အညံ့ဆုံးများထဲမှာ အကောင်းဆုံးကိုရွေး၍ ဇာတ်ကားဆုပေးခဲ့ ဟုဆို

E-mail Print
၂၀၀၈ ခုနှစ်အတွက် ပေးအပ်ခဲ့သည့် အကယ်ဒမီ ထူးချွန်ဆု ပေးပွဲ၏ ဇာတ်ကားဆုမှာ အညံ့ဆုံးထဲမှ အကောင်းဆုံးကို ရွေးချယ် ပေးလိုက်ခြင်း ဖြစ်ကြောင်း ဒါရိုက်တာ အကယ်ဒမီ ပန်းချီစိုးမိုး က ဧရာဝတီကို ပြောသည်။

“ဇာတ်ကားဆု ပေးမယ်ဆိုရင် လူတွေ အကျိုးပြု အတွက် ရိုက်ထားတဲ့ ကားမျိုး ပေးသင့် တယ်လေ။ ဒါက ပေါ်လစီကို ပြောတာ မဟုတ်ဘူးနော်။ ဥပမာ - AIDS ကားတို့လို၊ ဘိန်းဖြူ တိုက်ဖျက်ရေး တို့လိုမျိုးပေါ့။ အဲဒီလို အချက် အလက်တော့ ပါသင့်တယ်လို့ ထင်တယ်။ အခုဟာက ဘာမှမပါတော့ တမျိုးကြီးပဲ” ဟု ပန်းချီစိုးမိုးက ဆိုသည်။

ယခုနှစ် အကယ်ဒမီ ပေးပွဲတွင် ဇာတ်ကားဆုနှင့် ဒါရိုက်တာဆုမှာ လေးနက်မှု မရှိသော်လည်း ယခင်နှစ်များတွင် ရရှိခဲ့သော ဇာတ်ကားများနှင့် မနှိုင်းယှဉ်ဘဲ ယခုတနှစ်တာ အတွက်သာ ကြည့်၍ ပေးမည်ဆိုပါက ပေး၍ ရနိုင်သော ဇာတ်ကားများ ဖြစ်ကြောင်း သူက သုံးသပ်သည်။

အကယ်ဒမီပေးပွဲတွင်  ရုပ်ရှင် ဇာတ်ညွှန်းဆုနှင့် ရုပ်ရှင်တေးဂီတ ထူးချွန်ဆုများကို ပေးအပ်ခဲ့ခြင်းမရှိပေ။

ယခင်က ဇာတ်ကားတကား အကယ်ဒမီ စာရင်းဝင်ပြီဆိုသည်နှင့် ရုပ်ရှင်အကဲဖြတ်ထံသို့ ရိုက်ကူး ရုံတင်ပြီးခဲ့သော ဇာတ်ကား၏ ဇာတ်ညွှန်းကို ပြန်လည်ရေးသား တင်ပို့နိုင်သော်လည်း ယခုအခါတွင် ဆင်ဆာသို့တင်ခဲ့သည့် ဇာတ်ညွှန်း မူရင်းကိုသာ လက်ခံ သည်ဆိုသော မူတရပ် ပြောင်းလဲသတ်မှတ် လိုက်ကြောင်း သိရသည်။

“နေရာ အနေအထားအရ မူလ ဇာတ်ညွှန်းအတိုင်း မဟုတ်ဘဲ ပြောင်းလဲ ရိုက်ကြရတော့ အရင် ဇာတ်ညွှန်းနဲ့ မတူတော့တဲ့ အစိတ်အပိုင်းတွေ ပါလာတယ်။ အရင်ဇာတ်ညွှန်းမှာ မပါတာတွေလည်း ပါရင်ပါလာတယ်။ အဲဒီတော့ ဇာတ်ညွှန်းမှာ မပြည့်စုံဘူး ဆိုတာမျိုး ဖြစ်သွားတာပေါ့” ဟု ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ဧရာဝတီကိုပြောသည်။

ရုပ်ရှင် ဇာတ်ကားတကားတွင် ဒါရိုက်တာဆုနှင့် ဇာတ်ကားဆု ရရှိပြီဆိုသည်နှင့် ဇာတ်ညွှန်းဆုရရှိရန် ရာခိုင်နှုန်းများပြားသော်လည်း  မူလဇာတ်ညွှန်းအတိုင်းမဖြစ်ဘဲ ပြောင်းလဲ ရိုက်ကူးလာရသည့်အပေါ် စံနှုန်းနှင့် မကိုက်ညီသောကြောင့် ဇာတ်ညွှန်းဆုများ မရရှိခြင်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန် ဆုပေးပွဲ၏ အမျိုးသမီး ဇာတ်ပို့ဆုမှာ ယခင်နှစ်များကဲ့သို့ အဓိက ဇာတ်ဆောင် မင်းသမီး များကို ပေးအပ်ခြင်း မဟုတ်ဘဲ အမှန်တကယ် ဇာတ်ပို့ သရုပ်ဆောင်ကို ပေးအပ်ခဲ့ကြောင်း တွေ့ရသည်။

