ကမ္ဘာ့ ဒုတိယအကြီးဆုံး ကျောက်စိမ်းတုံးကြီးကို ကျောက်မျက်ရတနာ ပြပွဲတွင် ပြမည်

E-mail Print
လာမည့် မတ်လတွင် ပြုလုပ်မည့် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဧရာမ ကျောက်စိမ်း အရိုင်းတုံးကြီးကို ပြသမည်ဟု ကြားသိရသည်။

အဆိုပါ ကျောက်စိမ်း ရိုင်းတုံးကို ယခင်နှစ်က တူးဖော်ရရှိခဲ့ခြင်းဖြစ်ပြီး ၁၀ နှစ်အတွင်း တူးဖော်ရရှိသည့် ကျောက်စိမ်းများအနက် ဒုတိယ အကြီးဆုံး ဖြစ်သည်။

ကျောက်မျက် ရတနာ ပြပွဲကို မြန်မာ့ ကျောက်မျက် ရတနာ ကုန်သည်ကြီးများ အသင်းက ဦးစီး ပြုလုပ်မည် ဖြစ်ပြီး မြန်မာ တနိုင်ငံလုံးမှ ထွက်ရှိသော ကျောက်မျက် ရတနာမျာကို မတ်လဆန်းပိုင်းမှ စတင်၍ ၁၅ ရက်ကြာ ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

“မတ်လ ၇ ရက်ကနေ ၁၅ ရက်အထိ ကျင်းပမှာပါ။ မြန်မာ တပြည်လုံးက ကျောက်မျက် ရတနာတွေ ပြသမှာပါ။ အခြေအနေ ကြည့်ပြီး ရက်တိုး ရင်လည်း တိုးလိမ့်မယ်” ဟု ၎င်းပြပွဲ တက်ရောက်မည့် ဦးတူးအောင်က ပြောသည်။

ဖားကန့်ဒေသမှ ကျောက်စိမ်းများသည် ယခုအခါ ထွက်ရှိမှုနှုန်း နည်းပါးလာခြင်း၊ ကျောက်တွင်းများကို အစိုးရနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့်  ကုမ္ပဏီများကသာ တူးဖော်ခွင့်ရရှိခြင်းများကြောင့် ပြည်သူများ အကျိုးခံစားခွင့် မရှိကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် အကြီးဆုံး ပတ္တမြား၊ အကြီးဆုံး နီလာတို့ ထွက်ရှိခဲ့သည်ဟု သိရပြီး ဖားကန့်သည် မြန်မာနိုင်ငံရှိ ထင်ရှားသော ရတနာမြေတခုဖြစ်သည်။

ကမ္ဘာ့အကြီှးဆုံး ကျောက်စိမ်းတုံးကြီးကို ၂၀၀၀ ပြည့်နှစ်တွင် ဖားကန့်ကျောက်စိမ်းတွင်းမှ တူးဖော်ရရှိခဲ့ပြီး တန်ချိန် ၃၀၀၀၊ အရှည် ၂၁ မီတာ၊ အကျယ် ၄. ၈ မီတာနှင့် အမြင့် ၁၀. ၅ မီတာ ရှိသည်။

တန်ချိန် ၁၁၅ တန်ရှိသည့် ဒုတိယ အကြီးဆုံး ကျောက်စိမ်းတုံးကြီးကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ပိုင် မက်စ်မြန်မာ ကုမ္ပဏီက ယခင်နှစ်ကုန်ပိုင်းက ကချင်ပြည်နယ် ဖားကန့်ကျောက်တွင်းမှ တူးဖော်ရရှိခဲ့ပြီး ယခုအချိန်ထိ တန်ဖိုး သတ်မှတ်ရခြင်း မရှိသေးပေ။

ဦးဇော်ဇော်သည် မက်စ်မြန်မာ ကုမ္ပဏီအုပ်စု၏ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်ပြီး ဟိုတယ်လုပ်ငန်း၊ စက်ယန္တရား တင်သွင်းခြင်း လုပ်ငန်း၊ မွန်ပြည်နယ်ရှိ ဘီးလင်းမြို့နယ်တွင် ရော်ဘာခြံ စိုက်ပျိုးခြင်း လုပ်ငန်းများ၊ မက်စ် ဘိလပ်မြေ (Max Cement) ထုတ်လုပ်ရေး စက်ရုံများ၊ ရန်ကုန် - ပဲခူး ကားလမ်းမပိုင်းတွင် လမ်းအခွန် ကောက်ခံရေး လုပ်ငန်း၊ မော်တော်ယာဉ်တင်သွင်းသည့် လုပ်ငန်း၊ နေပြည်တော် တည်ဆောက်ခြင်း လုပ်ငန်း၊ ဖားကန့်ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများကိုလုပ်ကိုင်နေသူ ဖြစ်သည်။

၎င်းသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဖြစ်ပြီး ငွေကျပ်သိန်းပေါင်းများစွာ စိုက်ထုတ်၍ ဘောလုံးကလပ် အသင်း ၈ သင်းကို တည်ထောင်ပေးခဲ့ သူလည်းဖြစ်သည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်သည့် ဦးတေဇနှင့် ဦးဇော်ဇော် အပါအ၀င် စစ်ဘက်ဆိုင်ရာ အရာရှိကြီး ၁၆ ဦးတို့အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဘွဲ့ ဖြစ်သည့် သီရိပျံချီ ဘွဲ့တံဆိပ်ကိုစစ်အစိုးရ အမိန့်ကြော်ငြာစာ အမှတ် (၂/ ၂၀၁၀) အရ  ပြီးခဲ့သည့် ၆၂ ကြိမ်မြောက် လွတ်လပ်ရေးနေ့က ချီးမြှင့်ခဲ့သည်။

အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုရှ် အစိုးရက စစ်အစိုးရကို ငွေကြေး ရှာဖွေ ထောက်ပံ့နေသည့် ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီ အကြီးအကဲ ဦးဝင်းအောင်နှင့် ဦးဇော်ဇော်တို့ ၂ ဦးကို အရေးယူ ဒဏ်ခတ် ပိတ်ဆို့သည့် စာရင်းအတွင်းသို့ ၂၀၀၉ ဇန်နဝါရီလက ထည့်သွင်း ခဲ့သည်။

ယခုအခါ ဦးဇော်ဇော်၏ ကုမ္ပဏီက တူးဖော်ရရှိခဲ့သော ကမ္ဘာ့ ဒုတိယအကြီးဆုံး ကျောက်စိမ်းတုံးကြီးကို ဖားကန့်မှ ရန်ကုန်သို့ သယ်ဆောင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
Comments (3)Add Comment
0
ဟာ … ကျန်သေးတယ်ဟေ့၊
written by ကမ်းယံ (သို့) ဝါးပင်အောက်ကလူ, February 09, 2010
ဟ … လုပ်ကြပါအုန်းဟ၊ မြန်မြန်၊ မြန်မြန်၊ ဟိုမှာ ကုန်ပြီ ထင်တာ မကုန်သေးဘူးဟ၊

စဉ်းစားစမ်း … စဉ်းစားစမ်း …
လက်ရှိ ဂျိုကုတ် တစ်ယောက် ယောက်ဆီ တိုက်ရိုက် သွားရင် ကောင်းမလား၊
အမြစ်ပြုတ် ဝန်ကြီးဋ္ဌာနက ဥဆောင် ညွှန်ကြားရေးမူး ဆီဘဲ ကပ်ရရင် ကောင်းမလား၊
ငွေရင်း ထုတ်ဖို့ကျတော့ ကျောက်ကြည့်ပြုံးနဲ့ ကျောက်ကြည်ပြန် ညီအကို ဆီက ယူရင် ကောင်းမလား
ဟိုကျင်းလျှောက် တို့ဆီက ယူရင် ကောင်းမလား၊

ဒီကြားထဲ အိမ်ဘေးက ဗိုလ်မူးကြီးကိုလည်း သူ မပြုတ်ခင် အဲလေ.. အနား မယူခင် အဲဒီဘက်မှာ
မြို့ကွက်ချရင် ၆ ပေ၊ ၂ ပေ အဲ.. နဲနဲ ကျဉ်းမလား မသိဘူး၊ ပေ ၆၀၊ ပေ ၄၀ တစ်ကွက်လောက်
ရထားဘို့ အားကိုးထားရအုံးမယ်။

အိမ်က သားကြီးကိုလည်း ဟို ဖိုးလောက်လန်း တို့ရဲ့ ကင်းမ လက်မဲဂိုင်း ဆိုလား အဲဒီထဲ ဝင်ခိုင်းပြီး
ထုံသလို အသလိုနဲ့ အမြဲ နောက်ကဘဲနေခိုင်းထားရ အုံးမယ်။

ဒါမှ ဒီကောင်တွေ ပြုတ်ပြီး နောက်ပိုင်း ခပ်တည်တည်နဲ့ ဆက် နေသွားလို့ရမှာ ဟီဟိ …
0
ဖေလူပိုင် စီးပွါးရေး
written by Tun Shwe Khaing, February 08, 2010
အခုတလော ပုဂ္ဂလိကပိုင် ပြုလုပ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဗိုလ်ချုပ်တွေ သူတို့ နန့်  အမြီးစားဖက် ခေါင်းစားဘက် တွေကို နိုင်ငံပိုင် လုပ်ငန်းတွေ လွှဲပြောင်းပေးနေ ပြည်သူပိုင် ပစ္စည်းတွေ မောင်ပိုင်စီး နေကြတာ တွေ ကြား နေရတာ နားနဲ့  တောင်မဆန့်  အောင်ပါဘဲ --- ဒီလို လက်တဆုပ်စာ ၀ါးဖေါ်ဝါးဘက်တွေ က လုပ်ငန်း ဟူသမျှ မောင်ပိုင် စီးလိုက်ကြပြီး ပြည်သူတွေ ခွက်ပျောက်နေကြ ရတဲ့ ဒီပုဂ္ဂလိက စီပွါးရေး တွေကို နာမည်သစ် တစ်ခု ဝေါဟာရ တစ်ခု ပေးလိုက် ပါတယ်. ( ဖေလူပိုင် စီးပွါးရေး ) ပါတဲ့ ခင်ဗျား။ သဘော တူကြပါသလား။smilies/grin.gif
0
စားသာစား ...
written by ညတစ္ဆေ, February 08, 2010
ခုတလော စီးပွားရေး သတင်းတွေ ဖတ်ရတာ စိတ်မချမ်းသာစရာ ငြီးငွေ့စရာေ တွချည်းပဲ ... ဒီစီးပွားရေး သမားတွေနဲ့ ဒီကပ်ဖားသမား သတင်းတွေချည်းပဲ ... စားကြပါ စားကြပါ ... နိုင်ငံတော်ပိုင် ပစ္စည်းရတနာတွေ ... ပြည်သူတွေက တော့ဖြင့် ... smilies/sad.gif

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်