ဗိုလ်မှူးဝင်းနိုင်ကျော်အား အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်၊ အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရ ထောင် ဒဏ် ၁၅ နှစ်၊ အစိုးရနှင့်သက် ဆိုင်သော စာရွက်စာတမ်းများ ပေါက်ကြားမှု ပုဒ်မ ၆/၃ အရ ထောင်ဒဏ် ၂ နှစ်၊ တရားမ၀င်နိုင်ငံခြား ငွေကြေးကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက်ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဥရောပရေးရာဌာန အကြီးတန်း စာရေးများ ဖြစ်သည့် ကိုသူရကျော် (ခ) အောင်အောင် ကိုလည်း အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ အရ သေဒဏ်နှင့် အီလက်ထရွန်နစ် ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် စုစုပေါင်း သေဒဏ်နှင့် ထောင်ဒဏ် ၁၅ နှစ်၊ ကိုပျန်စိန်(ခ) ကိုအစီးအား အီလက်ထရွန်နစ်ပုဒ်မ ၃၃/ခ အရထောင်ဒဏ် ၁၅ နှစ် အသီးသီးချမှတ်ခြင်း ခံခဲ့ရကြောင်းသိရသည်။ယခုပြစ်ဒဏ်ပေးခံရသူများသည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့် မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်က အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
ဗိုလ်မှူး ၀င်းနိုင်ကျော်သည် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့သူ စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး( ၂ ) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိနှင့် ထောက်လှမ်းရေးအရာရှိအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်၊
ယခင်က ၎င်းနှင့်အတူ စစ်အစိုးရ ရုံး ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းပါ အဖမ်းခံခဲ့ရပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းတချို့လည်း အရေးယူခံရမှုများရှိကြောင်း သိရသည်။
Set as favorite
Bookmark
Email this
Hits: 14508
Comments (21)

written by ဦးမောင်, June 08, 2010
ဒီလို အဇြစ်မျိုးတွေ ကို သင်္ခန်စာယူပြီး ဗိုလ်မှူးတို့ရဲ့ လမ်းစဉ်ကို လိုက်ကြပါ၊ ဗိုလိမှူးတို.ကလည်း လမ်းညွှန် အကြံဥာဏ် တွေ ပေးကြပါ၊
written by BRIAN, January 11, 2010
As we all know he had been accused of various and sentenced with death. However, it is the sign of disagreement, disobedience and revolutionary spirit dwelling in his heart. That was what he can revenge against injustice of Military leadership. As I recognized that he is a brave man because he leaked out the classified information of the projects and connections to the public knowing that he may face the military tribunal and sentenced to death. But no matter what a soldier mean, giving his life to the nation. He did the right thing. He did not give his life to Than Shwe's family but for the cause of the Nation. This kind of military infrastructures are old style and also useless for defending our nation. The money being spent by he government is to threaten the regional countries with ballistic missiles.
The Major did what he could in his hand. This is the time for us to brainstorm how and what we can to pull out our nation form the darkness. My suggestion is all democracy loving retired military officials should form a new political party or join the right parties which strongly follow the democratic principles. The currently serving high ranking officers should gather the crucial information of undemocratic movement of the Junta and reveal to the public as the major did for the Citizens sake.
I wish all the Burmese people living in peace and living under the shade of Justice.
