ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်အပါအဝင် လူအများနှင့်သက်ဆိုင်သော နေရာများတွင် အမြင် မလျော်စွာ နေထိုင်သည့် စုံတွဲများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ပထမ အကြိမ်ဓာတ်ပုံရိုက်၊ ခေါ်ယူမေးမြန်း၍ မိဘများထံသို့ ဓာတ်ပုံများပေးပို့သွားမည်ဖြစ်ကာ ဒုတိယအကြိမ် ထပ်မံ တွေ့ရှိပါက ဓာတ်ပုံများကို ဂျာနယ်နှင့် မဂ္ဂဇင်းတို့တွင် ဖော်ပြသည်အထိ အရေးယူမည်ဟု ယခင်တပတ်ထုတ် Weekly Eleven ဂျာနယ်တွင်ရေးသားထားသည်။
ရန်ကုန်အခြေစိုက် သတင်းဂျာနယ် အယ်ဒီတာချုပ်တဦးက “ဖမ်းမယ် ဆိုတဲ့သူတွေကိုရော ဘယ်လောက်အထိ ယုံလို့ရမှာလဲ။ သူတို့က ကာယကံရှင် မိန်းကလေးကို မှတ်တမ်းတင်ထားပြီး ခြိမ်းခြောက်ငွေညှစ်တာ မျိုးတွေ၊ ဒါကိုအကြောင်းပြပြီး မတော် မတရား ရယူတာမျိုးတွေ ဖြစ်မလာဘူးလို့ မပြောနိုင်ဘူး” ဟု ဆိုသည်။ကာယကံရှင် လူငယ်စုံတွဲများအနေဖြင့် ကြောက်လန့်ကာ အချိန်မတန်ခင် အိမ်ထောင်ကျသွားနိုင်သည့် အနေအထားများ ဖြစ်ပေါ်လာနိုင်သကဲ့သို့ သတ်မှတ်ထားသည့် နေရာတွင်သာ ရှောင်ရှားပြီး တည်းခိုခန်း အစရှိသည့် တခြား နေရာများသို့ သွားရောက် လာနိုင်ကြောင်း၊ အဆိုပါကိစ္စရပ်အား အရေးယူသည်အထိ မဖြစ်သင့်ကြောင်း သူက ဆက်ပြောသည်။
“ရွှေတိဂုံဘုရား သွေးဆေးကန်နားမှာ အတွဲတတွဲလက်ချင်းချိတ်ပြီး လာတာကို အစောင့်က မှောင်ရိပ်ခိုလို့အရေးယူမယ်ဆိုပြီး ငွေညှစ်တယ်။ အဲဒီတော့ ငါတို့လင်မယားတွေ လက်ချင်းချိတ်ပြီးလာတာ ဘာဖြစ်လဲလို့ပြန်ပြောလိုက်တော့မှ ငွေညှစ်လို့ မရတော့ဘူးဆိုပြီး ဘာမှဆက်မပြောတော့ဘူး။ အဲ့ဒီလိုမျိုးတွေ အများကြီး ထပ်ဖြစ်လာနိုင်တယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးကဆိုသည်။
၎င်းကဲ့သို့ အရေးယူမှုပေါ်ပေါက်လာရခြင်းမှာ ရန်ကုန်မြို့ရှိ ပန်းဥယျာဉ်များ၊ အပန်းဖြေရာနေရာများတွင် အမြင်မလျော်စွာ ပြုမှုနေထိုင်နေကြသည်များကို မသမာသူ စီးပွားရေးသမားများက ဗီဒီယိုရိုက်၍ အင်တာနက်ပေါ်တွင် ပြန်လည်ဖြန့်ဝေ ရောင်းချမှုများ ပေါ်ပေါက်လာသောကြောင့်ဟု သိရသည်။
“အခုလိုလုပ်လိုက်တာလည်း ကောင်းပါတယ်။ အခုဆို အခွေတွေတောင် ထွက်လာပြီး အင်တာနက်ပေါ်အထိ ပျံ့ကုန်ပြီ” ဟု ရန်ကုန်မြို့မှ လူငယ် ဘလော့ဂါတဦးက ဧရာဝတီကိုပြောသည်။
ထိုကဲ့သို့ အရေးယူမည် ဆိုသော်လည်း ကိုယ်ပိုင် အသိစိတ်ဓာတ်ရှိမှသာ လုံးဝ ပပျောက် သွားနိုင်မည်ဖြစ်ကြောင်း ထပ်ဆင့် အကယ်ဒမီမေသန်းနုက သုံးသပ်သည်။
“ဒီလိုကိစ္စမျိုးက ဘယ်တော့မှ ပပျောက်ဖို့ဆိုတာမလွယ်ပါဘူး။ ထိန်းချုပ်လိုက်လို့ နည်းနည်း ကောင်းသွားတာပဲရှိမယ်” ဟု သူက ဆိုသည်။
အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနသို့ ဧရာဝတီမှ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။
