တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက် သူရ ၄ လမ်းနေ ဒေါ်ကြည်လေး အသက် ၅၉ နှစ်သည် ချော်လဲရာမှ တင်ပါးဆုံရိုးကျိုးသွား သည့်အတွက် အောင်ရတနာဆေးခန်းသို့ပို့ဆောင်ခဲ့ကြောင်း၊ ထို့နောက် ဇန်န၀ါရီလ ၅ရက်နေ့ ညနေ ၄နာရီ ၁၅မိနစ်တွင် ခွဲစိတ် ခဲ့ရာ မိနစ်ပိုင်းအကြာတွင် လူနာသေဆုံးသွားပြီဟု ဆေးရုံမှ တာဝန်ရှိသူ ဆေးရုံအုပ်ကြီးကလာရောက် အကြောင်းကြားကြောင်း သေဆုံးသူ၏ သမီးဖြစ်သူ မအေးအေးသော်က ဧရာဝတီသို့ ပြောသည်။
“ခွဲခန်းရှေ့မှာ ကျမထိုင်စောင့်နေတုန်း သူတို့ပျာပျာသလဲနဲ့ ဓာတ်မီးတောင်းတယ်၊ ဆေးပုလင်းတွေထပ်တောင်းတယ်၊ အဲ့သည် က တည်းက ဒီတင်ပါးဆုံရိုးခွဲတဲ့ အသေးအမွှားပြဿနာလေးကို ဘာကြောင့် ပျာနေသလဲလို့တော့တွေးမိတယ်”ဟု ၎င်းကဆိုသည်။
သေဆုံးမှုနှင့် ပတ်သက်ပြီး သွေးကြောအတွင်း သွေးခဲ၍ အဆုတ်တွင် သွားရောက် ပိတ်ဆို့မှုကြောင့်ဖြစ်သည်ဟု အောင်ရတနာ ဆေးခန်းမှ ကျန်ရစ် သူမိသားစုအား ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါဆေးခန်းမှ တာဝန်ရှိသူများသည် လူနာနှင့်တကွ လူနာရှင်အား မခွဲစိတ်မီလက်ရှိအခြေအနေအား ရှင်းလင်းပြောကြား ခြင်းမရှိကြောင်းလည်း မအေးအေးသော်ကပြောသည်။
လူနာမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့က ချော်လဲပြီး လက်နှင့် တင်ပါးဆုံရိုးပါကျိုးသွားသည့် အတွက် အဆိုပါ ဆေးခန်းတွင် ပထမအကြိမ် ကုသမှုခံယူခဲ့ရကြောင်း၊ သို့သော် သက်သာမလာသည့်အတွက် ပြီးခဲ့သည့် တနလာင်္နေ့ကမှ ထပ်မံ တက်ရောက် ကုသခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
မအေးအေး သော်က ဆက်လက်ပြီး ခွဲစိတ်ကုသမှု မပြုလုပ်မီ လူနာ ကြံ့ခိုင်မှုနှင့် ပတ်သက်၍ စစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း၊ နှလုံး စမ်းသပ်သည့် စက်မရှိ၍ အာရှတော်ဝင်ဆေးခန်းတွင် ဆရာဝန်ကြီး ဦးတင်သန်းဖြင့် စစ်ဆေးစေခဲ့ရာ မည်သည့် ရောဂါမျှ မရှိဟု ဆေးမှတ်တမ်းထွက်ခဲ့ကြောင်း၊ ထို့အပြင် သွေးတိုး၊ ဆီးချို စသည့် ရောဂါများလည်း မရှိသည့်အတွက် အောင်ရတနာ အထူးကုဆေးခန်းမှ အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာ သီဝတင်၏ ခွင့်ပြုချက်ဖြင့် ခွဲစိတ်စေခဲ့ကြောင်း ဆိုသည်။
လူနာအား ထုံဆေးပေး၍ ခွဲစိတ်ကုသရာတွင် အရေပြားအလွှာနှင့် ကြွက်သားတလွှာကိုသာ ခွဲစိတ်ရသေးသည်ဟု ခွဲစိတ် ဆရာဝန်ကြီး ဒေါက်တာမြင့်ဆွေက သေဆုံးသူ၏သမီးဖြစ်သူ မအေးအေးသော်အား ပြောကြား သွားကြောင်းသိရသည်။
ခွဲစိတ်ဆရာဝန်မှာ အရိုးအကြောအထူးကုဆရာဝန်ကြီး ဖြစ်ပြီး မေ့ဆေးဆရာဝန်မှာ ဒေါက်တာဒေါ်မိမိအောင် ဖြစ်သည်ဟု သေဆုံး သူ မိသားစုဝင်များကပြောသည်။
သေဆုံးသူ၏ တူဖြစ်သူ ကိုကြည်ဝင်းကလည်း“ဆေးရုံက မန်နေဂျာရော၊ ဆေးရုံအုပ်ကြီးပါ လာတောင်းပန်တယ်၊ အားလုံး လိုလေ သေးမရှိအောင်ကူညီတယ်”ဟုပြောသည်။
သေဆုံးသူနှင့်ပတ်သက်၍ ဆေးရုံမှ ဆေးကုသစရိတ်နှင့် သဂြိုလ် စရိတ်၊ ပန်းခွေ၊ ရေသန့်ဘူး အစရှိသဖြင့် ကူညီပေးကြောင်း၊ယခုကုသမှု အောင်မြင်ခဲ့လျှင် ကုန်ကျစရိတ်မှာ ကျပ် ၁၂သိန်းခန့်ရှိကြောင်း ကိုကြည်ဝင်း ကပြောသည်။
ကျန်ရစ်သူမိသားစုအနေဖြင့် ယခုကဲ့သို့ သတင်းမီဒီယာများအား ပြောကြားရခြင်းမှာ သက်ဆိုင်ရာဆေးခန်းထံမှ ငွေကြေးတစုံတရာ ရယူလိုခြင်း၊ တရားစွဲဆိုလိုခြင်းကြောင့် မဟုတ်ကြောင်း၊ ဈေးနှုန်းကြီးမြင့်သည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၏ ပေါ့ပေါ့ ဆဆကုသနေမှု၊ သာမန် ပြည်သူများအနေဖြင့် ကျန်းမားရေးကုသမှု အခက်အခဲများကို သက်ဆိုင်ရာနှင့် အများပြည်သူများ သိစေရန်ဖြစ်ကြောင်း မအေးအေးသော်က ပြောသည်။
အဆိုပါဆေးရုံသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ ဆေးရုံမန်နေဂျာ ကိုဝင်းစိုးဦးက သေဆုံးမှုမှာမှန်ကန်ကြောင်း ပြောကြား ခဲ့သော်လည်း ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းထွန်းအား ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်း မရှိပေ။
မကြာသေးမီကလည်း ရွှေဂုံတိုင် အထူးကု ဆေးခန်း( SSC )တွင် မခိုင်ရွှန်းလဲ့ရည် ဆိုသည့် ကျောင်းသူတဦး ဆရာဝန်၏ ကုသမှု မှားယွင်းခဲ့သဖြင့် သေဆုံးခဲ့သည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများသည် ဈေးကွက်စီးပွားရေးစနစ်အတွင်းသို့ ၀င်ရောက်လာသော်လည်း ကျွမ်း ကျင်မှုနှင့် အတတ်ပညာပိုင်း၊ ရုပ်ဝတ္တုပစ္စည်းပိုင်းတွင် တခြားသော အိမ်နီချင်းနိုင်ငံများကဲ့သို့ အားမကောင်းကြောင်း မြန်မာနိုင်ငံ ဆရာဝန်များအသင်း(မန္တလေး)မှ ဒု ဥက္ကဌ (၂) ဒေါက်တာဝင်းရှိန် က သုံးသပ်ဝေဖန်သည်။
“နည်းပညာရော ကျင့်ဝတ်တွေကင်းမဲ့နေတာကိုလည်း ထည့်တွက်ရမယ်”ဟု ၎င်းက ဆိုသည်။
လူနာများအား ကုသမှုပေးရာတွင် ထိရောက်မှုအရှိဆုံးနှင့် အကောင်းဆုံးနည်းလမ်းများကို အသုံးပြုကုသပေးရမည်ဖြစ်ကြောင်း၊ ဆေးကုသမှု မပြုလုပ်မီ လူနာနှင့်တကွ လူနာရှင်များအား ရောဂါအခြေအနေကို ကောင်းကျိုး ဆိုးကျိုးများကို သေချာစွာ ရှင်းလင်း သိရှိစေရန် အသိပေးရမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့က ရန်ကုန်အနောက်ပိုင်း ပြည်သူဆေးရုံကြီးတွင် ပြုလုပ် သည့် အစည်းအဝေး၌ ကျန်းမာရေးဝန် ကြီးဌာန ဒု ၀န်ကြီး ဒေါက်တာပိုင်စိုးက ဆရာဝန်ကြီးများကို ပြောကြားခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သေးသည်။
Comments (23)

