မဲဆောက်ရှိ ကရင်ခေါင်းဆောင်များနေအိမ် ထိုင်းရဲဝင်စီး

E-mail Print
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ရှိသော ကရင်အမျိုးသား အစည်းအရုံး (KNU) ဒု ဥက္ကဌ ဖဒို ဒေးဗစ် သာကပေါ၏ နေအိမ်ဟောင်းနှင့် ကရင် သတင်းဌာန (KIC) ရုံးခန်းများကို ထိုင်းရဲများက ယနေ့နံနက် ၆ နာရီခန့်တွင် ၀င်ရောက် ရှာဖွေမှုများ ပြုလုပ် သွားကြောင်း သတင်းရရှိသည်၊

KIC တာဝန်ခံ ဒေါ်နန်းဖောဂေက “မနက်က ထိုင်းရဲ တွေနဲ့ ထိုင်းစစ်သားတွေ ၂၀ ၀န်းကျင်လောက် ကျမတို့ ကရင်သတင်း ဌာန ရုံးခန်းနဲ့ ဖဒို ဒေးဗစ် သာကပေါ နေသွားတဲ့ အခန်းဟောင်းကို ၀င်ရှာသွားတယ်၊ ၀င်ပြီးတော့ ပစ္စည်းတွေကို စစ်သွားတယ်၊ ဓာတ်ပုံတွေ ဘာတွေ ရိုက်သွားတယ်၊ ပစ္စည်းယူသွားတာ၊ ဖမ်းဆီး သွားတာမျိုးတော့ မရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ထိုင်းအာဏာ ပိုင်များသည် ကရင်သတင်းဌာန ရုံးခန်းကို ၀င်ရောက် ရှာဖွေရာတွင် အခန်းကို သော့ဖွင့်၍ ၀င်ခြင်းမဟုတ်ဘဲ ကပ်လျက် အခန်းမှတဆင့် အပေါ်ထပ် ပြတင်းပေါက်ကို ဖွင့်ကာ ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်၊

“သူတို့ အဲဒီလို လာရောက် ရှာဖွေတာမှာ ရှာဖွေခွင့် စာရွက် စာတမ်းတွေတော့ ပါတယ်လို့ သိရတယ်၊ ဘာကြောင့် ရှာလည်းတော့ မသိဘူး၊ ကျမတို့လည်း ဒီတခါပဲ အရှာခံထိဖူးတယ်၊ မနက် အစောကြီးဆိုတော့ ဘယ်သူမှ ရုံးမတက်သေးလို့ အဖမ်းခံ ထိတာတော့ မရှိခဲ့ပါဘူး၊ ဒါပေမယ့် ဘာထပ်ဖြစ်မလဲ မပြောတတ်ဘူး”ဟု ဒေါ်နန်းဖောဂေက ဆိုသည်။

ယခုသတင်းနှင့် ပတ်သက်၍ KNU တာဝန်ရှိသူများကို ဆက်သွယ်၍ မရခဲ့ပါ။

လွန်ခဲ့သော နှစ်ကလည်း မဲဆောက်မြို့ရှိ မြန်မာ စစ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသည့် KNU နှင့် KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့နှင့် ပတ်သက်သည့် ရုံးများ၊ အိမ်များကို ထိုင်းအာဏာပိုင်များက ပိတ်ပစ်ရန် ဖိအားပေးခဲ့ ဖူးသည်။ ရှာဖွေ စစ်ဆေးမှုများလည်း ရှိခဲ့ဖူးသည်၊

အလားတူ ပြီးခဲ့သောနှစ်ကပင် ချင်းမိုင်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများ၏ ရုံးများကို ထိုင်းအာဏာပိုင်များက ၀င်ရောက် ဖမ်းဆီးခဲ့ရာ လူ့အခွင့် အရေးသင်တန်း တက်ရောက်သူ (၁၀) ဦးကျော် ဖမ်းဆီးခံခဲ့ရသည်။
Comments (1)Add Comment
0
မဆိုင်သူက ဘာလို့ လုပ်ရတာလဲ
written by soe tint, February 05, 2010
မြန်မာပြည်က သတင်းတွေကိုပဲ ထုပ်လွှင့်နေတဲ့ KIC ရုံးကို ထိုင်းရဲက ၀င်စီးတယ် ဆိုတာ မဆန်းနေဘူးလား မဆန်းပါဘူး ထုံးစံအတိုင်း နောက်ကွယ်က ခုံးချောသူတွေ ရှိနေလို့ ပေါ့ ဒီသတင်း စာမျက်နှာမှာပဲ Burma VJ သတင်းနဲ့ ယှဉ်ကြည့်လို့ ရပါတယ် KIC ရဲ့ အချက် အလက်တွေက အသေးစိပ် လာတော့ အမှု ကျူးလွန် သူတွေက သူတို့ အကြောင်းကို အများသိမှာ စိုးလို့ ပေါ့ ဗမာစကားပုံ ရှိတယ်လေ ဟုတ်တာ မှန်ရာ မခံသာတဲ့ ခင်ဗျားတို့ ကို Burma VJ အတိုင်း လိုက်လုပ်မှာ စိုးလို့လေ ခင်ဗျားတို့ လုပ်နေတာ တွေကို ဆက်လွှတ် ထားရင် Burma VJ ထက်တောင် နာမည် ကြီးလေ အပြစ်သားတွေ ပို ကျောက်လို့  ကျောက်စရာ မဖြစ်လာအောင် ကြိုနှိမ်ထားတာ သဘောပေါက်

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်