လောင်စာဆီ တင်ဆောင်ထားသည့် အဆိုပါ သဘောင်္သည် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) မှ တန်ဇန်းနီးယားနိုင်ငံသို့ ဦးတည် ခုတ်မောင်းစဉ် ပြန်ပေးဆွဲခံရခြင်း ဖြစ်ကြောင်း Nautictank Pte Ltd သင်္ဘော ကုမ္ပဏီမှ တာဝန်ခံ တဦးက ဧရာဝတီသို့ ပြောသည်။
“သောကြာနေ့ ကတည်းက ပြန်ပေးဆွဲခံရတာ၊ မန်နေဂျာနဲ့ရော သဘောင်္သားတွေနဲ့ပါ အဆက်အသွယ် မရတော့ဘူး” ဟု ကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ အက်ဒ်ဝပ်အိုင်ရွန်က ရှင်းပြသည်။
သင်္ဘောသားများ၏ မိသားစု တချို့နှင့် ဆက်သွယ်ပြီး စိုးရိမ်မှု မရှိရန် ပြောခဲ့ကြောင်း၊ သဘောင်္သားများ၏ လုံခြုံရေးကို တာဝန်ယူကြောင်း၊ ထူးခြားမှု ရှိလျှင် ကုမ္ပဏီက ထပ်မံ ဆက်သွယ်မည် ဖြစ်ကြောင်း သူက ဆက်လက် ပြောပြသည်။
မြန်မာပြည်ရှိ သင်္ဘောသား မိသားစုများက ပင်လယ်ဓားပြတို့၏ လက်တွင် ရောက်နေသူများအတွက် သောကဖြစ်နေကြသည်။
“အရမ်း စိုးရိမ်တယ်။ ရုံး ကတော့ သူတို့ လုံခြုံစွာ ပြန်လွတ်လာဖို့ ကြိုးစားပေးမယ် ပြောတယ် ” ဟု အင်းစိန်မြို့နယ်မှ အမျိုးသမီးတဦးက UBT Ocean ပေါ်တွင် ရှိနေသည့် ၎င်း၏ ခင်ပွန်းသည် သင်္ဘောသားနှင့် ပတ်သက်ပြီး ဧရာဝတီသို့ ပြောပြသည်။
ပြီးခဲ့သည့်၂၀၀၉ ခုနှစ် အတွင်း ဆိုမာလီ ပင်လယ်ဓားပြများက သဘောင်္ စုစုပေါင်း ၆၈ စီးကို ပြန်ပေးဆွဲပြီး ငွေတောင်းခံခဲ့သည်။ ထိုသင်္ဘောတချို့တွင် မြန်မာသင်္ဘောသား အနည်းငယ် ပါဝင်ခဲ့သည်။ သင်္ဘောပိုင်ရှင်များက ပင်လယ်ဓားပြများကို ငွေပေးပြီး နောက်ပိုင်းတွင် ၎င်းတို့ ပြန်လည် လွတ်မြောက်သွားကြသည်။
ယခု ပြန်ပေးဆွဲခံထားရသည့် UBT Ocean ပေါ်ရှိ သင်္ဘောသား ၂၁ ဦးစလုံးမှာ မြန်မာပြည်သားများ ဖြစ်သောကြောင့် မြန်မာသဘောင်္သားများ ပြန်ပေးဆွဲခံရမှုသည် ယခုတကြိမ်တွင် အများဆုံး ဖြစ်သည်။
ပြန်ပေးဆွဲထားသည်မှာ ၃ ရက်ရှိပြီ ဖြစ်သော်လည်း ပင်လယ်ဓားပြများက UBT Ocean သင်္ဘော ပိုင်ရှင် နှင့် သင်္ဘောကုမ္ပဏီတို့ကို ဆက်သွယ်ပြီး ငွေတောင်းသည့် သတင်း ထွက်ပေါ်မလာသေးပေ။
Set as favorite
Bookmark
Email this
Hits: 3090
Comments (0)

Write comment
| < Prev | Next > |
|---|