written by Richard, January 12, 2010
The quality and equipment which are using in MM are in poor which compare to oversea countries. But, pls, remember the difference of cost also. E.g, in this case, the $ is just 1,200,000K = US 1200 only. If in Singapore, at least, US 30K, may be more than that. Last time, I enquiry to cure my teeth problem, they said about S$ 2K. So, I went back and did it in SSC, just give 50,000K only. So, I just give 50,000K + S$400 (air ticket) were done for my teeth problem.
Also, I tell you an actual case in Singapore. A patient who suffered Blood cancer, come and attended at SGH. After tested all required checking to patient, DR said she will be last for next 6mth at least. After that, before she went back, she and her family went around Singapore as she was look like a normal people. We went around Singapore freely. But, a day before they went back, she immediately got unfeeling well and once arrived to SGH, we lost her. How do you say on that case? She was checked at SGH carefully and said at least 6mth, but now just 3 days only. How? Is it DR's lack of skill or equipment fault ? (This is an actual case. Base on her urgent funeral matter, that was faced a lot of difficulty because they are just visitors and just faced suddenly, a Singapore Nar Yay Ku Nyi Yay association is on the way to LIVE.)
Pls, appreciate to our MM Drs who sacrifice and work in MM with poor facilities and medical equipment as much as they can.
Pls, co-operate each other. If we donot understand upon them and blame them, they will surely do not dare to proceed with confidence and good-hearted.
Pls, appreciate our MM Dr.

