒီဖိလစ်ပိုင် လူမျိုးတွေက ကြိုက်လို့ဆိုပြီး သူတို့က ဒီ သနပ်ခါးဟာ ကောင်းတယ်လို့  အသိအမှတ်ပြု ခံရလို့ အဲဒါကြောင့် ဒီဆုကို ရတယ်”ဟု ၎င်းက ဆိုသည်။  

မြန်မာနိုင်ငံမှ ထုတ်လုပ်သော ရွှေပြည်နန်း သနပ်ခါးများကို ထိုင်း၊ ဖိလစ်ပိုင် နှင့် မလေးရှားနိုင်ငံတို့တွင် ရောင်းချလျက်ရှိပြီး၊ ကိုရီးယာနိုင်ငံသို့ တင်သွင်းရန် စီစဉ်ထားကြောင်းသိရသည်။ ၎င်း သနပ်ခါးနှင့် ရေမွှေး အပါအ၀င် စသည့် အသုံးအဆောင် ပစ္စည်း အမျိုးအစား ၂၀ ခန့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ယင်း GEA သည် ဂုဏ်သိက္ခာရှိသော နိုင်ငံတကာဆုတခု ဖြစ်ပြီး အဆင့်မီ အလှကုန်ထုတ်လုပ်သူများ၊ ကုမ္ပဏီများ၊ လူများနှင့် သက်ဆိုင်သော လုပ်ငန်းများ၊ ဖျော်ဖြေရေးလုပ်ငန်းများကို ချီးမြှင့်ပေးခြင်းဖြစ်သည်။ ၎င်း GEA ဆုသည် ၁၉၉၃ ခုနှစ်က စတင် တည်ထောင်ခဲ့သည့် ၁၅ နှစ်သက်တမ်းရှိပြီဖြစ်သော Asia Pacific Awards ( APEA ) ဆုမှ ခွဲထွက်လာသော ဆုဖြစ်သည်။

သက်တမ်း ၁၈ နှစ်ခန့်ရှိ ရွှေပြည်နန်း ကုမ္ပဏီသည် ထိုကဲ့သို့ မြန်မာ့သနပ်ခါး အား ကမ္ဘာနှင့် မိတ်ဆက်ပေးရန်အတွက် ရိုးရာအလှကုန် ပြခန်းကို ပုဂံတွင် ဖွင့်လှစ်ခဲ့ပြီး ယင်းပြခန်းတွင် ပြသရန်အတွက် နှစ်ပေါင်း ၁၀၀ ရှိ ရှားပါးသနပ်ခါး အပင်နှင့် သွေးရန်အတွက် ကျောက်ပြင်ကို ၁၉၉၉ ခုနှစ်က မြန်မာပြည်တ၀န်း လိုက်လံစုဆောင်းခဲ့ကြောင်း သတင်းများ ဖော်ပြချက် များအရ သိရသည်။

ထို့အပြင် မြန်မာ့သနပ်ခါးသည် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ပြီး မြန်မာနိုင်ငံရောက် ခရီးသွားများအတွက် ၀ယ်ယူကြသည့် အလှကုန် တမျိုးလည်း ဖြစ်သည်။
Comments (3)Add Comment
0
why not for People choice award! ( Reply to burmese comment)
written by blacksky, November 28, 2009
Dear Burmese ..
why not! it's possible .. because Philippine isn't a rich country. So most of the citizen couldn't afford to buy the expensive cosmetic brand that u mentioned.. And the Metro Manila, the capital city of Philippines , is very hot city like Yangon or may even hotter than Yangon..The climate of Philippine is very similar with our country as well. It's no surprise for People's Choice Award.. But actually I'm doubt also with the GEA award..
0
ဂုဏ်ယူပါတယ် သနပ်ခါးလေးရယ်
written by a_bamar, November 26, 2009
ဒီသတင်းဖတ်ရတာ မြန်မာ့သနပ်ခါး အတွက် အလွန်ပဲ ဂုဏ်ယူမိပါတယ်။ ပြည်ပမှာ ပညာသင်ခဲ့စဉ်က အဆောင်မှာနေရင်း သနပ်ခါးလေး လိမ်းထားရင် သူငယ်ချင်းတွေက What is you wearing on your face? What is that yellow make-up? ဆိုမေးကြပါတယ်။ သူတို့ကို ဗမာ့သနပ်ခါး အကြောင်း ပေါက်ရောက်ပုံ နေ့စဉ်အသုံး မိန်းကလေး ယောက်ကျားလေး ပျိုပျိုအိုအို သနပ်ခါးကြို မတ်နိုးကြတာတွေကို သေချာရှင်းပြတော့ သူတို့လဲ စမ်းသုံးကြည့်ချင်ြ ကပါတယ် စာရေးသူအသက်နဲ့စာရင် နုပျိုတဲ့ အသားအရေရဲ့ လျို့ဝှက်ချက်က ဒါဘဲလို့ သူတို့ကပြောကြပါတယ်။ သနပ်ခါးနံမယ် မေ့မေ့ သွားကြလို့ ဂျပန် ၀န်ကြီးချုပ်ဟောင်း တာနာကာ ကိုမှတ်ထားလို့ပြော တော့ Wow you are very smart. ဆိုပြီ တာနာကား လာလာ တောင်းလိမ်းကြပါတယ်။ ဒါပေမယ့် တောင်ကြီးမောက်မယ်ပဲ သုံးတာပါ ရွှေပြည်နန်းက သဘာဝနဲ့ နဲနဲဝေးသလားလို့ မကြိုက်ပါ။ ဒေါ်လာ ၅၀-၆၀ ပေးရတဲ့ Clinique တို့ Loreal တို့ Dior တို့ Revlon တို့တွေသုံး ဖူးကြမှာပါ ဒါပေမယ့် သနပ်ခါးလေး မျက်နှာပေါ် တင်လိုက်ရတဲ့ အေးမြပြီး စိတ်ကိုကြည်လင်သွားတဲ့ အရသာကတော့ ဘယ်မိတ်ကပ် အကောင်းစားကမှ မပေးနိုင်တဲ့ ထင်ရှားတဲ့ ခံစားမှုရသတစ်ခုပါဘဲ . . . Anyway, Congratulation Shwe Pyi Nann.
0
......
written by Burmese, November 25, 2009
တကယ်တမ်းတော့ သနပ်ခါးဟာ အရေပြားကို ပိုမိုချောမွေ့ စေတယ်ဆိုတာ အထောက်အထား ဘာမှကိုမရှိတာပါ။ ကျွန်တော်တို့ ဟာ မိရိုးဖလာအဖြစ်နဲ့ သာ သနပ်ခါးကို သုံးစွဲလာကြတာပါ။ အနံ့ လေးသင်းပျံ့ တာလည်းပါတာပေါ့။ ဒါပေမယ့် ဒီဆုဟာ သွေးရိုးသားရိုး ဆိုတာတော့ မယုံဘူးဗျာ။ ဒီလောက် Loreal, Nivea, Elizabeth Erdin(စာလုံးပေါင်းတော့မသိ)၊ Chanel စတဲ့ ကမ္ဘာကျော် ပစ္စည်းတွေရှိတဲ့ဟာကို ရွှေပြည်နန်းကိုမှ ရွေးပေးတယ်ဆိုတော့။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်