အဆိုတော် သားစိုးကလည်း “ဥပဒေထုတ်ပြီးတော့ သူတို့က အချိန်မရွေး ဘယ်လောက်အထိ စောင့်ကြည့်နိုင်မလဲ။ ဘယ်နှယောက်ကရော ဘယ်လို စောင့် ကြည့်နိုင်မလဲဆိုတာ ပြန်ပြီးမေးခွန်းထုတ်စရာပါ။ ဒါမျိုးတွေက ဟိုးအရင်ကတည်းက ရှိခဲ့တာဆိုတော့ ပပျောက်သွားဖို့ဆိုတာ မလွယ်ပါဘူး” ဟု ပြောသည်။
ရန်ကုန်မြို့တွင် အင်းလျားကန်ပေါင်၊ မြကျွန်းသာ၊ ကန်တော်ကြီး၊ လှော်ကားဥယျာဉ် စသည့် နေရာများသည် စုံတွဲများ အများဆုံး သွားလာနေထိုင်သည့် နေရာများဖြစ်ကာ မန္တလေးမြို့တွင် ကျုံးပတ်လည် မန္တလေးတောင်နှင့် မန္တလေးတက္ကသိုလ်ဝန်း တို့မှာ ၎င်းတို့ အသွားအများဆုံး နေရာများဖြစ်ကြောင်း မြို့ခံများ၏ အဆိုအရ သိရသည်။
“မန္တလေးတောင်ရဲ့ တောင်ဆင်းတောင်တက်လမ်းတွေ၊ စောင်းတန်းတွေမှာဆိုရင် အထူးသဖြင့် နေ၀င်ချိန်ကနေ ညနက် သန်းခေါင်အထိ နေကြတယ်။ အဲဒီအချိန် အဲဒီနေရာတွေက ဆိတ်ငြိမ်ရာလည်းဖြစ်တယ်၊ လူမြင်ကွင်းလည်းမဟုတ်တော့ တော်တော် ဆိုးဆိုးဝါးဝါး တွေရှိတယ်” ဟု မန္တလေးတွင်နေထိုင်သည့် စာရေးဆရာတဦးက ဆိုသည်။
လွတ်လပ်ရေးကြိုးပမ်းသည့် ခေတ်ကာလတွင် အဆိုပါ မန္တလေးတောင်အား တောင်ခြေရှိ ရဟန်းပျိုများအဖွဲ့က အုပ်ချုပ် ခဲ့သောကြောင့် ယင်းကဲ့သို့ မဖွယ်မရာ ကိစ္စရပ်များမဆိုထားနှင့် မည်သည့် ရာဇ၀တ်မှုမှ မရှိခဲ့ကြောင်း သူက ပြောသည်။
“ဥက္ကဌ ဆရာတော်က ကြိမ်လုံး တချောင်းနဲ့ စောင်းတန်း တလျှောက် မနက်တခေါက်၊ ညတခေါက် မန္တလေးတောင်ပေါ် တက်ပြီး အမြင်မတော်တာရှိရင် ဆုံးမတယ်။ အခုနောက်ပိုင်းမှာတော့ ဂေါပက က အုပ်ချုပ်တယ်။ ဂေါပက ကတော့ ဘုန်းကြီးလောက် ဘယ်လုပ်တော့မလဲ” ဟု အဆိုပါ စာရေးဆရာက ဆိုသည်။
၂၀၀၃ ခုနှစ်ဝန်းကျင်ကာလက ရန်ကုန်မြို့၌ ယင်းကဲ့သို့ အမြင်မလျော်စွာ ပြုမူနေထိုင်ကြသည့် စုံတွဲများအား အရေးယူမှု ပြုလုပ်ခဲ့ခြင်းများရှိခဲ့ဖူးသော်လည်းနောက်ပိုင်းတွင် ဆက်လက်အရေးယူခြင်းများလျော့နည်းလာကာ ယခုပြန်လည် အရေးယူခြင်းဖြစ်ကြောင်းသိရသည်။
“အဲ့ဒီတုန်းက ဒီထက်တောင် ဆိုးတယ်။ သက်ဆိုင်ရာက မြင်ရင် အဲဒီကာယကံရှင် နှစ်ယောက်ရဲ့မိဘတွေဆီ ချက်ချင်း ဖုန်း ဆက်ခိုင်းတယ်။ ပြီးတော့ ချက်ချင်း လက်ထပ်ခိုင်းတယ်။ မယူချင်တဲ့သူလည်းယူ၊ ယူချင်တဲ့သူလည်းယူပဲ” ဟုရန်ကုန် အခြေစိုက် သတင်းထောက်တဦးက ဆိုသည်။
Set as favorite
Bookmark
Email this
Hits: 8567
Comments (19)

written by titan, March 11, 2010
i want to request all of the couple.what that is not to behave like that.because the military is searching for the fault to turn the policy.there everybody is trying to get the democracy,but they dont care of it. what they care is just to find out the fault.so pls dont behave like that,all couples.