written by Blogger Lay, January 11, 2010
သေချာစွာ စိစစ်ပါ။ သတင်း အမှန်ကို တင်ပါ။ ပွဲဆူအောင် မလုပ်ပါနဲ့။
Dr Naing ပြောသွားတဲ့ comment က တန်ဖိုးရှိပါတယ်။ ပညာတတ်မှန်း သိသာပါတယ်။ wood tigar, mama, မေနှင်းဖြိုးတို့ ပြောသွားတာလဲ ကောင်းလှပါတယ်။ PK ပြောတာလဲ မှန်ပါတယ်။
နောက်နောင် အားလုံး ဆင်ခြင်နိုင်ပါစေ။ irrawaddy online magazine ဟာ လူကြိုက်များလှတဲ့ မြန်မာ သတင်း ဝက်ဆိုဒ်လေးပါ။ ကျွန်တော် အမြဲဖတ်တဲ့ စာနယ်ဇင်းလေးပါ။ ဒီ စာစောင်က လူတွေနဲ့ အဆက်အသွယ် မရှိ ထိတွေ့မှု မရှိပေမယ့် လေးစားပါတယ်။ သတင်းမှန် သတင်းကောင်းတွေကို တင်စေချင်ပါတယ်။
မြန်မာဆရာဝန်များဟာ ဆေးပညာကို နှစ်ရှည် သင်ရပါတယ်။ အဲ့ဒီ့ထဲက တချို့ဟာ နိုင်ငံရပ်ခြား အထိ သွား ပညာ ယူပြီး မြန်မာပြည်ပြန်လာ အမိမြန်မာပြည်ကို လုပ်ကြွေးနေတာပါ။ နှစ်ပေါင်း ၂၀ ကျော် ၃၀ ကြာမှ အဆင့် တခုကို ရောက်လာရတာပါ။ ဒီလိုမျိုး ဆရာဝန်အမှား မဟုတ်သော်လဲ နားမလည်တဲ့ သောကနဲ့ လူနာရှင်များလဲ များစွာ ရှိပါတယ်။ သူတို့ ပြောတဲ့ အတိုင်း မဆင်မခြင် သတင်းအဖြစ် တင်လိုက်မယ်ဆိုရင် ဆရာဝန်များ အတွက် အလွန်နစ်နာပါတယ်။ ဒီ သတင်းမျိုးကို မတင်ခင်မှာ အမှန်တက်ကျွမ်းတဲ့ ဘက်မလိုက်တဲ့ ဆရာဝန် ၂ ယောက် ၃ယောက်လောက်ရဲ့ အမြင်ကို အရင် ရယူသင့်ပါတယ်။ သတင်းအမှန် ဆရာဝန် အမှား ဆိုတာ သေချာပါမှ သတင်း အဖြစ် တင်သင့်ပါတယ်။ မဟုတ်ရင် အပြစ်မဲ့ ဆရာဝန်တွေ အတွက် အလွန် နစ်နာပါတယ်။
မြန်မာပြည်မှာ တက်ကျွမ်း ထက်မြတ်တဲ့ ဆရာဝန်ကြီးတွေ အလွန် ရှားပါတယ်။ မြန်မာပြည်က ဆရာဝန်များဟာ ပစ္စည်းကိရိယာ ဆေးဝါး မလုံမလောက်နဲ့ ကုနေရတာပါ။ ရန်ကုန်ဆေးရုံကြီးက ဆရာဝန်တွေကို သွားကြည့်ပါ။ လူနာဆီက ပိုက်စံ မရတဲ့ အပြင် မိမိ အိပ်ကပါ ပိုက်စံ စိုက်ပေးနေရတာပါ။ အပြင်ဆေးခန်းမှာ ဆေးကုရင်လဲ ရတဲ့ ပိုက်စံက နိုင်ငံတကာမှာ ရတဲ့ ပိုက်စံနဲ့ ယှဉ်ရင် အလွန့်ကို ပါးပါးလေးပါ။ သူတို့မှာ မိသားစုရှိပါတယ်။ မမှားသော ရှေ့နေ မသေသော ဆေးသမား ဆိုတာ မရှိပါ။
အပြုသဘော သက်ရောက်တဲ့ သတင်းမျိုးကို လက်ခံပေမယ့် ဒါမျိုး သတင်းကိုတော့ လက်ခံဖို့ အလွန် ခက်ခဲပါတယ်။
အဆုတ်ထဲမှာ သွေးခဲပြီး ဆုံးသွားတာဟာ (pulmonary embolism) ... အရိုးကျိုးလို့ အိပ်ယာထဲ လဲနေတဲ့ လူနာ တွေမှာ (immobilization) အတွေ့ရ များပါတယ်။ ဆရာဝန်ရဲ့ အမှားလို့ ပြောဖို့ အလွန်ခက်ခဲပါတယ်။ ဒါမျိုး လူနာရှင်တွေ ကို နိုင်ငံအနှံ့ လိုက်ရှာပြီး ရေးမယ်ဆိုရင် တနေ့ကို သတင်း ၁၀ ခုလောက် ရေးလို့ ရနိုင်ပါတယ်။

