NLD အလုပ်အမှုဆောင် ကော်မတီ တိုးချဲ့ဖွဲ့စည်း

E-mail Print
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဗဟို အလုပ်အမှုဆောင် ကော်မတီ (CEC) တွင် အဖွဲ့ဝင်သစ် ၉ ဦး ထပ်မံတိုးချဲ့ရန် ယနေ့ ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။

လက်ရှိ အသက် အရွယ်ကြီးရင့်သော NLD ခေါင်းဆောင်များကို အနားပေး နုတ်ထွက်စေခြင်း မရှိဘဲ CEC အဖွဲ့ဝင်သစ်များဖြင့်  တိုးချဲ့ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

bridgeအဖွဲ့ဝင် သစ်များ၏ အမည်များကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။ ယခင်က အဖွဲ့ဝင် ၁၁ ဦးရှိခဲ့ရာမှ ယခု ထပ်မံ တိုးချဲ့ဖွဲ့စည်း လိုက်သဖြင့် CEC အဖွဲ့ဝင် ၂၀ ရှိလာမည် ဖြစ်သည်။

NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက “ ဆုံးဖြတ်ချက်က ချပြီး ပေမယ့်လည်း ဥပဒေရေးရာ ကိစ္စတွေ၊ လုပ်ငန်းဆိုင်ရာ ကိစ္စတွေကို ဆောင်ရွက်နေတဲ့ အခါကျတော့က ချက်ချင်း လက်ငင်း မထုတ်ပြန်နိုင် သေးပါဘူး။ နောက်လာမယ့် တနင်္လာ နေ့ကျမှ ထုတ်ပြန်ပါမယ်” ဟု ဆိုသည်။

ယခင်က ထုတ်ပြန် ထားသည့် ကြေညာချက် ၇/၁၀/၀၉ အရ ဆောင်ရွက်ခြင်း ဖြစ်ပြီး နိုင်ငံရေး လိုအပ်ချက် အရလည်းကောင်း၊ အသက်အရွယ်ကြီးရင့် နေပြီဖြစ်သော CEC အဖွဲ့ဝင်များ၏ နိုင်ငံရေး တာဝန်များကို အောင်မြင်စွာ ဆက်လက် ထမ်းဆောင်နိုင်ရန် အတွက် လည်းကောင်း အားဖြည့် ဖွဲ့စည်းခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

အသစ်ရွေးချယ်ထားသည့် CEC အဖွဲ့ဝင်များမှာ အသက်အရွယ်အားဖြင့် ၆၀ ၀န်းကျင်ခန့် ရှိကြောင်း ပါတီနှင့် နီးစပ်သည့် အသိုင်းအ၀န်းက ဆိုသည်။

NLD ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်က “ပါတီအနေနဲ့ စည်းလုံးညီညွတ်နေတယ်ဆိုတာကို ပြသဖို့ ဘယ်သူမှ နုတ်ထွက်တာ မရှိပါဘူး၊ နောက်အသစ် ရွေးချယ်လိုက်တဲ့ သူတွေက ပါတီအတွက် ပိုအလုပ်လုပ်နိုင်လိမ့်မယ်” ဟု ဆိုသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် NLD ပါတီ အနေဖြင့် ပြည်သူလူထုကို ကိုယ်စားပြုရမည့်အစား ပါတီ ရှင်သန် ရပ်တည်ရေးအတွက် ဆောင်ရွက်ခဲ့သော ပါတီ၏ ခေါင်းဆောင်မှုနှင့် ပတ်သက်၍ ပါတီဝင် လူငယ်များက မကျေမနပ် ဖြစ်ခဲ့ကြသည်။

ယခုအဖွဲ့ဝင်သစ်များဖြင့် ထပ်မံတိုးချဲ့ ဖွဲ့စည်းလိုက်ခြင်းကြောင့် NLDပါတီ အနေဖြင့် ပြည်သူလူထုကို ခိုင်ခိုင်မာမာ ဦးဆောင်နိုင် လိမ့်မည်ဟု ယုံကြည်သူများလည်း ရှိနေသည်။

"အခုအချိန်မှာ ပါတီက လူထုကို ကိုယ်စားမပြုနိုင်ရင် နောက်ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ တချို့လူကြီးတွေက အသက်တွေ တော်တော်ကို အိုနေပြီ၊ သူတို့ကိုလည်း မထုတ်ဘူး၊ နောက်အသစ် ထပ်ဖွဲ့စည်းတယ် ဆိုတော့ ကျနော်တို့ ကြိုဆိုပါတယ်၊ လက်ခံပါတယ်” ဟု ကျောက်ပန်းတောင်းမြို့နယ် NLD ပါတီဝင် ကိုအေးခိုင်က ဆိုသည်။

ပြီးခဲ့သော ဒီဇင်ဘာလက NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ အဖွဲ့ဝင် ဦးလွန်းတင်တို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် NLD ၏ CEC ကို ပြန်လည် ဖွဲ့စည်းရန်အတွက် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

၂၁ နှစ်အတွင်း NLD ပါတီ အနေဖြင့် စစ်အစိုးရ၏ ဖိနှိပ်မှုကြောင့် မျိုးဆက်ပြတ်တောက်ရသည့် ပြဿနာကို ကြုံတွေ့ခဲ့ရပြီး ယခုအခါတွင် CEC အဖွဲ့ဝင် ၁၁ ဦးအနက် ၆ ဦးမှာ ကျန်းမာရေး ချို့ယွင်းလျက်ရှိသည်။

