မောင်းသူမဲ့ ကားရထားကြောင့် ၃ ဦး သေဆုံး

E-mail Print
နေပြည်တော်- နတ်မောက် ပြေးဆွဲနေသည့် ကားရထားတစီးသည် ယမန်နေ့ နံနက်က ရထားမောင်းသူ မပါဘဲ ဘူတာ အများအပြားကို အရှိန်ပြင်းစွာ ဖြတ်ကျော် မောင်းနှင်ကာ ရထားတစီးကို ၀င်ရောက် တိုက်မိသဖြင့် ရထားဝန်ထမ်း တဦး အပါအ၀င် ခရီးသည် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ခရီးသည် ၉ ဦးခန့်ကို တင်ဆောင်ထားသည့် ကားရထားသည် ပျော်ဘွယ်ဘူတာတွင် စက်ပြင်ဆင်နေစဉ် မောင်းသူ မပါဘဲ ရုတ်တရက်  နောက်ဘက်သို့ အရှိန်ပြင်းစွာ မောင်းထွက်သွားသည်ဟု သိရကြောင်း၊  နံနက် ၅ နာရီခန့်တွင် ဟံဇားဘူတာ မရောက်မီ သာစည်-မန္တလေး လော်ကယ်ရထားကို နောက်မှဝင်တိုက် ခြင်းဖြစ်ကြောင်း သာစည်မြို့ခံ ဦးအုန်းရွှေက ဧရာဝတီသို့ ပြောသည်။

“ဘက်ဂီယာ ၀င်ပြီး နောက်ပြန်ကြီး ထွက်သွားတာ၊ ခရီးသည်တွေလည်း ကယ်ပါ၊ ယူပါပဲ အော်နိုင်တော့တယ်၊ မောင်းသူကလည်း မပါဘူး၊ အရမ်း မြန်တယ်၊ တနာရီ မိုင်၈၀ နှုန်းလောက် ရှိတယ်လို့  ပြောတယ်” ဟု ဦးအုန်းရွှေက ဆိုသည်။

သာစည်ဘူတာအနီးရှိ  မီးရထားလမ်းနှင့်ကားလမ်းဆုံ တခုကို ဖြတ်သန်းစဉ် ကြက်ဥများ တင်ဆောင်ထားသည့်  ယာဉ်အမှတ် ၄က/ ၁၅၃၈ တိုယိုတာ ဟိုင်းလပ် အမျိုးအစား ကား၏ ရှေ့ ပိုင်းကို တိုက်မိခဲ့သော်လည်း  မောင်းသူမဲ့ ကားရထား အရှိန်မှာ လျော့ကျ မသွားကြောင်း သူက ရှင်းပြသည်။

မောင်းသူမဲ့ ကားရထားသည် ပျော်ဘွယ်မြို့နယ် အတွင်းရှိ ရှမ်းရွာ၊ သာစည်မြို့နယ် အတွင်းရှိ ညောင်ရမ်း၊ နွားထိုး၊ သာစည်၊ ရွာပုလဲ ဘူတာများကို ဖြတ်ကျော်ခဲ့ကြောင်း သာစည်မြို့ခံတဦး နှင့် သာစည်ဘူတာ မီးရထားလမ်းပိုင်း ထိန်းချုပ်ရေး ဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

အဆိုပါ ကားရထား ဘူတာများ ဖြတ်ကျော်လာစဉ် ညောင်ရမ်းဘူတာရုံမှ တာဝန်ရှိသူများက  ပြေးလမ်းကြောင်း လွှဲ၍ အရှိန် လျှော့ချပေးရန် သာစည်ဘူတာကြီးသို့ အကြောင်းကြား ခဲ့သော်လည်း လျှော့ချနိုင်ခြင်း မရှိဘဲ၊ လော်ကယ်ရထားကို ၀င်တိုက်ပြီးမှ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်ဟု မီးရထားလမ်းပိုင်း ထိန်းချုပ်ရေး ဌာန ၀န်ထမ်းက ဧရာဝတီသို့ ပြောသည်။ 