written by Aung Aung, January 11, 2010
လူ နာ နဲ့လူနာရှင်က သဘောတူကြောင်း လက်မှတ် ထိုးပြီးရင် ဆရာဝန်က လူသတ်ခွင့် ရပြီပေါ့နော်
ကောင်းလိုက်တဲ့ comments တွေပဲ သူတို့ သားသမီး မိဘတွေကျမှပဲ ဘယ်လို ပြောကြမယ် ဆိုတာ ကြည့်ရအောင်ပါ

written by ကိုကိုထိုက်, January 11, 2010
လူတိုင်း လူတိုင်း အမှားဆိုတာ ရှိကြပါတယ်။ မှားသင့်တဲ့ အမှား ရှိသလို၊ မမှားသင့်တဲ့ အမှားတွေလည်း ရှိပါတယ်။
အရင်တုန်းက ကျနော်တိြု့ ပည်သူတွေ ကျမ်းမာရေး ၀န်ဆောင်မှု မှားယွင်းချက် တွေသာမကပါဘူး.... အခြား ကဏ္ဍ အသီးသီးမှာလည်း ခံစားခဲ့ ရတာတွေ ဒုနဲ့ ဒေးပါပဲ။ အဆိုးဘက်က ကြည့်ရင် တော့ အဆိုးကို မြင်မှာ ဖြစ်သလို.. အကောင်း ဘက်က ကြည့်ရင်လည်း အကောင်းကို တွေ့မှာပါ။ သတင်း သမားကတော့ သတင်းနောက် လိုက်မှာပဲ..
ဒါ သူ့အလုပ် .. အဲဒီ သတင်းကို ဖတ်ရှုသူက လွတ်လပ်စွာ ဝေဖန်ပိုင်ခွင့်ရှိပါတယ် .. ဒါကို ကျွန်တော် မပြောလိုပါဘူး..
အရင်တုန်းက အခုလို ကိစ္စတွေ ဖြစ်ခဲ့တာက လေထဲမှာပဲ ပျောက်သွား တာပါ။ အခု မီဒီယာကြောင့် လေထဲမှာ မပျောက်တော့ဘူး..ကျနော်တို့ ခင်ဗျားတို့ အားလုံး သိနိုင်နေပါပြီ။ ဒီကိစ္စကို မှားသည် ဖြစ်စေ ၊ မှန်သည် ဖြစ်စေ.
မီဒီယာက မဖော်ထုတ်ခဲ့ရင် .. ဆေးပညာ လောက မှာမှ မဟုတ်ဘူး.. ဘယ် နယ်ပယ်မှာ ပဲ ဖြစ်ဖြစ်.. မှားယွင်းမှုတွေ ရှိနေရင်တောင်မှ ဟိုလိုလိုဒီလိုလိုနဲ့ .. ပြင်ဆင် ချင်မှ ပြင်ဆင်မှာပါ... အခု လူတိုင်း သိတဲ့ ကိစ္စဖြစ်တဲ့ အတွက် မပြင်ချင် ရင်တောင်မှ မပြင်လို့ မဖြစ်တော့ဘူး.........
ပြီးတော့ ဆရာဝန် ဆိုတာ ပညာတက်တယ် ဆိုတာကို လက်ခံပါတယ်.. အဲဒီဆရာဝန်တွေ ... ကျနော်တို့ထက် ပညာတက်တဲ့ လူတွေကလည်း “မသိတဲ့သူတွေ ကတော့ မသိသလို နေလိုက်ပါ ဆေးလောကနဲ့  ခွဲစိတ် ဆရာဝန်တာ ဒီကိစ္စတွေကို အတွင်း ကျကျ သိပါလိမ့်မယ်...” ဆိုတာကို ပြောနေမယ့် အစား ပြည်သူလူထုကို
လေပြေလေး နဲ့တော့ ပြောပါဗျာ..... ကိုယ့် မြန်မာနိုင် ငံသူ/သား အချင်းချင်းပဲ.... ပြည်တွင်းမှာ .. ထမင်းစားဖို့
အတွက် တော်တော်လေးကို အချိန်ပေး ကြိုးစားနေရတော့ သူတို့မှာလည်း လေ့လာချိန်မရှိပါဘူး....
မသိတာလည်း ဟုတ်မှာပေါ့......... ကိုယ်က နားလည်နေရင် သူတို့ကို သေသေချာ ချာလေး ရှင်းပြပေးပါဗျာ....

