အမြတ်များမည့် ပြည်သူပိုင်လုပ်ငန်းများ ဦးပိုင် သိမ်းမည်

E-mail Print
စစ်အစိုးရ လေလံပစ်သည့် ပြည်သူပိုင် စီးပွားရေး လုပ်ငန်းများအနက်မှ အမြတ်အစွန်းများရန် သေချာသော လုပ်ငန်းကြီးများကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က တိုက်ရိုက်လွှဲပြောင်း ရယူလျက် ရှိကြောင်း သတင်းရရှိသည်။

စစ်တပ်အတွက် အသုံးစရိတ်နှင့် ရန်ပုံငွေ ရှာဖွေပေးနေရသည့် ဦးပိုင်လီမိတက်သည် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်အပြိုင် စက်သုံးဆီရောင်းချရေး လုပ်ငန်း၊ ပင်လယ်ကူးသင်္ဘောလိုင်း လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ပို့ကုန်သွင်းကုန် လုပ်ငန်း၊ ကုန်တိုက်နှင့် အရောင်းဆိုင်လုပ်ငန်း၊ ရွှေသတ္ထုနှင့် ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း အပါအ၀င် စီးပွားရေးအရ အဓိကကျသည့် လုပ်ငန်းကြီးများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများထံမှ လွှဲပြောင်း ရယူနေကြောင်း သိရသည်။

bus_rangoonစွမ်းအင်ဝန်ကြီးဌာနက လေလံပစ်ထားသည့် စက်သုံးဆီ အရောင်းဆိုင် ၂၄၆ ဆိုင်အနက် ထက်ဝက်ကျော်ကို ဦးပိုင်က လွှဲပြောင်း ရယူကာ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များနှင့် ယှဉ်ပြိုင် ရောင်းချမည်ဖြစ်ကြောင်း ဦးပိုင်နှင့် နီးစပ်သော အသိုင်းအ၀န်းက ဆိုသည်။

“ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးတွေက အဓိကအချက်အချာကျတဲ့ စက်သုံးဆီ အရောင်းဆိုင်တွေကို ဦးပိုင်က လွှဲယူမယ်။ ပုဂ္ဂလိကဆိုင်တွေလိုပဲ ဦးပိုင်ကလည်း ဒီဇယ်သွင်းမယ်၊ ရောင်းမယ်” ဟု ဦးပိုင်နှင့် ပုံမှန် ဆက်ဆံနေရသည့် အစိုးရ၀န်ကြီးဌာန ညွှန်ကြားရေးမှူး တဦးက ပြောသည်။

ဦးပိုင်အနေနှင့် ပင်လယ်ကူး သင်္ဘောလိုင်း တလိုင်းကို တည်ထောင်ထားပြီး တရုတ်နိုင်ငံမှ ကွန်တိန်နာတင် သင်္ဘောများ မှာယူထားကြောင်း၊ မြန်မာ့ကြယ်ငါးပွင့် လုပ်ငန်းမှ သင်္ဘောတချို့နှင့် သင်္ဘောသား ၀န်ထမ်းများကိုလည်း ရယူထားကြောင်း သိရသည်။

ဦးပိုင်လီမိတက်ပိုင် သင်္ဘောလိုင်းအတွက် ကွန်တိန်နာ အလုံး ၅၀၀ သယ်ဆောင်နိုင်သည့် DELPPNI ALPHA အမည်ရှိ သင်္ဘောကို တရုတ်နိုင်ငံတွင် ပထမဆုံး တည်ဆောက်ခဲ့ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က ရန်ကုန် Asia World ဆိပ်ကမ်းသို့ ရောက်ရှိကာ တရားဝင် အခမ်းအနားဖြင့် လွှဲပြောင်းရယူခဲ့သည်။

မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းမှ သင်္ဘောတချို့ကိုလည်း ဦးပိုင်က လွှဲပြောင်းရယူရန် ညှိနှိုင်းနေရုံမက အဆိုပါလုပ်ငန်းမှ သင်္ဘောသား များအနေနှင့် ဦးပိုင် သင်္ဘောများတွင် အလုပ်လုပ်လို ကြကြောင်းလည်း သိရသည်။

