ဆုပေးပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျယ်လိစ်မြို့ ဟောလီဝုဒ်ရှိ Kodak ဇာတ်ရုံတွင် တနင်္ဂနွေနေ့ ညက ကျင်းပခဲ့သည်။
အော်စကာ ဆုပေးပွဲတွင် မြန်မာနိုင်ငံ၌ ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးကို အဓိက ရိုက်ကူးထားသော ဘားမား ဗီဂျေ နှင့် အတူ ဆန်ကာတင် စာရင်းဝင်ခဲ့သည့် The Cove မှတ်တမ်း ရုပ်ရှင် ဇာတ်ကားက ရရှိသွားသည်။
The Cove ဇာတ်ကားသည် ဂျပန်နိုင်ငံရှိ မြို့ငယ်တမြို့တွင် လင်းပိုင်များကို တိတ်တဆိတ် သတ်ဖြတ်နေသည့် အကြောင်း မှတ်တမ်းတင် ရိုက်ကူးထားခြင်း ဖြစ်သည်။ဆန်ကာတင် ဇာတ်ကား ၅ ကားတွင် ဘာမားဗီဂျေသည် လူကြိုက်အများဆုံး စာရင်းတွင် ပါဝင်နေသည့်အပြင် မြန်မာ ပြည်သူ များ၏ သတင်းကို သယ်ဆောင်ပေးသဖြင့် ဆုရရှိရန် မျှော်လင့်ခဲ့ကြောင်း ယင်းဇာတ်ကားတွင် နောက်ခံစကားပြောသူ ကိုကျော်စွာ (Joshua) က ဆိုသည်။
“ရသွားတဲ့ ဇာတ်ကားက လင်းပိုင်တွေအကြောင်း ရိုက်ထားတာ။ ဒီလင်းပိုင်က လမ်းပေါ်မှာ သေနတ်နဲ့ အပစ်ခံခဲ့ရတဲ့ ကျောင်းသားတွေ၊ ဘုန်းကြီးတွေထက် ပို အလေးထားခံရ ပါလားလို့ ခံစားရတယ်” ဟု ကိုကျော်စွာက ပြောသည်။
ရုပ်ရှင် သရုပ်ဆောင် Matton Damonက မှတ်တမ်းတင် ဇာတ်ကား ဆုကို ကြေညာခဲ့ပြီး The Cove ကားကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာကို စင်မြင့်ပေါ်သို့ ဖိတ်ခေါ်ခဲ့သည်။
ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဆန်ခါတင် စာရင်းတွင် ပါဝင်နေသည်ကိုပင်လျှင် ဂုဏ်ယူစရာကောင်းသည်ဟု နာမည်ကျော် သရုပ်ဆောင် ကျော်သူက ပြောသည်။
“ဆုရခဲ့ရင်တော့ ပိုကောင်းတာပေါ့။ မရပေမယ့်လည်း ကျနော်တို့အတွက် ဒီကားက ဗုဒ္ဓဘာသာ၊ မြန်မာတွေအတွက် အမှတ် ရစေမယ့် ဇာတ်ကားပါ” ဟု ကျော်သူက ဆိုသည်။
ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) အုပ်ချုပ်ရေးမှူး ကိုအေးချမ်းနိုင်က ဘားမားဗီဂျေ ဆုမရသည့်အတွက် စိတ်မကောင်း ဖြစ်မိသော်လည်း မြန်မာပြည်နှင့် ပတ်သက်သော ရုပ်/ သံ မှတ်တမ်းတခု အော်စကာ ဆုပေးပွဲတွင် ဆန်ကာတင် စာရင်း ၀င်သည့်အတွက် ကျေနပ်မိကြောင်း ပြောသည်။
ကိုအေးချမ်းနိုင်က “ဆုကြေညာတဲ့ အချိန်က စိတ်လှုပ်ရှားမိတယ်၊ တကယ်လည်း ရစေချင်တယ်။ နောက်ဆုံးကြေညာလိုက်တဲ့ အချိန်မှာ ဘားမားဗီဂျေ မရဘူးဆိုတော့ နည်းနည်းတော့ စိတ်ပျက်သွားတယ်။ ကျနော်တို့ ထင်ထားတဲ့ အတိုင်း မဖြစ်ဘူး၊ ကျနော်တို့ အတွက်လေ့လာစရာတခုက မြန်မာပြည်အကြောင်းကို လူတွေပိုသိအောင်လုပ်ရမယ်” ဟု ဆိုသည်။
ဘာမား ဗီဂျေ မှတ်တမ်း ရုပ်ရှင် ဇာတ်ကားမှာ၂၀၀၇ ခုနှစ် စက်တင်ဘာတွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးမှ သံဃာတော်များနှင့် လူထုအုံကြွမှုများ၊ စစ်အစိုးရ၏ ပြင်းထန်စွာ နှိပ်ကွပ်မှုများကို နိုင်ငံတကာမှ သိမြင်လာစေရန် သတင်းပေးပို့ ခဲ့သည့် ပြည်တွင်းမှ ဗီဒီယို သတင်းထောက်များ အကြောင်းကို ဒိန်းမတ် ဒါရိုက်တာ Anders Ostergaard က ရိုက်ကူးထားခြင်း ဖြစ်သည်။