written by koko, January 11, 2010
Q: How do you know you can't trust doctors and lawyers?
A: Because they both "practice" their professions.

written by တက်လူနိုင်, January 11, 2010
မြန်မာ. သမိုင်းမှာ သင်ဘူးတာက "အလောင်းစည်သူမင်း" က တစ်ပါးတည်းပါ... အခုမှ သမိုင်းကို ပြန်ပြင်ရမလားပဲ..
ပေတို.ဘ၀ ကတော. နည်းမျိုးစုံနဲ. ကို တွေ.နေပါတော.လား... အနုနည်းရော အကြမ်းနည်းရော စုံလို.ပါကွယ်...

written by naungsitmine, January 11, 2010
ယခုကဲ့သို့ သတင်းမျိုး များများ ဖော်ပြပေးမှသာ ဆရာဝန်များ ပေါ့ပေါ့ဆဆ ကုသခြင်းမှ ကင်းဝေသွားမည် ဖြစ်ပါသည်
written by Richard, January 11, 2010
I 100% agree with Ma Ma and Woodtiger. Though I am not a Dr, pls, consider wisely. If you think Dr can cure 100% always without any risk in any case, it is not fair for them.
written by သို့ , January 11, 2010
" ဒီတင်ပါးဆုံရိုး ခွဲတဲ့ အသေးအမွှား ပြဿနာလေးကို ဘာကြောင့် ပျာနေသလဲ လို့တော့ တွေးမိတယ် "
မအေးအေးသော်
ဘယ်သူကများ ဒီ case ကို အသေး အမွှားလေး လို့ ပြောခဲ့ပါသလဲ ? ဘယ် ဆရာဝန်က ပြောခဲ့ပါလဲ ?