သာစည်မြို့နယ်ဆေးရုံမှ ၀န်ထမ်းတဦး၏ အဆိုအရ ပွဲချင်းပြီး သေဆုံးသွားသူများမှာ လော်ကယ်ရထားပေါ်မှ ရထားဝန်ထမ်း ဦးမော်ကြီး၊ ၎င်း၏ သားဖြစ်သူ ရှစ်တန်းကျောင်းသား မောင်ရန်ရန် နှင့် ခရီးသည် အမျိုးသမီးတဦးတို့ ဖြစ်သည်ဟု သိရသည်။

မောင်းသူမဲ့ ရထားပေါ်မှ ခရီးသည် ၉ ဦး နှင့် ပတ်သက်ပြီး သတင်း မရရှိသေးပေ။

သာစည်မီးရထား ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ မီးရထားဝန်ကြီး ဌာန၏ ညွန်ကြားချက် တစုံတရာ မရသေးသည့်အတွက် မည်သည့် အရေးယူမှုမျှ ပြုလုပ်ခြင်း မရှိသေးကြောင်း တာဝန်ကျ အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
Comments (7)Add Comment
0
Unlucky burmese
written by Avator, March 09, 2010
Sorry to hear this !!!
0
ကားရထား
written by Jah Jah Htun, March 09, 2010
ကားရထားဆိုတာပါလဲ။ အဲဒီရထားက ဘယ်နိုင်ငံက ၀ယ်တာလဲ။
0
without driver
written by U pyin nya wa ra, March 09, 2010
သူများနိုင်ငံတွေက မောင်းသူမဲ့ လေယာဉ်တဲ့  ဘိုချုပ်တွေ အုပ်ချုပ်တဲ့ ခေတ်မှီဖွံ့ ဖြိုး တိုးတက်နေတဲ့ ပြည်မြန်မာနိုင်ငံကတော့ မောင်းသူမဲ့  ကားရထားတဲ့ - အင်း နေပြည်တော်အထိ တောက်လျှောက် အရှိန်နဲ့ 
လိမ့်သွားလိုက်ပြီးရော။
0
အပမှီတာ နေမှာ . . .
written by nacheedu, March 09, 2010
မောင်းသူမပါပဲ ဒီလောက် အဝေးကြီးကို ဒီလောက် အရှိန်နဲ့ သွားရသလား။ တကယ်ဆို “ပွတ်မှုအား” နဲ့တင် သူ့ဖာသာသူ ရပ်သွားရမှာလေ။ ခုတော့ တိုက်မှ ရပ်သတဲ့လား။ ကိုနယူတန်တော့ သေရွာမှာ ငိုနေပေတော့ပဲ။ ဖြစ်နိုင်တာ ပြောရရင်တော့ မမြင်ရတဲ့ “အပ” မှီပြီး မောင်းသွားတာ ဖြစ်မယ်။ နေရာကိုက ဘုရားမှန်း၊ တရားမှန်း မသိနားမလ ည်သူတွေ အုပ်ချုပ်နေတဲ့ နေရာကိုး။
0
တိုးတိုက်မှု တစ်ခု---
written by Thazin Pyu, March 08, 2010
သြော် ကျွန်တော်တို့ နိုင်ငံတော်မှာ မောင်းသူမဲ့ ရထားတွေ ဘာတွေနဲ့ ---ဒီအစိုးရ လက်ထက်မှာ နိုင်ငံတော်ဟာ အယင်ကနဲ့ မတူ တော်တော်လေး တိုးတက်နေပြီ ဆိုတာ သက်သေ ပြလိုက်တာပါဘဲ
0
အတိတ်နမိတ်
written by E.T, March 08, 2010
ဘက်ဂီယာ အဝင် မတော်လျင် ဘယ်လောက်ထိ အဆုတ် ကြမ်းတယ် ဆိုတာ ဗိုလ်ချုပ်မှူးကြီးရဲ့ နေပြည်တော် အစိုးရ အချိန်မှီ သံဝေဂ ယူလို့ ရတယ်နော်။
0

written by Khin Maung Cho, March 08, 2010
Myanma Railway might take advice for its future innovation like that.

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်