ဘားမား ဗီဂျေ မှတ်တမ်းရုပ်ရှင်သည် နိုင်ငံတကာက ပေးအပ်သည့် ဆုပေါင်း ၄၀ ကျော် ရရှိထားပြီး ဖြစ်သည်ဟု ထိုရုပ်ရှင်၏ အင်တာနက် စာမျက်နှာ http://burmavjmovie.com တွင် ဖော်ပြထားသည်။
ဘားမား ဗီဂျေ အပါအ၀င် The Cove၊ Food, Inc .၊ The Most Dangerous Man in America: Daniel Ellsberg and the Pentagon Papers၊ Which Way Home စသည့် မှတ်တမ်း ဇာတ်ကားများလည်း ဆန်ခါတင် စာရင်းဝင်ခဲ့သည်။
အီရတ် စစ်ပွဲနှင့် ပတ်သက်၍ သရုပ်ဖော်ရိုက်ကူးထားသည့် The Hurt Locker က အကောင်းဆုံး ဇာတ်ကားဆုအပြင် တခြားဆု ၅ ဆုကိုလည်း ဆွတ်ခူးခဲ့သည်။
အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုကို Crazy Heart ဇာတ်ကားမှ Jeff Bridges၊ အမျိုးသမီး သရုပ်ဆောင်ဆုကို The Blind side ဇာတ်ကားမှ Sandra Bullock၊ အမျိုးသား အမျိုးသမီး ဇာတ်ပို့ ဆုများအဖြစ် Christoph Waltz နှင့် Mo'Nique တို့က ရရှိသွားသည်။
နာမည်ကြီး ရေပန်းစားနေသော Avatar ဇာတ်ကားမှာမူ Art Direction၊ Visual effect နှင့် Cinematography ဆုများဖြင့် ကျေနပ်ခဲ့ရသည်။
အော်စကာ ဆုစာရင်းနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို http://oscar.go.com/oscar-night/winners?cid=10_oscars_gridLayout_hot တွင် သွားရောက်ဖတ်ရှုနိုင်ပြီဖြစ်သည်။
Comments (11)

written by Human Right, March 09, 2010
ဘာ လဲ ပြောတော့ တဲ့ ပေးလိုက် တော့ .... လူတွေကို အုပ်အော်သောင်းနင်း သတ်တာတော့ မပေးဘူး ဒီဝေလငါး သတ်တာတော့ ကမ္ဘာ က သိအောင်ပေးတယ်.....အော် သိပြီ သိပြီ သူတို့က နအဖ ကို ကြောက်တာကိုး.... ကားတွေ မြန်မာပြည်မှာ ရုံမတင်မှာ စိုးလို့......ဒီလို ကို.....ခုမှ ပဲသိတော့တယ်.......
written by Myo Min, March 09, 2010
I watched this Burma VJ movie already and I felt really pity and sorrow for the life of people in Myanmar. I think all the people watch this movie will share the same feeling like me but now it is very amazing that people choose to feel pity to the life of animal rather than monks, students, poor died for peace and freedom. I believe that the purpose of art is to appreciate of the reality. Now these people who decide the awards ignore about the reality of art. I am so sad and frustrated for their decision.
written by lin, March 09, 2010
အော်စကာဆုပေးတာဟာ..အနုပညာပိုင်း ဆိုင်၇ာကိုပဲေ၇ွးချယ်လေ့၇ှိပါတယ်..
လူ အစုအပြုံလိုက် သတ်ခံ၇တာနဲ့ ငါးတွေအသတ်ခံ၇တာ မတူပေမဲ့..
၇ိုက်ကူးတင်ပြပုံ အနုပညာ အ၇ည်အသွေး ကိုအကဲခတ်ပြီးပေးတဲ့အတွက် ...