written by aye htun aung, January 10, 2010
When i lived in burma for long time ago,i suffered with my teeth bledding...so i met with doctor at the hospital...She said that there is no medicine in hospital so you can come to my clinic...so i went there...After 3 year,i moved to thai burma border (three pagoda) and i went to thai hospital for to get my teeth-treatment..Oh...I really noticed that it totally different...hospitality,treatment,skill all are really different with burmese's health service...I not blame to our doctors and nurses....Who is the responbility???...Burmese military government is really stupid...it will take so long time to improve like thailnd in burma...it is too for shwe burma...
written by BO BO GYI, January 10, 2010
They should have honenty, compassion, ethics, courage, knowledge and confidence.If one of all, lack by them,you may die.
BO BO GYI.
BO BO GYI.
written by Dr.Naing, January 10, 2010
လူနာမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်နေ့က ချော် လဲပြီး လက်နှင့် တင်ပါးဆုံရိုးပါ ကျိုးသွားသည့် အတွက် အဆိုပါ ဆေးခန်းတွင် ပထမအကြိမ် ကုသမှု ခံယူခဲ့ရ ကြောင်း.......... ....... ..... ..... .... ........... ........ .......
ဇန်န၀ါရီလ ၅ရက်နေ့ ညနေ ၄နာရီ ၁၅မိန စ်တွင် ခွဲစိတ် ခဲ့ရာ မိနစ်ပိုင်း အကြာတွင် လူနာသေ ဆုံးသွား...... ...... .... .....
(၁၄ ရက်ခြားပါသည်)
လူနာအား ထုံဆေး ပေး၍ ခွဲစိတ်ကု သရာတွင် အ ရေပြားအလွှာနှင့် ကြွက်သားတ လွှာကို သာ ခွဲစိ တ်ရသေးသည်..........
(ထုံဆေးဆိုသည်မှာ ခါးရိုးအတွင်း ထိုး၇သောထုံဆေြး ဖစ်ပါလိမ်.မည်...)
လူနာမှာ အသက် ၅၉နှစ် ၊အမျိုး သမီး(သွေးဆုံးပြီး ဖြစ်နိုင်).....
ပထမ ခွဲစိတ်မှု အပြီး ၁၄ ရက်ကြာ အိပ်ယာထဲလှဲနေရသူ.....(Bed Ridden)
အားလုံးကြို ခုံကြည်.လိုက်ရင်...
သွေးကြော အတွင်း သွေးခဲ၍ အဆုတ်တွင် သွားရောက် ပိတ်ဆို့မှုကြော င့်ဖြစ်သည်ဟု အောင်ရတနာ ဆေးခန်းမှ ကျန်ရစ် သူမိသားစုအား ပြောကြား....ဆိုတာ အမှန် အတိုင်ြး ဖစ်နိုင်ပါသည်....
သွေးကြော အတွင်းဆိုတာ ခြေသ လုံး သို. ပေါင် ကြွက်သား အောက်တွင် ရှိသော သွေးပြန်ကြောများ အတွင်း သွေး ခဲခြင်းဖြစ်ပါ လိမ့်မည်....Doppler Ultrasound scan ရိုက်မြ ကည်.လျှင် မသိနိုင်ပါ။
မခွဲစိတ်မီ လူနာတို င်းက်ုလည်း ရိုက်မ ကြည့်ကြပါ.....
ရှိသမျှရ စစ်ကြည်.မည် ဆိုဦးတော့ ခွဲစိတ်မှုတွင် ဘာမှ မဖြစ်ပါဟု ပြောမရပါ...၁၂သိန်း မကလည်း ကုန်ပါ လိမ့်မည်...
မီဒီယာများ စိစစ်မှု မပြုပဲ(ဆေးပညာရှင်၏ ထင်မြင်ချက် ကြိုတင် မရယူပဲ) ကေ.စ်တွေ.တိုင်း ရေးနေ လျှင်
နောက်ပိုင်း ကျန်းမာရေး စောင့်ေ ရှာက်မှုတွင် နွေးထွေးမှု ပျော က်ပျက်ပြီး၊ အကုန်အကျလည်း ပိုများ လာပါလိမ်.မည်...
ကောင်းလာနိုင် တာတွေလည်း ရှိသလို ဆိုးလာနိုင်တာ တွေလည်း ရှိနေပါသည်...
တရားသူကြီးများသော်မှ မဆုံးဖြတ်မှီ ဆေးပညာရှင်၏ ထင်မြင်ချက် ရယူလေ.ရှိ သည်ကို သတိ ပြုစေ လိုပါသည်.....
လူနာရှင်များနှင့် လူနာများ အနေ နှင့်လည်း သဘောတူ ခွင့်ပြုကြောင်း လက်မှတ် မရေးထိုးမီ
သေချာစွာ ချင်ချိန် စဉ်းစားကြ စေလိုပါသည်...မရှင်းလျှင် ရှင်းလင်း နာလည်သည် အထိမေြး မန်းနိုင်ပါ သည်...
သဘောတူခွင့်ပြုကြောင်း လက်မှတ် ရေးထိုးပြီးလျှင် နောက်ပိုင်း ဖြစ်ပေါ်လာနိုင်သော ကိစ်စများသည် မိမိတို.၏
တာဝန်သာ ဖြစ်ကြောင်း လည်း နာလည်စေ အပ်ပါသ ည်...မိမိသ ဘောတူထား သောအပို င်း၏အ လွန်တွင်ဖြ စ်သည်ဟု
ယူဆလျှင် တရားစွဲဆိုနိုင်ပါသ ည်...
မသေချာပဲထင်ရာပြော မိသဖြ င့်တစ်ဘ က်ကိုနစ် နာစေမိ လျှင် မိမိကြို ပန်လည်တရားစွဲဆိုခံရနိုင်ပါသည်.....
မြန်မာနို င်ငံဆရာဝန်အသ င်းနှင့် မြန်မာနိုင် ငံဆေးကော င်စီ နှစ်ခုစလုံးမှ တရားစွဲဆိုမည်.အ ကြောင်း
တရားဝန်ထုတ်ပြန်ေ ကြငြာထားပြီးဖြ စ်ကြောင်းကိုလဲသိေ စအပ်ပါသည်.....
ကျန်းမာေ ရးစောင့် ရှေင့်မှုအပိုင်းမှ မှားယွင်းမှုများကို အမှန်တ စ်ကယ်ထုတ်ဖော် ပေးနိုင်ပါ လျှင်
ကျောန ပ်စွာလက်ခံကြို ဆိုပါသည်ခင်ဗျား..................။