ဦးပိုင်သင်္ဘောလိုင်း၏ သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းအဖြစ် ပို့ဆောင်ရေးဝန်ကြီးဌာနက လေလံပစ်သည့် ဆိပ်ကမ်း ၅ ခု အနက် အသင့်အသုံးပြုနိုင်သော ဆိပ်ကမ်းကြီးတခုကို ရယူမည်ဟု ပို့ဆောင်ရေး ၀န်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။

ဦးပိုင် လီမိတက်သည် မြန်မာနိုင်ငံတ၀န်း အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းများ တိုးချဲ့ရန်နှင့် အငှားကား လုပ်ငန်းများ အတွက် ကားစီးရေ ရာပေါင်းများစွာ တင်သွင်းရန် စီစဉ်နေသည်ဟု မဟာဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ အရာရှိတဦးက ပြောသည်။

မဟာဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီသည် ဦးပိုင်လီမိတက် လက်အောက်မှ လုပ်ငန်းတခုဖြစ်ပြီး ရန်ကုန်တွင် ပါရမီ၊ အဓိပတိ အမည်များဖြင့် ခရီးသည်တင် ယာဉ်လိုင်းနှင့် အငှားကားများ ပြေးဆွဲနေပြီး ရွှေမန်းသူ၊ ရွှေမြိုင်သူ၊ ရှမ်းမလေး၊ ပုသိမ်သူ အမည် များဖြင့် အဝေးပြေးယာဉ်လိုင်း ၁၄ လိုင်းတည်ထောင်ကာ မြန်မာနိုင်ငံအနှံ့အပြားတွင် အဝေးပြေးခရီးသည် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင် လျက်ရှိသည်။

ခရီးသည်တင် ယာဉ်လိုင်းများအတွက် ကားများတင်သွင်းရုံမက ဇိမ်ခံ ကားများ တင်သွင်းရောင်းချသည့် လုပ်ငန်းကိုလည်း ဦးပိုင်လီမိတက်က လုပ်ဆောင်လျက်ရှိသည်။

စက်မှု ကုန်ထုတ်ပစ္စည်း လုပ်ငန်းတွင်လည်း မြ၀တီထရေးဒင်း ၊ 547 ထရေးဒင်း အမည်များဖြင့် လုပ်ငန်းခွဲများ ထူထောင်ကာ
ဦးပိုင်လီမိတက်ပိုင် စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသော ကုန်ထုတ် ပစ္စည်းများကို ရောင်းချလျက်ရှိကြောင်း ဦးပိုင်သတင်းရပ်ကွက်မှ
သိရှိရသည်။

ရန်ကုန်မြို့ရှိ အစိုးရ၀န်ကြီးဌာနပိုင် မြေနေရာများနှင့် အဆောက်အအုံ များကိုလည်း ဦးပိုင်က လွှဲပြောင်းရယူထားပြီး ကုန်တိုက်ကြီးများ ဆောက်လုပ်ရောင်းချရန် စီစဉ်လျက်ရှိသည်ဟု ရန်ကုန် စီးပွားရေး သမားများက ပြောဆိုနေသည်။

ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ရှိ ဂန္ဓမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်တွင် ဦးပိုင်လီမိတက်က ခေတ်မီ Hyper Market ကုန်တိုက်ကြီးတခု တည်ဆောက်မည်ဖြစ်ပြီး အဆိုပါကုန်တိုက်ကြီးတွင် ကားအရောင်း စင်တာများပါ ပါဝင်မည်ဟု သိရသည်။

ဦးပိုင်လီမိတက်ပိုင် မြ၀တီဘဏ်သည် ရန်ကုန်မြို့ရှိ ဗဟိုဘဏ်နေရာကို ၎င်းရုံးချုပ်အဖြစ် သိမ်းယူဖွင့်လှစ်မည့်အပြင် ယခု ဘဏ်ခွဲပေါင်း ၇ ခုရှိနေရာမှ နိုင်ငံတ၀န်းတွင် ဘဏ်ခွဲများ ဆက်တိုက်တိုးချဲ့ဖွင့်ရန် ပြင်ဆင်နေပြီဟု သတင်းရရှိသည်။

