နယ်ခြားစောင့်တပ် ပြောင်းရေး ၀နှင့် စစ်အစိုးရ တင်းမာ

E-mail Print
စစ်အစိုးရ တာဝန်ရှိသူ များနှင့် “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင် တချို့တို့က နယ်ခြားစောင့် တပ်အသွင် ပြောင်းရေး အတွက် မူအားဖြင့် သဘောတူညီ ထားသော်လည်း ဆက်လက် တွေ့ဆုံ ဆွေးနွေးရန် နှစ်ဘက် တင်းမာ နေကြသည်။

စစ်အစိုးရဘက်မှ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ၀တပ်ဖွဲ့ ခေါင်းဆောင် ဦးပေါက်ယူ ချမ်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့၌ လားရှိုးမြို့တွင် လာရောက် တွေ့ဆုံရန် အကြောင်းကြားခဲ့ပြီး ၀တပ်ဖွဲ့က ငြင်းဆန်ခဲ့သည်။

အလားတူပင် ၀တပ်ဖွဲ့ကလည်း ၎င်းတို့ ဌာနချုပ်ဖြစ်သော ပန်ဆန်းမြို့သို့ ယခုလ ၂၀ ရက်နေ့တွင် လာရောက် တွေ့ဆုံနိုင်ရန် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်အား ပြန်လည် ဖိတ်ကြား ထားသည်ကို ယမန်နေ့ အထိ အကြောင်း ကြားခြင်း မရှိဘဲ နှစ်ဘက် တင်းမာနေခြင်း ဖြစ်သည်။

“အစိုးရ ဘက်က ပန်ဆန်းကို ဖုန်းနဲ့ ပြောတယ်၊ လာရှိုးမြို့ အထိ ဥက္ကဌ ပေါက်ယူချမ်းကို လာတွေ့ဖို့ ပြောတယ်၊ အဲဒါကို ဥက္ကဌ ပေါက်ယူချမ်းက ကျနော် နေမကောင်းဘူး၊ မသွားနိုင်ဘူး၊ ခရီးက ဝေးတယ်၊ လမ်းက ကြမ်းတယ်၊ ဖြစ်နိုင်ရင် ပန်ဆန်းဌာနချုပ်ကို လာပါ ၂၀ ရက်နေ့ လာနိုင်တယ်ပေါ့၊ ဆွေးနွေးမယ်၊ အဲဒါကို ယနေ့ အထိ အစိုးရ ဘက်က တစုံတရာ အကြောင်း မပြန်ဘူး”ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

ယင်း သို့တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းမှု နှင့် ပတ်သက်ပြီး ၀တပ်ဖွဲ့ဝင်များက အမေရိကန်နိုင်ငံမှ အလိုရှိနေသည့် ၀ခေါင်းဆောင် ၈ ဦးထဲတွင် ဥက္ကဌ ပေါက်ယူချမ်း ပါဝင်နေသည့် အတွက် စစ်အစိုးရအပေါ် သံသယရှိနေကြောင်းလည်း ၎င်းက ဆိုသည်။

အပစ်ရပ် တိုင်းရင်းသား အဖွဲ့များအားလုံး နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းရေးကို ယခုလကုန် နောက်ဆုံးထားပြီး ပြုလုပ် ရန် စစ်အစိုးရက ညွှန်ကြားထားကြောင်း သိရသည်။

အပစ်ရပ် အဖွဲ့များတွင် အင်အား အကြီးဆုံးဖြစ်သည့် UWSA တပ်ဖွဲ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းလျှင် စစ်အစိုးရဘက်မှ ဒုတိယ တပ်ရင်းမှူး ရာထူးတခုသာ ပါဝင်ခွင့် ပြုမည် ဖြစ်ကြောင်း သဘောထား ပေးထားသည်။ 

ရှမ်းပြည် တောင်ပိုင်းရှိ ၀မ်ဟုန်ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခု အဖြစ် သတ်မှတ်ပေးရန် ၎င်းတို့၏ တောင်းဆိုချက်ကို စစ်အစိုးရက ပယ်ချထားသည်။

UWSA သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ ယမန်နှစ်က အတည်ပြုခဲ့သည့် “ပြည် ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ” တွင်လည်း ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့် သွင်း ပြဌာန်းထားပြီး ဖြစ်သည်။

အခြေခံဥပဒေတွင် “ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ်တို့ကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် ဖော်ပြထားသည်။ အဆိုပါ သံလွင်မြစ် အရှေ့ ဘက်ခြမ်းမှ မြို့နယ် ၆ ခုမှာ တရုတ် မြန်မာ နယ်စပ်တွင် တည်ရှိသည်။

စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အစီအစဉ်သည် ပြီးခဲ့သည်နှစ် ဧပြီလမှ စတင်ခဲ့ပြီး ယခုအချိန်အထိ ကချင်ပြည်သစ် တပ်မတော် (NDA-K) ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (က လလတ) နှင့် ကိုးကန့် အထူးဒေသ(၁) စသည့် အဖွဲ့ ၃  ဖွဲ့သာ နယ်ခြားစောင့်တပ်များအဖြစ် ပြောင်းလဲခဲ့သည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။
Comments (4)Add Comment
0
ဦးစီးခူပ် ၂ ယောက်
written by lamin, February 25, 2010
ဘယ် နိုင်ငံမှာ မှ ဦးစီးခူပ် ၂ သို့မဟုတ် ၂ ဖွဲ့ မရှိ ဘူး ဆို ရင် ပို မှန်မ လား။ လက်နက် ကိုင်တပ်ဖွဲ. ၁၀၀ ရှိ လည်း ဦးစိး ခူပ်အောက် မှာ ဘဲ ထားရမှာပေါ့ ။
0
To Ko Ko Toke
written by Burmese, February 24, 2010
There is no such an idiot government in this around the world like Burma. Do you agree that?
0
အထက်ပါ မှတ်ချက်ရေးသူသို့ -
written by ck, February 24, 2010
===== ၀ဆိုတာ
written by Ko Ko Toke, February 24, 2010
ဘယ်နိုင်ငံမှာမှ လက်နက်ကိုင်တပ် နှစ်တပ် မရှိပါဘူး ။ အားလုံးဟာ ကာကွယ်ရေး ဦးစီးချုပ် အောက်မှာဘဲ ရှိရပါတယ် ။ အမေရိကန်မှာ လည်း မရှိပါဘူး ။ =====

ဟုတ်ပါ့မလား၊ ကြည့်လဲလုပ်ပါ ကိုယ့်ဆရာရဲ့၊ ဒါမျိုး ကြားဘူးသလား - http://www.michiganmilitia.com/
0
ဝဆိုတာ
written by Ko Ko Toke, February 24, 2010
ဘယ်နိုင်ငံမှာမှ လက်နက်ကိုင်တပ် နှစ်တပ် မရှိပါဘူး ။ အားလုံးဟာ ကာကွယ်ရေး ဦးစီးချုပ် အောက်မှာဘဲ ရှိရပါတယ် ။ အမေရိကန်မှာ လည်း မရှိပါဘူး ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်