written by ဖာခေါင်း, January 10, 2010
ဒါက ခွဲစိတ် ဆရာဝန် မမှားမှ မဟုတ်တာ. အဆုတ်မှာ သွေးကြော ပိတ်တာ ဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ.
သူတို့ ကုသပေးလို့ ကောင်းသွားတဲ့သူ အများကြီးကိုတော့ ထည့် မတွက်ဘူး

written by မေနှင်းဖြိုး, January 09, 2010
လူနာ က မိနစ်ပိုင်း အတွင်း သေတယ် ဆိုတာ ဆရာဝန်ရဲ့ အမှားလဲ မဟုတ်ပါဘူး... သူ့ ရဲ့ ကိုယ်တွင်းက ဒဏ်ရာနဲ့ လဲ ဆိုင်ပါတယ်... ကိုယ်တွင်းမှာ ဖြစ်တဲ့ဒဏ်ရာ ကို ဘယ်လိုမှ မမြင်နိုင်ကြသလို အကြောတွေထဲမှာ ပိတ်သွားတဲ့ သွေးလမ်ြးေ ကာင်းကိုလဲ သေချာစွာ စစ်ဆေးမှ သိနိုင်ပါတယ်... တင်ပဆုံရိုးခွဲတာကို အသေးအဖွား ကိစ္စလို့ ပြောတဲ့ သူကတော့ သေချာတယ် ပညာမတတ်လို့ ပါ... ဘယ်ရောဂါမဆို အသေးအ ဖွားဆိုတာ မရှိဘူး...
ဒီကိစ္စကို လူကြီးတွေကလဲ သေချာ စစ်ဆေးပြီးမှ ပစ်ဒဏ် ပေးသင့်တယ်... မသိတဲ့သူတွေ ကတော့ မသိသလို နေလိုက်ပါ ဆေးလောကနဲ့  ခွဲစိတ် ဆရာဝန်တာ ဒီကိစ္စတွေကို အတွင်းကျကျ သိပါလိမ့်မယ်...
လေးစားစွာဖြင့် (မေနှင်းဖြိုး) ခေတ္တ Australia

written by mama, January 09, 2010
this is not the operational fault or doctor's fault. this is the most common cause of death in fracture neck of femur operation because of pulmonary embolism or fat embolism.
(1) the patient has already bed ridden and the blood clot is already formed in her blood circulation.
(2) while doing surgery, the fat in the bones are coming out and go into the blood circulation and patient can die anytime during the surgery.
so the lay persons will not understand these emergency medical conditions. most of the doctors explain the pros and cons of the any operations. the patient has to sign whether he or she understand them very well and he or she has to take her own responsibility.
everybody should know almost every or any kind of surgery is a risk for every or any person with or without good medical conditions.

written by woodtiger, January 09, 2010
I would like to comment the above story.
Who said the operation is a minor one. All doctors and all educated persons know hemiarthroplasty is a major operation. Old age is another risk.
So, it will be better not to write a thing without basic knowledge about them.
Please forgive me cos I can't type in Myanmar.
Please read the following link and know more about the operation and risk.
http://www.acta-ortho.gr/v591/3.pdf
Table 3. Postoperative morbidity
Early general complications
Deep vein thrombosis 8,8% 4,9%
(clinically diagnosed)
Pulmonary embolism 3,5% 3,5%
Chest infections 3,7% 2,1%
Gastroplegia 2,5% 2,1%
Fat embolism 0% 2,1%
Table 4. Postoperative morbidity
Early local complications ΑΜ% TΗ%
Dislocation 2,5% 2,1%
Fractures of femoral neck 3,7% 2,1%
Superficial infection 3% 2,1%
Deep infection 0% 0%
Foot drop 0% 0
Let's make our country and world better for all.

written by ye Aung, January 09, 2010
I just talked to A South African guy tonight. He said his country is destroyed by white governments who discriminated black peoples.
After 45 years of ruling, now white people realise what they have done their country.
That's the same thing happening in Burma. I don't dare to think what is Burma gonna be like in next two or three generation if the current government keeps doing what they are doing.
Wake up Ko Than Shwe, one day you will regret so much for what you are doing now.