လက်ရှိတွင် မြ၀တီဘဏ်သည် ဘုရင့်နောင်ဘဏ်ခွဲ၊ မန္တလေးဘဏ်ခွဲ၊ မုံရွာဘဏ်ခွဲ၊ နေပြည်တော်ပျဉ်းမနား ဘဏ်ခွဲ၊ ဖားကန့်ဘဏ်ခွဲ၊ တောင်ကြီးဘဏ်ခွဲ၊ ပုသိမ် ဘဏ်ခွဲများအ ဖွင့်လှစ်ကာ ဘဏ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ရွှေတူးဖော်ရေး လုပ်ငန်းနှင့် ကျောက်မျက် ရတနာ တူးဖော်ရေး လုပ်ငန်းများတွင်လည်း ဦးပိုင်လီမိတက်က ရွှေနှင့် ကျောက်မျက် လုပ်ကွက်များကို ပုဂ္ဂလိကသို့ ပြန်လည်ငှားရမ်းချထားပေးခြင်းနှင့် အကျိုးတူ ပူးပေါင်းတူးဖော်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြည်သူပိုင်စီးပွားရေး လုပ်ငန်းများကို ဦးပိုင်က အများစု လုပ်ခွင့်ရရှိခြင်းနှင့် ပတ်သက်၍ ပြည်တွင်းစီးပွားရေး ပညာရှင်တဦးက “စစ်တပ်ကတော့ သူရဲ့ ဝေစုအဖြစ် ပြည်သူပိုင် စီးပွားရေးလုပ်ငန်းတွေကို အမွေခွဲတာပဲ။ ဘယ် အစိုးရတက်တက် စစ်တပ် မိသားစု၊ ဆွေမျိုး အသိုင်းအ၀န်းတွေအတွက် ကိုယ်ပိုင်ဝင်ငွေရသွားမယ်” ဟု မှတ်ချက်ချသည်။

ရန်ကုန် စီးပွားရေးတက္ကသိုလ် ဘောဂဗေဒ ကထိက တဦးကမူ စစ်အာဏာရှင်တိုင်းသည် ၎င်းတို့၏ မိသားစု ဆွေမျိုး အသိုင်းအဝန်းများအတွက် စီးပွားရေးအုပ်စုများ ဖွဲ့စည်းကာ စီးပွားရှာလေ့ရှိကြောင်း ပြောသည်။

“စစ်အာဏာရှင်တိုင်းက ဦးပိုင်လီမိတက်လို ကုမ္ပဏီကြီးတွေဖွဲ့၊ စီးပွားရှာကြတာ ထုံးစံလိုပဲ။ အနီးဆုံး ဥပမာ ပြောရရင် အင်ဒိုနီးရှား စစ်အာဏာရှင် လက်ထက်မှာ စစ်တပ် ကျောထောက်နောက်ခံပြု ကုမ္ပဏီကြီးတွေ ဖွဲ့ပြီး စီးပွားရှာခဲ့တာရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းကလည်း မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်ကဲ့သို့ပင် စီးပွားရေး လုပ်ငန်းကြီးများ လုပ်ကိုင်ရုံမက လုပ်ငန်းများ ထပ်မံတိုးချဲ့လျက်ရှိ သည်ဟု နေပြည်တော် စစ်အရာရှိ အသိုင်းအ၀န်းမှ သတင်းရရှိသည်။
Comments (6)Add Comment
0
fivestar shipping sailors
တခါသေဘူး၇င် ပြင်ဘို့ နားလည်နေပါပီ။ ကြယ်ငါးပွင့်နဲ့ ပက်သက်၇င် တော်တော် ကြောက်သွားပီ။ OO Pine လည်းစစ်တပ်ပဲလေ။ ခုချိန်တော့ မက်လုံးတွေ ပေးနေမှာဘဲ။ နောင်ကျ၇င် အ၇င်ကြယ်ငါးပွင့်လိုဘဲ ဖြစ်မှာဘဲ