ပါတီကို ပြန်လည် ပြင်ဆင်ခွင့်ရှိသည်ဟူသော ၁၉၈၉ ခုနှစ် ရွေးကောက်ပွဲ ကော်မရှင်၏ထုတ်ပြန်ချက် ၂၄၅ အရ NLD ပါတီသည် CECအဖွဲ့ကို ပြန်လည် ဖွဲ့စည်းသည့် ထုတ်ပြန်ချက်တစောင်ကို ၂၀၀၉ နိုဝင်ဘာ ၁၆ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပရေး ကော်မတီ နှင့် စစ်အစိုးရသို့ ပေးပို့ခဲ့သည်။

CEC အဖွဲ့တွင် ၂၀၀၈ ခုနှစ် စက်တင်ဘာလက အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သော ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ ပါဝင်သည်။

NLD အဖွဲ့၏ CECများ ဖြစ်ကြသော ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ အဖွဲ့ဝင်များဖြစ်သည့် ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ဦးသန်းထွန်း၊ သခင်စိုးမြင့်နှင့် ဦးလှဖေတို့၏ အသက်များမှာ ပျမ်းမျှအားဖြင့် အသက် ၈၀ နှင့် ၉၀ကြားတွင် ရှိနေကြပြီဖြစ်သည်။

စစ်အစိုးရက အကျယ်ချုပ်ထားသည့် ဒု ဥက္ကဌ ဦးတင်ဦးသည်လည်း အသက် ၈၃ နှစ်ရှိကြောင်း သိရသည်။
Comments (4)Add Comment
0
ခေါင်းဆောင်ပိုင်ွးေ တကယ် အပြောင်း အလဲ လုပ်သင့်ပါတယ်
written by kyaw, January 12, 2010
လုပ်နိုင် ကိုင်နိုင်မယ့် မျိုးဆက်သစ်တွေ အတွက် နေရာ ဖယ်ပေးသင့်ပါတယ်။ ဒါပေမယ့် တစ်ကယ့် တစ်ကယ် လုပ်မယ့်လူတွေ အတွက် ပြောတာပါ။ ကျွန်တော်တို့ လိုချင်တဲ့ ခေါင်းဆောင်ဟာ တုံးဆိုတိုက် ကျားဆို ကိုက်မယ့် လူမျိုး မဟုတ်ဘူး။ အမြော်အမြင်ကြီးကြီးနဲ့နိုင်ငံရေး ဦးဆောင်မှု ပေးနိုင်မယ့် လူမျိုး၊ ဦးသန်းရွှေနဲ့ သူတင် ကိုယ်တင် နိုင်ငံရေး ကစားနိုင်မယ့် ပုဂ္ဂိုလ်မျိုး လိုချင်တာပါ။ ဂန္ဒီလို ပုဂ္ဂိုလ်မျိုးပေါ့။ ဘယ်နိုင်ငံရဲ့ အကူ အညီကို မ မယူဘဲ ပြည်သူ့ အားနဲ့ (ပြည်သူတွေကို သွေးမြေ မကျစေဘဲ) ဒီမိုကရေစီ လမ်းကြောင်း ပေါ်ကို ဆောင်ယူ သွားနိုင်မယ့် ခေါင်းဆောင်မျိုးတွေ လိုချင်ပါတယ်။
0
to baba
written by Wine, January 12, 2010
I think we are lucky to see NLD still united. If you think those old NLD leader could not do nothing, please think about old military leaders.
0
နားသင့်ပါပြီ
written by ရေမြွေ, January 12, 2010
အသက်ကြီး ပြီဖြစ်တဲ့ NLD EC အဖွဲ့ ၀င်များ၊ နားသင့်ပြီဟု ယုံကြည်ပါတယ်။
ဘဘတို့ အနေနဲ့ ပြည်သူတွေ ဖက်ကနေ မားမား မတ်မတ်ရပ်၊ NLD အတွက် အလုပ် လုပ်ပေးခဲ့တာ ကျေးဇူး တင်ပါတယ်။
အသက်အရွယ်ပိုငယ်တဲ့၊ လုပ်နိုင်ကိုင်နိုင်ပိုစွမ်းတဲ့ အုပ်စုကို စနစ်တကျ လွဲပေးသင့်ပါတယ်။
ဘဘတို့ ရုတ်တရက် (မပြောကောင်း၊ မဆိုကောင်း) ဆုံးပါးခဲ့ရင်၊ နေ့တွင်းချင်း ဘယ်သူက ဒီတာဝန်တွေက် စနစ် တစ်ကျ ယူနိုင်မှာလဲ။
ဘဘတို့က နာယက (သို့မဟုတ်) အကြံပေး နေရာမှာ ၀င်ယူပြီး၊ ငယ်တဲ့သူ တွေကို ပုခုံးပြောင်းေ ပးသင့်ပါပြီ။
0
ကြိုဆိုပါတယ်
written by baba, January 11, 2010
NLD က CEC ထပ်တိုးတာ ကောင်းပါတယ်. ဒါပေသိ..လက်ရှိ လူကြီးတွေ က နားသင့်ပါပီ.
ဘာကိတ်စ နဲ့ အခုချိန်ထိ နေနေတာလဲ စဉ်းစားမရပါ..ဘာမှလဲ ထူးထူး ခြားခြား မလုပ်ပြနိုင်ပဲနဲ့.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်