တောင်ဒဂုံ စက်မှုဇုန်တွင် အလုပ်သမားများ ဆန္ဒပြ

E-mail Print
ရန်ကုန်တိုင်း တောင်ဒဂုံ စက်မှုဇုန် (၂) ရှိ SGI အထည်ချုပ် စက်ရုံ နှစ်ရုံမှ အလုပ်သမား ၄၀၀၀ ခန့်က လုပ်ခလစာ တိုးပေးရေး အတွက် ယနေ့ နံနက် ၈ နာရီခန့်တွင် ဆန္ဒပြ တောင်းဆိုကြောင်း သိရသည်။

လုပ်ခလစာများ နည်းပါးမှု၊ အချိန်ပို လုပ်အားခ နည်းပါးမှု များကြောင့် စားဝတ်နေရေး မပြေလည်သည့် အတွက် လုပ်ခလစာ တိုးပေးရန်နှင့် အချိန်ပို လုပ်အားခ တိုးမြှင့်ပေးရန် အတွက် တောင်းဆိုခြင်း ဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမား များနှင့် တွေ့ဆုံခဲ့သူ တဦးက ဧရာဝတီသို့ ပြောသည်။

“အလုပ်သမလေးတွေ မနက်ပိုင်း အလုပ်ဆင်းတဲ့ အချိန် ဖယ်ရီကားက ပို့ကတည်းက စက်ရုံထဲ မ၀င်တော့ဘဲ ထိုင်ပြီး ဆန္ဒပြနေကြတာ”ဟု ၎င်းကဆိုသည်။

ဆန္ဒပြသူ အများစုမှာ အမျိုးသမီးများဖြစ်ပြီး ၎င်းတို့ကို စက်ရုံပိုင်ရှင်က စက်ရုံဝန်းအတွင်းသို့ ၀င်ရန်ပြောဆိုသော်လည်း ၀င်ရောက် ခြင်းမရှိဘဲ ဆန္ဒပြခြင်းဖြစ်ကြာင်း ၊ စက်ရုံပိုင်က တောင်းဆိုချက်များ လိုက်လျောမည်ဟု ပြောဆိုပြီး ဆန္ဒပြသူများကို ကြိုပို့ ယာဉ် များနှင့် ပြန်ပို့ခဲ့ကြောင်း၊ အလုပ်သမားများက ယခုတောင်းဆိုချက်များ မရရှိပါက ဆက်လက်ဆန္ဒပြမည်ဟု ဆိုကြောင်း၊လွန်ခဲ့သည့် သုံးလခန့်က စက်ရုံပိုင်ရှင်နှင့် အုပ်ချုပ်သူများကို အလုပ်သမားများမှ လုပ်ခလစာတိုးပေးရန် တောင်းဆိုခဲ့သေးကြောင်း အလုပ် သမား များနှင့် တွေ့ဆုံခဲ့သူက ရှင်းပြသည်။

ယင်းစက်ရုံ အလုပ်သမားများ၏ လစာ မှာ တလလျှင် ကျပ် ၃၀၀၀၀ ကျော် ရရှိသည်ဟု သိရသည်။

အဆိုပါစက်ရုံသို့တောင်ဒဂုံမြိုနယ်ရဲမှူးကြီးနှင့် မြို့နယ် အေးချမ်းသာယာရေး ဥက္ကဋ္ဌ တို့ရောက်ရှိလာကြောင်း၊ လုံခြုံရေး ရဲကားများ လည်း ရောက်ရှိလာကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

စက်ရုံ အလုပ်သမားအများစုမှာ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သာကေတ၊ သုဝဏ္ဏ၊ ပုဇွန်တောင်မြို့နယ်များတွင် နေထိုင်သူများဖြစ်ပြီး  အဆိုပါ စက်ရုံသည် လူနေရပ်ကွက်များနှင့် ဝေးလံကာ စက်ရုံအနီးတွင်လည်း ပေါ်ပြူလာပလတ်စတစ်စက်ရုံ၊ တံမျက်စည်း စက်ရုံ များရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကစက်ရုံများတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်နေခြင်းသည် မကြာသေးမီက အစိုးရ၀န်ထမ်းများကို လစာတိုးမြှင့်ပေး လိုက်ခြင်းနှင့်အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ် ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများတွင် အထည်ချုပ်အလုပ်သမားတဦး၏ လုပ်ခလစာမှာ တလလျှင် အမေရိကန်ဒေါ်လာ ၁၂၀ ခန့် ရရှိကြောင်း မြန်မာနိုင်ငံ စက်မှုနှင့် ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတဦးက သုံးသပ်ပြောဆိုသည်။

မကြာသေးမီရက်ပိုင်းကလည်း  ပြုံးပန်းတရာ အထည်ချုပ်စက်ရုံ၊ Yes II အထည်ချုပ်စက်ရုံ၊ Super Garment အထည်ချုပ်စက်ရုံ၊
Sky အထည်ချုပ်စက်ရုံ၊ တိုင်ရီ ဖိနပ်စက်ရုံ၊ ဂရင်းရွိုင်ရယ် ၀ီစကီ အရက်ချက်စက်ရုံတို့တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။
Comments (1)Add Comment
0
လုပ်သင့်ပါတယ်။
written by Ko Htay, March 07, 2010
လုပ်သင့်ပါတယ်။ ရန်ကုန် လူနေမှု့ စားရိတ်ကို တွက်ကြ ည့်ကြပါ။ လူတစ်ယောက် အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်ပြီး လူတစ်ယောက် ရသင့်တဲ့ အခြေခံ အခွင့်အရေး( စား၊ ၀တ်၊ နေ) ဖူလုံမှု့မရရင်......
ကိုယ်ရသင့်တဲ့ အခွင့် အရေးကို ကိုယ်ကိုတိုင် ရယူရမယ်။ မရရင် တောင်းယူရမယ် ဆိုတဲ့ အသိ မြန်မာပြည် သြူ ပည်သားတွေ သိလာခဲ့ပြီ။

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်