written by min, March 11, 2010
ကောင်းတဲ့သတင်းပါ ကြိုဆိုရမှာပေါ့
ယိုသူမရှက် မြင်သူရှက်တဲ့ ။တစ်ချို.လူတွေကတော်တော်ဆိုးတယ်။
ဘယ်သူ.မှဂရုမစိုက်ဘူး။ မိသားစု သွားတတ်တဲ့နေရာတွေမှာနဲ. နိုင်ငံခြားသားတွေ သွားတတ်တဲ့
နေရာတွေမှာအရေးယူဖို. လိုအပ်ပါတယ်။
ယိုသူမရှက် မြင်သူရှက်တဲ့ ။တစ်ချို.လူတွေကတော်တော်ဆိုးတယ်။
ဘယ်သူ.မှဂရုမစိုက်ဘူး။ မိသားစု သွားတတ်တဲ့နေရာတွေမှာနဲ. နိုင်ငံခြားသားတွေ သွားတတ်တဲ့
နေရာတွေမှာအရေးယူဖို. လိုအပ်ပါတယ်။
written by အတွေးအခေါ, March 10, 2010
လုပ်စရာ ဒီလောက် ရှားလားဗျား.. မလုပ်ရဘူး မပြောပါဘူး
စစ်တပ် ဆိုတာ ပထ၀ီ နယ်မြေ တည်တံအောင် ထိန်းသိမ်းဖို့ နဲ့  ငြိမ်ဝပ်ပိပြားရေး ထိန်းသိမ်းဖို့ ဗျ
အစိုးရ ဆိုတာ လူမျိုးကို ကောင်းကျိုးဆောင်ပြီး တိုးတက်အောင်လုပ် ဖို့ ဗျ
ခင်ဗျာတို့ က စစ်တပ် စစ်စစ်ဗျ... အစိုးရ မဟုတ်ဘူး..
မြန်မာလူမျိုးတွေ တခြားနိုင်ငံမှာ ကျွန်ဖြစ်လိုဖြစ်... .အောက်တန်းစားလို အကြည့်ခံရလိုရ... ခင်ဗျာတို့  တတ်ရောင်ကား တလွဲတွေကို အသည်းထဲက ရွန်တယ်ဗျာ
စစ်တပ် ဆိုတာ ပထ၀ီ နယ်မြေ တည်တံအောင် ထိန်းသိမ်းဖို့ နဲ့  ငြိမ်ဝပ်ပိပြားရေး ထိန်းသိမ်းဖို့ ဗျ
အစိုးရ ဆိုတာ လူမျိုးကို ကောင်းကျိုးဆောင်ပြီး တိုးတက်အောင်လုပ် ဖို့ ဗျ
ခင်ဗျာတို့ က စစ်တပ် စစ်စစ်ဗျ... အစိုးရ မဟုတ်ဘူး..
မြန်မာလူမျိုးတွေ တခြားနိုင်ငံမှာ ကျွန်ဖြစ်လိုဖြစ်... .အောက်တန်းစားလို အကြည့်ခံရလိုရ... ခင်ဗျာတို့  တတ်ရောင်ကား တလွဲတွေကို အသည်းထဲက ရွန်တယ်ဗျာ
written by ဟာဟ, March 10, 2010
အဲဒါ ဘာမှမဟုတ်ဘူး ဟိုတယ်တို့ တည်းခိုခန်းတို့မှာ လူလာနည်း နေလို့ ကြော်ငြာနည်း တမျိုးလို့ ထင်တာပဲ။
written by a guest, March 10, 2010
သားစိုးရေ မင်းကိုမင်းလဲ ဘာလဲဆိုတာပြန်ကြည့်ပါဦးကွာ
နေရာတကာ ငပွကြီးလိုက်မလုပ်နဲ့
နေရာတကာ ငပွကြီးလိုက်မလုပ်နဲ့
written by ye Aung, March 10, 2010
do you guys know we all are human? human behave as human. You can't stop it.
