ထိုဥပဒေများတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီး ဥပဒေ သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့ ပါဝင်သည်။
“အဆိုပါ ဥပဒေများကို မတ်လ ၉ ရက်နေ့မှ စပြီး နေ့စဉ်ထုတ် သတင်းစာများမှာ အချပ်ပိုအဖြစ် ထည့်သွင်း ဖော်ပြပေးသွားမှာ ဖြစ်ပြီး စာအုပ်များအဖြစ်လည်း ပုံနှိပ် ထုတ်ဝေ ဖြန့်ချိပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်” ဟု MRTV က ဆိုသည်။ ဥပဒေများ ထုတ်ပြန်လိုက်ပြီ ဆိုသော်လည်း ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကိုမူ ကြေညာခြင်း မရှိသေးပေ။
နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး ရွေးကောက်ပွဲကို ၂၀၁၀ တွင် ကျင်းပပေးမည်ဟု လွန်ခဲ့သည့် ၂ နှစ်ကပင် စစ်အစိုးရက ကြေညာခဲ့ခြင်း ဖြစ်သည်။
၁၉၉၀ ပြည့်နှစ်တွင် အာဏာပိုင်တို့က ရွေးကောက်ပွဲကျင်းပပေးရာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်အများစုက အနိုင်ရခဲ့သည်။
သို့သော်လည်း အာဏာပိုင်တို့က လွှတ်တော် ခေါ်ယူပေးခြင်း၊ အာဏာ လွဲအပ်ပေးခြင်း မပြုဘဲ ရွေးကောက်ခံရသူ အများအပြားကို အကျဉ်းချခြင်း၊ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခြင်း၊ ပါတီမှ နုတ်ထွက်ရန် နှင့် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရန် ဖိအား ပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။
NLD သည် ယခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး နှင့် ပတ်သက်ပြီး ၂၀၀၉ ခုနှစ် ဧပြီလတွင် ထုတ်ပြန်သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ မူများအတိုင်း ရပ်တည်လျက် ရှိသည်။
ထို ကြေညာစာတမ်းတွင် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်၊ ၂ဝဝ၈ အခြေခံ ဥပဒေကို သုံးသပ် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန် ဟူသော အချက်များအား စစ်အစိုးရက လိုက်လျောလျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
Comments (4)

written by အကယ်ဒမီ, March 09, 2010
သမ်မတ- ဦးသူရ ရွှေမန်
ဒု သမ်မတ- ဦးသီဟသူရ တင်အောင်မြင့်ဦး
ဝန်ကြီးချုပ်- ဦးအောင်သောင်း
ကာကွယ်ရေးဦးစီးချုပ်- ဗိုလ်ချပ်ကြီး မြင့်ဆွေ
သာသနာရေးဝန်ကြီး- ဦးကောဝိဒ
ပုံ
သိန်းရွှေ
ဒု သမ်မတ- ဦးသီဟသူရ တင်အောင်မြင့်ဦး
ဝန်ကြီးချုပ်- ဦးအောင်သောင်း
ကာကွယ်ရေးဦးစီးချုပ်- ဗိုလ်ချပ်ကြီး မြင့်ဆွေ
သာသနာရေးဝန်ကြီး- ဦးကောဝိဒ
ပုံ
သိန်းရွှေ
written by Thazin Pyu, March 08, 2010
ကိုယ့်ဖဲထုပ် ကိုယ်လုပ်- ကိုယ့်ဖဲ ကိုဆင်- ကိုယ့်ဖဲ ကိုချိုး- ကိုယ့်ဖဲ ကိုယ်ဝေ-ကဲ---ဒီတော့ သူတို့အာဏာ သူတို့ကို ပြန်ပေး မယ့် ဒီရွေးကောက်ပွဲ ----မဲဆန္ဒရှင်တွေ အတွက် ကတော့ ပြည်သူ့ ကိုယ်စားလှယ်တွေ ရှုံးမှာ သေချာ သည့်တိုင် ကိုယ်တိုင် ရဲရဲ ၀ံ့ဝံ့ ဆန္ဒ ဖေါ်ထုတ်ရမယ့်-- ဆုံးဖြတ်ကြ ရမယ့် ပွဲပါဘဲ- ---
Write comment
| < Prev | Next > |
|---|








ရိုးသားသောပြည်သူတစ်ယောက်မှ