ယခုနှစ် အော်စကာဆုပေးပွဲကို မြန်မာတို့ စိတ်ဝင်စား

E-mail Print
ကမ္ဘာကျော် အော်စကာ ဆုကို မြန်မာနိုင်ငံတွင် စိတ်ဝင်စားမှု နည်းပါးသော်လည်း လာမည့် တနင်္ဂနွေ နေ့တွင် ကျင်းပမည့် အော်စကာ ဆုပေးပွဲကို မြန်မာ ရုပ်ရှင်ကြည့် ပရိသတ် အများအပြားက စိတ်ဝင်စား နေကြသည်။

မြန်မာပြည်မှ ဗီဒီယို ဂျာနယ်လစ် များနှင့် ၂၀၀၇ ခုနှစ် သံဃာ့ လှုပ်ရှားမှု ကာလကို မှတ်တမ်း တင်ထားသည့် Burma VJ ဇာတ်ကားသည် အမေရိကန် နိုင်ငံတွင် ပြုလုပ်မည့် အော်စကာ ဆုပေးပွဲတွင် အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ကားဆု ရနိုင်ဖွယ် ရှိသောကြောင့် ထိုသို့ စိတ်ဝင်စား နေကြခြင်း ဖြစ်သည်။

၂၀၀၉ ခုနှစ် ရုပ်ရှင်ကားများအတွက် အော်စကာ ဆန်ခါတင် စာရင်းတွင် Burma VJ ပါဝင်နေ ခြင်းမှာ ဂုဏ်ယူဖွယ် ဖြစ်သည်ဟု နာမည်ကျော် သရုပ်ဆောင် ကျော်သူက ပြောသည်။

“ဒီဇာတ်ကားက ကျနော်တို့ရဲ့ တကယ့် သမိုင်းကြောင်းကို ရိုက်ခဲ့တဲ့ကား ဖြစ်တယ်။ ဒီကားကို ပြန်ကြည့်တာနဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ တုန်းက ကိစ္စတွေ ကျနော်တို့ ပြန်ပြီး အမှတ်ရစေတဲ့ အတွက် ဒါဟာ အင်မတန်ကို ကောင်းပါတယ်" ဟု  ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ ကျော်သူက ဧရာဝတီကို ပြောသည်။

Burma VJ၏ ဇာတ်ညွှန်းရေးသူ Jan Krogsgaard ကလည်း “Burma VJ သာ အော်စကာရမယ် ဆိုရင် သမိုင်းမှာ ပထမဆုံးအကြိမ် နိုင်ငံနဲ့ပြည်သူတရပ်လုံးက အော်စကာရတာ ဖြစ်သွားမှာပါ”  ဟု ဆိုသည်။

“အော်စကာရတာကို မြင်ချင်တဲ့သူတွေထဲမှာ မြန်မာပြည်က ဗိုလ်ချုပ်တွေတောင် ပါနိုင်ပါတယ်။ အော်စကာ ရပါစေလို့ သူတို့ စိတ်ထဲမှာ ဆုတောင်းပြီး ငြိမ်းချမ်းရေးကို သူတို့ တွေ့နိုင်ကြမှာပါ”  ဟု ဇာတ်ညွှန်းဆရာက ပြောသည်။

အော်စကာဆုပေးပွဲ နီးကပ်လာချိန်တွင် ဆန်ခါတင် စာရင်းဝင် ဇာတ်ကားများနှင့် ပတ်သက်၍ မြန်မာပြည်ရှိ စာနယ်ဇင်းများတွင် ရေးသား ဖော်ပြလေ့ရှိသည်။ သို့သော်လည်း ယခုနှစ်တွင် ရေပန်းစားနေသည့်  Burma VJ အကြောင်းကို မြန်မာပြည်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဖော်ပြခွင့် မရပေ။

“ဒီကားကို အရမ်းကို ရစေချင်ပါတယ်။ နိုင်ငံတကာက သတင်းသမား အားလုံးကို ဂုဏ်ပြုတာနဲ့ အတူတူပါပဲ။ ကျနော်တို့ မြန်မာ တနိုင်ငံလုံးကတော့ စိတ်ထဲကနေ ဂုဏ်ပြုပြီးသားပါပဲ” ဟု ရန်ကုန်မြို့မှ နာမည်ကြီး ရုပ်ရှင်နှင့် ဗီဒီယို ဒါရိုက်တာ တဦးက ဧရာဝတီကို ပြောသည်။