“မင်းသမီးက ဇာတ်ပို့နေရာရရင် တကယ့် ဇာတ်ပို့တွေအတွက် နစ်နာတာပေါ့။ ဇာတ်ပို့အစစ်က မရတော့ဘူး။ အခုတော့ ဇာတ်ပို့က ဇာတ်ပို့ နေရာအတွက် ဆုရတော့ ၀မ်းသာတယ်” ဟု ဒါရိုက်တာ ပန်းချီစိုးမိုးက ပြောသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့က ကျင်းပသည့် ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲတွင် ယခင်နှစ်များကနှင့် မတူဘဲ ဟာသ ဇာတ်ကားမှ ဟာသ ဇာတ်ရုပ်ကိုပါ ဆုပေးအပ်ကြောင်း တွေ့ရသည်။

အဆိုပါ အကယ်ဒမီပေးပွဲသို့ လာရောက်အားပေးသည့် ပရိသတ်မှာ များပြားလွန်းသည့်အတွက် သတင်းယူရာတွင် အခက်အခဲ ကြုံတွေ့ခဲ့ရကြောင်း ရန်ကုန်အခြေစိုက် ပေါ့ပ်ဂျာနယ်တစောင်မှ အယ်ဒီတာချုပ်တဦးကဆိုသည်။

“စာနယ်ဇင်းသမားတွေကျတော့ ကင်မရာတလုံးကို ငါးထောင်ဆောင်ပြီးဝင်ရတယ်။ အပြင်က လူတွေကတော့ ဖုန်းတွေ၊ ကင်မရာ တွေနဲ့ ရိုက်ကြတာ သတင်းသမားတွေတောင် မတိုးနိုင်ဘူး။ နောက်ဆုံး မြန်မာ့အသံက ကင်မရာမင်းတွေတောင် မတိုးနိုင်တဲ့ ဘ၀ ရောက်သွားတယ်” ဟု ၎င်းက ဆက်ပြောသည်။

၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ခန့်စည်သူက “အများနှင့် မသက်ဆိုင်သောသူ” ဇာတ်ကားဖြင့် လည်းကောင်း၊ အမျိုးသမီး ဇာတ်ဆောင်ဆုကို မို့မို့မြင့်အောင်က “မြင့်မိုရ်ထက်က သရဖူ” ဇာတ်ကားဖြင့်လည်းကောင်း၊ အကောင်း ဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရဲအောင်က “အကယ်ဒမီရှော့”၊ အမျိုးသမီး ဇာတ်ပို့ဆုကို ခင်မို့မို့အေးက “အများနှင့် မသက်ဆိုင် သောသူ” ဇာတ်ကားဖြင့် လည်းကောင်း၊ အကောင်းဆုံး ဒါရိုက်တာဆုအဖြစ် “အများနှင့် မသက်ဆိုင်သောသူ” ဇာတ်ကား ရိုက်ကူး ခဲ့သည့် ဒါရိုက်တာ ညီညီထွန်းလွင်က လည်းကောင်း၊ အကောင်းဆုံး ဓာတ်ပုံဆုကို “ကြိုးတန်း” ဇာတ်ကားဖြင့် သန်းညွှန့် (ပန်းသာ) က ရရှိကာ ၂၀၀၈ ခုနှစ်အတွက်အကောင်းဆုံး ဇာတ်ကားဆုကို “အများနှင့် မသက်ဆိုင်သောသူ” ဇာတ်ကားရိုက်ကူး ထုတ်လုပ် သည့် မျက်ချယ် ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေးက ရရှိကာ စုစုပေါင်း အကယ်ဒမီ ၇ ဆု ပေးအပ်ခဲ့သည်။
Comments (3)Add Comment
0
အကျဉ်းထောင်ထဲမှပျော်နေသူများ။
written by Thiha, February 09, 2010
အကယ်ဒမီဆု ရတော့ ပျော်ကြမှာပေါ့။ သူများ ပျော်တာကို မုဒိတာ ပွားရတာတော့ မင်္ဂလာပါဘဲ။
စိတ် မကောင်းစရာကတော့ သူတို့ ထောင်ထဲမှာ ပျော်နေကြရ လို့ပါဘဲ။
ဝါးလုံးခေါင်းထဲ လသာတာထက် ပိုဆိုးတယ်။
ထောင်ထဲမှာနေ နေရတာတော့ သူတို့ သိကြမှာပါ။
သနားလို့ပါ။
0
မြန်မာ အကယ် ဒမီ
written by saionmao, February 08, 2010
အေ၇ အတွက်သာ ၇ှိပြီး အ၇ည် အချင်း မ၇ှိတဲ.မြန်မာ အကယ်ဒမီ ဆုပေးပွဲပါ-
0
ဆု(စု) ဒီနှစ်ရ
written by maungyar, February 08, 2010
မနှစ်က အမျိုးသမီးဆု( စု ) မပေးဘူး ...။
ဒီနှစ်ကစပြီး အမျိုးသမီး စု ရပြီ ဆိုတော့ ဝမ်းသာရမှာ..။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်