ဆု မပေးတာကို အပြစ်မတင်သင့်ပါဘူး...
လူ အစုအပြုံလိုက် သတ်ခံ၇တာနဲ့ ငါးတွေအသတ်ခံ၇တာ မတူပေမဲ့..
၇ိုက်ကူးတင်ပြပုံ အနုပညာ အ၇ည်အသွေး ကိုအကဲခတ်ပြီးပေးတဲ့အတွက် ...
ဆု မပေးတာကို အပြစ်မတင်သင့်ပါဘူး...
written by PangSang's Sons(away), March 09, 2010
အဲဒါပဲ ဗမာလူမျိုးတွေရဲ့ အတွေးအခေါ်ကတော့ ဘယ်တော့မှ ဘောင်မဝင်ဘူး
written by Methalone, March 09, 2010
ကျနော်လည်း ကိုယ့်မြန်မာ ကားကို ရစေခြင် တာပေါ့။ ဒါပေမဲ့ အော်စကာ ပေးရခြင်း ရည်ရွယ်ချက်က ဇတ်ကားရဲ့ အရည် အသွေး ပညာကိုပေးတာပါ။ နိုင်ငံရေးကို ပေးတာ မဟုတ်ပါဘူး။ အခု နှစ် အကောင်းဆုံး အမျိုးသမီး ဇတ်ပို့ဆုကို ရသွားတဲ့ လူမည်း မင်းသမီးကလည်း အော်စကာကို ကို ကျေးဇူး တင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အော်စကာ ပေးတယ် ဆိုတာ နိုင်ငံရေးကို ပေးတာ မဟုတ်ပါဘူးတဲ့၊ အရည်အသွေး ပညာကို ပေးတာပါ တဲ့။
written by Wai Lwin, March 09, 2010
Oscar ဆု ဟာ အနုပညာပိုင်း ဆိုင်ရာ ဆုပါ။ နိုင်ငံရေး နဲ့ မပတ်သက်ပါဘူး။
written by အကယ်ဒမီ, March 09, 2010
အော်စကာ ဆိုတာ လေးနက်တဲ့ တင်ပြ မှုတွေ၊ လေးနက်တဲ့ အသိပညာတွေ၊ လေးနက်တဲ့ အဖြစ်မှန် တွေ ကို ပေးရမှာပါ။ တကယ် အချက်အလက် ကိုက်ညီပေမယ့် ဘာကြောင့် မပေးတာလဲ ဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။
အော် Burma VJ ဆု ၄၀ ကျော်ရပေမယ့် အော်စကာ တော့လွဲရတယ်။ တခုခုတော့ မှားနေပုံ ရတယ်။ အော်စကာ ပေးတဲ့အဖွဲ့ လဘ်စားပုံရတယ်၊ မြန်မာပြည်က လိုပဲ အကယ်ဒမီ အလှည့်ကျပေးနေပုံရတယ်။
အော် Burma VJ ဆု ၄၀ ကျော်ရပေမယ့် အော်စကာ တော့လွဲရတယ်။ တခုခုတော့ မှားနေပုံ ရတယ်။ အော်စကာ ပေးတဲ့အဖွဲ့ လဘ်စားပုံရတယ်၊ မြန်မာပြည်က လိုပဲ အကယ်ဒမီ အလှည့်ကျပေးနေပုံရတယ်။
written by Nai Min, March 08, 2010
အော်စကာဆု ရွေးချယ်ရေး အဖွဲ့ က လူတွေက..လင်းပိုင်တွေ သတ်ဖြတ် ခံရတာကြတော့  ..ခံစား ပေးနိုင်ကြတယ် .့မြန်မာပြည်မှာ. ရဟန်း သံဃာတွေနဲ့ လူထုတွေ မတရား ဖမ်းဆီး သတ်ဖြတ် ခံနေရတာကိုတော့ ..ပယ်ချလိုက်တယ် ဆိုတော့ ..ကမ္ဘာက အသံကျယ်ကျယ် အော်နေကြတဲ့  လူ့ အခွင့် အရေး ဆိုတာတွေ..အလကား ပါလားလို့  နာလည်မိတယ်.
Write comment
| < Prev | Next > |
|---|








Fightings between human beings are nothing new. Brutal killing of innocent animals for human pleasure and food is just wrong.
Over 6000 members of motion picture association have to vote to get the Oscar award. So, if Burmese people really respect democracy, The Cove won fair and square. Thank You...