ကင်တာနာ သတင်း မြန်မာပြည်တွင် ဆင်ဆာဖြတ်

E-mail Print
စစ်အစိုးရက မြန်မာ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ၏ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ချက်များကို ပြည်တွင်းသတင်း ဂျာနယ်များတွင် ဖော်ပြခွင့် ပိတ်ပင် လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ များနှင့် ပတ်သက်၍ မစ္စတာ ကင်တာနာက ပွင့်လင်းစွာ ဝေဖန် ပြောကြားခဲ့ သောကြောင့် စာပေ စိစစ်ရေးက သတင်း ဂျာနယ်များတွင် ထည့်သွင်းခွင့် မပြုခြင်း ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရ အနေနှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးမည့် အရိပ်အရောင် မတွေ့ရသေး သောကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲသည် တရားမျှတ၊ လွတ်လပ်မည့် အနေအထား မမြင်ကြောင်း၊ စစ်အစိုးရတွင် လူ့အခွင့် အရေးကို လေးစားမည့် သဘောလည်း မရှိကြောင်း၊ မြန်မာနိုင်ငံ၏ လူ့အခွင့် အရေး အခြေ အနေများ ဆိုးရွား နေဆဲ ဖြစ်ပြီး ရခိုင် ပြည်နယ်တွင် ရိုဟင်ဂျာ များအပေါ် ခွဲခြား ဆက်ဆံမှုများ ရှိနေကြောင်း မြန်မာနိုင်ငံသို့ ၅ ရက်တာ လာရောက် လည်ပတ်ပြီး ပြန်လည် မထွက်ခွာမီ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က သတင်းထောက်များကို မစ္စတာ ကင်တာနာက ပြောခဲ့သည်။

“ဘာအကြောင်းပြချက်မှ မပေးဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မပြုခဲ့တဲ့အတွက် ကျနော် အရမ်း စိတ်မကောင်း ဖြစ်မိပါတယ်” ဟု သူက ဆိုခဲ့သည်။

မစ္စတာ ကင်တာနာ၏ ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး
ဗိုလ်မှူးတင့်ဆွေ ကိုယ်တိုင် တက်ရောက်ခဲ့သည်ဟုလည်း သိရသည်။

“ဗိုလ်မှူးတင့်ဆွေကိုယ်တိုင် သတင်းစာရှင်းလင်းပွဲမှာ ရှိတယ်။ ကင်တာနာ ဘာပြောတယ်ဆိုတာလည်း သူသိတယ်” ဟု သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

ပြည်တွင်း သတင်းဂျာနယ်များတွင် ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မြန်မာနိုင်ငံသို့ လာရောက်ပြီး နိုင်ငံရေး သမားများ၊ ရှေ့နေများနှင့် တွေ့ခွင့်ရသည်ဆိုသောသတင်းများနှင့် အကျဉ်းထောင်များသို့ သွားရောက်ကြည့်ရှုခဲ့သည် ဆိုသော သတင်းများကိုသာ ဖော်ပြခွင့်ရကြသည်။

မစ္စတာ ကင်တာနာ၏ ပြောကြားချက်ကို ရေးသားခွင့် ပိတ်ပင်သော စစ်အစိုးရ၏ လုပ်ရပ်သည် လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့် ဟူသော အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ရန်ကုန်အခြေစိုက် သတင်းထောက်များက သုံးသပ်သည်။

မစ္စတာ ကင်တာနာ၏ မြန်မာနိုင်ငံအပေါ် မှတ်ချက်ပေးမှုများကို ပြည်ပသတင်းဌာနများ၊ အသံလွှင့်ဌာန များတွင် ကျယ်ကျယ် ပြန့်ပြန့် ထုတ်လွှင့်နေသည့်အတွက် ပြည်တွင်း သတင်းဂျာနယ်များတွင် ဖော်ပြခြင်း မရှိသော်လည်း ပြည်သူအများအပြား သိရှိနေကြပြီ ဖြစ်သည်။

“စစ်အစိုးရရဲ့ လိမ်လည် လှည့်ဖြားမှုတွေအောက်မှာေ၀၀ါးနေတဲ့သူတွေကို လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးရဲ့ စကားက လှုပ်နှိုးလိုက်တာပါပဲ။ သူ ပြောသွားတွေက မြန်မာပြည်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ တထပ်တည်းကျတယ်” ဟု
ရန်ကုန်မြို့နေ အထက်တန်းရှေ့နေ တဦးက ဆိုသည်။

မစ္စတာ ကင်တာနာသည် မြန်မာနိုင်ငံသို့ ၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် ပထမအကြိမ်၊ ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ဒုတိယအကြိမ် လာရောက်ခဲ့ပြီး ယခုခရီးစဉ်သည် တတိယမြောက် ခရီးစဉ်ဖြစ်သည်။
Comments (4)Add Comment
0
ကိုယ့်အား ကိုယ်ကိုး
written by ပေါက်ပေါက်, February 28, 2010
သူများ အားကိုနေလို့ အပိုဘဲလေ
ကိုယ်တိုင် လုပ်ကြရမယ်လေ
လမ်းပေါ်မှာ အသေခံစရာ မလိုတဲ့ နည်းတွေ သိကြမှာပါ
0
ဘာပဲပြောပြော ကျေနပ်တယ်
written by Myint, February 24, 2010
အမှန်ကို အမှန်အတိုင်း သိသွားတာပေါ့ဗျာ။ အ၇င်ကလည်း ထမင်းကြမ်းကို ငါးပိရည်နဲ့။ အခုလဲ ငါးပိရည် ဆမ်းထားတဲ့ ထမင်းကြမ်းနဲ့။ နောက်နေ့ကျတော့ ထမင်းကြမ်းထဲ ငါးပိရည် ထည့်ပြီးတော့။
ဒီ့ထက်ပိုပြီး မထူးဘူး ဆိုတာ သိရဲ့သားနဲ့ သူမို့လို့ အားအား ယားယား လာကြည့်ပြီး ပြောသေးတယ်။

တခြားနိုင်ငံတွေက ပေါ်လစီ ပြောင်းဖို့ စဉ်းစားတာတွေ အတွက် အထောက် အကူပေါ့ဗျာ။
0
နားလည်ေ ပးကြစေလိုပါသည်။
written by sithusoemynmar, February 23, 2010
မြန်မာနိုင်ငံတွင် ကင်တာနာ သတင်းကို ဆင်ဆာ ဖြတ်တောက်ခြင်းမှာ မထူးခြားပါ၊
မြန်မာနိုင်ငံ ပေါ်လစီနှင့် မကိုက်ညီလျှင် ဖြတ်တောက်နိုင်ပါသည်၊
0
...
written by သံခမောက်, February 22, 2010
တစ်ယောက်ပြီး တစ်ယောက်တော့ လာကြပါတယ် .. ဒါပေမဲ့ တိကျ ပြတ်သားတဲ့ အဖြေ တစ်ခုတော့ ယနေ့ထက်ထိ ထွက်
မလာေ သးတာ ခက်တယ်.. ဘာပဲ ပြောပြော လာကြည့်တဲ့ အတွက်တော့ ကျေးဇူး တင်ပါတယ်...

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်