GOD BLESS MYANMAR

written by white peacock, January 09, 2010
ဒီစနစ်ဆိုးက ရာထူး အကြီး၊ အငယ် ဆင်းရဲ ချမ်းသား ဘယ်သူမှ သက်သာမှာ မဟုတ်ဘူး။ ကိုယ်က အပေါ်ရောက် နေတုန်း သာယာ တယ် မထင်နဲ့ အလည့်ကျတော့ မနွဲ့ကြ စတမ်းဘဲ။ နမူနာ ဖြစ်တဲ့ ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်တင်ဦး၊ ဗိုလ်ခင်ညွန့် တို့ကိုကြည့်ပြီး သံဝေဂ ရသင့်နေပြီး။ ကျုပ်တို့ အားလုံး နောင်လာ နောက်သား တွေတွက် ဘာလို့ ဆိုးမွေတွေ ထား ကြမှာလဲ။ အရိပ်နေနေ အခက် ခြိုးခြိုး ဆိုတဲ့ တကိုယ်ကောင်းစိတ် ရှိတဲ့ ဗိုလ်ချုပ် သုံး၊ လေးဦး လောက်နဲ့ ဆုံးဖြတ် ပြုလုပ်ထားတဲ့ ဒီစီမံကိန်းတွေ တတိုင်းပြည်လုံးသိတော့ ဘာဖြစ်လဲ။
written by susu, January 09, 2010
မဟုတ်တာလုပ်ရင် ပြောရမယ်။ မမှန်တာလုပ်ရင် ထောက်ပြရမယ်။
အာဇာနည် ၀င်းနိုင်ကျော်နှင့် အပေါင်းအပါ များကို အလေးပြုလျက်
မင်းရဲ့သူငယ်ချင်း
ဗိုလ်မှူးကြီး
အာဇာနည် ၀င်းနိုင်ကျော်နှင့် အပေါင်းအပါ များကို အလေးပြုလျက်
မင်းရဲ့သူငယ်ချင်း
ဗိုလ်မှူးကြီး
written by ဇင်ယော်, January 09, 2010
ဗိုလ်မှူး ၀င်းနိုင်ကျော်ဟာ သူရဲကောင်း မဟုတ်ပါ။ စဉ်းစားရေး စဉ်းစားတွေး ကြပါ။ အပေါ်က ရေးသွားသလိုပဲ နအဖ နဲ့ တိုင်းပြည်ကို ခွဲ ခြား သိမြင်ပါစေ ။ ပိုက်ဆံတွေက ပြည်သူ့ ပိုက်ဆံတွေ ပဲ သုံးနေတာ ဖြစ်တယ်။ ဥမင် ပဲ ဖေါက်ဖေါက် ဘာပဲ လုပ်လုပ် ပြည်သူ့ ပိုက်ဆံ တွေ ပါ ။ တကယ်တော့ သူလည်း နောက် ကွယ်ကနေ ခိုင်း သူတစ်ဦး ရှိနေပုံရတယ်။ တိုင်းပြည် ကို ချစ်မလား ၊ ကိုဝင်းနိုင်ကျော် လုပ်တာကို ချစ်မလား ခွဲခြားပါ၊ တွေးတောပါ၊ ရမ်းမရေးပါနဲ့
written by Cho Tuu Mar, January 08, 2010
စွန့်စွန့် စားစား အသက်ပေး သတင်း ပေးသွားသူ သူရဲကောင်းတွေကို ဂုဏ်ယူပါတယ်။
ကျန်ရစ်သူ မိသားစုတွေ အတွက် စိတ်မကောင်း စာနာ မိပါတယ်။ မွေးသမိခင် ဘခင် များ သားကောင်း ရတနာတွေ အတွက် ဝင့်ြွကားစွာ ဂုဏ်ယူပါ။
ပြည်ချစ် စစ်သားကောင်း အစစ်တွေကို ဗိုလ်ခင်ညွန့်တို့၊ သူ့ရဲ့ တပည့်ကျော် အခြေအနေ မလှလို့ ပြန်တော် မပြန်သူတွေနဲ့ မနှိုင်းနဲ့နော်။ သန့်သန့် ကလေး ဂုဏ်ပြုပါရစေ။

written by ပုဏ္ဏားဘကွန်း, January 08, 2010
