ပြန်ကြားရေးနှင့် ရွှေသံလွင် ပူးပေါင်း ထုတ်လွှင့်မည့် ရုပ်သံလိုင်းကို Myannmar International ဟု အမည်ပေးထားပြီး မတ်လ ၂၇ ရက်နေ့ (တပ်မတော်နေ့) တွင် စတင် ထုတ်လွှင့်မည် ဖြစ်သည်။
တလကျော်ကြာ အကြိုစမ်းသပ် ထုတ်လွှင့်မှုကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှ စတင်ပြီး နံနက် ၉ နာရီမှ ၁၁ နာရီအထိ မြန်မာ့ ရုပ်မြင်သံကြားတွင် နေ့စဉ် ကြည့်ရှုနိုင်မည်ဟု ဆိုသည်။
“CCTV, BBC, Aljazera တို့လို သတင်းရုပ်သံလိုင်း ပုံစံမျိုးဖြစ်အောင် သွားမယ်လို့ ၀န်ကြီးက လမ်းညွှန်ထားတယ်” ဟု နေပြည်တော်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန ၀န်ထမ်းတဦးက ပြောသည်။
Myannmar International တွင် “နိုင်ငံတကာ အဆင့်မီ ပြည်ပမှ သတင်း တင်ဆက်သူများက အစီရင်ခံ တင်ပြသွားကြမည်” ဟု ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။
ထိုရုပ်သံ လိုင်းသစ်သည် ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်လွှင့်နေသည့် MRTV-3 ကို အမည် ပြောင်းလဲ ထားခြင်း ဖြစ်သည်။ သို့သော်လည်း အသွင် သဏ္ဌာန်သစ်ဖြင့် နိုင်ငံတကာ အဆင့်မီ ထုတ်လွှင့်မည်ဟု ဆိုသည်။
ရုပ်သံဌာန များကဲ့သို့ စီးပွားရေး ကြော်ငြာ များကိုလည်း လက်ခံမည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ထမ်းတချို့က ပြောသည်။
မြန်မာပြည်တွင် မြန်မာ့ ရုပ်မြင်သံကြား၊ မြ၀တီ ရုပ်မြင်သံကြား စသည့် အစိုးရ ထိန်းချုပ်ထားသည့် ရုပ်သံလိုင်း ၂ ခု ရှိသည်။
ပထမဆုံးသော ပုဂ္ဂလိကနှင့် ပူးတွဲ လုပ်ကိုင်သည့် ရုပ်သံလိုင်းမှာ Forever ကုမ္ပဏီနှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သည့် MRTV 4 ဖြစ်သည်။
ယခု Myannmar International ရုပ်သံလိုင်း လုပ်ကိုင်ခွင့်ရသည့် ရွှေသံလွင် ကုမ္ပဏီသည် ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး ရွှေ FM ရေဒီယို ကိုလည်း ထုတ်လွှင့်လျက် ရှိသည်။
ရွှေသံလွင်သည် ပို့ကုန် သွင်းကုန် လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်ခွင့် ရထားသည့် ကုမ္ပဏီတခု ဖြစ်သည်။ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်းသည် DKBA ကရင် လက်နက်ကိုင် အဖွဲ့နှင့် စီးပွားရေး လုပ်ငန်းတချို့ ပူးပေါင်း လုပ်ကိုင်လျက် ရှိသည်ဟု သိရသည်။
Comments (7)

written by ကိုမောင်, February 24, 2010
ကောင်းပါတယ်.. အဲလိုတိုးတက်မှုလေးတွေမြင်ရတာ အရမ်းစိတ်ချမ်းသာပါတယ်.. အပြုသဘောဆောင်ကြပါ... ဆက်လုပ်.. အားပေးပါတယ်...
written by ဖိုးတုတ်လေး, February 24, 2010
BBC တို့ CCTV တို့ ကမ္ဘာပေါ်မှာ ရှိနေသေးတယ် ဆိုတာ သိလာတယ် ဆိုတာ ကောင်းတဲ့ လက္ခဏာပဲဗျို့။
written by mie, February 24, 2010
u r right GG. How can like CCTV,BBC, Aljazera........... And then what type of news they wl announce. same MRTV , MWD?
Write comment
| < Prev | Next > |
|---|










လူမှုရေး ဥတီဂျက် ၄ ရပ်၊ နိုင်ငံရေး ဥတီဂျက် ၄ ရပ် ၊ ဇီးပွားရေး ဥတီဂျက် ၄ ရပ်။
ပြီတူ့ တဘောထား ၊ ပြည်ပ အားကိုး ပဇိန်ယိုးးးးးးးးးးးးးးးးးး
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပတေတစ် ပေါ်ပေါက်ရေးတီ နိုင်ငံတား အားလုံးအိ ပဓါနကျတော တာဝန် ဖြစ်တီ။
တပ်မတော် တာ အမိ ။ တပ်မတော် တာ အဖ ။
အနော်တို့ တံတား တစ်ကြီး ဘယ်နှစ်စင်း ဆောက်ပီးပါဘီ။
အနော်တို့ လမ်းတွေ ဘယ်နှစ်မိုင် ဖောက်ပီးပါဘီ။
အနော်တို့ ကျောင်းတွေ .......... ဆေးရုံတွေ.... ........ ........ အဆောက် အဦးတွေ.......... ........
ထားပါတော့ဗျာ။ သူ့အရပ်နဲ့ သူ့ဇာတ် အဆင် ပြေအောင် ကကြ ပါစေဗျိုး။