ရွေးကောက်ပွဲ အတွက် ရိုဟင်ဂျာများကို ယာယီနိုင်ငံသား ကတ်များ ထုတ်ပေး

E-mail Print
ရွေးကောက်ပွဲ အတွက် ဆန္ဒမဲ ပေးနိုင်ရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော မြို့နယ်ရှိ ရိုဟင်ဂျာများကို ယာယီ နိုင်ငံသား စိစစ်ရေး ကတ်များ ထုတ်ပေး နေကြောင်း ရိုဟင်ဂျာ အရေး ဆောင်ရွက် နေသူများက ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းမှ စတင်၍ ထိုဒေသရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူများကို တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါ တီ(တစည)နှင့် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း(ကြံ့ဖွံ့)တို့၏ ပူးပေါင်း ကူညီမှုဖြင့် ဒေသခံ လူဝင်မှု ကြီးကြပ်ရေးဌာန အရာရှိ များက ယာယီနိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနေခြင်း ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် ကုလားတန် သတင်းဌာနမှ အယ်ဒီတာ ဦးတင်စိုးက ပြောပြသည်။

“လူဦးရေ ဘယ်လောက် လုပ်ပြီးသွားပြီးဆိုတာတော့ မသိရသေးဘူး၊ စည်းရုံရေး ဆင်းတဲ့ ပုံစံမျိုးနဲ့ သွားနေတာပဲ၊ တချို့နယ်တွေ ဆို လုပ်ပေးပြီးသွားပြီး၊ တချို့နယ်တွေမှာ လိုက်လုပ်ပေး နေတုန်းပဲ၊ ဘာလဲဆိုတော့ နယ်တွေအလိုက် လုပ်ပေးနေတယ်”ဟု ၎င်းက ဆိုသည်။   

ယင်းယာယီနိုင်ငံသား စိစစ်ရေးကတ်များကို နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး (နစက) ဒေသ ( ၉) ခုတွင် လိုက်လံ လုပ်ပေး နေခြင်းဖြစ်ပြီး တဦးလျှင် ကျပ် ၃၅၀၀ ခန့် အာဏာပိုင်များကို ပေးရကြောင်းလည်း သိရသည်။

အလားတူ ရန်ကုန်မြို့ရှိ ရိုဟင်ဂျာများကိုလည်း ကြံ့ဖွံ့နှင့် တစည ပါတီဝင် တချို့က ရခိုင်ပြည်နယ်ဘက်သို့ ခေါ်ဆောင်ပြီး ရွေး ကောက်ပွဲအတွက် စည်းရုံးရေး ဆင်းနေကြောင်း ရိုဟင်ဂျာများအရေး ဆောင်ရွက်နေသော ထိုင်းနိုင်ငံ အခြေစိုက် Aarakan Project အဖွဲ့မှ Chris Lewaက ပြောသည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ မတိုင်ခင်ကလည်း ဆန္ဒမဲပေးရန်အတွက် စစ်အစိုးရက ရန်ကုန်တိုင်း အပါအ၀င် မွန်၊ ရှမ်း၊ ကရင်ပြည်နယ် တို့တွင် ယာယီနိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးမှုများ ပြုလုပ်ခဲ့သည်။

ရိုဟင်ဂျာ အများစုသည် အစ္စလမ် ဘာသာဝင်များဖြစ်ပြီး နိုင်ငံမဲ့နေသော လူနည်းစုဖြစ်ကာ ရခိုင်ပြည်နယ်၏ ပြင်ပသို့ သွားလာခွင့် မရစေရန် မြန်မာ အာဏာပိုင်များက ဖိနှိပ်ထားကြောင်း သိရသည်။ သို့သော်လည်း ၎င်းတို့က မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက် ရန်အတွက် မြန်မာနိုင်ငံမှ အလုံးအရင်းဖြင့် ထွက်ခွာလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ၎င်းတို့အပေါ် ထားရှိသည့် တင်းကျပ်သော စည်းကမ်းချက်များကြောင့် စားဝတ်နေရေး ပိုမို ကျပ် တည်းလာသည့် အတွက်ကြောင့် ရိုဟင်ဂျာ အများအပြားသည် ပွဲစားများ၏ အကူအညီဖြင့် ရခိုင်ပြည်နယ် ပြင်ပသို့ ထွက်ခွာကြရကြောင်း သိရှိရ သည်။

၎င်းတို့သည် ရေလမ်းခရီးဖြင့် တခြားသော နိုင်ငံများသို့ တရားမဝင် သွားရောက်ကြရာ အများစုမှာ ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ သို့မဟုတ် မုန်တိုင်းထန်သည့် ကပ္ပလီ ပင်လယ်ဘက်သို့ ရောက်ရှိသွားကြသည်ဟု သတင်းများအရ သိရသည်။

Comments (1)Add Comment
0
ဦးနုဆီက အတု ခိုးတာလား
written by zawone, February 17, 2010
မကောင်းတာ မှန်သမျှ အကုန်အတုခိုးပြီး ကောင်းတာဆို ဘာတစ်ခု မလုပ်တတ်တဲ့ နအဖလ တွေပဲ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်