ဆေး မတိုးသည့် ငှက်ဖျား မြန်မာပြည်တွင် ရှိနေ

E-mail Print
ငှက်ဖျားရောဂါ အတွက် အထိရောက်ဆုံးဟု ထင်ရှားသည့် အာတီမီဆီနင် (Artemisinin) ဆေးကို ခံနိုင်ရည်ရှိသော ရောဂါပိုးသည် မြန်မာနိုင်ငံတွင် ပေါ်ပေါက်နေပြီဟု ကုလသမဂ္ဂ၏ IRIN သတင်း ဌာနက ကြာသပတေးနေ့တွင် ရေးသားလိုက်သည်။

ယင်း ရောဂါပိုးသည် ဒေသတွင်း နိုင်ငံများ၏ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အစီအစဉ်များကို ခြိမ်းခြောက်နိုင်ဖွယ် ရှိကြောင်း၊ တနေရာမှ တနေရာသို့ လူများ ပြောင်းရွှေ့သွားလာမှု များပြားသည့် ယနေ့ခေတ်တွင် ငှက်ဖျားဆေးကို ခံနိုင်ရည်ရှိသည့်  ရောဂါပိုးသည် ကမ္ဘာအနှံ့သို့ အလွယ်တကူ ပျံ့နှံ့နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Leonard Ortega က IRIN သတင်းဌာနကို ပြောသည်။

“ရောဂါတိုက်ဖျက်ရေး ဆေးတွေက မထိရောက်တော့ဘူး ဆိုရင်တော့ ငှက်ဖျားကြောင့် အသေပျောက် ပိုများတော့မှာပဲ” ဟု  Leonard Ortega က ဆိုသည်။

အာတီမီဆီနင်ကို ခံနိုင်ရည်ရှိသော ရောဂါပိုး တွေ့ရသည့် ဒေသများမှာ ကော့သောင်းမြို့နှင့် မွန်ပြည်နယ် တောင်ပိုင်းဒေသတို့ ဖြစ်သည်ဟု Leonard Ortegaက ဆိုသည်။

မြန်မာနိုင်ငံတွင် တီဘီ ၊ HIV/AIDS စသည့် ရောဂါများ ကဲ့သို့ပင် ငှက်ဖျားသည်လည်း သေဆုံးမှုနှုန်း အများဆုံး ရောဂါတခု ဖြစ်သည်ဟု WHOက ဆိုသည်။

ဆေးများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း စနစ်တကျ သုံးစွဲခြင်း မပြုဘဲ၊ အလွယ်တကူ ကိုယ့်သဘောနှင့် ကိုယ် ကုသမှု ပြုခြင်းကြောင့် ဤပြဿနာ ပေါ်ပေါက်လာရခြင်း ဖြစ်နိုင်သည်ဟု ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်းမှ ဒေါက်တာ သီဟမောင်က ဧရာဝတီသို့ ပြောသည်။

“ဆေးတွေ တမျိုးပြီးတမျိုး ပြောင်းသုံးလာရာကနေ အခုလက်ရှိမှာ တရုတ်ထုတ် အစွမ်းထက်ဆေးတွေ ဖြစ်တဲ့ အာတီမီဆီနင်၊ အာတီဆူနိတ် တို့လို ဆေးတွေ  မတိုးတော့ဘူး ဆိုရင်တော့ ငှက်ဖျားရောဂါ ဝေဒနာရှင်တွေနဲ့ ငှက်ဖျား နှိမ်နှင်းရေးမှာ အများကြီး အခက်အခဲ ဖြစ်နိုင်ဖို့ ရှိတယ်” ဟု ဒေါက်တာ သီဟမောင်က ရှင်းပြသည်။

ငှက်ဖျားထူပြောသည့် ဒေသများတွင် ယခုအချိန်အထိ ငှက်ဖျား ဖြစ်ပွားမှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှု မရှိခြင်းမှာ ကာကွယ်ဆေးများ မရှိသောကြောင့် ဖြစ်သည်ဟု ဒေါက်တာ သီဟမောင်က ထောက်ပြသည်။

မြန်မာနိုင်ငံ အပါဝင် အာရှနိုင်ငံ တချို့နှင့် အာဖရိကနိုင်ငံများတွင် ငှက်ဖျားရောဂါ အဆိုးရွားဆုံး ခံစားနေကြရသည်။
အရှေ့တောင် အာရှတွင် ငှက်ဖျားကြောင့် သေဆုံးသူ ဦးရေ၏ ထက်ဝက်သည် မြန်မာနိုင်ငံမှ ဖြစ်သည်ဟု ကုလသမဂ္ဂ ကျန်းမာရေး အေဂျင်စီများက ဆိုသည်။

ငှက်ဖျားရောဂါ ကင်းစင်သော ဒေသမှ ငှက်ဖျားရောဂါအဖြစ်များသော ဒေသများသို့ သွားရောက်နေထိုင်သူများသည် ရောဂါ ပိုမို ဖြစ်ပွားနိုင်ကြောင်း၊ ဖြစ်ပွားပါကလည်း ရောဂါ ပြင်းထန်လေ့ရှိကြောင်း သိရသည်။
Comments (0)Add Comment

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်