ဂျိုကုပ်ကြီး ရဲ့ မြေလျှိုး မိုးပျံ မဲ့ အစီအစဉ် ကို၊ ကမ္ဘာသူ ကမ္ဘာသားတွေ သိသွားတော့၊ ဂျိုကုပ်ကြီး ဆတ်ဆတ်ထိ နာ လိမ့်မပေါ့။ ဒီလို မြန်မာ သူရဲကောင်းတွေ ဖိနှိပ်ချုပ်ချယ် တဲ့ ခေတ် အဆက်ဆက် မှာ ပေါ်လာစမြဲ ပါ။ သေဒဏ်ပေးရုံ မျှနှင့် ဒီလို သူရဲကောင်းများ ပျောက်သွား လိမ့်မည် မဟုတ်။ ဒီလို စံနစ်မျိုး ကို အော့နှလုံး နာနေတဲ့ ပြည်သူ နှင့် အတူ၊ တပ်တွင်း သူရဲကောင်းများ ပို၍ ပေါ်လာ ပေဦးမည် မှာ မလွဲပါ။ နောက်ဆုံးတွင် စစ်အာဏာရှင် တို့သည် သူတို့၏ "သေဒဏ်" ကြောင့် သူတို့ လည်း တန်ပြန် "သေ"ရလတ္တံ့။ ဤကား "ကြောင်းကျိုး ဆက်ဆပ်မှု အမှန်တရား" ဖြစ်သည်။ ထို့ကြောင့် ဂျိုကုပ်ရေ အလှည့်ကျ မနွဲ့စတန်း နော်၊ "ဘာခုမှ ကြောက်ပါပြီ" လဲလို့ မဟောက် လိုရပါ။ "သူရဲကောင်းများ အား အစဉ် လေးစားပါ၏"။
written by reporter, January 08, 2010
နောင်တက်မဲ့ အစိုးရ လက်ထက်ေ ရာက်ရင် လွှတ်ပါစေလို့ ဆုတောင်းပေးပါတယ်
written by ကျော်ကျော်, January 08, 2010
နှစ်သစ်ကူးလို့  ၈ ရက်ဘဲရှိသေးတယ် DVB သတင်းထောက် မလှလှဝင်း နဲ့  အထက်ပါ သတင်း(၂)ခု ဖတ်လိုက်ရပြီ ၂၀၁၀ ဟာ မြန်မာပြည်တွက် အဖမ်းအစီး သေဒဏ် စီရင်ချက် နဲ့ စလာပါပြီ...............
စိတ်မကောင်း ဖြစ်မိပါတယ်
စိတ်မကောင်း ဖြစ်မိပါတယ်
written by pomulima, January 08, 2010
Should we just keep our mouth shut and let Junta kill more people?????What is UN doing and those organization doing for prisoner?????There is no secret in this Globalization Era!Hey Junta ,If you don't do any dirty business why sentence to death????This is a big question for all media to raise. Why do we have to let this Junta kill more and more people and abuse more?
written by ရဲသွေးနီ, January 08, 2010
စစ်အာဏာရှင် စနစ် အောက်မှာ အာဏာရှင်တွေရဲ့ လုပ်ရပ်တွေကို တကမ္ဘာလုံး သိအောင် အသက်စွန့်ကာ ထမ်းဆောင်ပေး ခဲ့တဲ့အတွက် အလေးပြုပါတယ် ဗိုလ်မှူးရေ...
စစ်သားချင်း တူပေမယ့် စိတ်ဓါတ်ခြင်း မတူဘဲ လူယုတ်မာ ဖက်ဆစ်တွေရဲ့ အကြောင်းတွေ ဖော်ထုတ်ခ့ဲလို့ သေဒဏ် ပေးခံရပေမယ့် ဗိုလ်မှူးရဲ့ နာမည် သမိုင်းထဲမှာ ဘယ်တော့မှ သေမှာ မဟုတ်ပါဘူး။
ဖက်ဆစ်တွေ အောက်မှာ နေရတာထက် သေရတာမြတ်တယ် ဆိုတာ တပ်မတော်သားတွေ သိသင့်ပါတယ်။
ဗိုလ်မှူး အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ...

written by Spore, January 08, 2010
Hi soldiers...
It really miserable news and we all, public will mourn at all time u all..To me, your great effort could be compared to our Democracy Icon, Daw Aung San Su Kyi as u all have to bet your life on it.
It’s not doubt “you all would never die in our heat while Junta planed to hang you”….
Cheers!!!!!!

