ဖာပွန်မြို့ဗုံးကွဲမှု အများအပြားသေဆုံး

E-mail Print
ဗုဒ္ဓဟူးနေ့ညက လူအများအပြား သေဆုံးခဲ့ရသည့် ကရင်ပြည်နယ် ဖာပွန်မြို့နယ် အတွင်း ဗုံးပေါက်ကွဲမှုမှာ ၎င်းတို့၏လက်ချက် မဟုတ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ယနေ့ ပြောကြား လိုက်သည်။

ဖာပွန်မြို့ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပွဲတော်ရှိ ဈေးဆိုင်တန်းတွင်  KNU က ဖောက်ခွဲမှုတခု ပြုလုပ်သဖြင့် အရပ်သား ၇ ဦး သေဆုံးကာ၊ ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း  အစိုးရ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ထိုသို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“ကရင် တိုင်းရင်းသား အချင်းချင်း နားလည်မှုလွဲအောင် ဒီပေါက်ကွဲမှုကို စစ်အစိုးရက ဖန်တီးတာ ဖြစ်နိုင်တယ်” ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က  ဧရာဝတီကို ပြောသည်။

ကရင်နှစ်သစ်ကူးနေ့တွင် ကရင်တိုင်းရင်းသားများ ထိခိုက်မည့် လုပ်ငန်းများ ဆောင်ရွက်ရန် ဆန္ဒမရှိဟု နော်စီဖိုးရာစိန်က ပြောသည်။

ထိုပေါက်ကွဲမှုသည် “ချိန်ကိုက်စနစ်ဖြင့် ဆက်စပ်ဖောက်ခွဲသည့် ရှေ့ထွက်မိုင်း” ဖြစ်သည်ဟု အစိုးရ ချုပ်ကိုင်ထားသည့် သတင်းစာများတွင် ယနေ့ ရေးသားထားသည်။

ပြီးခဲ့သည့်လ ၁၁ ရက်နေ့ကလည်း ကရင်ပြည်နယ်ရှိ ခရီးသည်တင် သင်္ဘောတစင်းကို သေနတ်သမား တချို့က ပစ်ခတ်သဖြင့် ခရီးသည် ၃ ဦးသေဆုံးသွားကြောင်း၊ KNU က ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

ထိုပစ်ခတ်မှုမှာ KNU ၏ လက်ချက် မဟုတ်ကြောင်း နော်စီဖိုးရာစိန်က ဧရာဝတီကို ယနေ့ ပြောကြားသည်။

ဖာပွန်မြို့တွင် လက်နက်ကိုင်အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများစွာရှိသဖြင့် ဒေသခံ ပြည်သူများ အကြီးအကျယ်  အခက်အခဲတွေ့နေကြသည်။

ဖာပွန်သည် KNU ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ ၅ နယ်မြေတွင် တည်ရှိသည်။

မြန်မာ့တပ်မတော်ကလည်း တပ်ရင်း ၅ ခုကို ဖာပွန်မြို့တွင် အခြေစိုက်ထားသည်ဟု သိရသည်။

အစိုးရနှင့် မဟာမိတ်ပြုထားသည့်  တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ (DKBA) သည်လည်း ထိုဒေသတွင် လှုပ်ရှားလျက်ရှိသည်။
Comments (5)Add Comment
0
How can be KNU?
written by Myanmar Pyi Thar, December 21, 2009
In Myanmar, Junta controls everything. KNU and DKBA will fight each other because their belief.
(In fact, Saw Htay Maung was making use by Juta. You can watch that video in Ko Htike's blog)
Both KNU & DKBA knew that by planting the bomb, they gain nothing. Some more, both of them had agreed to the truce initiated by Myaing Gyi Ngu Sayardaw.
It's only poissible that Junta has planted the bomb and accused KNU because they control the media in Myanmar (they shout loudest)
Everyone shoud download and read "Mistakes of Shan State" in yeyintnge.com to understand how these minority tribes such as Karens and Shans had been systematically divided by Militaryto their advantages. We should respect all our minorities and bring up their levels to demonstrated that we are sincere. This is only way to achieve United Myanmar. Otherwise, the History will be very ugly in future.
0
ယုံအောင်ပြောကြပါ...
written by မောင်မြန်မာ, December 21, 2009
နအဖက ကေအန်ယူလို့ပြော ၊ကေအန်ယူက နအဖ လို့ပြော။ ဒါတွေနှင့်ပဲ မြန်မာ ပြည်သူတွေ သေကြေဒဏ်ရာရ
တာတွေ မနည်းတော့ဘူး...။
0
တို့ တတွေ ဘယ်လဲ၊ ဘာလဲ၊
written by မန်းကိုကို, December 19, 2009
ပြည်မ အစိုး၇၇ဲ့ ဝါဒဖြန့် ချီေ၇း တိုက်ကွက် နောက်တစ်ခုတော့ လာတွေ့ ၇ပြန်ပါပြီ။

ဖတ်တဲ့သူနဲ့ ကြည့်မြင်တဲ့ဘက် အပေါ် မူတည်ပြီး ထင်မြင်ချက်တွေ အတော်တော့ ကွဲကြပါလိမ့်မယ်။

သတင်းနဲ့ စာနယ်ဇင်းကို ထိန်းချုပ်ထားတဲ့ ပြည်မ အစိုး၇အနေနဲ့ သတင်း တစ်ခုကို လိုသလို ဆွဲလွင့်ပြီး

လေညာက အနေသာကြီး လုပ်နေနိုင်ပေမယ့် KNU, DKBA နဲ့ သာမန် စာဖတ်ပ၇ိတ်သတ်တွေ၇ဲ့ တုံ့ ပြန်မှုတွေကိုတော့ စိတ်ဝင်စားမိတယ်။

ပထမဆုံးအနေနဲ့ က သာမန် စာဖတ် ပ၇ိတ်သတ်တွေ အနေနဲ့ အစိုး၇ဆန့် ကျင်ေ၇းလုပ်နေတဲ့ အင်အားစုတွေဆီမှာ သာမန်ပြည်သူ တွေကို ထိခိုက်အောင် လုပ်ဖို့ မူဝါဒ မရှိတာ အတိအကျ သိမှ သိကြ၇ဲ့ လား ဆိုတာကတော့ သံသယ ဖြစ်စ၇ာ ရှိတာတော့ အမှန်ပါ။
0
နအဖ လက်ချက်
written by zawone, December 18, 2009
နအဖ လက်ချက်ဆိုတာ သေချာတယ်။ သွေးထိုး၊ မြှေက်ပင့်၊ ကုန်းချော၊ ရန်တိုက်၊ အောက်လမ်းနည်း ပေါင်းစုံ သုံးတတ်တာ နအဖတွေရဲ့ အစဉ်အလာ ကြီးမားတဲ့ စရိုက်ပဲ။
အ တဲ့လူတွေတော့ ကိုက်ကြအုံးမယ် အချင်းချင်း။
0
...
written byုကျော်မျိုး, December 18, 2009
KNU မှမဟုတ်ရင် ဘယ်သူ့  လက်ချက်လဲကွာ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်