It is the same like asking a bird not to fly. Shame on you who brainstormed this rule or law, whatever the damn thing.
It is the same like asking a bird not to fly. Shame on you who brainstormed this rule or law, whatever the damn thing.
written by thiha, March 09, 2010
I donot like this military law or rule. I want to say my version. Whoever young age or old age,they must avoide EVEY RELGIOUS PLACES . People want to be DEMOCRACY AND HUMAN RIGHTS. Every Human can Creat themself and Every Human can broke their life in themself. But Every Human must be careful their behaviour effect to harm for people. However they made love each other this is their private. You should contorl do it here, do it there. Ever Human free choice to do. But prohibited TERRORIST,ROBBER, RAPE,STEAL, MAFIA, KIDNAP AND EVERY BAD THING.
written by မျိုးလွင်, March 09, 2010
နိုင်ငံတော်တိုးတက်စေဖို့ အကျင့်ပျက်လာဘ်စား ဝန်ထမ်းတွေကို ကျတော့၊ ဘာမှအရေးယူတာ မရှိဘူး။ အပြစ်မြင်စရာ ရှားလို့ အတွဲတွေကိုပဲ့ သွားအပြစ်မြင်တယ်။ ဟာသပဲ့.....
written by richard htun, March 09, 2010
There are so many hotels , motels , inns and guest house.They can go there.Cannot act as like animals.
written by d-lover, March 09, 2010
well good for couples..no need intro...
just straight to the hotels
ha ha ha
just straight to the hotels
ha ha ha
written by zawone, March 09, 2010
ဒီလိုအရေးယူတာ လူငယ်တွေအတွက် အန္တရာယ်ပိုဖြစ်လာနိုင်ပါတယ်။ အရေးယူတယထက် ပညာပေးတာ အကောင်းဆုံးပါ။ အမြင်မတော်တာတွေ လုပ်လို့ရှိရင် မသမာသူတွေက ဓါတ်ပုံ၊ ဗီဒီယိုတွေရိုက်ပြီး အင်တာနက်၊ စီဒီတွေကတဆင့် တကမ္ဘာလုံးကို ဖြန့်နိုင်တယ်၊ ဒီလိုဆိုရင် ဆွေမျိုးမိသားစုတွေပါ အရှက်ကွဲနိုင်တယ်ဆိုတာမျိုး လူငယ်တွေသိအောင် တီဗီ၊ FM၊ စာစောင်တွေကတဆင့် ပညာပေးတာမျိုးပဲ လုပ်သင့်ပါတယ်။ ဖက်တာ၊နမ်းတာလောက်ကိုတော့ အမြင်မတော်ဘူးလို့ပြောလို့မရပါ။ လွန်လွန်ကြူးကြူးဖြစ်ကြတဲ့ အများစုကတော့ ပျော်တော်ဆက် အတွဲတွေနဲ့၊ မနူးမနပ်အရွယ် ဆယ်ကျော်သက် အတွဲလေးတွေပါ။
ဗိုလ်ချုပ်လမ်း ရထားလက်မှတ်ရုံရှေ့က ရုပ်ရှင်ရုံတွေရှေ့မှာဆိုရင် ပျော်တော်ဆက်တွေကို ရုပ်ရှင်ရုံထဲခေါ်လို့ရတယ်လို့တောင် ကြားဖူးတယ်။ ဒါမျိုးတွေကိုပဲ ဦးစားပေး အရေးယူသင့်တယ်။
ဗိုလ်ချုပ်လမ်း ရထားလက်မှတ်ရုံရှေ့က ရုပ်ရှင်ရုံတွေရှေ့မှာဆိုရင် ပျော်တော်ဆက်တွေကို ရုပ်ရှင်ရုံထဲခေါ်လို့ရတယ်လို့တောင် ကြားဖူးတယ်။ ဒါမျိုးတွေကိုပဲ ဦးစားပေး အရေးယူသင့်တယ်။
written by Myint, March 09, 2010