written by Pauk Gyi, January 08, 2010
သေဒဏ်ချထား ပေမယ့် တကယ်ကြိုးမပေး ပါဘူးလေ။ နောက် အစိုးရ တက်လာရင် ပြန်လွတ်လာပါစေ။ လွတ်မယ် ထင်ပါတယ်။ အင်းစိန် ထောင်က ကြိုးစင်မှာ ကြိုး မရှိတော့ဘူးလို့ ထောင်ဝန်ထမ်း တစ်ဦးက ပြောပါတယ်။ နောက်ထပ် သူရဲကောင်း တွေ မဖြစ်လာအောင် ဟန့်တား အမိန့်ချတာ ဖြစ်မှာပါ။(တရားမ၀င် နိုင်ငံခြား ငွေကြေး ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ ) ဒါဆို ဒေါ်လာ ကိုင်ထားတဲ့ စစ်သား တွေရော ၊ နောက် သတင်း တပ်ဖွဲ့ နိုင်ငံကူး လက်မှတ် ထုတ်ပေး ရေးဌာနက ရဲတွေရော ၃ နှစ်ပေါ့နော်။ မရှင်းလို့ပါ
written by Ko Ko, January 07, 2010
အင်း လျှို့ဝှက်ဥမင် လိုဏ်ခေါင်းတွေတောင် အဆင်သင့် တူးဖော်ဖိြု့ ကံနေပြီဆိုတော့ သိပ်မကြာတော့ဘူးနဲ့ တူတယ်နော့်။
စိန်တောင်မှ အမှုန့်ဖြစ်အောင် ကြိတ်နိုင်သေးတာပဲ၊ ရွှေလောက်ကတော့ အပျော့ပဲပေါ့- ဇာဂနာ ပြောခဲ့သလို ပေါ့ဗျာ။
အီရတ်မှ ဆဒ်ဒမ်ဟူစိန် အလှည့်တော့ ပြီးသွားပြီ မြန်မာမှ ရွှေရွှေတို့ အဖွဲ့ပဲ ကျန်တော့တာပေါ့။
စိန်တောင်မှ အမှုန့်ဖြစ်အောင် ကြိတ်နိုင်သေးတာပဲ၊ ရွှေလောက်ကတော့ အပျော့ပဲပေါ့- ဇာဂနာ ပြောခဲ့သလို ပေါ့ဗျာ။
အီရတ်မှ ဆဒ်ဒမ်ဟူစိန် အလှည့်တော့ ပြီးသွားပြီ မြန်မာမှ ရွှေရွှေတို့ အဖွဲ့ပဲ ကျန်တော့တာပေါ့။
written by Myo Chit, January 07, 2010
Salute to our heroes, they are great in Bravery and risk their life to bring the high level secrets to all media and our people.
There is no different between people and military servicemen. I can say that there are still a lot of Revolutionaries in Burma Military to against Junta Dictators.
There is no different between people and military servicemen. I can say that there are still a lot of Revolutionaries in Burma Military to against Junta Dictators.
written by Han Zaw, January 07, 2010
သိပ် လေးစားစရာ ကောင်းတဲ့ သူတွေလို့ ထင်တယ်၊ မိသွားရင် အသက် ပေးရမယ်ဆိုတာ မသိပဲ နေမှာ မဟုတ်ပါဘူး
စစ်အာဏာရှင်ရဲ့ အတွင်းကြိတ် အကြံအစည်တွေကို ပြည်သူတွေ၊ နိုင်ငံတကာကလူတွေ အစိုးရတွေသိအောင်
သိပ် တန်ဘိုးရှိတဲ့ သက်သေ အထောက် အထားတွေကို အသက်နဲ့ ရင်းပြီး ပို့ပေးခဲ့တာ လူတိုင်း လုပ်နိုင်တဲ့ အလုပ် တစ်ခုတော့ မဟုတ်တာ သေချာပါတယ်၊ ဒါကြောင့် လေးစား ဂုဏ်ယူပါတယ်၊
” ရဲသော်မသေ-သေသော်ငရဲမလား “

written by မျိုးလွင်, January 07, 2010
ရာဇဝင်မှာ စုဖရားလတ်နဲ့ တိုင်တားမင်းကြီးတို့ မိမိ အာဏာတည် မြဲဖို့အတွက် မင်းညီမင်းသားတွေ၊ မှူးမတ် ဗိုလ်ပါတွေကို သတ်ဖြတ်ထောင်သွင်း အကျဉ်း ချခဲ့တာ၊ အခုလဲ အဲလိုမျိုးပဲ့၊ ပြောတော့ နိုင်ငံတော် လုံခြုံရေးနဲ့ အချုပ် အချာ အာဏာကို ထိပါးလို့၊ အမှန် ကတော့သူတ အာဏာကို ထိပါးလို့။ ကိုယ့် အလှည့် မနွဲ့စတမ်းပေါ့ ဝဋ္ဋ်ဆိုတာ လည်တတ် စမြဲလေ။
Write comment
| < Prev | Next > |
|---|