Burma VJ ကို ကြည့်ရှုခဲ့သည့် ရန်ကုန်မှ NGO ၀န်ထမ်းတဦးကလည်း "ဒါက တကယ့် ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ထားတာ ဆိုတော့ မြန်မာပြည်ထဲကလူတွေရဲ့ ရင်ထဲမှာ ဘယ်လိုဖြစ်နေလဲ ဆိုတာ မြင်နိုင်ပါလိမ့်မယ်" ဟု ပြောသည်။

ဒိန်းမတ်လူမျိုး ဒါရိုက်တာ Anders Ostergaard  ရိုက်ကူးထားသည့် Burma VJ တွင် ပါဝင်သော ဗီဒီယိုဂျာနယ်လစ်များမှာ  နော်ဝေနိုင်ငံ အခြေစိုက်  ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သို့ စွန့်စွန့် စားစား သတင်း ပေးပို့ခဲ့သူများ ဖြစ်သည်။

DVB  လက်ထောက် အုပ်ချုပ်ရေးမှူး ကိုခင်မောင်ဝင်းက “ဒါဟာ သမိုင်းဝင် မှတ်တိုင်တခု ဖြစ်ရမယ်။ အော်စကာဆု မရဘူး ဆိုရင်တောင် ဒီဇာတ်ကားဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကိုတော့ ရလာပါလိမ့်မယ်" ဟု   ဧရာဝတီကို ပြောသည်။

Burma VJ  မှတ်တမ်းရုပ်ရှင်သည် နိုင်ငံတကာမှ ပေးအပ်သည့် ဆုပေါင်း ၄၀ ကျော် ရရှိထားပြီး ဖြစ်သည်ဟု ထိုရုပ်ရှင်၏ အင်တာနက် စာမျက်နှာ http://burmavjmovie.com တွင် ဖော်ပြထားသည်။
Comments (5)Add Comment
0
this is good omen!
written by titan, March 09, 2010
this is they showed the military what they can do.good!congratulate all of people who r trying the best for our myanmar.
0
ရပါစေဗျာ
written by မောင်မောင်, March 05, 2010
ရပါစေဗျာ
သူတို့ကြိုးပမ်းခဲ့တာတွေကို ကျွန်တော်တို့က တမ္ဘာလုံးက အသိအမှတ်ပြုပေးဖို့လိုမ ယ်ထင်ပါတယ်။
ကမ္ဘာကလဲ ဒိထက်ပိုပြီး သိရှိ နားလည်လာမယ် လို့ထင်ပါတယ်။
0
ဂုဏ်ယူပါ၏
written by ဂုဏ်ယူပါ၏, March 04, 2010
အော်စကာ ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ ဒီရုပ်ရှင်ဟာ မြန်မာပြည်ရဲ့ အဖိုး မဖြတ်နိုင်တဲ့ သမိုင်း မှတ်တမ်း ပါပဲ၊ စစ်အစိုးရဲ့ ရက်စက်မှု အပေါင်းကို လှစ်ဟ ပြထားတဲ့ တန်ဖိုးရှိတဲ့ သမိုင်းဝင် ရုပ်ရှင်ပါ။ ဒီရုပ်ရှင် အပိုင်း လေးတွေကို ရိုက်ကူးခဲ့သူတွေ၊ ရုပ်ရှင် အဖြစ် ကမ္ဘာကို တင်ပြခဲ့ကြတဲ့ သူများ အားလုံးကို အထူးပဲ ကျေးဇူးတ င်ပါတယ်။
အော်စကာ ဆုကြီးကိုလဲ ထိုက်ထိုက် တန်တန်နဲ့ ဆွတ်ခူး ရရှိပါစေလို့ ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ် ခင်ဗျာ။
0
already a winner
written by Tuumar, March 04, 2010
Getting selected as one of the nominees (out of five), already is a winner to me.
This award is for all Burma and all our historic democracy movement.
I salute every body participated and all the Video journalists for their heroic acts.
Congratulations guys!!! I am very proud of you.
0
ရသင့်တယ်
written by စံဖဲ, March 04, 2010
ဒီဇတ်ကားက ၇ကို ၇သင့်တယ်

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်