အသိဥာဏ်လေး တစ်ထွာတစ်မိုက်နဲ့ ဆန်စင်ရာ ကျည်ပွေ့လိုက်တဲ့ လူမျိုးတွေ တိုင်းပြည်မှာ အုပ်ချုပ်နေသမျှတော့ ဒီလိုပါပဲ။ တိုင်းပြည်အရေးကို တိုင်းပြည်နိုင်ငံလို့ မမြင်ဘဲ စစ်မြေပြင်လို့ပဲ သဘောထားမှတော့ ဒီလောက်ဆိုးတာ ဘာဆန်းလဲ။
written by sao, March 09, 2010
သတိ ပြု ကြပါ အစုပ်ရှိလို့ အကောင်း သက်သာ တယ် မိန်းမ ပျက်ရှိလို့ မိကောင်း ဖခင် သားသမီး သက်သာ တယ်
အဲဒီလို သာ ဖမ်းမယ်ဆို ရင် မြန်မာ ပြည်ရဲ့ အဓိက စီးပွား ရေး အဖြစ် တည်းခိုခန်း သာ ဖွင့် စား ဗျာ
အဲဒီလို သာ ဖမ်းမယ်ဆို ရင် မြန်မာ ပြည်ရဲ့ အဓိက စီးပွား ရေး အဖြစ် တည်းခိုခန်း သာ ဖွင့် စား ဗျာ
written by မောင်မျိုး, March 09, 2010
လူငယ်တွေ အဲလို ဖြစ်တာ မြန်မာ့ယဉ်ကျေးမှုလို့ ပြောပြော နေတဲ့ နှဖါးကြိုး ထိုးအုပ်ချူပ်တဲ့ မိဘတွေကြောင့်ဖြစ်တာ. အနောက်နိုင်ငံမှာလို ကိုယ့် ရည်းစား အိမ်ခေါ်လည်ခွင့် ကို မိဘတွေ က ခွင့်ပြုထားရင် ဘယ်သူမှ ပန်းခြံထဲ ဘုရားစောင်း တန်းထဲ အချိန်မတော် ခိုးတွေ့ စရာမလိုဖူး ကိုယ့်သားသမီး ရွေးချယ်သူက သင့်မသင့် ကိုလဲ အကဲခတ်လို့ ရမယ် မိမိသား သမီးကို လဲ အကြံပေးလို့ ရမယ် အနောက်နိုင်ငံ ထုံးစံတွေမျာ ခင်ဗျားတို့ ငါ့လှေငါထိုး ပြီး ပြော နေတဲ့ မြန်မာ့ ယဉ်ကျေးမှုဆို တာတွေ ထက် ကောင်းတဲ့ အချက်တွေ အများကြီး ရှိတယ် ကျူပ်တို့ ဗမာတွေ ပြင်သင့် တာကို ပြင်သင့်ပြီး
written by ma pann, March 09, 2010
စိးပွားေ၇း မကောင်းလို.ပါ။ ကောင်း၇င်-- ၇ုပ်၇ှင်ဂီတသမားတွေလို ဟိုတယ်ကို သွားမှာပေါ. ဗီဒီယိုတောင် ၇ိုက်ဦးမှာ ခုလိုပန်းခြံမှာ မတွေ.၇နိုင်ပါ လူထဲက လူတွေဖြစ်ပါတယ်။ အလုပ်များများ လစာများများ ၇အောင်လုပ်ပေးကြပါ ။
written by Ko Chin, March 09, 2010
အဲဒီလို တင်းကျပ်လိုက် ရင်တော့ အဆိုးများများ လုပ်တတ်တဲ့ ရဲ နဲ့ စစ်သားတွေ အတွက် အကွက်ကောင်းပေါ့
written by Win, March 09, 2010
I totally disagree with this new law or rule. I do agree that it should not happen in religious places like pagodas or churches, but why it should be prohibited in other places like Inya lake. It is the right of the couples. If our behavior or activity does not harm or disturb other people, we have freedom to do so. It is one form of violation of human right.
Moreover, it is needed to consider the consequences of this rule. It would make couple ( especially adolescence) to go hotels or guest house which might have consequences like HIV transmission and unsafe abortion.
Moreover, it is needed to consider the consequences of this rule. It would make couple ( especially adolescence) to go hotels or guest house which might have consequences like HIV transmission and unsafe abortion.
Write comment
| < Prev | Next > |
|---|