ၾကယ္ငါးပြင့္သေဘာၤသားမ်ား
0
fivestar shipping
written by aung zaw zaw , March 09, 2010
ဘိုကလေးဈေးနားက သိမ်ဖြူလမ်း ကြယ်ငါးပွင့်၇ုံးေ၇ှ့မှာ လာပီး စုံစမ်းကြည့်လိုက်ပါနော်။ အဖြေမှန်ကိုသိလိမ့်မယ်
ဒါပေမယ့် လကုန်၇က်လောက်မှ လာနော် ကျန်တဲ့၇က်တွေဆို၇င် သ၇ဲခြောက်မှာ ဆိုးလို့။ ကျွန်တော်က ကြယ်ငါးပွင့်က သဘောင်္သား တယောက်ပါ။ကြား၇က်တွေဆို၇င် သဘောင်္သားတွေက သဘောင်္တင်မှာ ဆိုးလို့၇ုံးကို မလာကြဘူးဗျ ။ကြယ်ငါးပွင့် သဘောင်္သားတွေ သဘောင်္လိုက်လဲ ဘာမ၇တာမှမဟူတ်တာ။ နာဂစ်တုန်းက ဆို၇င် ကံကောင်းလို့ အသက်မသေတဲ့ ကြယ်ငါးပွင့် သဘောင်္သားတွေ အများကြီး ပါဘဲဗျာ။ မုန်တိုင်းပြီးတော့ နစ်နာကျေးတော့ ပေးပါတယ်။ ဘာပေးလဲသိလား။ ဂုန်ပြူမှတ်တမ်း တဲ့။ တော်တော် တရားကျဘို့ကောင်းတယ် ။ စာ၇ွက်ကြီးက ဘာလုပ်စားလို့၇ မှာလဲ။ တခို့ဆို၇င် ကြယ်ငါးပွင့်မှာတော့ မလုပ်တော့ဘူးဆိုပီး
တခြားလုပ်ငန်းတွေ ပြောင်းသွားတဲ့လူတွေ အများကြီးပါဘဲ။ တခြားသဘောင်္လိုင်း ပြောင်းသွားလို့လည်း မ၇ဘူးဗျ။
သူတို့က CERTIFICATES (လက်မှတ်) တွေကို လည်းမပေးဘူး
0
Have they never died ? ? ? ? ?
written by shahrukh kyaw, March 09, 2010
We all understand that the old bus can drive one way route which is no brake . So they will know what is happening coming soon ?
0
တိုက်ရာပါ ပစ္စည်းတွေ မနည်းပါလား
written by မျိုးလွင်, March 08, 2010
ငယ်ငယ်က ဖတ်ရတဲ့ အလီဘာဘာနဲ့ ခိုးသားငါးရာ ပုံပြင်ထဲက လိုပဲ့၊
0
...
written by Thazin Pyu, March 08, 2010
ပွဲလန့်တုံး ဖျာခင်းသူများ----
0
စင်ကပူ နိုင်ငံ ကို အတု ခိုး နေတာ
written by sao, March 08, 2010
စင်ကပူ နိုင်ငံ တွင် လုပ်ငန်း ဟူ သမျှ တို့ ကို ပုက္ကလိက ကပဲ လုပ်တယ် အစိုးရ က အခွန်ပဲ ထိုင်ကောက်တာ ဘာအလုပ်မှ မလုပ်တတ် လို့ ဒါပေမဲ့ သူတို့ က သူတို့ နိုင်ငံ သားကို ချစ်သေး တယ်
ကျွန်တော် တို့ နိုင်ငံ မှာ အရင် တုန်းက ရင် ရှိခဲ့ ကျတဲ့ ကုန်သွယ်ရေး ။ ကုန်တိုက် ။ ဘဒရ ။ စာရင်းရုံး ။ အကုန်လုံး ကို သူတို့ ဥာဏ် လိုက်မမှီ လို့ ပုက္ကလိက ကိုပေး ပြီး အာဏာနဲ့ ငွေ ရှာ ခြင် တာ
လူ ၁၀ ယောက် ချမ်းသာဖို့ ကိုမလိုလား ပဲ သူတို့ နဲ့ ဆက်နွယ်နေတဲ့ သူ တွေ ချမ်းသာ မယ် စစ်တပ်ကို အထင်ကြီး လာမယ် လူမျိုး ပြောက် ၀ါဒ ကျင့် သုံး သူတွေ ပါဗျာ။smilies/angry.gif

Write comment

busy
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်