written by BO BO GYI, January 09, 2010
The doctors are same as lawers, the only difference is that lawers merely rob you, whereas doctors rob you and kill you too.ANTON CHEKHOV.
Remind by BO BO GYI
Remind by BO BO GYI
written by Tun Shwe Khaing, January 09, 2010
မီဒီယာ တွေရဲ့ အရေး ပါမှုကို အထင် အရှား မြင်လာနေရလို့ အရမ်း ၀မ်းသာပါတယ်။
written by မောင်သန်.။, January 08, 2010
ဒါမျိုးဟာ---professional issue ဖြစ်ပါတယ်။ သေမှုသေခင်း အရ ခွဲစိပ်မှု ဆိုတာတွေ လုပ်ဖို. လိုအပ်ပါမယ်။
ရင်ခွဲရုံ မပို.ချင်ဘူး ဆိုတဲ. အစဉ်အလာ စွဲလမ်းမှုတွေ ရော၊ တဖက်က လူမှုရေး အကူပါ လို.ပြောနေတာ ကို အပစ်ရှိလို. ကူတာပါ ဆိုတာမျိုး ကျနော်တို. လက်ခံဘို. အခက်အခဲ ရှိပါတယ်။
ယနေ. သွေးမ၀ယ်ပါ-- ဆိုပီး ကြော်ငြာ ချိတ်ထားတဲ့ ပု၈္ဂလိက ဆေးရုံတွေ တွေ.ဘူးပါတယ်။
အားလုံး ကို သိမ်းကျုံး ပီး အပစ် ပြောလို.မရနိုင်ပါ။
တကယ်တမ်း အပစ်ရှိတာ က အခွန်တွေ မတရား ကောက်ပီး ဘာမှ မယ်မယ်ရရ regulation မလုပ်ခဲ့တဲ့(၀ါ)မလုပ်၇ဲ ခဲ့တဲ့ ကျန်းမာရေး ၀န်ကြီးဌာန ကို ကြီးမှူးနေတဲ့ နအဖ ဖက်ဆစ် စစ်အုပ်စုပါ။
ဒါကို မျက်ခြေ ပြတ်ပီး-- professional issue ကို ငါသိ၊ ငါတတ်--(ပီး ငါ ဦး--) လုပ်နေ ကြရင်တော့ မီဒီယာ သမားတွေ မှာဘဲ တာဝန် ပိလာပါလိမ့်မယ်။။
ဒါမျိုးတွေနဲ. စစ်ဖက်ဆစ်တွေ က ၂၀၁၀ အမီ ပညာရှင်တွေ ကို အပုတ်ချလာမှာ စိုးရိမ်မိ ပါကြောင်း။

Write comment
| < Prev | Next > |
|---|

စာဖတ်သူများ ကြားပြီးသား လားတော့မသိပါဘူး...ဟိုတလောက SSC မှာဆုံးသွားရှာတဲ့ မခိုင်ရွှန်းလဲ့ရည်ရဲ့ မိဘများ ကတော့ သူ့သမီးအတွက် အရော်ရတဲ့သိန်းနှစ်ထောင်နဲ့ ကားအကောင်းစားကြီးဝယ်စီးလို့နေပါတယ်တဲ့ (တော်တော်ဝမ်းနည်းတယ်နဲ့တူပါတယ်).. SSC ဆေးရုံနဲ့ဆရာဝန်ကြီးကရော်လိုက်ရပါတယ်တဲ့...(media သမားတွေဘယ်ရောက်ကုန်ပြီလဲ!!!!)
Lawyers တွေက patients နဲ့ပေါင်းပြီးအဖွဲ့အစီးတစ်ခုဖွဲ့ထားပါတယ်တဲ့...ဒီလိုကိစတွေအမှုလိုက်ဖို့လို့ဆိုပါတယ်...အခုဆိုလူနာတွေနဲ့ တရားသူကြီးတွေပေါင်းပြီး ဆေးရုံနဲ့ဆရာဝန်ကြီးစီက အရော်ရအောင် လုပ်စားဖို့ကြံစီနေကြပါတယ်...
Journalists တွေကလဲ ဘယ်ဆေးရုံမှာ ဘယ်တော့ဘာဖြစ်လို့ သတင်းယူဖို့ပဲဆောင့်နေကြတယ်လို့သိရပါတယ်...အဲ့ဒီတော့ အရေးပေါ်ဆို ဘယ်ဆရာဝန်ကမှ တာဝန်ယူခွဲစိတ်မပေးရဲတော့ပါဘူးတဲ့...ဒီတော့လူနာတွေပဲနစ်နာတာပေါ့...သူတို့ဒါကိုနားလည်ကြရဲ. လားမသိပါဘူး..Journalists တွေကကော ဒီလိုသတင်းမျိုးတွေ မလိုက်ဘဲ ဘယ်ဆရာဝန် ဘယ်တော့အမှားလုပ်မလဲပဲ ဘာလိုစောင့်ကြည့်နေကြပါလဲ...
media သမားတွေအနေနဲ့ ဆေးပညာအတိမ်အနက်ကို မသိပဲ ဒီလိုမရေးသားသင့်ပါဘူး ... အကယ်လို့ ရေးသားမယ်ဆိုရင်တောင် သတင်းအတိအကျ အမှန်အကန်သိရအောင် နှစ်ဦးနှစ်ဘက်စလုံးကို အသေအချာမေးမြန်းစုံစမ်းပြီးမှသာ သတင်းထဲထည့်သင့်ပါတယ်..